Saturday, December 29, 2007

I sung a song at 2007



*****

မူရင်း သီချင်း

***

ချစ်ကံဆိုး

တေးရေး ထွဏ်းခမ်

တေးဆို ညီရဲ ၊ ကြိုးကြာ

သရုပ်ဆောင် ဇေယျ ၊ မုန်း

ဒါရိုက်တာ ခင်စန္ဒာမြင့်

တည်းဖြတ် ဝေယံလင်း

* ချွေးစက်များနဲ့ ဘ၀ဟာ မောပန်းနေလည်း ….. အားပေးတတ်တဲ့ချစ်သူ နားမှာရှိတယ် *

* နူးညံ့ခြင်းနဲ့ အချစ်တွေ ရှေ့ဆက်နိုင်ဖို့ ..... နှလုံးသားများနဲ့ ဘ၀ကိုတည်ဆောက်ကြမယ် *

* စိတ်ကူးများ ရှေ့ဆက်ကာ အိပ်မက်နေဆဲ ….. ရက်စက်တဲ့ စကားလုံးတွေငါခံစားမယ် *

* လမ်းခွဲမယ့် စကားလုံးတွေ မကြားချင်ဘူး ..... အရိုးသားအချစ်ကိုးကွယ်နိုင်မလား အချစ်ရယ် *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)


Read More...

Tuesday, December 25, 2007

Creation of presentdummy 2

လူတူ-၂

* လူတူ အိပ်စက်ခြင်းမှာ အတော်ကြာခဲ့ပြီ ။ အသိတရား ဆိုသောအရာက လှပဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့သည်၊ လှလိုက်တာ ။ လှနေလိုက်တာ ။ လှလွန်း၏ ။ သို့သော် လှပခြင်း၌သာ အချိန်ကုန် ကြာညောင်းခဲ့သည်။ လူတူ လှလှ ထိန်းမရ ဖြစ်နေတော့သည် *

* လူတူ ဖြတ်ခနဲ မျက်လုံး ပွင့်လာသည် ။ စကြ၀ဠာကိုမသိ ။ နေ့နေလား ညနေလား မသိ ။ တဂျီဂျီသံ ခပ်ဖွဖွ ၊ ချောက် ၊ ရရပ် ၊ ရှပ် ၊ ကျီ ၊ ဝေါ ။ ခပ်မှန်မှန် ပေါ်ပေါက်လာသော အသံတို့က အအေးအနွေး ထိန်းသောစက်မှ နားစည်သို့ လှုပ်ခတ်လာသည် ။ ကြားခြင်းဖြစ်မည် ။ သို့သော် အရင်ထိပြီးမှ ကြားရသည် ။ အနီးအနားမှာ အဝေးထိန်းသော ခလုတ်တစ်ခုကို ဖိမိနေ၏ ။ ဒါကြောင့် ဒီအသံ ဖြစ်ပေါ်နေတာ ဖြစ်မည် ။ *

* မကြာမီ ဆတ်ခနဲ လှုပ်ရှားမှုများ တရစပ်ဖြစ်ပေါ်လာတော့သည် ။ မျက်တောင်ခတ်ခြင်းလည်း ပါ၏ ။ အသက်ရှိမှု ကျန်မကျန် ၊ ကိုယ့်အသံဖြင့် တကိုယ်တည်း ပြောဆိုလိုက်သံဖြစ်သည် ။ နိုးပြီလား … လား ။ အနံ့ကင်းသော နေရာဖြစ်ပါလျှက် အနံ့တစ်ချို့ သင်းနေသည် ။ ကိုယ်သင်းနံ့များ ဖြစ်နေသည်။ ဒါကို ဂရုမထားပါဘဲ လစ်လျူရှုနေလိုက်၏ ။ *

* အာရုံခံများ၏ လှုပ်ရှားမှု မြန်ဆန်ခြင်းကြောင့်ဖြစ်မည် ၊ ခံစားမှုအများအပြား ဖြစ်ပေါ်နေတော့သည် ။ ပူလာ အေးလာ ကျင်လာ ကိုက်ခဲနာကျင်လာတော့သည် ။ အချိန် အနည်းငယ်မျှကြာသော်လည်း တိုး၍သာ လာနေသည်။ ရပ်တန့်ရန် မဖြစ်နိုင်ပေ။ *

* လှည်းမောင်း ၊ မြင်းမောင်းသလို နှေးတခါ ၊ မြန်တလှည့် တရစပ်ကို ပြုမူနေတော့သည် ။ ရပ်ခြင်း ၊ တုန့်ခြင်း အလျင်းမျှ မရှိသလို ခံစားရပြန်သည်။ သို့သော် ရပ်တန့်နေသည်။ ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရပ်သည်ဆိုရုံကလေးမျှသာ ။ *

* စစ်ကနဲမြည် ပြီး အရွေးများသော လမ်းကို ခပ်သွက်သွက် လျှောက်လှမ်းကြသလို အဆောတလျင် ခြေလှမ်းတို့ဖြင့် လှမ်းပြီးရင်း လှမ်းရင်း ၊ ရောက်ပြီးရင်း လှမ်းရင်း ကျန်ခဲ့သည်လည်း ရှိကြသည် ။ တည်နေရာ အရွေ့များစွာ ပေါ်ပေါက်နေတော့သည် ။ *

* ဆက်လှမ်းရန် မဖြစ်နိုင်ခြင်းများ ပေါ်လာသည် ။ ကွေ့ကောက်သော သွားလာလှုပ်ရှားခြင်းလည်း ပြုလုပ်လျက်ရှိ၏။ ရှေးရိုးရာ စကားပုံများကို ပြန်လည်ဆန်းသစ်စေသော အနေအထိုင် ပြုမူခြင်းတို့ ကျူးလွန်မိ၏ ။ လွန်တာရှိ တောင်းပန်ပါ၏ ။ ခံစားချက် ၊ ခံစားချက် ဖြစ်ပျက် ၊ ဖြစ်ပျက် သတ်မှတ်ချက်ကို သတ်မှတ်ပြီးရင်း သတ်မှတ်ပြန်၏ ။ မှတ်ခြင်းသာစွ လူတူ လှလှ ဖြစ်နေတော့သည် ။ *

* သို့သော် လူတူ လှုပ်လှုပ် အကျိုးမယုတ် ခပ်သုတ်သုတ်တော့ သွားနေလေရဲ့ ။ *

* တရံတခုတ် အကျွန်ုပ်လို့လည်း သုံးတတ်ပါရဲ့ ။ *

* ပျားရည်ချိုစေလို သကြားခပ်ရောရော ဈေးပေါပေါရောင်းတယ် ထင်မှာလည်း စိုးတယ်ကွယ် ။ *

* အမှန်က ဖန်တီးမှုလုပ်ဆောင်ခြင်းသည် လူတူဖြစ်လာရပေ၏ ။ *

* လူတူအောင် လူလုပ်မှတော့ လူနဲ့တူလာပြီပေါ့ ။ *

* လူစိတ် ဖြစ်ပေါ်မပေါ် ၊ လူစိတ် ရှိမရှိ ခံစားမိ သတိရှိခဲ့လေပြီ ။ *

* သင် ဖတ်ပြီး၍ ဖန်တီးမှုပေါ် အကျွန့်အား ခေါ်ပါအံ့ ။ *

* ကောင်းချီးလည်း ပေးပါအံ့ ၊ အဆိုးအကောင်း အမျိုးပေါင်းလည်း စုစည်းထားမည် အမှန်လာလတ္တံ့ ။ *

-----

ရေးသားပြီးစီးချိန် နံနက်ချိန်သာ ၃ နာရီ အခါ ။

ခံစားသိမှု ပြတ်တောက်ချိန်ပေါင်း ကွန်ပြူတာမှတ်စက်ဖြင့် ချိန်စက်သော် ဖိုင်များစွာကို ရယူပြီးချိန် ပုံပါအတိုင်း



သာမန်မှတ်သားမှု

Tuesday, December 25, 2007

ဖွဲ့တည်ခြင်းအစ (Start: Man , Woman )

အဆုံးသတ် ဖိတ်ခေါ်မှု (/End: writing )

ရက်စွဲနှင့် ခွင့်ပြုချက် အထက်နှင့်အောက်ပါ အတိုင်း

အခြေခံအုတ်မြစ် Creation of presentdummy

Read More...

Friday, December 21, 2007

Sleeping baby


Thank Metacafe!
Many styles of sleeping !_!

Read More...

Thursday, December 13, 2007

Real story

ပုံပြင်

* ဟိုးရှေးရှေးတုန်းက * ဒီစကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပုံပြင်ပြောဆိုချိန်မှာ သုံးလေ့သုံးထရှိကြသည်။ ဒီကလိုနဲ့ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်ဟာ မိုးပြိုပြီဆိုပြီး ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ယုန်များစွာထဲမတော့ မိုးပြိုမှာကို တွေးကြောက်သော ယုန်တွေရှိခဲ့ကြတယ်။

တစ်တောင်ပေါ်တစ်တောင်ဆင့် ပေမယ့်

တောင်ကြီးဖ၀ါးအောက်

ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်

ပင်လယ်ကူးခတ်တယ်

ကျယ်ပြောပင်လယ် မြောက်မြား ပေမယ့်

လှိုင်းကြီးလှေအောက်

ဖ၀ါးတွေ လှေတွေ

အားကျလို့

ခပ်ဖွဖွတူးမိကြ

မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ (၇)ပေလှလှပေါ့ ။

မိုးဖြိုမယ် မိုးဖြိုမယ်နဲ့

ပြိုပြိုသွားတဲ့ စိတ်ထည်တွေ

လာထား ။

ကျနာမစိုးလို့ ဖေးမကူ

ရိရွဲစုတ်ပြတ် အထည်ပျက်မှာမို့

ဇကာကွက်လှလှတပ်ဖို့

အပ်ချုပ်ကြဦးစို့ ။

* အပ်ချုပ်သည် *

သွေးကြတုန်း

သေးကြတုန်း

ကြီးငယ်ဆိုဒ်စုံ သုံးကြတုန်း

ဒီနဖားကို အဘွားလည်း အမြင်ကပ်တုန်း

သို့သော်လေ သူတို့က ပျော်မဆုံး

ရွှင်ရွှင်ကြီးခံသုံး

အပ်ပေါက်ထိုးတုန်း

ချုပ်နေကြတုန်း

လက်ချုပ်စက်ချုပ်တွေ တွင်ကျယ်မဆုံး ။

အပြောကျယ်လောင် ဆာသယောင်မို့

တစ်ထွာမျှဝမ်း

ကျဉ်းကျုံ့လှုပ်လှုပ်

အပူငြိမ်းဖို့

ထမင်းစားကြဦးစို့ရယ် ။

Read More...

