Thursday, May 31, 2007

Announcement

ကြော်ငြာ

ခံစားချက် ထုတ်ဖော်ခြင်း ။ ဘာကို ခံစားရပါသလဲ ။ ဘာက ခံစားပါသလဲ ။ ဘာကြောင့် ခံစားပါသလဲ ။ ခံစားမှု ဆိုသော စိတ် ပေါ်ပေါက်လာ ပုံလေးက အဆန်းပါ ။ ဆန်းပြားမှုကို သပ်ရပ်သော ၊ တိကျသော မှတ်သားဥာဏ်ဖြင့် မြင့်မားသော စိတ်ပိုင်ရှင်တွေ ၊ လူ ၊ သတ္တ၀ါတွေ က လေ့လာသည် ၊ တွေ့ရှိခဲ့သည် ။ ခံစားမှုကို သိလာသည် ၊ မှတ်သားသည် ၊ ဖော်ပြသည် ၊ ကြော်ငြာသည် ။ ကြော်ငြာရန် နည်းလမ်း မျိုးစုံ ရှာဖွေခဲ့ကြသည် ၊ ဖန်တီးခဲ့ကြသည် ။ ယနေ့ ခေတ်တွင်လည်း ဖန်တီးနေဆဲ ။ *ဘယ်အချိန် ကြော်ငြာပျောက်ဆုံးမလဲ* ။ လူ သတ္တ၀ါက သိချင်သည်။ သိအောင် ကြိုးစားသည် ၊ သိအောင် ဖန်တီးသည် ။ ဒီတော့ ကြော်ငြာ လိုလာပြီ ။ ကျွန်တော် ဘယ်လို ကြော်ငြာမလဲ ။ အခုချိန် လာဖတ် ခိုင်းလျှင် ကျေညာ ဟု အသံထွက် နေပါသည်။ ဘယ်လို ကျေညာ မလဲ ။ သိအောင် ကျေညာ မယ် ။ သိမှု ၊ ရှိမှု ၊ ဖြစ်မှု ၊ ဖန်တီးမှုကို ကျေညာ မယ် ။ ကျွန်တော် ကြော်ငြာ ထည့်ထားပါသည် ။ အိမ်တွင် ကျေညာ နိုင်ပါသည်။

Read More...

Tuesday, May 29, 2007

Did and wish

ကဗျာမဆန်တာလား။ ကာရံမပါတာလား ။ လုပ်ဖူးတာ နှင့် လုပ်ချင်တာတွေ ပြောမယ်ဆိုရင်…

နှစ်လွှာပေါင်းမှ တစ်ရွက် ၊ ငယ်က စာအုပ်ကြား ညှပ်ဖူးသူ ရှိချင်ရှိမယ် ။ တူနှစ်ကိုယ် တူတူပေါင်းဖို့ ဒီသဏ္ဌာန် ကာရံညှိလို့ သစ္စာတွေ တိုင်တယ်ပြီး စွယ်တော်ရွက်လေး ဖြစ်ချင်သူရှိမယ် ။ ကျွန်တော်လား ။ ဟင်းချိုတော့ ချက်သောက်ဖူးသည်။ အတော်ချိုသည် ၊ စိမ်းမြမြ အရည်၊ အရသာနှင့် ။ စမ်းချက်ကြည့်ပါလား ။

တူနှစ်ကိုယ် ညောင်ညိုရိပ် မှေးစက်လို့အိပ်မယ်။ တရားသံပါ သလိုလို ၊ စကားသံ ကြားတာကတော့ ညောင်ရွက်သုပ် တော်တော်ကောင်းဆိုပဲ။

ပင်လယ်ပြာ သောင်ခြေမှာ ပုံတွေကို ရေးဆွဲသလို ၊ ပုဇွန်ကင်တော့ စားဖူးချင်သား။

လက်ပံပွင့်ချိန် လေတိုက် ကြွေလိုက်တဲ့အခါ တ၀ဲဝဲ ဝေ့လို့ နေရင် ပမာ ။ လွမ်းသလိုလို နမ်းသလိုလို ၊ လက်ပံပင်အောက် အပွင့်လေးတွေ ကောက် ပြုတ်ကာ တို့လိုက်ရရင်…။

တောင်တောရယ်သာ မာလာက ငုံဖူး ။ အငုံအဖူး ၊ ကြုံတုန်းမှာ အသာချွတ်လို့ ဟင်းလုပ်ကယ် မမည် ၊ တင်းစကားဆိုချင် ဆိုပ ၊ ဆားနယ်ကာ အငုံသုပ်ပြီး ရေနွေးကြမ်းနှင့် မြည်းတော့မည်။

သီးကင်းတွေ မိုးဦးကျမှာ လွယ်မယောင် ဆွတ်ချင်သပါ့ ၊ ထမင်းမြိန် ရေချိုငပိရည် ဖြင့် ယူခဲ့သူ မောင် မယ် ကျေးဇူးတင် ၊ စားပြီးရင် ကွေးအောင် အိပ်မည်။

မောင်နှံနှစ်ဖြာ ခုနှစ်ရက်ခြား လို့ ငိုအားတွေ ပိုခဲ့ပေမယ့် ၊ ကိုယ်ဝမ်းစာတော့ ကိုယ်တိုင် ရှာစားခဲ့ရတယ်။

တူနှစ်ကိုယ် တဲအိုပျက် မှာ မနေရ ။ မောင်မယ် စုံ ထမင်းဆိုင် တူတူဖွင့်မယ် ၊ အိမ်ထဲ မှာရောင်း ။

အမျိုးဆွေ သာတကာ အပေါင်းရယ် အိုကွယ် လာခဲ့ပါ ဖိတ်ခေါ်တယ် ၊ အ၀စား မေတ္တာဖိုးငွေ ပေးရမည် ဖြစ်ကြောင်း ။

Read More...

Sunday, May 27, 2007

Lemons


အ၀ါရောင် အခွံလေး နှင့် သံပုရိုသီးလေးတွေ

အချဉ်ကြိုက်သူက အချဉ်သီး။ အမောပြေ အအေးဖျော်ရည် လုပ်သောက်နိုင်သည်။ ပြားပြားပါးပါး လှီး အငံလေးနှင့် ရောစား ကောင်းပြန်၏ ၊ ငါးပြား၊အကြော်တွေ ပန်းကန် အလယ်မှာထားပြီး ၀ိုင်းပတ် ပြင်ဆင်ထားလျှင် စားကောင်းသော တရုတ်ဟင်းလေး ဖြစ်ပြန်၏။ အချဉ်မစားတတ်သူ တချို့ သကြား များများရော၍ ထုပ်ပိုးပစ္စည်း အကောင်းစား သီးစုံပေါင်းလေး တဖြစ်လည်း စားနိုင်၏။ အမေတို့ လက်စွမ်းနှင့် ပုလင်း တချို့တွင် ဆားနယ်ကာ သံပုရာချဉ်သိပ်လေး ဖြစ်ရပြန်သည်။ အချဉ်ဓာတ်သည် လိုအပ်သည် ။ အရသာ ချို ၊ ချဉ် ၊ စပ် ၊ ဖန် ၊ ငံ ၊ ခါး ၊ စိမ့် ။ သူ့ အရသာ နှင့် သူ လိုအပ်နေကြသည်။ ကြိုက်သည်လည်း ရှိ၏။ မစားနိုင်သူလည်း ပါ၏။ အနံ့ပင် ကြိုက်သူ ရှိပြန်သေးသည်။ မူးမောပြေသည် ဟု ဆိုကြသည်။ အနံ့ကိုပင် စားသုံးသူ အကြိုက် နေရာများစွာ ၊ ပစ္စည်းမျိုးစုံစွာ ထုတ်လုပ်နေကြသည်။ အိမ်သားက ဘာလုပ်မည်နည်း ။ ယခု မီးဖိုးချောင်တွင် အသင့်စားသုံးနိုင်သော ငပိတုံးလေးများ ရှိသည်။ မြေပဲဆံ ကျန်သေးသည်။ ပုစွန်ခြောက် မရှိလျှင် ၀ယ်မည်။ ကြက်သွန်နီက အောတိုက် ၀ယ်ထားသည်။ ငရုတ်သီး ဈေးကြီးတယ် ၊ အစပ်လည်း မစားချင်။ ဆီရှိသည်။ ဆားထုပ် မနေ့ကမှ အသစ်စက်စက်။ ဟင်းချိုမှုန့်ဘူး အလတ်ဘူးတစ်ဘူး တွေ့ထားတယ် ။ အားလုံးက အဆင်သင့် ။ ဒီတော့ ဘာလုပ်မည်နည်း ။ သုပ် စား ပါ သည် ။

အိမ်သား ။ စလှီးတာ ထိပ် နှစ်ဖက်ကို လှီးချလိုက် ။ လေး ၊ ငါး စိပ် အခွံပေါ်မှာ အရာပေးထားတယ် ။ လက်နှင့် ဖယ်ခွာလိုက်ရုံ အလွယ်ပေါ့ ။ အခွံခွာပြီး အလုံးလိုက်လေး ထားလိုက်တယ်။ အော် ကူသူမဲ့ ဘ၀။ ကြက်သွန်နီ ပါးပါးလှီး ။ သံပုရို တစ်လုံးကို ကြက်သွန် အကြီးဆိုဒ် တစ်လုံးခွဲ ။ကြိုက်တတ်ရင် နှစ်လုံး ထည့်တယ် ။ လှီးပြီးသား ကြက်သွန် ရေစိမ်ထားလိုက်တယ် ။ ဆီအိုးက ပူနေပြီ ။ မြေပဲဆံ လက်တစ်ဆုပ်လောက် ထည့် ။ မြေပဲဆံ ကျော်လေ့ရှိတယ်။ ဆီပူ နှင့် မြေပဲထိတာနဲ့ မွှေတယ်။ အနံထွက် ၊ အရောင် အပြောင်း အမြန်ချ ၊ ပန်းကန်ပြားတစ်ချပ် မှာ ဆီစစ်ထည့် ။ ဆား နည်းနည်း ဖြူးထားလိုက်တယ် ။ အကျက်လွန်ပြီး တူးနံ့လေး ပါရင် အနံ့လေး ပျက်သွားမယ် ။ အခွံခွာ ထားတဲ့ အလုံးလေးကို အစေ့လေးတွေ ဖယ် ၊ ဘေးဘယ်ညာ အစိပ်သေးလေးတွေ စိပ်တယ်။ သုပ်စားမယ့် ပန်းကန်ယူ ထည့် ။ ပြီးတော့ ရေစိမ်ကြက်သွန်ပါးကို ထည့်။ ငပိလေး လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းလောက် ထည့်တယ်။ ပုစွန်ခြောက် ထမင်းစားဇွန်း တစ်ဇွန်း ခပ်တယ်။ ထောင်းလို့ ရသလို ထောင်းထည့်တယ် ။ ဘယ်လို ထောင်းလဲ ။ စတီးခွက်ကြီးကြီးမှာ သစ်သား ကျည်ပွေ့နှင့် ထောင်းတယ်။ မှုန့်တာလည်းမှုန့် ပုစွန်ခြောက် ကြေတယ်ဆိုရုံလေးက ကြေပေါ့ ။ လာထား နောက်တစ်ဆုံ။ မြေပဲဆံ ညက်တာလည်း ရှိတယ်။ ကျော်ပြီးစ မွှေးပူလေး ။ လေးစိပ်ကွဲလည်း ပါသေးတယ် ။ ဆီလေးဆမ်း ။ ဆားက လက်ဖက်ရည်ဇွန်း တစ်ဇွန်း ။ မငံဘူး ။ စိတ်သာချ ။ ပြီးမှ ပါးကြိမ်းမယ် ။ ဟင်းချိုမှုန့်က ဇွန်းတစ်ဝက် ။ ကိုသားစိုး ၊ ဒီဂျေ ဂျေး၊ ရွာစားစိန်လှငွေ အဆင့်သင့် ။ အာယူ ရယ် ဒီ ။ ရီမစ် ။ ရောသမွှေ ။ ဇွန်းနဲ့မွှေရင် လက်ကို ငပိနံ့ မစွဲဘူး ။ လက်နဲ့မွှေရင် ပိုပြီး အရသာ ပေါ်လွင်တယ် ။ လက်တော့ ဆေး ပေရော့ပဲ ။ လက်တွေ့ ရောစပ် ။ သမအောင် ရောစပ်။ မျှအောင် ရော စပ် ။ *အော် လက်လှုပ်မှ ပါးစပ်လှုပ်တဲ့ ဘ၀ ပါလားနော်* ။

http://www.hort.purdue.edu/ext/senior/fruits/lemon1.htm

မှတ်ချက် ။ ငံပြာရည်ဖြင့် သုပ်စားနိုင်သည်။ အနံ့တော့ နည်းနည်းစွဲသည်။

Read More...

