Saturday, June 30, 2007

I praying

ဆုတောင်း
ကိုယ်စိတ်ကျန်းမာချမ်းသာပါစေလို့
ဆုတောင်းမေတ္တာပို့သပေးလျက်
နိုင်

Read More...

Friday, June 29, 2007

Notice



Read More...

Letter2

စာ
ထိုး နိုင် ရှုံး ပွဲက အသေကြေးတဲ့ ။
ဘ၀ကြိုးဝိုင်း ဘေးမဲ့ တောတောင် ခိုးခုတ်သတ်သူ ရှိသတဲ့ ။
နောက်ဆံမတင်းဖို့ ကုသိုလ်လား
လောလောဆယ်တော့ အိမ်ရှင်းသဗျား ။
အပြာရောင် အိပ်မက်ရှည်ကြီးနဲ့ အိပ်စက်ခဲ့တယ် ။ မိုးသံကြားလိုက်တယ် ။ မိုးအေးတော့ ပြန်အိပ်သွားရော ။ ရာသီက ကိုယ့်ဘက်ပါတာကိုး ။ အိပ်ရာထချိန်နောက်ကျခဲ့တယ် ။ အသံနောက်မှ ကြားရသည် ။ အနံ့ က အရင် ရတယ် ။ အော် တော်တော်ကို ညစ်ပတ် ပေကျံနေတာပဲ ။ တစ်ကိုယ်ရည် သန့်ရှင်းမှု ၊ စား ၊ ၀တ် ၊ နေထိုင်မှု ၊ ပတ်ဝန်းကျင် ။ ရေစိမ်ဝတ်တစ်ခုနဲ့ သုတ်သင်တယ် ။ ဆပ်ပြာရည်နဲ့ ဆို အနံ့အသက်ပါ သက်သာသွားတယ် ။ အခန်းသန့်ရှင်းတာ ဟုတ်ပြီ ။ အ၀တ်တွေ လျှော် ၊ ပန်းကန်ခွက်ယောက်တွေ ဆေး ။ တံခါးတွေ ဖွင့် ။ တော်သေးတယ် ။ လေတိုက်လို့ ။ ရေချိုး ၊ ထမင်းစား အမေရယ်မောမဲ့ ကန်စွန်းရွက်ကြော်လေးနဲ့ ။ အော် သီချင်းဖွင့်နားထောင်မလို့ ။ ဘယ်နားထားမိမှန်းမသိဘူး ။ ဖိုင်တွေ ရှုပ်နေတာပဲ ။ ရွေ့တန်ရွေ့ ၊ ဖျက်တဲ့ဟာဖျက် ။ သိမ်းမယ် ဆို မပျောက်ပျက်အောင် ထိန်းသိမ်း ။ မှတ်သားမှုက လိုပြန်ရော ။ မှတ်မှတ်ရရတွေ သိမ်းပေါ့ ။ ရှင်းရင်း ရှုပ်တာလည်း သိမ်း ၊ အရှင်းလွန်လို့ ပျောက်ပျက်သွားတာလည်း မှတ်သိမ်းပေါ့ ။ ဒါလည်း ရှင်းပြီ ။ အိမ်ပေါ်တက်ရှင်းမှပဲ ။ အော် ဒီအိမ်လေးကတော့ ရှင်းနေတုန်းပဲ ။ ဖုန်တက်တယ်ကို မရှိဘူး ။ အားလုံး အိပ်တူဒိတ်တွေပါလား ။ မောသွားပြီ ။ အိပ်မှပဲ ။

Read More...