Monday, December 10, 2007

I found snow. Copy that! You are welcome!

For You

Refer: A continuous deformation between a coffee mug and a donut illustrating that they are homeomorphic. But there does not need to be a continuous deformation for two spaces to be homeomorphic.

Read More...

Thursday, December 06, 2007

I write DVD with DVD-RAM

ကိုယ်တိုင်ရိုက်သော ဒီဗီဒီတစ်ချပ်

စီစဉ်ထုတ်လုပ်သူ နှင့် ဒါ ရိုက်တာ - ကျွန်တော် ခံစားတင်ပြသည် ။

ငယ်တုန်းက ကလေး။ အပြင်သွားလာလည်ပတ်မှု အမြဲနှစ်သက်သည်။ ထမင်းစားချိန်မှအပ ကျန်အချိန်သည် ကစားခုန်စားချိန်သာ ဖြစ်သင့်သည်ဟု ထင်သောကလေးတစ်ယောက် ဖြစ်ခဲ့သည်။ မြင်ရကြားရသည်။ သွားရင်းလာရင်း ငေးမောကြည့်ရှုနားထောင်ခဲ့သည်။ အမှန်တကယ်လိုအပ်မှုသည် နားမလည်မှုဖြစ်သည်။ အပြင်သွားရန် ဖိနပ်စီးသယ်။ဖော့ဖိနပ်ရယ်။ ရာဘာဖိနပ်ဖြစ်သည်။ အမေ့အသံက

* ဖနပ်စီးသွားနော် ၊ ဒီကလေးနဲ့ နေပူမိမယ် *

ညနေ နေ၀င်ခါနီး လမ်းသွားလမ်းလာရှုပ်ထွေးတတ်သည်။ ကလေးများသည်လည်း နေရှိတုန်းလေး ဆော့ကစားချင်သည်။ ညမိုးချုပ်လျှင် လူမစုံတတ်သောကြောင့် ဖြစ်သည်။ လူစုံပြီ ။ စုံမပေါ့ ။ ထိုနေရာကား ပွဲဈေးခင်းတစ်ခု ဖြစ်နေသည်။ ခင်းကျင်းမှု အမျိုးစုံလင်စွာဖြင့် ဆိုင်များတွင် လူစည်ကားနေ၏။ ကလေးအတွက်လည်း ရှိသလို လူကြီးများအကြိုက်လည်းပါ၏။

မိုးကားချုပ်ပြီ။ အချိန်ရာသီက ပွဲတော်လရာသီ။ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ တန်ဆောင်တိုင်ပြီးချိန်မို့ ပွဲတော်သာက နေရာမလပ် ထပ်သည်လည်း ရှိ၏။ တိုးတိုးကြိတ်ကြိတ် စည်ကားသည်လည်း ရှိ၏။ အငြိမ့်၊ဇာတ်၊ရုပ်ရှင်ပိတ်ကားထောင် အစုံစုံက သူ့နေရာနှင့်သူ ။ ကိုယ်မြင်ရာကြည့်သလို ကိုယ်ဝါသနာပါရာလည်း ကြည့်ကြသည်။

အမေ သေသေချာချာမှာလို့ စီးလာသော ဖိနပ်က အခုမှ အသုံးဝင်သည်။ အသစ်မဟုတ်သော်ငြား ထိုင်လို့ကောင်းသည်။ ကတ္တီပါဖိနပ်မစီးဘူး ။ မိုးတွင်းတုန်းကလည်း ထီးမကိုင်ချင်လို့ မိုးကာပဲခြုံသည်။ ဒါပေမယ့် ပွဲခင်းကဆိုသံကြားနေ၏။

* ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းသူများ *

ပွဲပြီးတော့ ဖိနပ်လေး အသာစီးပြန်လာခဲ့သည်။ ခပ်နွေးနွေးလေး ဖြစ်နေသည်။

***

အချိန်ရေစီးခိုင်းနှိုင်းနေကြမို့ဖြစ်မည်။ ဒီတော့ စီးသည်ပေါ့ ။ ရပ်နေသော နာရီများမြင်ဖူးသည်။ လည်ပတ်ရန် အားကုန်နေခြင်း ဖြစ်သည်။ လူလုပ်ကိုး ။ ရေစီးရေလာကောင်းသော မြောင်းမှ ရေစီးသည် ချောင်း ၊ မြစ် ဖြစ်လာသည်။ ထို့နောက် ကျယ်ပြောသော ပင်လယ်ပြင်ထဲသို့ စီးဝင်၏ ။

လူ့ဝန်းကျင် အသိုက်အ၀န်းကား ကျယ်ပြောလှ၏။ စတင်စီးဆင်းလာသော ရေသည် ဘယ်နေရာ ဒေသသို့ ရောက်ရောက် ရေသာဖြစ်သလို လူသားသည် လူငယ် မှ လူကြီး ဖြစ်လာသည်။ စီးဆင်းလာသော နေရာ ဒေသအမျိုးစုံကြောင့် ရေပြောင်းလဲမှုဖြစ်ပေါ်သည်။

* ပြောင်းလဲသွားတယ်နော် ၊ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့ *

***

ငယ်စဉ်က ဖိနပ်ဖင်ခု ကြည့်ရှုရသော ပွဲတော်များစွာကလည်း ပြောင်းလဲလာသည်။ အသံသွင်း ဓာတ်ပြားများ ၊ ကက်ဆက်ခွေများ ဖြင့် နားသောတဆင်နိုင်သည်။ ဂီတပြောင်းလဲလာခြင်းဖြင့် နားသောကလည်း ဖြစ်နိုင်သေးသည်။

* မကြောက်ပါနဲ့ မမြ၀င်း ၊ ဗိုလ်အောင်ဒင် …. ပြန်လာပြီ *

* အသံသာသာ တေးကိုသာ … *

* ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာပြီ … ဘယ်သူတွေ ရမယ် ထင်လဲ *

***

လူသည် စိတ်၊ခန္ဓာဖြင့် ခံစားတတ်ကြသည်။ မနေ့များစွာသော အတိတ်တွေကို နားလည်ကြသည်။ ခံစားကြသည်။ ရုပ်ရှင် ၊ ဂီတ ၊ ပန်းချီ စသော အနုပညာပစ္စည်းများစွာကို တိုးချဲ့ဖန်တီးလာသည်။ စာတင်မယ် ။ ခံစားမှုရင်ခွင်သစ်များစွာဖြင့် ရာဇ၀င်မှာ စာတင်မယ် ။

***

တီထွင် ဖန်တီးကြသည်။ ခေါင်းစဉ်များစွာဖြင့် မှတ်သားထားသည်။ လိုအပ်သည်များကို သိမ်းဆည်းသည်လည် ရှိ၏။ မြန်ဆန်သော လျှပ်စစ်ဖြင့် သတ်မှတ် စုစည်းလိုက်၏။ ဒီဗီဒီဟု ဆိုထားသော လေဆာဓာတ်ပြားတစ်ချပ် ထွက်လာသည်။

ဇာတ်ဝင်ခန်းတစ်ခန်း စတင်လာသည်။ ကင်မရာမြင်ကွင်းသည် ခန္ဓာကိုယ်မှ မျက်နှာဆီသို့ ဦးတည်သွားသည်။ မင်းသား ၊ မင်းသမီး ပြုံးသွားသည်။ ပြီးပြီ ။ အားလုံး ပြီးဆုံးသွားပြီ ။

* ဒီဇာတ်ဝင်ခန်းက ရုပ်ရှင်အကယ်ဒမီ ရသွားသည် *တဲ့ ။ လူတွေအားလုံး ပြုံးတာကို သဘောကျသည်ပဲ ။

p.s: List of my DVD

1. Start-Human age

2. Rosé owner

3. (95) U_BA_THEIN_A_NYEINT

4. 16_year song from movie

5. A_Chit_Kan_Soe

6. NOTHING ELSE MATTERS-1991< http://naing1.blogspot.com/2007/08/staind-nothing-else-matters.html#comments>

7. What time finish war< http://naing1.blogspot.com/2007/07/when-war-finished.html>

8. Avril Lavigne - The Best Damn Thing (2007)

9. Lay Phyu (New songs)

10. Necessary_software <http://en-us.www.mozilla.com/en-US/firefox/about/> KLCODEEXE

11. NESTOPIA and Games of Nintendo

12. Sone_Si_Na_Phar_Media

13. Andalasia

14. Ratatouille


Read More...

Friday, November 30, 2007

Nice Hand Shadow

အရိပ်ပြရင် အကောင်ထင်တယ်တဲ့ ။ ဘာကောင်တွေလဲ မသိဘူး ။



Thank presenter and meta cafe .

Read More...

Thursday, November 29, 2007

baby_meditation


Thank RealEnlightenment.org

Read More...