Saturday, May 26, 2007

Their voice

သူတို့ အသံ


ကျွန်တော်တို့ စုံတွဲအကြောင်း လူအတော်များများ သိနေကြသည်။ လူတိုင်း ချစ်သလို ကျွန်တော်တို့ စုံတွဲလည်း ချစ်တတ်ပါသည်။ သူပါမှ ကျွန်တော် သွားသည်။ ကျွန်တော်ပါမှ သူသွားသည်။ ဒီနေ့ စုံတွဲ ခုတ်မည် ဟု လွန်ခဲ့သော လကုန်ရက်ကတည်းက စီစဉ်ထားခဲ့သည်။ လက်မှတ်ကလေး တစ်စောင် ကြောင့် ဖြစ်သည်။ စောစော အိပ်ယာထပြီး အပေါ်၊အောက် လှုပ်ရှား သွားလာမှု ရှိခဲ့သည်။ အကြောင်းရင်းက လိုအပ်ချက်တစ်ချို့ကြောင့် ဖြစ်သည်။ ဥပမာ ကားစီးရန်။ တစ်လစာ ကားစီးနင်းကဒ် လိုအပ်ချက် ဖြစ်သည်။ အရေးကြီးသော ၀င်ခွင့် လက်မှတ်လေး နေရာ အထားမှားသဖြင့် ခုံအပေါ် ၊ အောက် ၊ စာအုပ်အကျိုအကြား ရှာရန် အတက်၊ဆင်း လုပ်ခဲ့ရသည်။ ကျွန်တော်တို့ စုံတွဲ အားရှိရန် ကြက်ဥပြုတ်လည်း စားခဲ့သည်။ စုံတွဲ ၀တ်ဆင်မှုက သာမန် အပြာရင့် ၀တ်စုံတစ်စုံ။ စတင်ထွက်ချိန်မှာ ဘာပြဿနာမှ မရှိခဲ့ ။ ကျွန်တော် နှင့် သူ တစ်လှည့်စီ ဦးဆောင်ခဲ့သည်။ ကားစီးလည်း တူတူ။ ရထားစီးလည်း တူတူ။ ဟော ပွဲတော် နေရာ ရှာဖွေရာမှာလည်း အတူတူ။ မခွဲတတွဲတွဲ။ ရှေ့နောက် တစ်လှည့်စီ။ ပွဲတော် နေရာသိလို့ ၀မ်းမြောက်ချိန်မှာ တူတူယှဉ်ပြီး ဓာတ်ပုံ ရိုက်ခဲ့ကြသည်။ ပွဲတော်က လူမျိုးစုံလှသည်။ ကျွန်တော်တို့လို စုံတွဲတွေ အမြောက်အမြား။ ဆင်ယဉ်ထုံးဖွဲမှု ကိုယ်စီနှင့်။ တချို့က အစိမ်း၊ပြာ၊နီ။ သူလိုကိုယ်လို ၀င်နွှဲခဲ့ကြသည်။ အမယ် အမှတ်တရ ကျောက်ကျော စားခဲ့သည်။ ဓာတ်ပုံအများကြီး ရိုက်ခဲ့သည်။ သို့သော် ကျွန်တော် နှင့် သူ အတွဲမညီတော့ပေ။ မူးရစ်မှု မပါသော လမ်းခွဲမှု။ ကျွန်တော် မှတ်မိချိန်မှာ သူက ကားစောင့်တာကို တူတူ မရပ်စောင့်ချင်တော့ဘူး။ *အနိမ့် အမြင့် မညီမှ သက်သာမယ်ဆိုတဲ့* အကြောင်းပြချက်ပေါ့။ ကျွန်တော်ကလည်း ခွင့်လွှတ်ပါတယ် ။ တစ်လှည့် အပေါ်မှာ နေစေပေါ့ ။ ဒါပေမယ့် ကားစောင့်ချိန် ကြာလာပါရော။ ကျွန်တော် သည်းမခံနိုင်တော့ ဘူး။ ပူလောင်မှုကို စတင် ခံစားရနေပြီ။ သူကပြန်ပြောတယ် ။ ငါလည်း ပူတာပဲ တဲ့။ ကျွန်တော် နှင့် သူ ပူလောင်မှုတွေ သယ်ဆောင်ပြီး နောက်ထပ် ကားမှတ်တိုင် တစ်ခုကို မသွားချင် သွားချင်နဲ့ သွားခဲ့ကြသည်။ ကားကလည်း ကြာလိုက်တာ။ ရထားဂိတ်ကို ရောက်ချင်နေပြီ။ ပိုမို ပူလောင်စေသော အကြောင်းက အရိပ်နားခိုမှု မရှိခဲ့ခြင်း။ အပေါ်ပူ ၊ အောက်ပူ ပိုပြီးပူလောင်လာတာပေါ့ ။ ကျွန်တော်တို့ စုံတွဲ သံစုံတီးဝိုင်းအလား ညည်းညူ နေခဲ့ကြသည်။ ကားပေါ် ၊ ရထားပေါ် ကျွန်တော်တို့ အငြိမ်မနေခဲ့ကြဘူး။ လှုပ်ရှားမှု မျိုးစုံနှင့် သူကပူသည် ၊ ကျွန်တော်က ပိုပူသည် တလှည့်စီ ညီညာစွာ အော်ဟစ်ခဲ့ကြတယ်။ သို့သော် ကျွန်တော်တို့ အသံကို ဘယ်သူမှ မကြားနိုင်ကြဘူး။ ဟော နောက်တစ်ခါ အပြန်ခရီး အနီးလေးကို သည်းခံမှု ကုန်ဆုံးစွာ သူမပါချင် ကျွန်တော်လည်း မသွားချင် ဖြစ်နေပြီ။ အေးလေ အနားယူရန် ၊ ပူလောင်မှုအမြန်ဆုံး ကင်းလွတ်ရန် ကျွန်တော်တို့ စုံတွဲ မလှမ်းချင် လှမ်းချင် လှမ်းခဲ့ရပြီ ။ *အရိပ်လိုချင်တော့ နေပူကစောင့်ရမှာပေါ့*။ ကြည့်စမ်း ကျွန်တော်တို့ စုံတွဲ အေးချမ်းသော ခံစားမှု ရခဲ့သည်။ ကျွန်တော် နှင့် သူ တူတူယှဉ်တွဲ လေညှင်းခံနေကြပြီ ။ ပြတင်းပေါက်လေးတွေ ဖွင့်ပြီး သဘာဝလေ၏ အေးမြမှုကို ခံစားနေကြပြီ ။ ကျွန်တော် ဘယ်ခြေထောက် နှင့် သူ ညာခြေထောက် တူတူယှဉ်တွဲကာ ငြိမ်သက်နေကြသည်။ ကျွန်တော်တို့ အသံကို ဘယ်သူမှ မကြားနိုင်ကြပါဘူး။





Read More...

Friday, May 25, 2007

For me

မိမိ ကိုယ်ကို ဆုံးမမှု တစ်ခု ဖြစ်ပါတယ် ။ ဒီလို စကားသုံးနှုန်းမှုမျိုး… ရေးလေ့ရှိမယ် မထင်ဘူး။ သုံးနှုန်းမှုမှာ ပါဝင်ပါတယ်။ *မရေးတော့ဘူး ဆိုပြီးမှ အတွေးလေးတစ်ခု ကြောင့် ရေးလိုက်ပါတယ်*။ ဘာအတွေးလဲ။ ကျွန်တော် ထမ်းရွက်ထားသော မောဟ တစ်ခုကြောင့်ပါပဲ ။ လောဘ ၊ ဒေါသ ၊ မောဟ တွေ ကင်းဝေးနိုင်ကြ ပါစေ ခင်ဗျာ ။

တိုက်ပွဲ

စက်ကွင်းမလွတ် ၊ ဒီကိုင်းညွတ်ပဲ

ပြန်ကာမလွဲ ၊ ဒီဝဲထဲမယ် ။

လမ်းသွယ်များမြောင် ၊ လူ့ဘ၀ဘောင်

မရှောင်ကြုံသေး ၊ မောဟရန်ဘေး ။

သိမှတ်ပညာ ၊ နုံနဲ့ကာဖြင့်

မယ်လာမကူ ၊ ကိုယ်ဒူးချွန်မှ ။

ဝန်းကျင်ပတ်ချာ ၊ ပျံကာရှာစဲ

တွေ့ပါပြီဗျာ ၊ ကိုယ့် ကိုယ်ထဲမှ ။

ဘယ် ကာ ကိုသုံး ၊ မရှူံးလူလှ

နိုင်ရစေဖို့ ၊ ကာကွယ်မလို့

တိုက်ကြစို့ ။


လွှတ်ချဦးမည် ၊ ဆန်းသစ်မှုဆီ

လွန်တာ မနှေး ၊ ပြန်ခါ ရေးပါ

ဖတ်သူငှာတို့

အကျွန် တောင်းပန်ပါ၏ ။


နောက်ကျခြင်း

လှေနှင့် လာခဲ့သည်။ မိုးကလည်း သည်းလိုက်တာ။ ရေလျှံတာ မကျသေးဘူး။ ထမ်းထားသော မောဟ လွှတ်ချ ချင်ခဲ့သည်။ လေးလံပါဘိ။ မောဟပွဲက ပြီးသွားပြီတဲ့။ ကိုယ်လို သူလို နောက်ကျတဲ့ လူတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း ရေကူးသွားပြီ။

---

အိန္ဒြာကျော်ဇင် အသက်ကြီးလာရင် ကိုရီးယားမင်းသမီးတွေ ပြောင်းကြိုက်မယ် ။ မှိုင်းမိထားတဲ့ လူငယ်တစ်ယောက် ။ သူလည်း လာခဲ့သည်။ ဒီပွဲကို စက်လှေနှင့် တက်သွားခဲ့သည်။ မိုးကလည်း သည်းလွန်းသည် ထင်၏ ။ သူ၏ ယဉ်ကျေးမှုက မြန်မာ့ယဉ်ကျေးမှု ဟု မောဟပွဲမှာ ထုတ်ဖော် သွားခဲ့သည် ။

---

*ရှေးလူကြီးစကား သက်ကြီးစကား သက်ငယ်ကြား* ယဉ်ကျေးမှု အစဉ်အလာ မပျက်အောင် ထိန်းသိမ်းရမယ် ။ ခေတ်လူငယ် မော်ဒန် ပို့စ် တွေ ဖတ်ပြီး ဂျပန်နည်းပညာ ထုတ် ခါးကိုင်း ဟိုက်တွေ အလျှံပယ်သုံးသွားတယ် တဲ့ ။ ထီးပါ သူရော ၊ မပါသူရော မောဟပွဲ တက်သူတွေကို ဂျပန်ထီးတွေ လက်ဆောင် ပေးသတဲ့ ။ နာမည်က အဆန်း ၊ မေတ္တာ ထီး။

-------------

အသက်ကြီးသူက ငယ်သူကို တွဲခေါ်သတဲ့ ။ နားကြားဆန်းသလား ။ အမြင်မှားတာ မဟုတ် ။ ထိုသူငယ်က မျက်မမြင်လေးကိုး ။ မြင်တာတွေ သိချင်လို့ မောဟပွဲမှာ လာနားထောင်သတဲ့ ။ ကိုယ်တိုင် ထမ်းထားသော မောဟလေးတွေ လွှတ်ချသွား သတဲ့ ။

---

လူတိုင်းကိုယ်စီ မှာစားနေကြ ဘာကာ တစ်လုံးစီကို သူက အသားလွတ်နှင့် စားခဲ့သည်။ နာမည်ကျော် မင်းသားတစ်ယောက်၏ မောဟနှင့် ဘာကာ တစ်လုံး။ သူစားသလို စားရင်ဖြင့် ကျော်ကြားခြင်းနောက် အသားသည်တွေ စိတ်ပျက် ၊ သတ္တ၀ါတွေ ပျော်ရွှင် ၊ ဟင်းရွက်သည်တွေ ရွှေဆိုင်မှာ တရုံးရုံး ဖြစ်ပြီပေါ့ ။

---

စာပေစီစစ် မေတ္တာစစ်နှင့် ဖွင့်ထုတ်ပြခဲ့သော ဆရာမတစ်ယောက် ပူလွန်းသော နွေကိုကျော် မိုးဉမျှော်ခဲ့တယ်။ အခု သည်းလွန်းတဲ့ မိုးထဲ လှေနဲ့လာခဲ့သတဲ့။ အော် သူလည်းပဲ ထီးပါယူခဲ့သည်။ စင်စစ်တော့ မောဟတွေ လွှတ်ရတာ ပျော်ရွှင်ခဲ့တယ်။

---

အရှုံး၊အမြတ် မတွက်သော ဆိုင်ရှင်၏ ခံစားမှုက ဒီနေ့ပွဲ လူတော်တော် စည်တယ်။ မိုးသည်းလေလာ ဒီဘေးနားမှာ လှေပါ ငှားစားခဲ့တယ်။ မောဟပွဲ လမ်းကြုံစီးပွားရေး လုပ်ခဲ့တယ်။ မောဟလွှတ်ကျသံ မကြားဘူး ။ လွတ်ကျတဲ့ ဖန်ခွက်သံတွေကြောင့် မောဟတွေ ကြုံတုန်း လွှတ်ချခဲ့တယ် ။

---

မောဟပွဲ ပိုင်ရှင် ကို ခွင့်မတောင်း နောက်ကျခြင်းအကြောင်း ။ မောဟတွေ ထမ်းထားသော လှေက မြုပ်လုလုနဲ့ ။ မိုးကလည်း သည်းလိုက်တာ ။ ညစာ လွဲတဲ့ လွတ်သွားသော မောဟလွှတ်ချပွဲ တစ်ပွဲ။

http://teslanetblog.blogspot.com/2007/05/diary.html

Read More...