Wednesday, June 27, 2007

Letter

စာ
မအိပ်ဖြစ်ဘူးဗျာ ။ အဲ မအိပ်ချင်တာမဟုတ်ဘူး ။ ခေါင်းက ကြည်လင်နေတုန်းပဲ ။ အိပ်သင့်တယ်လို့ တွေးချိန်မှာ အိပ်သွားရော ။ နိုးလာတော့ အိပ်မက်လေးကောင်းသေးတယ်ဆိုပြီး ပြန်နှပ်တယ် ။( လက်ဖက်ရည် ဖျော်ဖို့ မဟုတ်ပါ ။ ပေါ်လာတဲ့အတွေးလေး ပျောက်သွားမှာစိုးလို့ ပြန်အိပ်တာပါ ။ ) (၂) နာရီလောက် အိပ်ပျော်သွားတယ် ။ အိပ်ယာထ ။ သန့်ရှင်းရေးလုပ် ။ ခေါင်းက မကြည်လင်ဘူး ။ ပြန်တော့ မအိပ်တော့ဘူး ။ ဈေးသွားမယ် ။ စားဖို့ ဟင်းချက်စရာ သွားဝယ်ရမယ် ။ ဈေးက ဝေးတော့ ကားစီးရတာ ကြာတယ် ။ ကံကောင်းတယ် ။ ကားလိုင်းတွေ သိပ်မကြပ်ဘူး ။ ဈေးမှာပဲ အသားနဲ့ထမင်း ၀ယ်စားလိုက်တယ် ။ မဆိုးပါဘူး ။ ကိုယ်တိုင်တောင် ချက်ရောင်းလို့ရတယ် ။ အဲ ပေါင်မုန့် အညိုတောင် စားလိုက်သေးတယ် ။ ဒါလည်း ရောမပေါ့ ။ ၀ယ်ချင်တာ များတော့ ၀ယ်နိုင်တုန်း ၀ယ်ခဲ့တယ် ။ စိတ်တော့ အေးသွားတာပေါ့ ။ ပိုက်ဆံကုန် စိတ်ချမ်းသာတာ ဒါလည်းပါတယ် ။ အပြန်ကတော့ သယ်ပေရော့ပဲ ။ ၀ယ်တာပဲ သယ်ပေါ့ ။ ကားကမီးပွိုင့်တိုင်း မိတယ် ။ ရပ်လိုက် ၊ရှေ့တိုးနောက်ဆုတ်လုပ်လိုက်နဲ့ ။ ခေါင်းတောင် မူးတယ် ။ အင်း အိပ်ရေးပျက်တာနေမယ် ။ ဒါတောင် အစာလေးရှိနေလို့ ။ အမေ ရယ်မယ်ထင်တယ် ။ ကန်ဇွန်းရွက်ကို ရှယ်ကြော်စားမယ် အမေရေ ။ (၁)ကီလိုတောင် မလာတာ ။ ၀က်အူချောင်းပေါင်းနည်း အသစ်လေး စမ်းသပ်ရမယ် ။ ဆန်တွေလည်း ဈေးတက်လာပြီ ။ ကြက်ဥလည်း ထိုနည်း၎င်း ။ လောလောဆယ် နေပူ ၊ လေတိုက် ပူအိုက်တဲ့ ရာသီမှာ ဈေးဝယ်တယ်ပေါ့ ။ ခေါင်းခဲတယ် ။ အင်း အားမရှိတာနေမယ် ။ စားမှ ။ ဘာတဲ့ သာယာတယ် ။ အေးပေါ့ ။ ကိုယ်နေတဲ့ နေရာ ပြန်ရောက်လာတော့ စိတ်အေးချမ်းပြီး သက်တောင့်သက်သာ နားရတာကိုး ။ အိမ် ဆိုတာ ဒါပဲနေမယ် ။ အခုလည်း အိမ်မှာ နားရတာ စိတ်ချမ်းသာတယ် ။ ဒါလည်း အိမ်ပဲ ။ ဟောပြောရင်းဆိုရင်း ထမင်းပေါင်းအိုးထဲ ၀က်အူချောင်းလေး ထည့်ပေါင်းလိုက်ပြီ ။ အပြင်မှာတော့နေပူတယ် ။ အထဲမှာတော့ အေးချမ်းနေတယ် ။ သီချင်းလေးတွေ ဖွင့်နားထောင်တယ် ။ *လိုနေတယ် စည်း စိမ် များ ... လူတွေဟာ ခက်တယ် ... အချစ်ကို ခဏကိုးကွယ် ... အချိန်တန်တော့ လည်း ထမင်း စားရအုံးမှာ ... * ။ *လွယ် မယ် ထင်လို့လား ... လွယ်မယ် ထင်ထားလား ... * ၊ *အချိန်တန်တော့လည်း မင်း နားလည်မှာပါ ။* နေပူတော့ လေပူတယ် ။ အရိပ်ထဲမှာနေလည်း လေပူကလေပူပဲ ။ တော်သေးတယ် ။ လေတိုက်နေလို့ ။