Wednesday, November 28, 2007

Love' melody

* ကိုကို လမင်း *

* ပြော ကြယ်လေး *

* ကိုကို လမင်းကို သိပ်ချစ်တယ် သိလား *

* ဘယ်လောက်တောင် ချစ်တာလဲ ကြယ်လေး *

* ဟောဒီ စကြာဝဠာကြီးလောက် ချစ်တယ် *

* ယုံလိုက်ပြီ *

* ကိုကို ကိုသာမယုံတာ *

* ဘာလို့ မယုံတာလဲ *

* ကြယ်လေး ကြယ်လေးနဲ့ ဘယ်လောက်တောင် များများခေါ်ခဲ့ပြီလဲ *

* အော် ကြယ်လေးရယ် *

* အခုမှ ကြယ်လေးရယ်တဲ့ … ပြော…ဆို *

* သိပ်များများစားစားမဟုတ်ပါဘူး *

* မရဘူး … မရဘူး အတိအကျကို မှတ်ထားရမယ် ပြော… ဆို *

* ကြယ်လေးကလည်းကွာ *

* ကိုကို လမင်းကိုကျ သိပ်ချစ်တာ ပြောပြသားပဲ *

* ကြယ်လေးရယ် *

* မရဘူးကွာ ပြော … ပြ *

* ကြယ်လေး ဘေးနားကနေ မဆိုးရဘူးလေ *

* ကိုကို လမင်း ပြောမှာလား မပြောဘူးလား *

* ကဲ ကဲ ပြောပြမယ် နားထောင် ကြယ်လေး *

* ပြောပါဆိုမှ *

* ကြယ်လေးက ငယ်သေးတော့ နားမလည်သေးပါဘူး *

* ဘာပုလည်း ငယ်တော့ *

* လောကမှာလို့ အစချီတာနဲ့ ကြယ်လေး ပျင်းနေပြီမလား *

* မပျင်းပါဘူး နားထောင်နေတယ် ကိုကိုရဲ့ *

* သံယောဇဉ်ဆိုတာ အလင်းလိုပဲ … ခဏတာ မြန်မြန်ကြီးမြင်လိုက်ရပေမယ့် အချိန်ကြာကြာလင်းပြန်တော့ လင်းလှချီလား လင်းလိုက်တာလို့ တသသ ညည်းညူမိတယ် *

* အင် … ကိုကို လမင်းကလည်း လင်းလက်တောက်ပတယ် လို့ ပြောစမ်းပါ *

* မြန်နှုန်းနိမ့်မြင့်တွေ အကွာအဝေးတွေ ကြယ်လေး နားမလည်ပါဘူး *

* အင်း … နားမလည်ဘူး … ကိုကို ပြောပြ *

* အလင်းရောင် များများ မလိုချင်ဘူးလား ကြယ်လေး *

* အိုး … လိုချင်တာပေါ့ *

* အခု ကြယ်လေးက လင်းနေတယ်နော် *

* သိသားပဲ ကိုကိုလမင်းကြောင့် လင်းနေတာလေ *

* လမင်းကြောင့် ကြယ်လေးတွေ မဆုံးရှုံးစေချင်ဘူး *

* အာ … ကိုကိုကလည်း *

* အချစ်ကြောင်းမပြောခင် ကြယ်လေး အချစ်ကို ဘယ်လိုနားလည်သလဲ *

* ကြယ်လေးကတော့ ကိုကို လမင်းကို ချစ်ကြောင်း သက်သေပြမယ် *

* ကြယ်လေးက ဘယ်လို သက်သေပြမလို့လဲ *

* ကြွေပြမယ်လေ ၊ ကြယ်ကြွေလေးပေါ့ *

* ယုံပါတယ် *

* အမယ် ကိုကို လမင်းအသံက မယုံသလိုပဲ *

* မဟုတ်ပါဘူး တခါတလေ ကြယ်လေးတွေ မကြွေတာကောင်းပါတယ် *

* ဘာလဲ ကြယ်လေးကို မယုံတာလား … ခုချက်ချင်း ကြွေပြမယ် လေ*

* လင်းပါ တောက်ပစွာ နံဘေးက လင်းနေလိုက်စမ်းပါ ကြယ်လေးရယ် *

* ကိုကို အဲဒီလိုမျိုး ဘယ်နှစ်ကြိမ်မြောက် ပြောခဲ့ပြီးပြီလဲ *

* မဖြေပါရစေနဲ့ ကြယ်လေးရယ် *

* ကိုကို မညာနဲ့နော် *

* ဟောဒီ စကြာဝဠာကြီးက သက်သေပါကွယ် *

* ဒါဆိုပြောပြလေ ၊ ဘယ်လောက်တောင် များများပြောခဲ့လဲ *

* ဟောဒီ လောက စကြာဝဠာကြီးလောက် ပြောခဲ့ပါတယ် ကြယ်လေးရယ် *

* ဟင် … အများကြီးပေါ့ *

* ဟုတ်တယ် ကြယ်လေး ၊ အများကြီး အများကြီး *

* ကိုကို လမင်း *

* ကြယ်လေး ပြောလေ *

* ကြယ်လေးလင်းပါတယ်နော် *

* လင်းပါတယ် ၊ လင်းလက်တောက်ပနေပါတယ် *

* ကိုကို လမင်း ဒီထက်ပိုပြီး လင်းလက်အောင်လုပ်လို့ရလား *

* မလုပ်ချင်ပါဘူး ကြယ်လေးရယ် *

* အာ ….. မရဘူး ဒီထက်လင်းအောင် လုပ်ပြ *

* ကြယ်လေးရယ် ….. မလုပ်ပါရစေနဲ့ *

* ဟောဒီ စကြ၀ဠာကြီး တစ်ခုလုံး လင်းအောင်လုပ်ပြ *

* ကိုကိုလမင်း လင်းလွန်းရင် ကြယ်လေး ကြွေသွားလိမ့်မယ် *

* ကြွေကြွေ … လင်းပြ ၊ လင်းလက်တောက်ပနေအောင် လုပ်ပြ ၊ နေပြ *

* ကြယ်လေးရယ် *

လူ့လောက ကမ္ဘာသားတွေက လမင်းကြီးထိန်ထိန်သာနေတာကို မြင်တွေ့နေရပြီ ။

ကြယ်ရောင်ပျောက်သောကောင်းကင်မှာ လမင်းတစင်းတည်း လင်းလက်နေသော ကြယ်ကြွေညတွေ။

လင်းလက်တဲ့ လမင်းရဲ့ချစ်ခြင်းတီးတိုးစကားတွေကို ကြယ်လေးကြားပါစ။

* လင်းနေပါတယ် ကြယ်လေးရယ် *

Read More...

Friday, November 23, 2007

Fire' sound

မီးသံ

ဟိုဘက်က တဒိန်းဒိန်း

ဘာသံလဲမေး

မေးပါနဲ့လေ

ပျော်ပွဲတွေ မီးရှူးလွှတ်တယ်

ဗျောက်သံပါကြား ။

ကြားရတဲ့မီးသံ

အိမ်လွမ်းသူ ဆွေဖော်အပေါင်း

ကြည့် ကြည့်ကာ ချောင်း။

ပျော်ပွဲလာ ရွှင်မော်ကြွား

စု စုကာသွား။

ပမာလေ ထလျှင်ဖြင့်

ရွာပွဲတွေ စီချိန်

Day တက်ရ ကျောင်းသူ၊သားက

ပြန်ချင်လှလှ။

မတတ်သာ ရွာလွမ်းရုံပ

မီးသံလှ ညိမ့်ညောင်းကို

တိုးတိုးဖော် တူတူစု

အသာကြည့်ရှု ။

Read More...

Tuesday, November 20, 2007

New slideshow

Test It!

Read More...

Sunday, November 18, 2007

Notes

မှတ်သားမှုများ

ကျွန်တော်သည် မှတ်သားမှုများစွာကို အမှတ်တရရှိနေသည်။ နည်းမျိုးစုံမှတ်သားခဲ့သည်။ နေရာပေါင်းစုံမှ မှတ်သားမှုများစုပုံလာကြသည်။ ခေါင်းထဲမှတ်သားဖန် များလာသောအခါ တချို့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။ တခါတရံ မှတ်မှန်းမသိ မှတ်မိနေတော့သည်။



အဖေပြောတဲ့ Looping

အကယ်၍သာ ကိုယ်စိတ်ကျန်းမာချမ်းသာပါက အရာများစွာကို စွမ်းဆောင်နိုင်ပေမည်။ ထို့နောက် သတိ၊၀ီရိယနှင့် ကြိုးစားစေချင်သည်။ ကိုယ်တိုင်ကျင့်သုံးသော တည်ကြည်မှုကို အသုံးချရန် မကြာခဏပြောဆိုစေသည်။ ယုံကြည်ကိုးကွယ်မှုကိုလည်း မမေ့ရာ။ ထိုသို့မဟုတ်ပါက စိတ်၏ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းလည်း ကင်းဝေးရာ၏။ ထိုအခါ အထပ်ထပ် အဖန်ဖန် သံသရာ လည်နေတော့သည်။

မျက်မြင်မှတ်စားခြင်း

ငယ်စဉ်က အစာကို ငမ်းငမ်းတက် စားသောက်ခဲ့သည်။ ပျော်ရွှင်ကြည်နူးအရသာထူးလည်း လိုချင်တပ်မက်ခဲ့သည်။ လှတာလေးမှ လိုချင်ခဲ့သည်။ ၀လင်စွာစားသုံးပြီး အရသာပြည့်စုံသော မျက်မြင်သက်သေတချို့ ကျန်ရစ်စွဲထင်နေသည်။ ထိုအကျိုးဆက်ကား ဤသို့ဖြစ်ရာ၏။