Thursday, May 24, 2007

3



Read More...

Wednesday, May 23, 2007

Blog


  • Blog
ဘယ်အချိန်မှာ ရပ်မလဲ။ ဘယ်အချိန်မှာ ဘလော့ဂ်ခြင်း ရပ်မလဲ။ ဘယ်လို ရပ်မလဲ။ ဘာကြောင့် ရပ်မလဲ။ ဘယ်အချိန်မှာ ပျောက်ကွယ် သွားမလဲ။ ဘာအတွက် ရပ်မလဲ၊ ပျောက်ကွယ်မလဲ။ *ဘာကြောင့် နဲ့ ဘာအတွက် ဘာလုပ်မလဲ စိတ်ကူးကြည့်ပါ *။ ရပ်မှာတော့ သေချာတယ် ။ ပျောက်ကွယ်မှု မုချ ။ သို့သော်...
ဘာကြောင့် သို့သော် ရှိခဲ့သလဲ။ စကားပြောရာမှာ ဒါပေမယ့် သုံးနှုန်း နေခဲ့၊ဆဲ၊ဦးမှာပဲ ။ ပြောင်းလဲခြင်း တရားကို ကြောက်နေလား ။ အတွေးအခေါ် အဟောင်းနှင့် အသစ်တွေ ရန်ဖြစ်နေလိုက်တာ ။ ဖြစ်ခြင်း ၊ မဖြစ်ခြင်း ။ ကြောက်ခြင်း ၊ မကြောက်ခြင်း ။ စိတ်ဝင်စားမှု တစ်ခု တည်နေတာ အပြစ်ရှိလား ။ ငြင်းခုံခြင်း နောက်ကွယ်မှာ မငြင်းခုံမှု မြောက်မြားစွာ ပါဝင်မယ်လို့ ထင်မိပြန်တယ် ။ မှတ်သားမှုတွေရော...။ ဘယ်လို ဘာကြောင့် ဘာအတွက် ပျောက်ကွယ် သွားရတာလဲ ။ သိချင်ပြန်ရော ။ ပျောက်ပျက်မသွားအောင် ထိန်းသိမ်း ထားရမှာပေါ့ ။ ထိန်းထားနော် ...။
Blog!

Read More...

Tuesday, May 22, 2007

Creation of presentdummy

လူတူ

မျက်လုံးဖွင့်ပြီ ဆိုရုံလေး မြင်ရပြီ။ နိုးသည် ဆိုကာမျှဖြင့် အသိက ၀င်လာပြီ။ အသိနှင့် ယှဉ်တွဲကာ ကြားခြင်းသောတ ဆင်ရပြီ။ ရနံ့လိုလို ဖွဲ့နွဲ့မှုတစ်ခု လိုလိုနှင့် နှာဝကို တိုးဝေ့ ကလူကြည်စယ်သည်။ မွတ်သိပ်မှုဆန္ဒက ၀မ်းတစ်ထွာ အလိုကျ လုပ်ဆောင်နေပြီ။ ဒီအချိန် *လူတူ* နှိုးထခြင်း ဖြစ်လာပြီ။

----

နေထွက်စချိန်ပေမယ့် ပူပြင်းလွန်းသည်ဟု သာမိုမီတာက အော်မြည်နေသည်။ လှုပ်ရှားမှု နှေးကွေးကာ အလိုအလျောက် စက်ပစ္စည်းများ ပြောင်းရွေ့နေပုံကို မြင်ရသည်။ သွားလာရဦးမည့် ခရီးတစ်ခုကို သတိရနေသည်။ စံတော်ချိန်မှန်ကန်မှု နာရီနှင့်အတူ ဘေးနားမှ လွင့်ပျံ့လာသော ရေဒီယိုတေးသံစဉ် လှိုင်းသံကို ကြားရပြီ။ လန်းဆန်းလတ်ဆတ်သော မွှေးရနံ့က မြင်ခြင်းကို ပိုမိုကြည်လင်စေသည်။ အော် ပန်းပွင့်ပေကိုး။ စွမ်းအားပြည့်ရန် လိုအပ်သောစားသုံးမှု လိုအပ်ကြောင်း သိနေပြီ။ ဒီအချိန် *လူတူ* လှုပ်ရှားခြင်း ဖြစ်လာပြီ။

---

မြင်တွေ့နေကြ သတင်းများစွာကို ထူးခြားဆန်းသစ်စွာ တင်ပြထားသော ကမ္ဘာသုံးသတင်းစာ။ ပြောင်းလဲခြင်းတွေ မရပ်တန့်သေးပါလား။ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသော အချိန်ကိုက် အော်ဒီယို တစ်လုံးမှ စာသားတချို့ ကြားရပြီ။ လူးလွန့်စွာ ရွေ့လျားလာပြီး အရသာကောင်းမည့် ပုံပေါ်သော အစားအသောက်တချို့၏ ရနံ့များ။ ဒီအချိန် *လူတူ* ပြုလုပ်ခြင်း ဖြစ်လာပြီ။

---

ရေးသားပြီးစီးသွားသော စာတိုပေစ တစ်စောင်ကို ကြည့်ရှူနေသည်။ အတူပူးတွဲ ကျင်းပမည်ဟု ဖိတ်ခေါ်မှုတစ်ခုသို့ သွားရောက်ရန် သတိရနေသည်။ ပတ်ဝန်းကျင်ကို ခေတ္တခဏ မေ့ပျောက်နိုင် စွမ်းသော အော်ဒီယိုကိရိယာလေး တစ်ခု နားမှာ တပ်ဆင်ပြီးပြီ။ အာရုံတစ်ပါးကို ကမောက်ကမ ဖြစ်စေတတ်သော ရနံ့တစ်ခု ကိုယ်ပေါ်မှာပျံ့နှံ့ နေသည်။ စားသုံးခြင်းမှ ဖြစ်တည်လာသော စွမ်းအင်တို့ ထုတ်နှုတ် သုံးစွဲစပြုနေကြပြီ။ ဒီအချိန် *လူတူ* ဖြစ်တည်ခြင်း ပေါ်ပေါက်လာပြီ။

---

ကြည်ရှူမခံ၊ မြင်ကာမျှဖြင့် ပျောက်ပျက်သွားသော မြင်ကွင်းများစွာ။ သတိဥာဏ်ယှဉ်တွဲ လုပ်ဆောင်ပါ လျှက်ကယ်နဲ့ လွဲမှားသွားသော သိခြင်းများစွာ။ ငြိမ့်ညောင်း၊မူးရစ်၊ရိုင်းကြမ်း သံစုံဆိုင်း လှိုင်းတွေကြား ပျက်ပြယ်သွားသော အသံလှိုင်းများစွာ။ ပျံသန်းမှု အကူအညီလိုအပ်မြဲ ယိုယွင်းသွားသော အနံ့များစွာ။ ပူ၊အေး တူယှဉ်တွဲကာ ပျော်ဝင်ခြင်းများစွာ၏ အဆုံးသတ် ပေါင်းစပ်ခြင်း စွမ်းအင်များစွာ။ ဒီအချိန် *လူတူ* ပျက်စီးခြင်းနှင့် ပျောက်ကွယ်သွားလေပြီ။

---

စတင်ချိန် ၁ နာရီမတ်တင်း၊ ပြီးပြီဟု မှတ်ယူချိန် ၁ နာရီ ၁၅။ ကမ္ဘာစက်က မနက်၊ မေ ၂၀။ ပြောင်းလဲချိန်သတ်မှတ်မှုက ၂၀၀၇။

အကြောင်းအရာက တည်မြဲခြင်း၏ ပြောင်းလဲမှု။

ဖွဲ့တည်မှုအစက {PresentDummy}

အဆုံးသတ်က {/Annata}

ရေးသားသူက လူ ဟူသော သတ္တ၀ါ။

ရက်သတ်မှတ်ခေါ်စွဲမှု နာမည် Sunday.တနင်္ဂနွေ(ခေါ်) သတ်မှတ်ရက်သတ္တပတ်၏အစ။

ခွင့်ပြုချက်အမှတ် မှတပါးအခြားမရှိ။

အခြေခံအုတ်မြစ် ဗုဒ္ဓဘာသာ

Read More...

Monday, May 21, 2007

Drop and following


လွှတ်ချခြင်း နှင့် သံယောင်လိုက်ခြင်း

အဟောင်းကို ဖယ်ခွာမလား

အသစ်ကို တွယ်တာမလား

အသံတော့ ကြားလိုက်သား ။

အဟောင်းကို ဖယ်ခွာမလား

အသစ်ကို တွယ်တာမလား

(အ)ကြား နေခြင်းလား… ( ယောနိသော မှာထား ) အကျိုအကျား။

အသံတော့ ကြားလိုက်သား…။

သံတူ ကြောင်းကွဲ

အဓိပ္ပာယ်တော့ နည်းနည်းစွဲမယ်

တူ ရင် ယူ

မတူလျှင် ကွဲ

ရဲရဲသာ ဆွဲ …..။ ( လွှဲ…..။ ဘာလွှဲမှန်းထပ်စဉ်းစားနေမယ်)

ဟိုက်ကူ…။

ဂျပန်စိုက်…

ဘယ်လိုပင် ဖိုက်ဖိုက်

နောက်ဆုံးတော့ ဖက်ဆစ်ခိုက် ။

လိုက်ယူ…။

လူမိုက်…

ဘယ်ပုံ စိုက်စိုက်

အဆုံးပေါ့ ဘုရားမှာခိုက်….။

ဘယ်ချိုးကို သုံးသုံး

နောင်းဟာ ၁၀၀ ရာခိုင်နှုန်း

ပြီးလျှင် အနတ္တဆုံး။

( နောင်း = now ) အသံထွက်ပုံမှားယွင်းနိုင်ပါသည်။

ဂျပန်စာစပ်နည်း ဂျာနယ်ကျော်မမလေး၏ သွေးစာအုပ် မြန်မာပြည်သားဒေါ့နက်မှ ပီဒီအက်ဖ် ဖိုင် စာမျက်နှာ ၂၉၄ ။

ထို့နောက်

Matsuo Basho^ : Frog Haiko ပါ-

Furu ike ya >>>>> Old Pond!
Kawazu tobikono >>>>> Frogs Jumps in
Mizu no oto >>>>> water’s sound

Translated by Alan Watts-

The old pond,
A frog jumps in:
Plop!

Translated by Dorothy Britton-

Listen! A frog
Jumping into the stillness
Of an ancient pond!

တာရာမင်းဝေ ဘာသာပြန်-

အိုင်အိုကြီးပါလား-
ရွှေဖားခုန်ဆင်းသွား-
ပလုံရေသံကြား-

http://teslanetblog.blogspot.com/2007/05/step-thoughts-about-blogs.html

Tesla ၏ ခံစားချက်-

မိုက်လိုက်တဲ့ဖား-
အိုင်အိုထဲကိုမှ ဆင်းသွား-
ရေသံမှတပါး မကြား-

thyda said...