Read More...

Monday, June 25, 2007

KL-Detector

Top 10 Reasons Why You Need KL-Detector
(Why Keyloggers Threaten Your Privacy)

And then you can check it . I think you will see useful it . Here

What is a key logger? How to remove?
"My Pics" or "My Pics.exe"? Improve your security by showing file extensions

Read More...

Ashin-ArSarYarLinkara YoneLikeSanParKaLayYel 13-12-2006 -1


Get video codes at Bolt.

You can download other dhamma here. Only Internet Explorer

Read More...

Mind

မနောဝိညာဉ်


တောင်အရပ် နှင့် မြောက်အရပ် ဆန့်ကျင်သလို ဖြစ်နေတယ် ။ ပေါင်းဆုံ ထိစပ်မှု ဆုံမှတ်တော့ ရှိနေဆဲပါ ။ မင်းမြင်တဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် ။ အရပ်မျက်နှာဆိုတဲ့ သတ်မှတ်ချက်အဖြစ်နဲ့ တွယ်ကပ်နေဆဲပါ ။ ဘယ်လောက်ဝေးဝေး ဘယ်လောက်ပြေးပြေး တွယ်ကပ်နေဆဲပါ ။ ဆုံမှတ်တစ်ခုမှာပေါ့ ။ စိတ်စေရာပေါ့ ။

-----

စိတ်ခံစားမှုက တက်လိုက်ကျလိုက် ဖြစ်နေတယ် ။ ဘ၀ဆိုတာ ဒီလိုပါပဲ ။ တက်ခြင်း ၊ ကျခြင်း မတူညီဘဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် ။ ဖြစ်လိုက် ၊ ပျက်လိုက် သတ်မှတ်ချက်တွေ အဖြစ်နဲ့ တွယ်ကပ်ပြီး တွေးတောနေဆဲပါ ။ အဆုံးအစမရှိ ( အင်ဖနတီ ) တွယ်ကပ်နေဆဲပါ ။ ဆုံမှတ်တစ်ခုဖြစ်စေတဲ့ မနောဝိညာဉ်မှာပေါ့ ။

-----

ခံစားရတယ်ကွာ ။ ဒီလိုပါပဲ ။ တူမှမတူတာကိုး ။ အေးကွာ ဒီတိုင်းပါပဲ ။ နောက်ဆုံးတော့ ဘာမှ မဟုတ်ပါဘူးကွာ ။ ခံစားရတာပဲပေါ့ ။




Read More...