ကြက်တောင်ပံကြီးများကို ၀ယ်ကာ လေးပိုင်းပိုင်းလိုက်၏။ တစ်ပုံက အဖျားရှူးနေသည်။ ထိုအဖျားများကို ရေနွေးနှင့် ပွက်ပွက်ဆူစေပြန်သည်။ ရေနွေးဆူသော် မက်ခေါက် အခြောက်ဖတ်များဖြင့် ချဉ်စေ ၊ ချိုစေ ၊ အပေါ့အငံလည်း မှန်စေ။ ကြက်သွန်နီဖတ်ဖြင့်လည်း လှစေ ၊ ပစေ။ ကျန် သုံးပိုင်းကို အနီရောင်ဆိုးသည်။ အရသာ ထပ်ပိုးသည်။ လက်ဖြင့်နယ်သည်။ လက်လည်းနီလေပြီ။ ဆီအိုးလည်း ဆူနေပြီ။ ညော်နံ့လည်း ထွက်သည်။ မွှေးတယ် ၊ မွှေးတယ် ဆိုပြီး ကိုယ်တိုင်လည်း တစ်အိုးကျက်တိုင်း တစ်ပိုင်းမြည်းလေသည်။ မြည်း ကြည့်ပါဦး၊ လှမှာပါ ။



ရနံ့လော အနံ့လော

သစ်သီးများ စားသုံးလျှင် အနံ့ပြင်းပြင်း မွှေးခြင်း ၊ ရွေးခြင်း လုပ်လေ့ရှိသည်။ သီသီး၊ ဒူးရင်းသီး၊ မင်းကွက်သီး အမျိုးတော့စုံစုံရှိမပေါ့ ။ ကိုယ်ကြိုက်ရာ ကိုယ်တိုင်ရွေး စားလေလေ့လေး ။

ရေမချိုးဖြစ်လျှင် ဖြစ်ဖြစ် အစားအသောက် သောင်းကျန်းလို့ဖြစ်ဖြစ် ခန္ဓာပုတ်လေသည်။ ချိုင်းကြားမှ အမွှေးများရှည်နေလျှင် ချွေးစို့ပြီး အနံ့အောင်းတတ်သည်။ ၀မ်းမသက် လေမထွက် လှုပ်လှုပ်ရှားရှား နည်းလျှင် အတော်ကြီး ဆိုးလေပြီ။

ရေမိုးချိုး အရည်ရွှမ်းသော သစ်သီးစား သွားသွားလာလာ လုပ်သောအခါ After shave (DENIM) ရနံ့က မွှေးပျံ့နေတော့သည်။

စကားတောင်လိုပုံ

တောင်စဉ် ရေမရ အကျိုးမဲ့ စကားတို့ ဆိုသည်။ အိုးဖုံး ၊ စလောင်းဖုံး တီး၍ ကျားခေါ်ပြန်သည်။ သင်အံလေ့ကျက် များများမှတ်သည်။ မေ့လျော့ပေါ့ဆ ဂူကြီးကိုလည်း တိုက်မိသည်ကား အခါခါ။ သိဉာဏ်ထက်သော တရားကိုလည်း နာကြားရာ၏။ ဒေါသလည်း ထွက်သည်။ လောဘလည်းရှိ၏။ တွေဝေငိုင်ခြင်း ဝေးဝေးမနေ အနီး၌လည်း နေကုန်ကြသည်။ စောင်းသံကြား၍ သာယာ၏။ ပိုးကြိုးလည်း ကုန်ပြီ ။ မောင်ပုံလည်း ရွာမှာ လယ်စိုက်နေသည်။ သူရင်းငှားအဆင့်မဟုတ် လယ်ရှင် ဖြစ်သည်။ သို့သော် *လူဘ၀ကို မင်းရခဲ့တယ်…* ၊ *တောင်စဉ်များ ကျော်လွန်ဖြတ်သန်းရင်း ရှေ့ဆက်ရမယ့် လမ်း …* ၊ *အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ် … စဉ်းစား…ဒါ ဟာ အိပ်မက်တဲ့လား* ၊ *ခိုး ခိုး ခိုးသွားပြီလေ ….* ၊ *နာမည် တစ်ခု … ကိုယ်အကြောင်းကိုယ်ပဲသိတယ်* ၊ *E=mc2 ရှာတဲ့သူကြီးကို ချစ်တယ်… ၊ လေဆိပ်ကြမ်းပြင်ကြီးကို လွမ်းတယ်… ဟုတ်လား * ။ သည်လိုနှင့် စကားတွေပုံ တောကြီးတွေ တောင်ကြီးတွေက ဖ၀ါးအောက် ၊ လူကကြမ်းပေါ် ပျင်းတိုင်းကျောခင်း ခြေဆင်းနေကြသည်။ *အတိတ်ကို တူးဆွမိသည်။ အနာဂတ်တက်လှမ်းရန် လှေကားထောင်သည်။ တူးရင်း နက်ရှိုင်း ကျယ်ဝန်းလာသည်။ လှေကားလည်း တိုတောင်းလာသည်။ ပစ္စုပ္ပန်ကို မရောက်သေး။* သိခေါက်ခက် အ၀င်နက် ၊ လှေအလူးမှာ ရူးချေပြီ။

ကိုယ်တိုင်ရေးတဲ့ အိပ်မက်

ချမ်းအေးသည်။ ပျင်းရိခြင်း ခြောက်ပါးမှ တစ်ပါးဖြစ်သည်။ အေးသောအခါ ဖောင်းပွမှုက သေးငယ်လာသည်။ ဆန့်တမ်းမှုများသည် ကွေးကောက်လာသည်။ နွေးထွေးအောင် လုပ်ယူကြသည်။ အပူအအေးမျှတသော် အိပ်ပျော်သွားလေတော့သည်။

*ဂီး ဂစ်*

*E If*

_ဟုတ်တယ်_

_ဟုတ်_

_သိလား_

*တိဝူး*

ကြက်တူရွေးကို ငရုတ်သီးစပ်စပ်ကျွေးပြီး စကားသံလေ့ကျင်နေသော ကောင်မလေးတစ်ယောက်။

ထမင်းဆာပြီ ၊ ထမင်းစားမယ် ။ ဆားထည့်စားဦး။

*အသံထွက်ကမမှန်ဘူး*

*ဒီကလေး တွေစာလုံးပေါင်းပဲ ပြောနေရတာ*

တွေးတောဆင်ခြင်တတ်သော အစ်မကြီး တစ်ယောက်။

* အမေဟာ အမေပါပဲ အမေ *

* သစ်ရွက်ကြွေတာ လေတိုးလို့ပါ *

ဘောလ်ပင်တွေ ချေးငှားရေးပြီး မင်ထွက်များလို့ စာရွက်ကုန်သော အစ်မကြီးတစ်ယောက်။

* တင်ပလိပ်တွေ အရည်ဖျော်နေတဲ့ နေကောင်းပြီးစ လူတစ်ယောက် * ခြေထောက်သုံးချောင်းနဲ့ သွားနေတယ်။ ပုံတွေရေးဆွဲနေတယ်။

လေတိုက်ရင် လွင့်ပါလာတဲ့ ဖုံတွေ သဲတွေကို ကြောက်တဲ့လူကြီးတစ်ယောက်။ သူ့ပြူတင်းတံခါးဖွင့်မှ လေ၀င်တော့တယ်။

အကသင်တန်းဆရာက အင်္ဂလိပ်စာ စာတမ်းရှည်ကြီးတွေ ဝေနေလေရဲ့။

မြန်မာစကားတတ်တဲ့ တိုင်းရင်းသားကြီးတစ်ယောက် ခရီးရှည်ပွဲကို ပျော်ပျော်ကြီးဝင်နွဲ ၊ ၀င်ဆဲ။

သံသာချို ခွန်းတုံ့ဆိုတဲ့ ပညာရှင် မေပျိုတစ်ယောက်။

မိုးပေါ်က အပြာရောင်နောက်ခံကို ခံစားပြီး ဝေးလွင့်သူ တစ်ယောက်အကြောင်း စဉ်းစားရင်း နှုတ်ဆက်ထွက်ခွာခဲ့တယ်။

လူကသန်မာထွားကြိုင်းသလောက် ကြွက်ကြောက်တဲ့ မြေအောက်မှာနေထိုင် ပညာရှာသူတစ်ယောက်။

ဝပ်တွားခယ ရိုကျိုးလိုက်ပုံများ ဘုရားတောင်ပြားအောင်ဖူးမြော်တဲ့ ယုန်တစ်ကောင်။

အာကာသတက်မဲ့ ကိုရင်တက်တုံးး အိုး အော်တုံးး

ကောင်းကင်အရောင်ကို ဖြူပြီ ၊ နုပြီ ဟု တရားမှတ်နေသော အေးချမ်းစွာနေထိုင်သူ အစ်မကြီးတစ်ယောက်။

သစ်ပင်စိုက်ပြီး ကြီးပွားနေသူတစ်ယောက် အလေးမပြိုင်ပွဲဝင်သောအခါ သူမ၏ကမ္ဘာ့ဆောင်ပုဒ်တစ်ခု ရွတ်ဆိုနေသည်။

ကမ္ဘာပိုင်ကို တစ်ဦးတည်းပိုင် မှတ်ပုံတင်သုံးစွဲပြီး မော်ဒယ်ကျကျ မီးထွန်းရှာသူ ပညာရှင် အစ်မကြီးတစ်ယောက်။

ဝက်အူချောင်းပေါင်းစားတဲ့ အသက်မကြီးတော့သော ပပ၀တီမျိုးနွယ်စု သခင်မတစ်ပါး။

သံစဉ်တွေ စီရရီဖြင့် ယဉ်ကျေးစွာ နှုတ်ခွန်းဆက်သသော အစ်မကြီးတစ်ယောက်။

ဖုန်းပြောသော အမေကို ကြည်စားနေသော သမီးပျိုလေးတစ်ယောက်။

စီပုံးကို ရေစည်လှည်းလုပ်ထားသော လူတစ်စု။

အမည်မသိ စာဆိုရှင် ဆရာ၊ ဆရာမများစွာကို တွေ့ကြုံရသည်။

အိပ်မက်မှ နိုးထလာသည်။ အမှန်တကယ် ၀န်းကျင်က သစ်လွင်မှုနှင့်အတူ ညှိုးရင့်လာသည်။ လူတွေသွားလာနေကြသည်။ အဝေးမှ မြင်နိုင်သည်။ မသိသူ ၊ သိသူ နှုတ်ခွန်းဆက်သမှုများ ရှိသလို ။ ရင်းနှီးကျွမ်းဝင်ပြောဆိုနေသည်လည်း ရှိ၏။ နှုတ်ဆိတ်၍ ခပ်မဆိပ် နေသူများလည်း ရှိသည်။ ဒီကနေ့ အိပ်မက်က ရှည်လိုက်တာ ။ အိပ်ပျက်သူ၏ ညတာသည် ရှည်လျားလှပေသည် ဟူသော စာသားတစ်ကြောင်း ခေါင်းထဲပေါ်လာတော့သည်။


Read More...