*ကိုရွှေဖား???ကိုရွှေဖား၊
အိုင်အိုထဲကိုဆင်းတယ်လား
ပလုံစွက်သံမြည်လိုသွား

Read More...

Saturday, May 19, 2007

You Tube Downloader

^||^ Screen shoots :)
p.s: Only .AVI and .MPEG
Take care of your time.
Download Link

Click here



Read More...

Converter

Vixy.net Click here

Online FLV Converter : Download online videos direct to PC / iPod / PSP. It's free!

Read More...

Friday, May 18, 2007

Buzz of Bloggger



New Buzz i saw when i entered in blog. Else you know, pls see it.
ဘလော့ဂါ ကြီး ကျန်းမာချမ်းသာပါစေ။

Read More...

Thursday, May 17, 2007

Eye


စာဖတ်မယ်… မျက်လုံးတစ်စုံရဲ့ အဖိုးထိုက်တန်မှု သိနေပြီ။ အသုံးချပုံလွဲမှားတာလား။ အာရုံစူးစိုက်တာများလို့ ထင်တယ် ။ မျက်လုံးက အောင့်အောင့်ပြီး နာသလိုလို ယားသလိုလို။ အပူဒဏ်တွေ များတာပဲ။ ဖြစ်နိုင် ခဏထုတ် ကုတ်လို့ရရင် ကုတ်ပစ်လိုက်ချင်တယ်။ ဆေးအသစ်တွေ့ပုံရတယ်။ စာဖတ်နာမှတဲ့။ အခု မျက်စိနာတာတော့ သေချာပြီ။ ကျန်းမာရေး။ *အာရောဂျ ပရမာ လာဘ* ။ ဆုလာဘ်ပေးမယ်ဆိုရင် အခု ဒီဆုတစ်ခု ရဖို့ ကြိုးစားမယ်။ နောက်ပိုင်း တွယ်တာမှုဖြတ်တာ နောက်ကဏ္ဍပေါ့။ အရင်းနှီးဆုံး တစ်ယောက်က အကြံပေးတာပါ။ ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်လို့ရမယ်တဲ့ ။ ကျန်းမာရေးဂရုစိုက်၊ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရတာတဲ့။ ဟုတ်ကဲ့။…။ ကိုမျိုးကြီးရဲ့ သီချင်းနဲ့အတူ နားနား..နားနားပြီး ဖတ်ပါကွယ်။ နားနား…နားနားပြီး ပြောပါမယ်။



Read More...

Pix firewall



  • Hardware firewall


  • Read More...

    Monday, May 14, 2007

    Come on! Exams

    ရာသီအကူးအပြောင်း၊ အပူချိန်မညီမျှမှု၊ ခံနိုင်ရည် အားနည်းမှု စသည့် အကြောင်းရင်းများစွာနှင့်အတူ ဖျားချင်နာချင် ဖြစ်လာတော့သည်။ အသွေးအသားဖြင့် ဖွဲ့စည်းအပ်သော ကိုယ်ခန္ဓာတို့က ထမ်းဆောင်မှုအချို့ ပျက်ကွက်လာကြသည်။ ပျက်ဦးမှကိုး။ အစကတည်းက ပျက်လာတာပဲ။ အစွဲတချို့ မလွတ်သေးသမျှ ဒီခန္ဓာကိုယ်ကို ညှာနေကြသည်။ ယခုလည်း စာမေးပွဲဖြေဆိုရန် နီးကပ်လာချိန် ဖြစ်သည်။ စာမေးပွဲ ဖြေဆိုရန် အချိန်ရောက်တိုင်း ဖျားချင်သလိုလို ဖြစ်တတ်သည်။ သို့သော် စာမေးပွဲ ဖြေရမည်ကို ပျော်သည်။ ကျောင်းသား၊သူတိုင်း စာမေးပွဲနီးလျှင် ကိုယ်လုပ်ချင်တာ လုပ်တတ်သော အကျင့်လေးများစွာကို လုပ်ကိုင်လေ့၊ လုပ်ကိုင်နေကြသော အကြောင်းရင်းလည်း ပါသည်။ ထို့ကြောင့် စာမေးပွဲနီးပြီဆိုလျှင် ဘာလုပ်ကြမည်နည်း။ ဘာလုပ်မယ်၊ဘယ်လိုနေမယ်၊ ဘယ်လိုကြိုးစားမယ်။ ဘယ်လိုစားသောက်ကြမယ်။ အတွေးစုံတဲ့ စာမေးပွဲအချိန်ကို မျှော်လင့်တောင့်တ မိခြင်းက ထူးတာလား၊ ဆန်းတာလားမသိ။ တမူထူးခြားတာက မွေးသမိခင်၊ ဖခင်တို့အား အထူးတလှယ် သတိရခြင်း ဖြစ်သည်။ ဝေးနေလို့လားမသိ။ ဘာတဲ့ မာသားဒေး။ လိုရာ တွေးရင် ဒါကြောင့် သတိရတယ်ပေါ့။ မွေးပေးလိုက်ကတည်းက သတ္တ၀ါတစ်ခု ကံတစ်ခုပဲ။ မွေးပေးခဲ့ကြတာကိုပဲ ကျေးဇူးတင်ကြည့်ပါဦး။ ဟင့်အင်း ရှာမတွေ့ဘူး။ မဆုံးတော့ဘူး။ ဒီမှာပဲ ရပ်။

    စာမေးပွဲအတွက် ပြင်ဆင်ခြင်းကလည်း အောင်ချင်စိတ်နှင့် တွဲထားမှ အောင်မြင်မယ်။ ဖြစ်ချင်ရာဖြစ် ဆိုရင်တော့ ဘယ်ကလာ ကောင်းနိုင်ပါတော့မလဲ။ စာပဲလုပ်ကြမလား။ ကြေးစည်တောင် ပြေးထုလိုက် ချင်သေးတယ်။ မထင်။ ဒါမှဒါပဲ စာမှစာပဲ။ ကြိုးစားကြည့်တယ်။ မရဘူး။ နှိုင်းယှဉ်သိမှု တစ်ခုဖြစ်ဖြစ်။ ပြောင်းလဲအသုံးချခြင်း တစ်မျိုးဖြစ်ဖြစ်။ စမ်းလုပ်ကြည့်လိုက်တယ်။ ဒါလေးက ငြိမ်နေတာတွေ့တယ်။

    အာရုံတွေမများကြပါနဲ့။ ဒီစကားကို ကြားဖူးသား။ အင်း အာရုံစုစည်းဖို့ကို ဘယ်ကစရမလဲ။ စတွေ့တာ အရင်ဆွဲယူထား၊ စိတ်ပါဝင်စားစွာ လုပ်ဆောင်နေပါတယ်။ စိတ်ထဲ ရောက်အောင်ထည့် ၊ စာဖတ်ကြည့် ။ ဟော စိတ်ဝင်စားလာပြီ။ နောက်တစ်စ ထပ်ဆွဲ။ ဆွဲပြီးရင်း ဆွဲချင်နေတော့တယ်။ အစလေးတစ်ခုကို ဆွဲယူမိဖို့ အရေးကြီးဆုံးပဲ။ အိမ်ထဲမှာ ဆွဲယူနေပြီ ခင်ဗျာ။



    Read More...

    Sunday, May 13, 2007

    Burmese Tofu




    တို့ဟူးကြော်

    ကနဦး ပဲ ပြောင်းခဲ့မှုန့်ဆီ

    ဒီမှုန့်တွေ ရေစပ်ပါလို့

    မီးနွေးမှာ ပြုတ် ။

    တို့ဟူးစည်းလို လက်မောင်းပြုတ်မှာမို့

    တင်ကြိုသတိ အားရှိဖို့

    မွှေအားကိုထုတ် ။

    မြင်အာရုံစွဲ ထူထဲလျှင်

    ရေအနေအကျဲမှာ ပုံစံကိုထုတ် ။

    စံထုတ်ဖို့ အောက်မပြဲအောင်

    ဆီပါးပါးကို သုတ် ။

    အကြော်တဲလို လေးထောင့်ဆွဲ

    အလယ်မှာ ဆီတွဲဖို့

    လှအောင် နှစ်ကြောင်းခွဲစို့ ။

    မေဆဲမည့် စီစဉ်

    ဆီရွဲမှာ ပေါလောပေါ်အောင်

    ဆီဗုံးကိုဆွဲ ။

    ကြော်တော့မယ် ရပ်ကတို့ရယ်

    နာနာရှိလျှင် ဘေးကိုရှဲမယ်

    အိမ်က ညော်တဲ ။





    တနေ့ အိမ်ကို မောင်သိန်းရောက်လာသည်။ သူ အမြဲဆော့တကာဝဲလ်တွေနှင့် အလုပ်ရှုပ်နေတတ်သည်။ အိမ်သားမရှိချိန်ဖြစ်သည်။ တို့ဟူးကြော်စားမယ်ဟု အော်သွားခဲ့သည်။ သူသည် အိမ်သားနှင့်ရင်းနှီးပြီး ငယ်ရွယ်သူ အိမ်နီးချင်းတစ်ယောက်လည်း ဖြစ်သည်။ သူ၏အိပ်ပျက်ရက်များစွာကို ဆော့ဝဲလ်ပေါင်းများစွာဖြင့် အတူပျော်ရွှင်နေခဲ့သည်။ တခါတရံ အိမ်သား၊မောင်သိန်းတို့ မီးဖိုချောင်ဝင်ခြင်း အလုပ်ကို နေ့စဉ်ပြုလုပ်နေကျ ချက်ပြုတ်မှုများစွာမှ ဆန်းသစ်မှုတချို့ကို ဖန်တီးတတ်ကြမြဲပင်။ ယနေ့ မောင်သိန်းနှင့်အတူ တို့ဟူးကျိုနေချိန်ဖြစ်သည်။ ထမင်းပေါင်းအိုး အသေးဆိုဒ်တစ်လုံး၊ ပဲမှုန့်နှင့်ရေ အချိုး ( ၂း၎ ) ထည့်တယ်။ စထည့်တာက ပဲမှုန့် (၂) ခွက်၊ရေ(၂)ခွက်။ ပဲမှုန့်ကို ဆန်သည် ဆန်ချင့်သလို အတိအကျတော့ မလုပ်နဲ့ပေါ့။ နည်းနည်းပိုပိုလေး။ ဇွန်းနဲ့မွှေရင် အခဲအစေ့လေးတွေ ကျန်နေတတ်တယ်။ လက်နဲ့ချေလိုက်၊ မွှေလိုက် လုပ်တာအကောင်းဆုံးပဲ။ပြီးရင် ဆားလက်ဖက်ရည်ဇွန်းသေးနဲ့ (၃)ဇွန်းပါးပါးထည့် ၊ ဟင်းချိုမှုန့်ကြိုက် တတ်လျှင် (၂)ဇွန်း၊ ထည့်တုန်းမှာ မွှေပေးထားရတယ်။ အခဲလေးတွေ ဖြစ်တတ်လို့။ ရေ(၁)ခွက်ထပ်ထည့်။ပြီးရင် အ၀ါရောင်နှင့်အနံ့အတွက် ဆနွင်းမှုန့် (၃)ဇွန်းထည့်။ကိုယ်စိတ်ကြိုက် အမှုန့်ဖြစ်ဖြစ် တခြားအဆာပလာဖြစ်ဖြစ် ထည့်တိုင်းမွှေပေးရတယ်။ ခဲမှာစိုးလို့။ မဆိုစလောက်ကလေး မြည်းကြည့်။ အရသာ အလောတော်ဖြစ်ရင် ရေနောက် (၁)ခွက်ထည့်။ ထပ်ချေ၊ထပ်မွှေ။ အမြုပ်ထွက်တာက ပဲကိုပိုပြီးမြန်မြန်ရေထဲပျော်ဝင်စေတယ်။ မွှေနိုင်လေ မီးဖိုပေါ်မှာမွှေရတာ ပိုပြီး သက်သာတယ်။ မီးသွေးမီးဖိုဖြစ်နေရင် ပြာတို့အမှုန့်တို့ မ၀င်နိုင်အောင် တခြားနေရာမှာလုပ်တာ ကောင်းတယ်။ ပြီးရင် တို့ဟူးထည့်ဖို့ ခွက်၊ပုဂံကို အောက်ခြေပိုင်း၊ဘေးနားကို ဆီလေးအနည်းငယ် သုတ်ထားပေးရမယ်။ မီးဖိုက မီးမပြင်းဖို့အရေးကြီးတယ်။ မီးပြင်းရင်မြန်မြန်ပူ၊ မြန်မြန်ကျက်တယ်။ လက်လည်း ပိုညောင်းတယ်။ အိုးအောက်မှာလည်း တူးပြီးကပ်နေတတ်လို့။ မီးကို ပူတယ်ဆိုပြီး လျှော့တာ ဘာမှမဖြစ်ပေမယ့် မွှေတာမရပ်နဲ့ ဘေး၊ဘယ်ညာ အ၀ိုင်းမွှေလိုက်၊ အသာဘေးဖယ်မွှေလိုက် လက်မောင်းမအောင့်ဘူးပေါ့။ အရည်ပျစ်ပျစ် ထည့်လို့လည်းရမယ်၊ ရေလည်းမကျန်တော့ဘူး၊ အနံ့ကလည်း တို့ဟူးအနံ့လေး မွှေးလာရင် မီးဖိုပေါ်ကချ ။ မြန်မြန်အေးလိုလျှင် ရေခဲသေတ္တာရှိပါက အပေါ်ထပ်ကို ခဏထည့်ထားလိုက်ပါ ။

    အိမ်သား။ ရေများရင် လက်ပိုညောင်းတယ်။

    မောင်သိန်း။ ကြော်မယ်ဆိုရင် မမာမပျော့လေးချတာ ကောင်းတယ်။ ရေများလည်းမွှေနိုင်ရင် ရတယ်။ မီးပြင်းနဲ့ သတိထားမွှေတာ မြန်တယ်။

    အိမ်သား။ လက်မောင်းတော့အောင့်သွားတာပဲ။ ဒါတောင် အိုးသေးလို့။

    မောင်သိန်း။ စားချင်ပြီ။ ခွက်ကို ရေအေးလေးနဲ့ အအေးခံတာ ကြာလိုက်တာ။

    အိမ်သား။ လေးထောင့်အတုံးလေးတွေ လှီးရဦးမယ်လေ။ အရသာ ဘယ်လိုလဲ။

    မောင်သိန်း။ နည်းနည်းသုတ်စားမယ်။ မန်ကျည်းချဉ်ရည် လုပ်ထားတယ်။ ဆီဝါချက်ထားတယ်။ ကြက်သွန်ဖြူနံ့လေးကို မွှေးနေတာပဲ။ ကြာဇံဖတ်လေး နည်းနည်းပြုတ်ထားတယ်။

    အိမ်သား။ ဆီအိုးတည်ထားလိုက်ပြီ။ အိုးတ၀က်အောက် မြုပ်အောင်ထည့်ထားတယ်။ ဆီများရင် တို့ဟူး ပိုပွတယ်။

    မောင်သိန်း။ ဆီပူပြီး အရောင်လည်းထွက် မွှေးနေပြီ။

    အိမ်သား။ ညော်တော့ညော်တယ်။ ပတ်ဝန်းကျင်တော့ အော်ထားသေးတယ်။

    မောင်သိန်း။ အချဉ်ရည်လည်း ရယ်ဒီ။ ပါးစပ်လည်း ရယ်ဒီ။ အိုးပေါ်ကချ ။ စားပြီ ။






    http://en.wikipedia.org/wiki/Burmese_tofu

    Read More...

    Saturday, May 12, 2007

    Rain

    ငိုက်မြည်းဆဲ တရှဲရှဲ

    တွန်သံချိုလား ကောင်ရှည်လား

    မျက်ပေါက်မှေးကြား ၀ိုးတ၀ါး

    သူယောင်မယ်မှား တိမ်ခိုးလား

    ငိုက်ပေါ့တဖန် တောက်ဖျောက်သံ

    ကြားရနားမှား ပိုးကောင်လား

    ပွတ်သပ်ကြည့်သား အမြင်မှား

    တိမ်ညိုမှိုင်းလို ညောင်ကိုင်းလို

    ရှဲသံစိပ်စိပ် တောက်ဖျောက်မပြတ်

    လျင်မြန်ပြေးသွား တိမ်စိုင်များ

    မိုးထက်မြည်ချိန်း ဒိန်းဒလိန်း

    ထိုစဉ်ခါမှ သတိရ

    တိမ်စိုင်ပျိုမည်း မချိန်းဘဲ

    ခစား မိုးကျရွှေကိုယ်။




    တည်ဆဲရာသီ မိုးဉဆီ

    ညောင်ညိုပင်အိုမရှိဘဲ..ပုံခိုင်းစိတ်မလုံ ။

    အုံအွမ်လွမ်းဆဲ ဖားရိုက်မြဲ

    ရွာမှ အိမ်တန်းစို ။

    ကာကွယ်မပါ ပြေးလှမ်းဆဲ

    လွမ်းပို ငယ်ဘ၀ကို ။

    တူတူနှစ်ကိုယ် မိုးရေထဲ

    နင်းခဲ့ စက်ဘီးအို ။

    ထိုစဉ်ချိန်လည်း မွေးပျံ့မြဲ

    ကျောင်းမှ ခရေညို

    မြေခကြွေလည်း ကောက်ယူဆဲ

    တည်ဆဲ သစ္စာဆို ။

    မိုးရာသီသား ရေနည်းငါး

    အမြဲလန်းဆန်းစို…။




    လွမ်းတိုင်တည်ဆဲ ရွှေမိုးလည်း

    တိတ်ခဲ့ နေရောင်စုံ ။

    ချိန်းလားချိန်းခဲ့ မရွာဘဲ

    တမ်းဆင့် အမေ့ကို ။

    အမေကြားသား သူလှည့်စား

    ပြန်ကြား တောက်ဖျောက်တို ။

    အာရုံမပေါ်လည်း ဦးခိုက်မြဲ

    မွေးကျွေးမိဘကို

    အထူးတလှယ် ဖွဲ့ကာဟဲ

    မမြဲတရားကိုယ်

    ဖြစ်ပြီးပျက်မြဲ

    နောက်ဆုံးလည်း ပျောက်ရခန္ဓာကိုယ် ။



    တရားလိုလို သမားလိုလို

    လွမ်းလို့ငေးပေါ့ ဟိုးအဝေးကို…။

    ပို့မြဲမေတ္တာ နိုင်သလောက်ပဲ

    ထားပေါ့ အိမ်စိတ်ငို ။



    Read More...

    Asking question!

    ကျွန်တော်၏အနည်းငယ်မျှသော ဖတ်မှတ်တတ်ခြင်း၊ အများအပြားလုပ်နေသော ပြောခြင်း။ အားငယ်မိပါတယ်။ ရေးထားလိုက်ကြတာ။ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တယ်။ဘလော့ ဆိုတာ ဘာလဲ။ ဘလော့ဆိုတာ ဘလော့ပေါ့။ သိချင်ဝယ်ဖတ်တစ်ကျပ်တော့မဟုတ်ဘူး။ ယခု အင်တာနက် ဆိုသော အရာရှိဖို့လိုပါတယ်။ဝီကီပီဒီယာ (ကျွန်တော်ဖတ်လိုက်တဲ့အသံ)

    is a multilingual ဂျုံစိုက်သူက ဂျုံစိုက်နည်း၊ ပေါင်မုန့်ဖုတ်သူက ပေါင်မုန့်ဖုတ်နည်းအာလူးကြိုက်သူက အာလူးပြုတ်နည်း၊ စပါးစိုက်ချင်သူက စပါးစိုက်နည်း၊ ဆန်စားချင်သူက ဆန်စားနည်း စသည်တို့ မြောက်မြားစွာသော ရှင်းလင်းချက်တေဖတ်ရမယ်ဖတ်မယ်ဆိုတော့ ကိုယ်သိချင်တာက ဘလော့ဆိုတာ ဘာလဲ။ လူတစ်ယောက်က မေးလာရင် ဖြေဖို့ရှိရမယ်။ မဖြေရင်ရော ရတာပဲလေ။ သိချင်သူက ဖြေနိုင်မည့်သူကို ရှာမေးပါလိမ့်မယ်။ ဖြေသူမရှိရင်ရော... *အဖြေမရှိသော မေးခွန်းများစွာကြုံဖူးကြပါသည်* မိမိသိလိုသောအကြောင်းအရာမှာ မိမိနားလည်သော၊လက်ခံသော အခြေအနေ၊အချိန်အခါရောက်ပါမှ အဖြေထွက်ပါသည်။ ဘာကြောင့်လဲ... မိမိမေးမြန်းခြင်းသည်ပင် မိမိ၌ သိမ်းဆည်းလိုခြင်းဖြစ်သည်။ အဖြေတိကျခြင်းသည် အရေးကြီးပေသည်။ ဘလော့ဘာလဲ။ ဘလော့ဆိုသည်မှာ... အင်းသိပြီ။ ဘာလုပ်ကြမည်နည်း။ သိတော့ထပ်သိချင်သော အကြောင်းအရာမျာပေါ်လာသည်။ ဘာလုပ်ဖို့သိချင်တာလဲ။ စဉ်းစားရင်း မေးခွန်းလေးပေါ်လာ...စဉ်းစားရင်း မးခွန်းတွေဖြေပါ။ သိပြီးလို့ အလုပ်လုပ်ပြီ... လုပ်နေဆဲ အချိန်မှာပင် ဘာကြောင့်လုပ်တာလဲ။ ဒီလောက်မေးနေလျှင် မေးခွန်းက မဆုံးနိုင်တော့ပေ မေးခွန်းတွေ ဘယ်မှာရပ်တန့်မလဲ။ အဖြေမှာလား... ဟုတ်တယ် အဖြေရလျှင် မေးခွန်းကပြီးပြီ။ နားလည်မှုဆိုသော အဖြေသည်မေးခွန်းများစွာနှင့် အံဝင်ခွင်ကျဖြစ်သည်။

    စာကြွင်း...စိတ်တစ်ခုက စိတ်တစ်ခုသို့ပြောင်းလဲတာကိုတော့ ဘာသာပြန်ဖွင့်ဆိုမှုရှိနိုင်မယ်မထင်ဘူး။

    Read More...

    ကြော်ငြာ


    ဒီစာကို Select ပေးပြီးရေးပါ...((( ဒီစာသားလေးတွေ ၊ eot ရှင်းပြတာတွေ ၊ ဓာတ်ပုံရှယ်ယာတွေ ၊ မန္တလေးအကြောင်းတွေ စသည့်တို့ ရှယ်ယာလုပ်ပေးနေသော... ဘလော့ပိုင်ရှင်တစ်ယောက်ပါ။
    အခု invited readers only. အမြန်အချိန်မီ အင်ဗိတ်နိုင်ကြပါစေ။

    Read More...

    Friday, May 11, 2007

    Preparing

    ကျောင်းအပြန် အိမ်ထဲဝင်တော့

    ကဒေါင်းတစ်ကောင် ကသွားသည်။

    ဆီဗုံးမှာ ဇော်ဂျီမပေါ်လို့

    ယူပါမည်လင့် ပေးစေလို့

    ဧည့်သည်က အိမ်သားစိတ်

    ခေါ်သည် အစ်ကိုဆိုပဲ

    ဘယ်မျှကသည် လိုက်ကာကြည့်မိ

    တွန်သံသာ ကိုရင်ကဒေါင်း

    စင်ကာပူတောင်စွန်းမှာ ကွန်းခိုလို့ညောင်း။

    Thursday, May 10, 2007 ( 2:26pm )