Monday, November 12, 2007

eString

လျှပ်စစ်ကြိုးတစ်ချောင်း

အဲဒီညက အုတ်၊ထုံး၊သဲ၊ကျောက်နှင့် ရေနံချေးဝနေသော သစ်သားအဆွေးများ၏ အနံ့ပေါင်းစုံဖြင့် အတော်ကြီး မွှေးပျံ့နေသည်။ မြေကွက်လပ်ရှေ့မှ လမ်းမီးတိုင်၏မီးချောင်းက လင်းလွန်းလှသည်။ မျက်နှာကို ရောင်ပြန်ဟပ်သဖြင့် လက်ကွယ်၍ ကြည့်မိသည်။

ညကောင်းကင်မှာ ကြယ်များစွာ လင်းလက်တောက်ပနေမြဲ။ ကြယ်တွေမော့ကြည့်ချင်သော ငယ်ကျင့်လေးက စွဲနေပြီ။ ကိုယ့်ရင်က ကြယ်လည်း ထွန်းလင်းတောက်ပနေသည်။ ပြတင်းတံခါးမှတဆင့် လင်းသောကြယ်က ဒီနေ့ည ထိုင်ခုံမှာ ထိုင်နေသည်။ ညကိုးနာရီခွဲနောက်ပိုင်း စံတော်ချိန်မှန်စွာလာသော ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ကြည့်နေသည်။

ကြယ်ကြွေတွေရေတွက်ချင်မှ ရေတွက်မည်။ သို့သော် ကိုယ့်ရင်က ကြယ်ကိုကြည့်ရင်း စားသော ချိုချဉ်က ပိုချို၊ပိုချဉ်။ အသာနွှာပြီး ၀ါးသော နေကြာက ပိုစိမ့်သလိုလို။ လေတိုက်သောအခါ ယိမ်းနွဲ့သွားသော လျှပ်စစ်ကြိုးအချို့ တွဲရရဲ ကျနေသည်။

လေတိုက်လာသည်။ အနည်းငယ် အေးစိမ့်သလိုဖြစ်သွားသည်။ နေရာပြင်၍ မျှော်ကြည့်သည်။ အစီအစဉ်သည် ဆက်ရန်ရှိတတ်သည်။ အချိန်သည်လည်း သတ်မှတ်မှုအရ ပြောင်းလဲလာသည်။ လေတစ်ချက် အဝေ့တွင်

*ဒေါက်*

*ဟာ*

အမြင့်မှကျသော အသံတစ်ခု။ အစီအစဉ်အပြီး နေရာအရွေ့ ကံကြမ္မာပါ ရွေ့သွားလေသလား။ လမ်းမီးတိုင်မှ မီးချောင်းမှိတ်သွားခဲ့သည်။ ဘယ်ကပေါ်လာ၍ ကျလာသည်မသိ။ ကြယ်ကြွေတော့မဖြစ်နိုင်။ လေသင့်သလား၊ လူကြောင့်လား ခွဲခြမ်းစိတ်ဖြာမနေအား အနောက်ဘက် ဝေးဝေးသို့ အလျင်အမြန် နေရာပြောင်းခဲ့သည်။

မီးရောင်ပျောက်တဲ့ ကြယ့်ဒေါသ လှလှလေး အသော့နှင်ရင်း မြင်လိုက်ရသည်။ ညက၀ိုးတ၀ါး မီးရောင်ကပြောက်ကျား ။ လမ်းသွယ်ကို အသာချိုးပြီး အရှေ့နားကို ကဲကြည့်လိုက်သည်။

*ဒီကောင်ပဲ နေမှာ*

*ဟော ပြောရင်းဆိုရင်း ထွက်သွားပြီ*

*အကောင်စုတ်*

အသံတွေ ပေါ်လာသည်။ မလှပသော ဖြစ်စဉ်တွေ ဖြစ်လာတော့သည်။

>>>>>

|||||

<<<<<

အိမ်ပြန်အရောက် ကြယ်ရောင်တောက်ပနေသည်ကို ရင်ခုန်စွာ တွေ့လိုက်ရသည်။ အကြောင်းအရာနှင့် ခေါင်းစဉ်တွေက ရင်ခုန်သံမပါ။ ဖြစ်စဉ်ကို နားဆင်ရင်း အကျိုးသင့် အကြောင်းသင့်တွေ ရှင်းလင်းရတော့သည်။

စာသင်သားသည် စာသင်ချိန်၌ စာကိုသာ ကြိုးစားသင်ယူရမည်။ လောကသဘာဝကို လေ့လာမှုသည်လည်း ရှိရမည်။ သို့သော် ၀န်းကျင်ပတ်ချာ လူ့ရွာအလည်တွင် လူအများနှင့် သင့်တင့်အောင်လည်း နေထိုင်တတ်ရမည်။ သူတပါးအား စိတ်လက်မကြည်သာအောင် နှောက်ယှက်ခြင်းလည်း မရှိသင့်ပေ။ နာခံမှုသည် ဆိုဆုံးမသူပေါ်တွင် မူတည်သည်။ တခါတရံ ဆိုးသွမ်းသူအား ရိုက်နှက်ဆုံးမသင့်သည်လည်း ရှိရာ၏။ သို့ကြောင့် ရိုက်နှက်ရန် သစ်သားချောင်းလေးများ အသင့်ပြုလုပ်ထားမိသည်။

မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့ပေ။ လေတဖြူးဖြူးတိုက်ခတ်နေပြီး အေးချမ်းသော ညချမ်းအချိန်လေးမှာ ကြယ်တွေမလင်းပါ။ (၆၀)၀ပ်အား မီးသီးတစ်လုံးထွန်းထားသော အိမ်တစ်လုံးအပေါ်ထပ် ၀ရန်တာတွင် အသံညှင်းညှင်းဖြင့် ကြယ်တွေအကြောင်းသိကောင်းစရာများ နာယူမှတ်သားရသည်။ တချက်တချက် လေအတိမ်း လူအယိမ်း မီးရောင်ဟပ်သဖြင့် မျက်နှာပြင်တွင် အဖြူရောင်အသီးလေးများ တွဲခိုနေသည်။

လေတိုက်၍ လျှပ်စစ်ကြိုးတစ်ချောင်း ပြတ်တောက်ခဲ့သည်။

Read More...

Sunday, November 11, 2007

It say, so i know

သူပြောလို့ သိရတယ်



ဒီလ ဆုံးဖြတ် စရာ

You can analyse the past

But you need to design the future.

Otherwise, it may be no better than the past.

Edward de Bono

ခင်ဗျားအနေနဲ့ အတိတ်ကို ခွဲခြမ်းစိတ်ဖြာလို့ရပါတယ်။

ဒါပေမယ့် အနာဂတ်ကို ပုံဖေါ်ကြည့်ဖို့တော့ လိုလိမ့်မယ်။

ဒီလိုမှမလုပ်ရင် အနာဂတ်ဟာ အတိတ်ထက်

ပိုကောင်းချင်မှ ကောင်းပါလိမ့်မယ်။

အက်ဒ၀ပ် ဒီဘိုးနိုး

စံပယ်ဖြူ မဂ္ဂဇင်း

အမှတ်(၆) ဇူလိုင်၊၂၀၀၁

မျက်နှာဖုံး

Read More...

Friday, November 09, 2007

Down to up : 5

ဒီက ငါးရက်နေ့ လက်ကျန် h://naing1.blogspot.com/2007/11/end of 05.html
ဒါက ၆ရက်နေ့ အတွက်
h://naing1.blogspot.com/2007/11/06.html
အိမ်အတွက်ဖုန်းနှင့်စာက ၇ရက်နေ့အတွက် h://naing1.blogspot.com/2007/11/phone&letterforhome07.html
ကိုယ်တိုင်မပါဝင်သလို ပျော်ရွှင်ခဲ့တာက ၈ရက်နေ့အတွက် h://naing1.blogspot.com/2007/11/without me.html
ဒီနေ့အတွက် For today
ဒီနေ့လက်ကျန် က h://naing1.blogspot.com/2007/11/end of 09.html
မနေ့နှင့်မနက်ဖြန်သည် လူကိုမစောင့်(မှားလို့)
*အချိန်နှင့်ဒီရေသည် လူကိုမစောင့်*(မှန်၏)
မနက်ဖြန်အတွက် လာပါလိမ့်မယ် ။
သဖက်ခါအတွက် လာပါလိမ့်မယ် ။
ဖိန်းနွှဲခါအတွက် စောင့်ရပါလိမ့်မယ် ။
where now ? အခုကော အခု .....
သြော် စစ်ကနဲ မြည်မှ ထိုင်နေတာကိုး ။

Read More...

Monday, November 05, 2007

iDream

They write, they blog

They write on the blogs.

They see, they blog

They see blogs.

They hear, they blog

They hear from blogs.

They sing, they blog

They sing on the blogs.

They think, they blog

They think for blogs.

They share, they blog

They share from blogs.

I dream, I blog

I dream about blog.

Blood drop, blogdrug

I blog a blog on the blog.