    အိမ်ကိုဘော်ဒီထုနေခြင်းပင်ဖြစ်သည်။လုပ်ဆောင်ပုံအရှင်းပင်ဖြစ်သည်။ သို့သော် ကုန်ဆုံးချိန်ကို ပြန်လည်ရရှိမည်မဟုတ်မှန်း သိသော်လည်း လိုချင်လှ၏။ အရောင်ရွေးချယ်သုတ်လိမ်းရန် စောသေးသည်ဟု ထင်မိသဖြင့် တန်ဆာဆင်ခြင်းတစ်မျိုးသာရွေးချယ်ခဲ့သည်။ အရုပ်သည် အရုပ်သာဖြစ်သည်။ သို့သော် လှုပ်ရှားမှုရှိသော အမ်အိုအမ် အရုပ်လေးကိုသဘောကျမိသည်။ အိမ်သို့လာသူများ ဆော့ကစားရန်ထားပေးသည်။ ဆွဲလားလုလားရန်ဖြစ်ဦးတော့ မလှုပ်သာအောင် ဘေးဘောင်၌ကပ်၏၊ သို့သော် မြင်သာအောင်အပေါ်အောက်ကိုရွေ့စေခဲ့သည်။ အရုပ်ဆိုသဖြင့် မိမိတို့ငယ်စဉ်က အိုးပုတ်၊ ချိုးရုပ်၊ပလုတ်တုတ် ထမင်းဟင်းအိုးချက်ပြုတ်တမ်း ကစားခဲ့သည်ကိုလည်း မှတ်မိချိန်တွင် လိုချင် ခဲ့ပြန်၏။ အရုပ်လေးများ မြေပေါ်တွင်ထောင်၍ ကစားခဲ့ကြသည်။ အနီးအနားဝန်းကျင်တွင် အိမ်သစ် ဆောက်လုပ်ခြင်းများပြုလုပ်သောအခါ ကစားနည်းတစ်မျိုးထပ်တိုး၏။ ၎င်းကစားနည်းမှာ သဲမြေများ၊ သစ်တိုသစ်စများဖြင့် အိမ်ဆောက်ကစားနည်းဖြစ်သည်။ *ဆောက်သူရှိသလို ဖျက်သူလည်းရှိ၏။* သဲပုံကိုဖြိုခဲ့ကြသည်။မြန်မာသိုင်းများ၊ဂျပန်နင်ဂျားများကိုင်ပေါက်နည်းများစွာဖြင့် လုံးထွေး သတ်ပုတ် နိုင်သည်။ ကျလည်းသဲပေါ်မှာဖြစ်သည်။ အကျမနာပေ။ ဆောက်ဆဲသဲအိမ်မှာပြိုခဲ့ရသည်။ အိမ်အတွက်လိုသောသဲကိုကားပေါ်မှ အပုံလိုက်၊အစုလိုက်သာချသည်။ အုတ်ခဲတို့လည်းထိုနည်းပင်…

    စီစဉ်တကျ။ မဆောက်လုပ်ခင်ကလည်း တွက်ချက်မှုများစွာ။ ဆောက်လုပ်ဆဲမှာ အကောင်းအဆိုး…၊

    အိမ်ဟုအရာ မတည်ခင် ပျက်စီးလေလွင့်မှုမျိုးစုံတွေရှိခဲ့ကြသည်။ ဘယ်ရွေ့ဘယ်မျှပျက်မည်မသိ။ အိမ် ဆောက်လုပ်ခြင်းပြီးချိန်မှာပင် အိမ်တက်မင်္ဂလာအစရှိသော လိုအပ်ချက်များစွာကို တဖြည်းဖြည်း ဖြည့်စွက်နေထိုင်ခြင်းဖြင့် အိမ်တစ်လုံး တည်နေတော့သည်။

    Read More...

    Thursday, May 10, 2007

    Special guest

    အထူးဧည့်သည်

    မခေါ်ဘဲလာ

    ပေါ်ချိန်မသိ

    ဖြစ်မိဒေါသ၊နားချိန်မရှိ

    နှင်ရန်မတတ်

    အရပ်မကယ်

    လူတွင်တည်သည့်

    အထူးဧည့်သည်။…။

    ဘာသာစကားမျိုးစုံ သင်္ကေတများစွာဖြင့် စကားများစွာပြောဆိုကြသည်။ ထွက်ပေါ်လာသောအသံသည် ပါးစပ်ပေါက် ၊ အသံဖြစ်ပေါ်အင်္ဂါတို့၏ ပြောင်းလဲမှုများမှဖြစ်သည်။ တည်ရာနေရာ ဦးနှောက်လား၊စိတ်ခံစားမှုလား။ စိတ်ဖြစ်ပေါ်ပြောင်းလဲမှုဆိုလျှင် မည်မျှမြန်သည်ကို ခဏချက်ချင်းသိလိုက်သူ အလွန်နည်းမည်ထင်မိပါသည်။ ထိုနောက်ကျခြင်းသည်ပင် အထူးဧည့်သည် ရောက်ရှိနိုင်ချိန်ဖြစ်သည်။ သိပြီးနောက်ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်စွာ လက်ခံထားရှိသည်။ လူအပေါင်းကယ်ပါယူပါ အော်သည့်တိုင် အထူးဝိသေသနှင့်လျော်ညီစွာ အိမ်သည်လက်ခံမှုကိုမူတည်၍ ဧည့်သည်မှာ မပြန်တော့ချေ။

    Read More...

    Wednesday, May 09, 2007

    Home

    အိမ်

    အိမ်တစ်လုံးပိုင်ဆိုင်မှု၊ အိမ်ဖွဲ့စည်းမှု၊အိမ်လိုအပ်ချက်ဖြည့်တင်းနိုင်မှု၊အိမ်၏ ပတ်ဝန်းကျင်၊ အိမ်ဖြစ်ပေါ်လာခြင်းအကြောင်း၊ ဘာကြောင့်အိမ်ဟု ခေါ်ဆိုသည်။ အမျိုးမျိုးသော အတွေးများစွာဖြင့် ဒီအိမ်အမည်နာမကို သုံးစွဲလိုက်သည်။ ကျွန်တော် အိမ်အတွက် စိတ်ခံစားမှုဖြစ်တည်လာခြင်းမှာ အချိန်ကာလအတန်ကြာမျှပင်ရှိခဲ့သည်။ ပြုလုပ်ခဲ့သည်။ပြုပြင်ဆဲလည်းဖြစ်သည်။ ပြုလုပ်ဦးမည်မှာလည်း မလွဲဧကန်။ တစ်ဦးတည်း မွေးဖွားလာကြသည်။ သေဆုံးကြဦးမည်။ ဤအိမ်ကိုလည်း တစ်ဦးတည်းပြုလုပ်ခဲ့သည်။ မိမိအတွက်ဟု ဆိုသော်ရ၏ ၊ မဆိုပါရစေ၊ဆိုလိုခြင်းမှာ တစ်ဦးတည်း အိမ်တွင်ကြီးပြင်းရခြင်းကို လူအများနှစ်ခြိုက်သည်ရှိသော် မကောင်း။ ယခု သြကာသလောကကြီးတွင်ပိုပြီး မကောင်းနိုင်ပေ။ ဘယ်သို့ကောင်းအောင်ကြိုးစားရမည် ကိုလည်း မသိနိုင်၊ထိုထက်ပို ဆိုရလျှင် အိမ်သည် ချမ်းမြေ့မှုကို ပေးနိုင်မည်မဟုတ်ပေ။ လူအများစုနေထိုင်ရာ အိမ်လုံးကြီးတွင် အင့်အုအူဝဲအော်မွေးဖွားခဲ့ကြသည်။ လူအားလုံးမွေးဖွားပြီးချိန်မှစတင်ကာ ကစားခုန်စား ၊ ပညာသင်၊ အိမ်သူအိမ်သားများ အတူတကွပျော်ရွှင်ငြင်းခုန်၊ရန်ဖြစ်ပြန်ခေါ်၊ သူငယ်ချင်း၊မိတ်ဆွေ၊ သေဆုံးခြင်း စသည့် ပတ်ဝန်းကျင် အရောင်များစွာနှင့် ထိတွေ့မှုရှိနေသည်။ လူအပါအ၀င် အခြားသော အကြောင်းအရာများကြောင့် ထိုအိမ်လုံးကြီးသည် ပျက်စီးခြင်းများစွာလည်း ကြုံတွေ့ခဲ့ရသည်။ ကြုံတွေ့ဆဲလည်း ဖြစ်သည်။ ယခု ပြန်လည်ဆန်းသစ်မှုများစွာဖြင့် တည်ဆောက်နေသည်။ အချိန်၊နေရာ ပြောင်းလဲခြင်းများရှိခဲ့သည်။ *ပြောင်းလဲခြင်းသာ တည်နေသည်။* အိမ်လုံးကြီးအတွက် ဆက်သွယ်မှုများစွာ အသုံးပြုနေကြသည်။ အင်တာနက်ဟုခေါ်ဆိုသော ဆက်သွယ်မှုလည်း ပါဝင်သည်။ အိမ်လုံးကြီးတွင် အိမ်မည်မျှ တည်နေ၊ပြောင်းလဲနေသည်ကို အတိအကျ မည်သူမျှ မသိနိုင်ပေ။ ထိုအိမ်ပေါင်းများစွာမှ အိမ်တစ်လုံး ဖြစ်သည်။ အိမ်အမည်သုံးစွဲခြင်းဖြင့် ကြိုဆိုခြင်းကို လက်ခံကြမည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အိမ်တည်ရှိပုံမှာ ဗလာနတ္ထိဖြစ်သည်။ ပိုင်ဆိုင်ခြင်းမှာ မေတ္တာသာဖြစ်သည်။ လာရောက်လည်ပတ်သူများစွာအား လှိုက်လှဲစွာ ကြိုဆိုပါသည်။



    Read More...

    Tuesday, May 08, 2007

    Request

    တောင်းပန်မှုတစ်ခုသည်နောက်ကျသည်ဆိုလျှင် ဘယ်အချိန်ကိုတောင်းပန်မည်နည်း။ ယခုဟု အများသူငှာပြောဆိုနေကြသော လက်ရှိအချိန်၌တောင်းပန်နိုင်လျှင် အကောင်းဆုံးဖြစ်တော့သည်။ ယခုလည်း လာရောက်လည်ပတ်သူများကို ကျွန်တော်တောင်းပန်ပါဦးမည်။ ဘလော့စိတ်ဝင်စားစေရန် တန်းပလိတ်တစ်ခုလည်း လိုအပ်ပေသည်။ မြန်မာစာရေးသားမှုကို သပ်ရပ်စွာ ဖတ်ရှူနိုင်ရန်လည်း လိုအပ်ပေသည်။ အမျိုးစုံလင်သော အင်တာနက်ဖတ်ရှူနည်းများစွာဖြင့် လာရောက်လည်ပတ်ကာ ဖတ်ရှူနေကြသည်။ ပြန်လည် ရေးသားမှုများ၊အသုံးချမှုများ ပြုလုပ်လိုသည့်အခါ လိုအပ်မှုများရှိနိုင်သည်။ ဤလိုအပ်မှုများကို ယနေ့တွင်ကျယ်စွာသုံးစွဲသောစကားတစ်ခုဖြင့် ကြိုးစားလုပ်ဆောင်နေပါသည်။ ၎င်းစကားစုမှာ စွမ်းစွမ်းတမံပင်ဖြစ်တော့သည်။ ထိုစကားနဲ့ညီမျှစေရန် အားထုတ်နေပါသည်။ စာလုံးသုံးစွဲမှုကြီးမားနေသဖြင့် ပြန်လည်လျှော့ချရန်အလိုငှာ... အားထုတ်သည်ဆိုရာ၌ နည်းများစွာရှိကြသည်။ ပရိုဖိုင်များစွာ၌လည်းတွေ့ဖူးသိဖူးကြပါလိမ့်မည်။ စိတ်ဝင်စားစွာ လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ ယင်းလုပ်ဆောင်မှုမှာ အိပ်စက်အနားယူခြင်းပင်ဖြစ်သည်။ ( ဟီး ) အိပ်ပြီ။

    Read More...

    Monday, May 07, 2007

    Expression of mind

    အပြုံးပိုင်ရှင်

    ဘယ်မှာနားခို ရွှန်းစိုလဲ့ဝင်း
    တင်းရင်းပိပြား ကွန်းခိုပြုံးတို့
    ပျော်မွေ့ရာမှန် ဒီနှုတ်ခမ်းဆီ။
    နေသားမျက်ချို ပုံသဏ္ဌာန်ပြု
    ခိုင်းမှုများစွာ မတတ်သာပြီ၊
    ချန်ရစ်ပစ်ထား မလူးသာလွန့်
    စွဲညို့ရစ်မူး ဒီပြုံးထူးမှာ။
    ပြုံးတုံ့မခို့ ရယ်မောလေမလား
    မျှော်လင့်ကြည့်မိ ပြုံးပိုင်ရှင် မသိ။

    Read More...

    Saturday, May 05, 2007

    Watch for aunty

    အဒေါ်အတွက်နာရီတစ်လုံး

    နိုးတာကနောက်ကျတဲ့စနေနေ့မနက်ပိုင်း…။ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းဆိုမှုတစ်ခုကို ပျက်ကွက်ခဲ့ သောနေ့။ ဘလော့စမ်းသပ်မှုဒုတိယနေ့။ နိုင်ငံရပ်ခြားမှမြန်မာပြည်သို့သူငယ်ချင်းတစ်ယောက် လေဆိပ် ဆင်းခဲ့သောအချိန်။မီဒီယာရွင်းမှာဖုန်းခေါ်တာသိတဲနေ့၊ မိမိမှာကြားသလိုပြန်လည်ရောက်ရှိမလာသော အင်တာနက်ဈေးဝယ်ရာဌာနတစ်ခု၏ ချို့ယွင်းမှု။ အနီးဆုံးနေရာမှာရှိနေသော သူငယ်ချင်းများ၏ လတ်တလော နာရီဈေးသွားရောက်ရန် လောဆော်မှု … ဒီအကြောင်းရင်းတွေပေါင်းကာစုပြီး ကျွန်တော် သူငယ်ချင်းတွေနဲ့ အပြင်ကို ထွက်ခဲ့တယ်။ မှတ်တိုင်က ဘတ်စ်ကိုမှီအောင်ပြေးခဲ့ရတယ်။ သွားမယ့်ခရီးစဉ်ရဲ့မြေပုံလေးကိုကြည့်ရ၊ ကိုယ်မှားယွင်းမှုတစ်ခုခုဖြင့် နောက်ကျလူကွဲသွားမယ်ဆိုရင် ဘယ်လိုပြန်ဆုံစည်းမယ်…စသည်ဖြင့် စိတ်ကူးနေတုန်း နာရီများစွာ ရောင်းချတဲ့ဈေးကြီးကို ရောက်ခဲ့တယ်။ ရောက်ခဲ့ဖူးသောနေရာဖြစ်ပေမယ့် နွေရာသီစိမ်းလန်းမှုနဲ့ အားကစားကွင်းထဲက လှုပ်ရှားပြေးခုန်နေတဲ့အားကစားသမားများ၊ ခရီးရှည်ထွက်ခွာမည့် ဘတ်စ်ဂိတ်။ သွားပြန်ခွဲခွာနှုတ်ဆက်နေကြတဲ့ လူမျိုးတူစုများ၊ မွှေးပျံ့နေတဲ့ အသားကင်အနံ့များနှင့်အတူ ကားလမ်း အသေးလေးကိုလှမ်းကျော်ပြီး ဈေးကြီးထဲကိုဝင်ရောက်ခဲ့တယ်။ ၀ယ်မယ့်ဆိုင်နေရာက စနေ့နေ့ဖြစ်လို့ ပိတ်ပါသည်။ ကျန်သောဆိုင်များကိုလိုက်ကြည့်ဖြစ်တယ်။ နာရီပေါင်းမျိုးစုံကိုတွေ့ခဲ့ရတယ်။ ဈေးနှုန်းနဲ့ ပါလာတဲ့ပိုက်ဆံ မကိုက်ညီမှုကြောင့် ဆိုင်တိုင်းကနေ..ကြည့်ပြီးပြန်ထွက်လုပ်ခဲ့ကြတယ်။ နေ့လည်စာ အသားကင်တစ်ပွဲမှာစားပြီးဗိုက်ဖြည့်ခရီးဆက်တယ်။ နောက်တစ်နေရာအကူးမှာ တယောထိုးနေတဲ့ အလုပ်သမားကြီးတစ်ယောက်ရဲ့အသံကို အကြွေစေ့များနဲ့ ဒါနပြူခဲ့တယ်။ အနီရောင်မြှားလို့ ခေါ်ကြတဲ့ ရထားကြီးတစ်စင်းနဲ့ အီလက်ထရောနစ်ဈေးတစ်ခုကို ခရီးဆက်ခဲ့တယ်။ အနီရောင်ကိုယ်ထည်၊ အနီရောင်ထိုင်ခုံတွေမှာ အ၀ါရောင်ရေးချယ်မှုတွေနဲ့ စိတ်ကိုတစ်မျိုးလန်းဆန်းစေခဲ့တယ်။ အ၀ါရောင် ဆိုတာ အဆုံးမရှိသောခရီးကိုညွှန်းဆိုတယ်လို့ကြားဖူးထားတယ်။ ဒီခရီးပြီးပါ့မလား…။ အတွေးမျိုးစုံနဲ့ ကြုံနေရပေမယ့် သေချာတာက အနီရောင်မြှားကြီးက (၇၅)နှစ်ရှိနေပြီတဲ့။ သူခေါ်ဆောင်ရာ အနုပညာ ဉယျာဉ်ဆိုတဲ့ ဘူတာကိုရောက်ရှိလာခဲ့တယ်။ ဘူတာအတက်အဆင်း၊ဓာတ်လှေကားကွေ့ကောက်များ၊ ဟိုမှဒီပြန်လူးလာပန်းခတ်များပြားစွာသောလူအုပ်ကြီး စသည်တို့နှင့်အတူ အီလက်ထရောနစ်ဈေး အဆောက်အအုံရှိရာကို ရောက်ရှိခဲ့တယ်။ ဘတ်စ်ဂိတ်မှာစောင့်နေကြတဲ့လူတန်းအုပ်ကြီးကိုဖြတ်ပြီး အထဲကိုဝင်ခဲ့တယ်။ ရောက်တဲ့အထပ်က ဒုတိယထပ်။တစ်ပတ်ပြည့်သွားတယ်။ လိုချင်တဲ့နာရီပုံစံကို မတွေ့၊၀ယ်နိုင်မည့်ဈေးနှုန်းကလည်းမညီ။လှလိုက်တဲ့ မော်နီတာအပြားကြီးတွေ။ရွှန်းလဲ့စိုနေတဲ့ သူတို့ ပုံရိပ်တွေ၊ ဘေးနားမှာ ရေလာကူးသလားထင်ရတဲ့ ဖန်သားပြင်ပေါ်ကရွှေငါးလေး။ ကာတွန်းကားထဲက အရုပ်လေးကိုယ့်ဘေးနားမှာပါလာသလားလို့လှည့်ကြည့်မိတယ်။ကောင်းလိုက်တဲ့ အသံစနစ်။ မသိ သလိုနဲ့ကျော်ဖြတ်လာခဲ့တယ်။မီးပူတိုက်ပြတာလား၊မီးပူ ရောင်းတာလားမသိ၊အ၀တ်လျှော်စက်တွေက ပါလာသမျှစိတ်ညစ်ကြေးတွေ တခါတည်းထည့်ဖွပ်လိုက်ရရင်ဖြင့်…၊ ဒါနဲ့လူတကာငေးတဲ့အမ်ပီသရီးဆို တာလည်း ပြေးကြည့်ခဲ့တယ်။ အမ်ပီဖိုးနဲ့တွဲပြတာက လှအောင်ရိုက်မယ့် ကင်မရာများ(သူ့ရဲ့စွမ်းသတ္တိ များစွာရေးခြစ်ထားတဲ့ ဘုဒ်ပြားလေးထောင်ပြထားတယ်)။ အသာရှောင်ပြေး မနှေးရအောင် အပေါ်ကျန်တစ်ထပ်ကို အမြန်တက်လှမ်းခဲ့တယ်။စက်လှေကားလေးပါပဲ။အဖြူရောင်လေး။ အပေါ်မရောက်တရောက် အကြည့်အရင်ထောက်တော့ သူတကာငေးတဲ့ အလှပဂေးတွေက သူ့နေရာနဲ့သူ ထိုင်လို့ ။ ရှေ့မှာက သပ်ရပ်စွာခင်းကျင်းပြသထားတဲ့အိမ်ထောင်ခန်းဝင်ပရိဘောဂမျိုးစုံ။ အိမ်ကိုအလှဆင်မလို့ထင်ပါရဲ့။ ရောင်းသူပြတာကိုငေးနေတဲ့ ၀ယ်သူ၀၀ ကိုလူလှကြီးတစ်ယောက်။ အပေါ်ထပ်အကုန်စုံ နာရီကတစ်လုံးမှမတွေ့။ မှားသေးတယ် အပေါ်ထပ် အသွား အမိုးပေါ်ရောက်ခဲ့သေးသား။(ဟီး)။ ( ၃ ) ထပ်ရှိတယ်။ အောက်ဆုံးထပ်ကိုပြန်ဆင်းခဲ့တယ်။ နာရီဆိုင် အတော်များများထပ်တွေ့ခဲ့ရပြန်တယ်။ ကြည့်ပြီး ပြန်ခဲ့တယ်လေ။ ဈေးက၀ယ်မှမ၀ယ်နိုင်တာကိုး။ နောက်တစ်ဆိုင်သွားကြည့်တော့ ပြင်သစ်နိုင်ငံလုပ်နာရီ အတော်များများတွေ့ခဲ့ရတယ်။ ဆိုင်နံပါတ် မှတ်လာခဲ့တယ်။ လိုချင်ရင်ဈေးတော့မဆစ်တော့ဘူး။ နောက်ဈေးချိုတဲ့ဆိုင်၊ံကြိုက်ဒီဇိုင်းပုံစံမတွေ့မှ ၀ယ်မယ်ဆိုပြီးထွက်လာခဲ့တယ်။ အစွန်ဆုံးဆိုင်လေးထင်တယ်။ မှန်ကောင်တာကအသေးလေးနှစ်ခု။ လူကအလယ်မှာထိုင်နေပြီး တစ်ဘက်ကပစ္စည်းပြပေးတယ်။ ကိုယ်မှန်းထားတဲ့ဈေးနှုန်းနဲ့ကိုက်ညီတဲ့ နာရီ (၄)လုံးလောက်တွေ့ခဲ့ရတယ်။ ကြည့်နေတုန်း သူငယ်ချင်းကအကြိုက်နာရီရွေးပြီးဈေးဆစ်နေပြီ။ ဈေးသည်ကလည်း ပြောဆိုရောင်းချပုံက ၀ယ်သူအလိုကျဖြစ်စေတယ်။တော်၏။လှ၏။လိုက်၏။မသင့် ဖြူညို မိန်းမ၊ယောင်္ကျားဒီဇိုင်း ဘယ်ပုံခိုင်းကပိုပြီးအံဝင်သလဲပေါ့။ ဆိုခဲစေမြဲစေပြောနေလေရဲ့။ နာရီ ဒီဇိုင်းကို ၀တ်မယ့်အဒေါ်နဲ့လိုက်မလိုက်စဉ်းစားနေတာ မျက်လုံးတောင်ပြာလာတယ်။စားထားတဲ့ နေလည်စာ ပြန်ဆာချင်သလိုလိုဖြစ်လာတယ်။ အဝေးကကြည့်လိုက်၊အနီးကကြည့်လိုက်။ ဈေးပြောနေတာ နားထောင်လိုက်။ ကူပြီးစဉ်းစားပေးပါဦးလို့ သူငယ်ချင်းကို အကူအညီတောင်းလိုက်။ ဒီတစ်ဆိုင် တစ်ရွာတည်ဆိုသလိုဖြစ်နေပြီ။ ခရီးဝေးနောက်တစ်ခေါက်လာနိုင်မလာနိုင် စဉ်းစားတယ်။ ၀ယ်မလားမ၀ယ်ဘူးလား။ သူငယ်ချင်းဝယ်ပြီးတော့ ရွေးမယ်။ဒီနာရီရွှေရောင်နာရီပဲစဉ်းစားထားတော့ ရွှေရောင်လေး၊အ၀ိုင်းလေး။ ဖဲပြားပုံစံအဆစ်လေးတွေအဖြူပွင်လေးတွေစီရီထားတာလေးပြခိုင်းတယ်။ ရောင်းသူက အသံတူလိုထင်ရဲ့။ နောက်တစ်လုံးထပ်ပြတော့ ဘယ်ပုံစံက ဘယ်လို လိုက်မယ်။ လက်မှာတောင်ပတ်ပြပေးတယ်။ အဒေါ်လက်နဲ့ ရောင်းသူလက်ကဆင်တယ်ပေါ့။ နည်းနည်းအဆစ်လေး တွေပိုရင်ဖြုတ်ရမယ်။ ဘယ်နာရီဖြစ်ဖြစ် ဖြုတ်လို့တပ်လို့လွယ်ကူကြောင်း၊ အရစ်အကြောင်းနဲ့ရွှေရောင်နာရီက ဒီအ၀ိုင်းလေးနဲ့ ခေတ်အဆင်အရကွာတယ်လို့ ပြောပြပြန်တယ်။ လိုချင်လို့ရွေး ( ငိုချင်လျှက်လက်တို့ ) ၀ယ်မယ်ဆုံးဖြတ်ပြီး ဆာဗစ်နှစ်ဘောင်ချာလက်ခံလေး တခါတည်းရေး၊ ချက်ချင်းပိုက်ဆံထုတ်ပေးပြီး ၀ယ်ခဲ့တော့တယ်။ အဆောက်အအုံအပြင်အရောက် လက်တွေခြေတွေဆန့်ထုတ် ခဏအညောင်းဆန့် အဒေါ်အတွက်နာရီတစ်လုံးဝယ်ပြီးပြီလို့ ကြွေးကြော်။ ဘူတာကိုလေးကန်နှေးဖင့်တဲ့ခြေလှမ်းတို့နဲ့ပြန်ခဲ့တယ်။

    လေးသင်း(လို့ခေါ်တဲ့အဒေါ်)ရေ… နာရီဝယ်ခဲ့ပြီခင်ဗျာလို့ တီးတိုးတကိုယ်ရေရွတ်မိပါတော့တယ်…..။

    Read More...