* iT *


* iHope *

မြင်တယ်၊ကြားတယ် ဘလော့ဂ်

ပေးတယ်၊ယူတယ် ဘလော့ဂ်

ရေးတယ်၊ရတယ် ဘလော့ဂ်

တွေးတယ်၊ထင်တယ် ဘလော့ဂ်

ထကြွ သွေးဆူ၊ဘလော့ဂ်အပူ

ဆေးဝယ်သောက်ဖို့

ဘလော့ဂ်စို့ ။


အင်း ဘလော့ဂ်ဟာ ဘလော့ဂ်တော့ ဟုတ်နေတာပဲ ။

Read More...

Friday, November 02, 2007

I have not key

သော့

သော့တွေထိန်းသိမ်းရသော လုံခြုံရေးတစ်ယောက် အလုပ်ရှုပ်နေတယ် ။

*ဘာဖြစ်လို့လဲ*

*သော့ပျောက်နေလို့ပါ*

*ဘာသော့လဲ*

ရယ်အား ငိုအား ၊ ပိုစေတဲ့ သူစကား

*သော့တွေသိမ်းတဲ့ မီးခံသေတ္တာသော့ ပျောက်နေလို့ ပါခင်ဗျား*

မရှိဘူး

ကုမ္ပဏီတစ်ခုလုံး အလုပ်ကို ပျားပန်းခပ်မျှ လုပ်နေသည် ။

ကြီးကြပ်သူတစ်ယောက် ရောက်လာပြီး အလုပ်လုပ်သူများအား လိုအပ်ချက်များကို မေးမြန်းနေ၏ ။

မိမိတို့ လုပ်ငန်းဆောင်တာများ၊ လိုအပ်ချက်များကို ပြောပြနေကြသည် ။

လူများစွာ ပြောဆိုပြီးချိန်တွင် အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

*ဒီကုမ္ပဏီမှာ ကျွန်တော်မဖြုတ်ဘူးတဲ့ သော့တွေ၊၀က်အူတွေ မရှိဘူး*

သော့ပြင်ဆရာထံမှ ဖြစ်သည် ။

Read More...

Thursday, November 01, 2007

Seasonal ghost

ရာသီစာစားသော သရဲ

* ဟာ ….. *

မီးပျက်သွားပြီ ။

* ဟာ ….. *

အိမ်မှာ တစ်ယောက်မှ မရှိဘူး ။

* ဟာ ….. *

ဖယောင်းတိုင် ၊ မီးခြစ်က ကုန်နေပြီ ။

* ဟာ ….. *

ဘာသံလည်း… ။

* ဟာ ….. *

ဘယ်သူလဲ ။

* ဟာ ….. *

အမလေး …လေး ။

* ဟာ ….. *

ဒီနေရာ လင်းလှချီလား ။

* ဟာ ….. *

ဘာမှလည်း မရှိဘူး ။

* ဟာ ….. *

အလင်း အမှောင် တွဲမြင်ရတယ် ။

* ဟာ ….. *

* ဟေး ….. *

မီးပြန်လာပြီ ။

***

အကြင် သရဲ

စိတ်စွဲ မှတ်သား

ကိုယ်ခွဲမပါ

ဖ၀ါးထပ်ချပ်

ကပ်ကပ်လိုက်တမ်း

ပြေးလေပြီ

***

* ဒုန်း *

ဟာ တိုက်ပြီဟေ့ ။ ဟယ် သနားပါတယ် ။ ဟုတ်ပါရဲ့ ။ အမယ် ယောင်္ကျားလား မိန်းမလား မသိဘူး ။ ပါးကွက်လေးနဲ့ ပါလား ။ ကားကနှေးပါတယ် ။ လမ်းကျယ်ကြီး မှာ တိုက်တာကိုး ။ ယာဉ်ထိန်းရဲတွေ လာနေပြီ ။ ကားမောင်းသူလည်း သတိမေ့နေတယ် ။ အကြောက်လွန်သွားတာထင်တယ် ။ ဆေးရုံပို့မှ ဖြစ်မယ် ။ ဖယ်ပေးကြပါ ။ ထိုင်ထ လာတယ် ။ သက်သာပြီထင်တယ် ။ * သူများ အပြစ်ပါ * ။ စကားပြောနိုင်သေးတယ် ။

* ဘုံး *

ဟာ သေသွားပြီဟေ့ ။ ဟယ် သနားပါတယ် ။ ဟုတ်မယ် ။ ရောဂါ ရှိတယ်တဲ့ ။ ကုသိုလ်ကံ နည်းရှာတာပဲ ။ ကျွတ် ကျွတ် ကျွတ် ။ လူတွေ ဖယ်ပေးကြပါ ။ အမလေး သနပ်ခါးနံ့လေးကို မွှေးနေတာပဲ ။ အော် သနပ်ခါးခွက်လေး မှောက်နေတာကိုး ။

Read More...

Monday, October 29, 2007

3 smiles

@



Read More...

Sunday, October 28, 2007

Smile what i don't know



Read More...

Test it!

Subscribing to comments via email

Read More...

Wednesday, October 24, 2007

Owner of smile

အပြုံးပိုင်ရှင်

ပြုံးတုံ့ပိုင်ရှင် မျက်နှာထားကို

နှစ်ရှည်လများ မစောင့်စားခဲ့ ။

သူလည်းလေ လောကီသားပေမို့

လှစ်ခနဲတွေ့

ဖြတ်ခနဲကြည့်

ရုတ်တရက်မြင်မိ

ပြုံးသွား၏

Read More...

Tuesday, October 23, 2007

iiiii

ကျွန်တော်

မမြင်တော့ ငေးတယ်
နားက ခဏခဏ ယားတယ်
အအေးမိပြီး ချောင်းဆိုးနှာချေတယ်
ထိုင်ဖန်များတော့ ညောင်းတယ်
တွေးရင်းနဲ့ ၀စ္စပေါက် ပျောက်သွားတယ်
မင်းလား ငါလားဆိုပြီး ရန်စနေတတ်တယ်
ငြိမ်အောင်ထိန်းဖို့ သဘာဝကရေပေးသောက်တယ်
အချို စားလို့ သွား မကောင်းဖြစ်ရတယ်
အစာမြန်မြန်စားဖို့ ဦးနှောက်နှင့် အစာအိမ်မှ မကြာခဏအချက်ပေးတယ်
အရိုးပေါ်အရေပြားဖုံး ၀န်ထမ်းဘ၀ကို ပျော်နေတယ်
ကြောက်တတ်လား ၊ ကြောက်ပါသည်။
မမွေးခင်ကကြောက်သလား ၊ ဟုတ်ကဲ့ အမေ ၀မ်းနာတာ သက်သေရှိတယ်
ခြေလှမ်းတိုင်းမှာ အားပါတယ် ။ လေးဖက်တွားကတည်းက ခြေထောက်ကိုအားကိုးခဲ့တယ်
ကျောင်းတော်သာမှာ အာရုံတွေများပြားတယ်
သီချင်းကျယ်ကျယ်ဖွင့်ပြီး နားထောင်လိုက်တယ်
အငြိမ့်ကြည့်ပြီး မျက်ရည်ထွက်အောင်ရယ်ဖြစ်တယ်
*ရယ်သောသူ အသက်ရှည်၏*လို့ ကြားဖူးတယ် ။ ရပ်ပြီး ရယ်တတ်လာတယ်
စစ်ကနဲ ကျဉ်သွားသော စိတ်
ငါ
သူ
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ
နာမ် ရုပ်ကို မခွဲတတ်ဘဲ သဒ္ဒါမှတ်တတ်လာပြီ ။
အသုံးတည့်သော *မြေ ၊ ရေ ၊ လေ ၊ နေ* အား ကျေးဇူးတင်ပါသည်။

Read More...

Sunday, October 21, 2007

Unstable!

အပျက်များ

အိပ်မက်ကောင်းဆိုး မျှော်လင့်ချက်တွေပျက်

ကောင်းဆိုးတွေပျက် ကြောင်းကျိုးတွေပျက်

နှောင်းတိုးတွေပျက် ဖြစ်ကြောင်းတွေပျက်

ဒေါမောတွေပျက် ငြိမ်းချမ်းတွေပျက်

လိုလားတွေပျက် တိုးပွားတွေပျက်

မနေ့ကပျက် မနက်ကပျက်

နေ့ပျက်ညပျက်

ခံစားမှုတွေပျက်

စံစားမှုတွေပျက်

ကြည်ကြည်နူးနူး အပျော်ထူးတွေပျက်

ညစ်ညစ်ညူးညူး စိတ်ဓာတ်တွေပျက်

အာမခံချက်ပေးတဲ့ ဘ၀တွေပျက်

ယုံကြည်စွဲတဲ့ သန်ရာတွေပျက်

ရာသီတွေပျက် သဘာဝတွေပျက်

ပျက်တာတွေလည်း ပျက်

မပျက်သေးမှာလည်း ပျက်

ဖြစ်ပြီးလျှင်လည်း ပျက်

* ငါကော *

ပျက်ရှာပြီ ။

Read More...