    Friday, May 04, 2007

    Trip

    စိတ်ဝေမျှရာ

    ဒီနေ့ကျောင်းပြန်မှာ ခရီးစဉ်လေးတစ်ခုနဲ့အဆင်သင့်လို့သွားခဲ့ရတယ်။သာမန်နေ့စဉ် သွားလာမှုတွေမှာ ဘတ်စ်ကားကြီးတွေပဲ စီးလေ့ရှိပါတယ်။ ဒီနေ့ ဘတ်စ် အသေးလေးနဲ့သွားခဲ့ရတယ်။ ဒီနေရာမှာ စိတ်သဘောထားပြည့်ဝတဲ့ ကားမောင်းသမားကိုတွေ့ခဲ့ရတယ်။ စကားပြောတာယဉ်ကျေးတယ်။ အပြန်အလှန် နွေးထွေးစွာဆက်ဆံပြောဆိုခဲ့ရတယ်။ ဆင်းမည့်မှတ်တိုင်ကို ပြောပြပြီး ရပ်ခိုင်းနိုင်တယ်။ လမ်းတလျှောက်မှာ မြင်ကွင်းအသစ်ကို ဒီလိုနွေးထွေးအေးချမ်းတဲ့စိတ်ပိုင်ရှင် ကားသမားနဲ့ ခရီးသွားရင်း ကြည်နူးစွာ မြင်တွေ့ခဲ့ရတယ်။ သူမှလားဆိုတော့..မဟုတ်ပြန်ဘူး။ ရောက်တဲ့နေရာသစ် ရှုခင်းကလည်း မျက်စိပသာဒပေးခဲ့တယ်။ သွားခဲ့တဲ့ခရီးစဉ်လေးရဲ့ရည်ရွယ်ချက်ကလည်း အောင်မြင်ခဲ့ ပြန်တယ်။ ဒီလိုနဲ့… အေးချမ်းတဲ့ ဘ၀ခရီးပန်းတိုင်ကို ဒီလိုနဲ့… ၊ လှပတဲ့ ပတ်ဝန်းကျင်သစ်တွေကို ဒီလိုနဲ့… ၊ နွေးထွေးအေးချမ်းတဲ့ ဘ၀ခရီးဖော်ကို ဒီလိုနဲ့… ၊ အောင်မြင်ပြီးဆုံးမှုများစွာကို ဒီလိုနဲ့… ၊

    စိတ်တူကိုယ်ကူ ဘ၀ခရီးမှာ ပျော်ရွှင်စွာ ဆက်လျှောက်နိုင်ဖို့… ဒီလိုနဲ့… ။

    Read More...

    Thursday, May 03, 2007

    Discussion

    ဆွေးနွေးကြသည်ဆိုရာဝယ်

    နှောင့်နှေးမှုတွေရှိနိုင်သည်။ စားသောက်မှုအချိန်နှင့် ကူညီမှုစသည့် လူမှုရေးများလည်းရှိနိုင်သည်။ ပျင်းရိခြင်းကလည်း မလွှဲမသွေပါသေးသည်။ စိတ်ဝင်စားသောအရာတစ်ခုကို လုပ်နေနိုင်မှဖြစ်မည်။ ဘာလုပ်ကြမည်နည်း။ ချစ်ခြင်းတွေရေးဖွဲ့ချင်သည်။ ချစ်ပါမှအရာတိုင်းအကောင်းမြင်နိုင်မည်။ သို့သော် ရယ်မောကြလျှင်ရော...။ လူတိုင်းက အလုပ်ရရှိရန် အကောင်းဆုံးလုပ်ဆောင်နေထိုင်နေကြသည်။ ဘ၀၏အဓိပ္ပာယ်ကိုလက်လှမ်းမှီသလောက်သာ နားလည်နိုင်ကြသေးသည်။ နားလည်သည်ဟု ပြောခဲ့ ၊ ပြောဆိုနေသူများမှာလည်း သေဆုံးသူများနှင့် လူအနည်းစုသာဖြစ်သည်။ ရှာဖွေလေတွေ့ရှိလေဟု ဆိုခဲပြောခဲပါဘိ။ တွေ့ပြီ၊ရပြီဟု သာ ကြွေးကြော်ချင်ကြသည်။ စာအုပ်စာပေများဖတ်မှတ်လေ့လာခြင်း၊ ပြုစုရေးသားကြခြင်းဖြင့် သိနားလည်နေကြသည်။ဘ၀ဆိုသည်မှာ…။ ပြီးဆုံးသွားသူများရှိသလို ဆက်လက်ဖတ်ရှုနေသူများလည်း အမြောက်အများ ရှိသည်။ လုပ်နည်းကိုင်နည်း၊ ဖြစ်ပျက်ပုံများကို လေ့လာသိရှိလာကြသည်။ မှတ်သားထားနိုင်ခဲ့ကြသည်။ မှန်ကန်မှုတစ်ခုမှာ *မိမိလက်ခံမှသာ မိမိထံတွင်ရှိနေမည်* ။ ပျင်းရိသူပြောဆိုပုံမှာ ပျင်းရိငြီးငွေ့ဖွယ်မရှိ၊မကျန်လောက်အောင် ပျင်းရိခြင်း ဖြစ်နေပါသည်။မည်သို့ ပျင်းရမည်ကို မသိနိုင်တော့ချေ။ လုပ်ဆောင်နိုင်မှုစွမ်းရည်များ ပျောက်ဆုံးချိန်၊ မိမိဆိုးသွမ်းသော အကျင့်များဖြစ်ပေါ်ချိန်တွင် ပျင်းရိခြင်းများက အလျှိုလျှိုထွက်လာကြတော့သည်။ ကမ္ဘာကို မထိန်းချုပ်နိုင်စေကာမူ မိမိ၏စွမ်းရည်ကား ထိန်းသိမ်းနိုင်ကြသည်။ ထိန်းသိမ်းနိုင်ခြင်းစိတ်ကို သတိရှိစွာ စဉ်းစားချင့်ချိန်နိုင်ကြပြန်သည်။ လေးစားမှု၊အပြန်အလှန်နားလည်ပေးမှုများဖြင့် နေထိုင်၊ လုပ်ကိုင်ပြောဆိုနေကြသည်။ မိမိ၏ မေတ္တာသဘောကို အခြားသောသူတို့မြင်သာအောင် ပြသနိုင်မည် ဆိုလျှင် အေးချမ်းသော ကမ္ဘာတစ်ခု ဖြစ်နေပါပြီ။ ယုံကြည်ချက်မြင့်မားမှုကို အကောင်းဆုံးပဲ့ကိုင်နိုင်ရန် သတိရှိစွာ ဖျတ်လတ်စွာ ရိုးသားစွာ တွေးတောကြပါသည်။ အခြေအနေပြောင်းလဲမှုများကြောင့် မသိနိုင်သော အကြောင်းအရာများမှ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပေသည်။ ထိန်းသိမ်းပြုပြင်ခြင်း အကြောင်းကြောင့် ပြန်လည်ရှင်သန်နိုးထလာသူများ ၊တန်ဖိုးရှိသော လူသားဘ၀ကို အကျိုးရှိစွာ ခွဲဝေ အသုံးပြုနိုင်သူများ ဖြစ်လာကြမည် ။.....။

    ကျေးဇူးတင်စွာဖြင့် တီပီ

    Read More...

    Tuesday, May 01, 2007

    To Youngest Brother. ( ညီထွေးသို့)

    ညီထွေးရေ

    သတိတရရှိနေတယ်ကွာ။ ညီထွေး ပူပြင်းတဲ့နွေရက်တွေကို အေးချမ်းစွာ ကျော်ဖြတ်နေမယ်ဆိုတာကို သိနေတယ်။ မင်းကပူတာကို မကြိုက်ဘူး။အေးတာမိုးရွာတာလည်း တခါ တလေညစ်တယ်လို့ ပြောတတ်ပြန်သေးတယ်။ တစ်နေ့ မိုးကဗြုန်းစားကြီး ရွာခဲ့တယ်။ မင်းကပြောတယ် ဒီလိုတော့လည်း နေလို့ကောင်းသားတဲ့။ တခါကလည်း အပျင်းကြီးလိုက်ပုံများ… နောက်နေ့လုပ်ရမယ့်အလုပ်ကို နောက်နေ့မှလုပ်တာကောင်းတယ်တဲ့။ညီထွေးက ထူးချွန်ထက်မြက်၊ နားလည်လွယ်တဲ့ဦးနှောက်ဥာဏ်ကလည်း ရှိသေးတယ်။ အမေပြောတဲ့ *အရိပ်ပြရင်…အကောင်မြင်* *ချက်ဆို…နားခွက်ကမီးတောက်*ပဲ။ ငယ်ငယ်ကချူချာတယ်။နေမကောင်းဖြစ်ရင်တော်တော်နဲ့မပျောက်ဘူး။အခုမင်းက..လူကောင်ကြီးထွားပြီးကိုယ်စိတ်ချမ်းသာကျန်းမာနေတယ်။ ဘောလုံးတောင် ကစားလိုက်သေးတယ်။ လူငယ်တွေဆိုးသွမ်းတယ်လို့မဆိုပါဘူး။ ဒါပေမယ့် စည်းလွတ်ကမ်းပျက် လုပ်နေတာကိုတော့ မကောင်းဘူးလို့ပြောရမယ်။ညီထွေးလည်း သူတို့နဲ့တပြေးညီကြီးပြင်းနေတဲ့လူ၊ တနည်းပြောရင် ခေတ်လူငယ်တစ်ယောက်ပဲ ။ ကိုယ်လုပ်ကိုင်မှုမှန်သမျှကို ကိုယ်တိုင်နားလည် မှတ်သိထားမှဖြစ်မယ်။ ငယ်စဉ်က ဟင်းအမျိုးအစုံကိုရွေးချယ်စားတတ်ခဲ့သမျှ အခု ရှိတာနဲ့ ၀လင်စွာ၊ အားရှိအောင် စားသောက်တတ်နေပြီ။ နေ့တိုင်းလုပ်ကိုင်မှုတွေက မင်းရဲ့ကြိုးစားမှုကိုပြနေတာပဲလေ။

    မင်းအတွက် ကြိုးစားမှုတိုင်းက အရာထင်လာမှာပါ။ ရည်မှန်းမျှော်လင့်မှုတွေထားရှိရမယ်လို့ပြောလေ့ ရှိတယ်။ မျှော်လင့်တိုင်းဖြစ်မလာတဲ့ သဘာဝဖြစ်ပျက်စဉ်ကိုလည်း တွေးတော့ချင့်ချိန်တတ်ရမယ်။ ခဏရပ်ထားမယ်ကွာ။

    ဆက်ရေးမယ်ဆိုတော့ ညီထွေး မင်းလုပ်ချင်တာတစ်ခုကို ငယ်ငယ်ကတည်းက တဇွတ်ထိုးလုပ်တယ်။ ဒါပေမယ့် အခုမင်းက ကျွန်တော်နားလည်ပါပြီဆိုပြီး တစ်ခုချင်းအစီအစဉ်တကျ စဉ်းစားလုပ်ဆောင်နေ တတ်ပြီ။ အဖေအမေတို့ ဆုံးမစကားတွေကို တခါတရံ ချစ်ဖို့ကောင်းအောင် ဂျစ်တိုက်တတ်တယ်။ မိဘကခွင့်လွှတ်တယ်။ တဖြည်းဖြည်းအသက်အရွယ်နဲ့ ရင့်ကျက်မှုသဘောကို ညီထွေး တွေ့လာရပြီ။ အချိန်တစ်ခုကဖန်တီးနိုင်မှုကို နားလည်တတ်ပြီ။ ဘယ်အရာကိုလုပ်လုပ် မှန်ကန်မှုတွေ၊ အကောင်းဆုံး လုပ်ဆောင်မှုတွေ ရရှိနေပြီ။ ကောင်းအောင်ကြိုးလို့ ကောင်းကျိုးကိုယ့်မှာတည်အောင် စွမ်းနေပြီ။ ညီထွေး အခုဘာတွေလုပ်ချင်နေပါလိမ့် …..။

    Read More...

    About Me

    My photo
    Thank a lot! I hope you are nice @Home.
    CBOX အော်ကြမယ်

    အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်