Tuesday, October 16, 2007

Having white

အဖြူရောင်အား စားသုံးခြင်း

မိုးသားကောင်းကင်ဖြူဖြူကို မြင်ရသည်။ ညက အဖြူရောင် နွားနို့တစ်ခွက်အစွမ်းကား မသေးလှ။ နိုးလျှင် နိုးခြင်း အဖြူရောင်ကောင်းကင်ထဲမှ လေအေးများ ရှူပြီးသကာလ အဖြူရောင် ရေတစ်ခွက် သောက်ရုံမျှဖြင့် အိမ်၏ အသာယာဆုံးနေရာသို့ အပြေးသွားရတော့သည်။ ချမ်းအေးသော အဖြူရောင်ရေတို့ဖြင့် မျက်နှာသစ်သည်။ မွှေးအောင်ပြုသော ဆပ်ပြာမွှေးက ဖြူနေ၏။ အ၀တ်ကို နွေးအောင်ဝတ်ပြီး ရေနွေးဖြူဖြူတစ်ခွက်ကို ခေါက်ဆွဲခြောက်များ၊ အရသာမှုန့်များထည့်၍ သောက်သည်။ ထမင်းဖြူပူပူ ဆီဆမ်း၊ဆားဖြူးကို မစားဖြစ်ခဲ့ပေ။ ခပ်သွက်သွက် လှုပ်ရှားနေသော အဖြူရောင်လေးများ လေထဲဝဲပျံနေသည်။ ကောင်းကင်ဖြူက လွှတ်ချနေသည်။ ဖြူဖွေးသော မြေပြင်ကို ဖြစ်စေသည်။ လှသလား မလှသလား ဝေခွဲမနေဘဲ အပြင်သို့ နွေးထွေးစွာ လှမ်းထွက်၏။ ရောင်စဉ်ခြယ်အလင်းလွှတ်သော နေမင်းကို တိမ်ဖြူထူထူတွေ လွှမ်းမိုးထားကြသည်။ ရွှေသမင်အထင်မှားတဲ့ တံလျှပ်တော့ မပေါ်ဘဲ ရေပြင်ကို တွေ့ရသည်။ မြေပြင်ပူ ကောင်းကင်ကအေး လမ်းပေါ်မှာ ရေအိုင်ကွက်လေးတွေအပြင် ကြားလေကသွေးတော့ အေးစိမ့်စိမ့်ဖြင့် လှုပ်ရှားသွားလာနေကြသည်။ နေရောင်ခြည်မရောက် ရိပ်ကြီးတောတောင်မဟုတ်သော လမ်းပေါ်မှာ ကားဖြူတစ်စင်းအပြင်းမောင်းသွားစဉ် ခေါင်းစွပ်ဖြူနှင့်လူကို အဖြူတွင်မြေကြီးမည်းညစ်ရောင်ရောသောရေ စင်သွားသည်ကို မြင်ရ၏။ မြေပြင်က ဖြူသောအရောင်ဖြင့် ပြည့်နေသည်။ ပင်စည်မှခွာ ရိုးတံလွင့်ပြီး သစ်ရွက်ရော်ရင့်တို့ဖြင့် ဖုံးလွှမ်းထားသော လမ်းကလေးလည်း အရောင်ပြောင်းသွားပြီ။ ဖြူနေပြီ။ လူကူးမျဉ်းကျားကို ဆေးအဖြူရောင်သုံးထားသည်။

အဖြူရောင်ဆေးသုတ်ထားသော အခန်းထဲတွင် လျှပ်စစ်အားသုံးရေနွေးအိုးဖြူမှ ရေနွေးဖြူဖြူ တို့ ပွက်ပွက်ဆူသံကြားရသည်။ ထိုရေနွေးဖြူတို့ အညိုရောင်ပြောင်းလဲခြင်းကို ခံရသည်။ အသင့်ရိုက်နှိပ်ပြီးသော စာသားများဖြင့် အဖြူရောင်စာရွက်များထွက်နေသော စက်တစ်လုံး လည်ပတ်နေသည်။ အဖြူရောင်မှန်ပြတင်းများမှ ဖြူသောဝန်းကျင်ကို မြင်ရသည်။ ထူးခြားစွာ ရင်ဘတ်အမွှေးအစိမ်းရောင် စာငယ်(၂)ကောင် ဖြူသောပြတင်းအစွန်းတွင် နားလိုက် ၊ ပြတင်းပေါက်မှ အခန်းထဲ ၀င်ထွက်လိုက်နှင့် အလုပ်ရှုပ်နေသည် ။ ထိုစာငှက်များမှ ဖြူသော အညစ်အကြေးတို့ စွန့် စွန့်သွားကြသည်။ မကြာခဏမောင်းထုတ်နေရသည်။ အဖြူရောင်ပြတင်းပေါက်ကို ပိတ်လိုက်ပြီ။ အဖြူရောင်လျှပ်စစ်မီးချောင်းများ ဖွင့်ထားသော အခန်းတွင်းဝယ် လူငွေ့ရောရော မီးခိုးရော အဖြူရောင်အငွေ့လေးများ ပျံ့လွင့်နေသည်။

မှောင်မည်းနေသည်ကို အပြင်ဝန်းကျင်မြင်မှ သိရသည်။ နေ့တစ်နေ့ကုန်ဆုံးချိန်တွင် မှောင်မည်းသွားခဲ့ပြီ။ လေမှာဝဲသော အဖြူလည်း မှောင်ပြီပေါ့။ မြေမှာစွဲတဲ့ အဖြူလည်း မည်းပြီပဲ။ နီယွန်မီးရောင်ဖြာသော နေရာအရောက် တစ်ချက် တစ်ခါ ဖြူလဲ့လဲ့က ကြေးနီရောင်ရော နေပြီကော။ ခြေရာက အမျိုးစုံ ၊ ကားဘီးအရာ အပြားပြားနှင့် လမ်းပေါ်မှာ မည်းညစ်နေတော့သည်။ နေ့လည်က အညိုရောင်ချိုခါးအရည်လည်း အဖြူရောင် အဖြစ် ပြောင်းလဲစွန့်ပစ်ခဲ့ပြီတကား ။

***

မှတ်သားမိတယ်

အဖြူစွဲစွဲ

မမြဲတော့ မည်းရှာပြီ ။

ရေကြောင့်လား

မြေကြောင့်လား

လေကြောင့်လား

လူကြောင့်လား

စားသုံးလို့ ကုန်သွားတာလား ။

Read More...

Monday, October 15, 2007

Environmental Blog Roundup


ဒီစာက ကြော်ငြာပါ

Read More...

Tuesday, October 09, 2007

Surrounding

ပတ်ဝန်းကျင်

ဒီနေ့ ခင်ဗျာ ။ မိုးလင်းပြီဆိုကတည်းက မိုးတဖွဲဖွဲကျလျက် ရွာသွန်းနေသည်။ ကျောင်းသွားချိန်တွင် ထီး၊အမိုးအကာဖြင့် သွားလာကြရသည်။ မိုးရွာလည်း ကျောင်းဖွင့်ရက် ၊ ရုံးဖွင့်ရက် ၊ အလုပ်ဖွင့်ရက် ဖြစ်သောကြောင့် လာကြရသည် ၊ သွားကြရသည် ၊ ပြန်ကြရသည်။ အအေးဓာတ်ကြောင့် ပူနွေးမှုလည်း လိုအပ်သည်။ ထို့ကြောင့် အစာစားသည်။ အစားအစာသည်လည်း အပူစွမ်းအင်ကို ဖြစ်ပေါ်စေသလို သွားလာလှုပ်ရှားမှုကို အထောက်အပံ့ ပေးသည်။ မိုးရေထဲ သွားလာကြသည်။ လမ်းပေါ်မှာ ရေကွက်များ ၊ ရေအိုင်ကြီးငယ်များ ရှိနေကြသည်။ အချိန်ကား နေ့လည်စာ စားပြီးချိန် ။ နေရာကား လမ်းပေါ် ။ လူနှစ်ယောက် လမ်းလျှောက်လာကြသည်။ ရှေ့တွင် ရေအိုင်များ ရှိနေသည်။ ဘယ်မှ တစ်ယောက် ၊ ညာမှ တစ်ယောက် ခွဲဖြာပြီး ကျော်ဖြတ်ကြသည်။ ပြန်လည်ပေါင်းစုံပြီး ဆက်လက်လျှောက်လှမ်းသွားသည်။ ရေအိုင်အကျဉ်းအကျယ်အရ အလယ်မှ ခုန်ကျော်ကူးသူများလည်း ရှိသည်။ အလှမ်းကျယ် အလယ်လတ် သူများက ရေစပ်နှင့် ထိသူလည်း ရှိ၏။ လွတ်သူများလည်း ရှိပြန်သည်။ မိမိနှင့် အကျွမ်းတ၀င်ရှိသော လူများဖြင့် အတူယှဉ်တွဲသွားလာနေကြစဉ် ရေအိုင်တွေ့သဖြင့် ရှေ့နောက် အစီအစဉ်တကျ သွားလာကြသည်လည်း ရှိပြန်သည်။ မိုးရွာသောကြောင့် ရေအိုင်ထွန်းရသည်။ မိုးမရွာသော်လည်း လမ်းသန့်ရှင်းသူများက ရေကို အသုံးပြုသောအခါ ရေအိုင်ခြင်း ဖြစ်ပေါ်သည်။ မြေ နိမ့်ခြင်း ၊ ချိုင့်ခြင်းကြောင့် ရေအိုင် ဖြစ်ရသည်။ သွားမြဲသွားကာ ပြန်လည်း ပြန်ဆဲ ။ ဥဒဟိုသွားလာနေကြသည်။ ပတ်ဝန်းကျင်ကို မြင်ရသည်။ မှတ်သားထားခဲ့သည်။

***

အကြောင်းလမ်း ဖြူး

မြေပြင်က လူး(လွန့်)

ပေါ်ထွန်းလာရေအိုင်ကြီးငယ်ကြောင့်

ဘယ်လယ်ညာ ခွဲဖြာသလို

ရှေ့နောက်စီရရီဖြင့်

လှမ်းကာလေသွားပြန်မြဲ

မှတ်ပါသည်

မိုးရွာထဲ

ဒီနေ့ မြင်သည့် ၀န်းကျင်ပဲ။

Read More...

PostSecret,Entertainment,DonorsChoose



ပြန်လည်မျှဝေခြင်း

Read More...

Thursday, September 20, 2007

Request

အိမ်ရှင် မရှိပါ ။ ချန်ထားခဲ့တာ မရှိသလို ၊ ကျန်သွားခဲ့ရင်လည်း ခွင့်လွှတ်ပါ ။

Read More...

Wednesday, September 19, 2007

Way!!!!!

လမ်း

မိုးသောက်လို့အလင်းရောက်လျှင် အသံမျိုးစုံကြားလာရပြီ ။ မိုးမလင်းခင်က ပြင်ဆင်ခြင်းများလည်း ရှိသည် ။ ညမအိပ်ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ မည်သို့ဆိုစေကာမူ မိုးကား လင်းခဲ့ပြီ ။ စိတ် ပျော်ရွှင်ချမ်းမြေ့ပြီး ကြည်လင်စွာ နိုးထလာသလို ၊ ထုံထိုင်း အုံ့မှိုင်းကာ ဦးခေါင်းကြီးလေးလံနေသလို စိတ်ကသိကအောက်ဖြစ်ခြင်း တို့နှင့်အတူ မျက်နှာသစ်ခဲ့သည် ။ လှုပ်ရှားမှုများလာသောအခါ ခန္ဓာကိုယ် ပူနွေးလာတော့သည် ။ သို့သော် ၀မ်းမီးကား မငြိမ်းနိုင်သေး ။ ဆာလောင်ခြင်းသည် ပျင်းရိခြင်းတွင် ပါသော်လည်း လိုအပ်သည် ။ အစာအိမ်က အသစ်ကိုချေခြင်းရှိသလို အဟောင်းကိုသက်ခြင်းလည်း ရှိပြန်သည် ။ မိုးလင်းလျှင် ကိုယ်ခန္ဓာက မရပ်မနား တစ်ခုပြီး တစ်ခု လုပ်ဆောင်နေတော့သည် ။

သွားလာရန်အတွက် ၀ယ်ယူခြင်းလည်း လိုအပ်သည် ။ ၀ယ်ယူရာတွင် သုံးသော ငွေကြေးလည်း လုံလောက်စွာ ရှိနေနှင့်ရမည် ။ သွားလာရန် လမ်းများစွာကို ရွေးချယ်ကြရသည် ။ ထို့အတူ ၀ယ်ယူခြင်းအမြောက်အမြားလည်း လိုအပ်ပြန်သည် ။ ငွေကြေး ပြည့်စုံခြင်းသည် ဤအခြေအနေတွင် အသုံးဝင်သည် ။ ထို့ကြောင့် လမ်းရွေးရန် ငွေလိုပြီ ။ ငွေမလိုသော လမ်းများလည်း ရှိတတ်သေးသည် ။ ယခုကား ငွေနှင့် ရွေးရသော လမ်း ။ သွားလာရေးအတွက် အဖိုးအနည်း၊အများ မျှသာ ကွာခြားပြီး လမ်းသည် လမ်းသာဖြစ်သည် ။

ပမာဆိုသော် ရထားအတွက် ရထားခသည် အဓိက ။ ရထားသွားလာချိန်ပေါ်မူတည်ပြီး ငွေကြေးနှုန်းတား ပြောင်းလဲသွားနိုင်သည် ။ ထို့အပြင် ရထားပေါ်၌ ခုံနေရာ အမျိုးအစားကြောင့်လည်း ဈေးနှုန်း ကွာခြားသွားခဲ့သည် ။ အိပ်ရင်းလိုက်ပါနိုင်သလို ၊ ထိုင်လျှက်ဖြင့် သွားလာကြသည်လည်း တဖုံ ရှိချေသည် ။ အကြောင်းစုံခင်းလျှင် ငွေရင်းစိုက်မှ သက်သာခြင်းမျိုး ကြုံရတတ်သည် ။ ထို့ကြောင့် ငွေလိုနေသည် ။ *ရတာမလို ၊ လိုတာမရ* ဖြစ်ရသည် ။ လမ်းခရီးအတွက် ပြင်ဆင်စရာများ ပြင်ဆင်ရသည် ။ အစားအသောက် ၊ ဆေးဝါး စသည်ဖြင့် လိုတာလည်း ပါမည် ။ ပိုတာလည်း ရှိမည် ။ လိုနေတာ ငွေကြေး ၊ ငွေကြေး ။ ဒီတော့ အော်မြည်ခဲ့သည် … အော်ခဲ့သည် ။

***

ရှာပါတဲ့ ရှာပါ ၊ လမ်းတွေ့ပါပြီ

သွားကြစို့ အစီအရီ

လမ်းရွေးဖို့ ငွေလိုသည်

နှုန်းတားမျိုးစုံလို့ ကြုံဖူးလျှင် သိလိမ့်မည်

ထိုကြောင့် လိုပါသည်

ချေးငှားရန် လိုပါသည် ။

Read More...

Tuesday, September 18, 2007

To afraID

ကြောက်ရန်

ကြောက်တာမှ တအားပဲ ။ မွေးစမှ သေဆုံးသည်အထိ ကြောက်ရွံ့စွာ နေထိုင်နေကြသည် ။ သို့သော် အကြောက်တရားသည် မတည်ငြိမ်သလို ဆန့်ကျင်ဘက်ဖြစ်သော ကြောက်ရွံ့မှုကင်းခြင်းလည်း ရှိပြန်သည် ။ အကြောင်းအကျိုးစဉ်းစားခြင်းသာ ဖြစ်သည် ။ နိမိတ်ဖတ်ခြင်းလည်း မဟုတ် ။ ဖတ်မှတ်ဖူးသည်က နိမိတ်ဖတ်လျှင် နိမိတ်သာဖတ်ရန် ဖြစ်သည် ။ အကြောင်းအကျိုးကို မစဉ်းစားဘဲ နိမိတ်ဖတ်ခြင်းအဖြစ်နှင့်သာ နားလည်ရမည် ဟု မှတ်သားဖူးသည် ။ ဘယ်အကြောင်းဖြစ်ဖြစ် စာရေးချင်သည်က ရှိသည် ။ မရေးဖြစ်သည် လည်း များစွာကျန်ရစ်ခဲ့သည် ။ ဘာရွေ့ဘယ်မျှ စကာ ဘယ်ပုံဘယ်နည်း ပြီးစီးမည်ဟု မျှော်လင့်ခဲ့သည်လည်း ရှိ၏ ။ မမျှော်လင့်သော ဖြစ်ရပ်များလည်း ပေါ်ပေါက်လာနိုင်သည် ။ ထိုအခါ မမျှော်လင့်သော အခြေအနေများကို သတိထား မှတ်သား လုပ်ကိုင်ရန်သာ ရှိတော့သည် ။ မျှော်လင့်သလို ဖြစ်မလာသောအခါ ဖြစ်သလိုလည်း လုပ်ကိုင်ရပြန်သည် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသောအခါ -

***

တစ်ရက် ။ အပြင်သို့ထွက်ခဲ့သော တစ်ရက် ။ မိုးကောင်းကင်ကို ရှင်းလင်းစွာမြင်နိုင်သော နေရာတစ်နေရာ ။ သို့သော် အညိုရင့်ကို အမည်းသန်းသော အရောင်နှင့် ပြည့်စုံနေသည့် ကောင်းကင်ဖြစ်နေသည် ။ မိုးလုံးမှိုင်းနေသည်ကို သဲကွဲစွာ မြင်ရသည် ။ မိုးသားတိမ်ဟု ခေါ်ဆိုသော်ရကောင်း၏ ။ မိုးကားမရွာ ။ ဖွဲဖွဲမျှကျနေသော ရေမှုန်များရှိနေသည် ။ မိုးစက်မိုးပေါက်အဖြစ်မရောက် ။ မိုးအပွင့်လေး ၊ အမှုန်လေးများအဖြစ်သာ ပြည့်နှက်နေသည် ။ လေလည်း တိုက်နေသည် ။ လေတိုက်သဖြင့် မိုးကာထားသော ထီးအရွက်ရိုး၏ အဆစ်များလန်ထွက်ကုန်သည် ။ ထီးရိုးဆစ်များကို ပြန်ချိုးချနေရသည် ။ သွားလာမှုကိုကား မရပ်တန့် ။ ဆက်လက် သွားလာခဲ့သည်။

ရပ်တန့်မှုအများအပြားလည်း တွေ့နိုင်သည် ။ လမ်းဆုံလမ်းခွများတွင် သွားလာမှု လွယ်ကူစေရန် မီး (နီ၊၀ါ၊စိမ်း) သုံးရောင်ခြယ်လေးများ ထားပေးသည် ။ သို့သော် ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေသည် ။ ထို့ကြောင့် ရပ်တန့်မှုများ ဖြစ်ရသည် ။ ၀ါတုန်း သတိထားကူးရန်သာ ဖြစ်သည် ။ မီးနီဖြတ်သန်းမှုများလည်း မြင်ရသည် ။ လူ့စိတ်က အလျင်လိုထားလို့ ဖြစ်ရသည် ။ *အလျင်လို အနှေးဖြစ်* ရသည် ။ မြန်ဆန်စေချင်ကာမှ တော်တော်နှင့် မရောက်နိုင် ။ ရှောင်တိမ်းမှု ၊ စောင့်ဆိုင်းမှုများဖြင့် ကျော်ဖြတ်ရသည် ။ လူရော ၊ ယာဉ်ရော အားလုံး ရောနှောနေသည် ။ အချိန်ကျန့်ကြာခဲ့သည် ။ အကြောင်းက အပေါ်မှ ဖြစ်ရပ်များကြောင့်ဟု ပြန်လည်ပြောဆိုဖြစ်ကြသည် ။ နှောင့်နှေးကျန့်ကြာခဲ့သည် ။ သို့သော် သွားလိုသော နေရာသို့ ရောက်ခဲ့သည် ။ ရောက်ခဲ့သည် ။

***

ထသွားပြန်ကြည့် ၊ သွားလာသတိ

ရှေ့ကားမီးနီ ၊ လယ်မှာဝါ၍

ဘယ်ခါ စိမ်းလိမ့်မတုန်း …။

မျှော်မှန်းမရှိ ၊ ဖြစ်တတ်ရံခါ

လျင်လိုကြောက်တတ်ရန်ကော …။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်