Saturday, June 23, 2007

Story

ပုံပြင်

ဟိုရှေးတုန်းအခါသမယ ခေတ်လေးတစ်ခေတ် ရှိခဲ့သတဲ့ ။ ပုံပြင် ခေတ်လေး ဖြစ်ပျက်ခဲ့သတဲ့ ။ ပုံပြင်တချို့ဟာ မမှားသလို ၊ မမှန်ကြဘူး ။ ဒီပုံပြင်ထဲက ခေတ်လေးဟာလည်း မှန်းဆပြောရတဲ့ ခေတ်လေးပေါ့ ။ ဒီခေတ်လေးက အဆိုး ၊ အကောင်းတွေ ဘောင်ခတ် ထားတယ် ။ အရင်ဖြစ်ခဲ့ ပျက်ခဲ့သော အကြောင်းအရာတွေကို လက်လွှတ်မှု မရှိသလို နောက်အနာဂတ်ကြီးကိုလည်း အမြဲပိုင်ဆိုင်နေခဲ့တယ် ။ ပုံပြင်တွေမှာ ခေတ်တွေ အများကြီး ဖြတ်သန်းခဲ့တယ် ။ ခေတ်ကြီးတွေ ခေတ်လတ်တွေ ခေတ်ငယ်ရွယ်ပိစိလေးတွေ ။ ကလေးတွေ မွေးဖွားလာခဲ့ကြတယ် ။ လူကြီးတွေ သေဆုံးခဲ့ကြတယ် ။ လူငယ်လူရွယ်တွေ ကြိုးစားခဲ့ကြတယ် ။ ခေတ်လေးမှာ ကလေးတွေပါ လူရွယ်များအားထုတ်သလို လူကြီးလည်း အားမတန်မာန်လျှော့ခဲ့တယ် ။ ခေတ်လေးမှာ စားနပ်ရိက္ခာထွက်ရှိသော ကျယ်ဝန်းတဲ့ နေရာများစွာ ရှိခဲ့တယ် ။ လူရွယ်တွေ အားထုတ်မှုကြောင့် နေရာများစွာမှာ ခမ်းနားကြီးကျယ်မှုတွေ ပေါ်ပေါက်ခဲ့တယ် ။ မီးဇာကုန် ဆီခမ်း ရွယ်သလိုနေ လူကြီးတွေလည်း ပါဝင်ပတ်သက်ခဲ့ကြတယ် ။ သွားလာဆက်သွယ်ပြောကြား စကားတွေ တောင်လိုပုံ ၊ မှတ်ကျောက်တင်တဲ့ စာပေ ၊ ဂီတ အစစလည်း ထွန်းကားခဲ့သတဲ့ ။ ဤ၊ထို၊ယင်း၊၎င်း အကြောင်းကြောင်းသော သမိုင်းတွေ လည်း ရှိခဲ့သတဲ့ ။ တုယူမှတ်သား နောင်သားတွေအတွက် မပျက်သုန်းတဲ့ အမှန် ၊ မှား ခြားသော တံတိုင်းတွေလည်း ခြံရံထားခဲ့သတဲ့ ။ လူသားနှင့်အတူ တွဲလျှက်ကူပြီး တိရိစ္ဆာန်တွေလည်း နေထိုင်ခဲ့ကြသတဲ့ ။ အရိုင်းရော အယဉ်ရော အရောရော အနှောနှောပေါ့ ။ သားကောင်ဖမ်းသော မုဆိုး ရှိသလို ၊ မုဆိုးဆွဲတဲ့ သားကောင်တွေလည်း ရှိခဲ့တယ် ။ ကြီးကျယ်ခမ်းနားသော ခေတ်လေးမှာ အေးချမ်းစေသော အနားယူနည်းမြောက်မြားစွာ ထွန်းကားခဲ့သတဲ့ ။ လူအချို့က သိရှိခဲ့ကြတယ် ။ သိတဲ့လူတွေ အနားယူခဲ့ကြတယ် ။ *အနားယူခြင်း ဆိုတာ အဆုံးသတ်ခြင်း တစ်မျိုးလားကွယ်* ။ ပုံပြင်ထဲက ခေတ်လေးလည်း အချိန်ဆိုသော အနားယူခြင်း နည်းကို သိရှိခဲ့တယ်။ အဆုံးသတ်မှာ ခေတ်လေး ပျက်ပြုန်းသွားခဲ့တယ် ။

Read More...

Noddle2











ဆီချက်ခေါက်ဆွဲ ကျွေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည်။

Read More...

Friday, June 22, 2007

Not Real

အစစ်မဟုတ်


ဒီမိုး

လွမ်းတယ်

စိတ်ဆိုးချင်ယောင်ဆောင်မိတယ်

Read More...

R , r

အာ

စက်ဝိုင်းတစ်ခု၏ အချင်းကို သတ်မှတ် (R) အဖြစ် သုံးစွဲသည် ။ အချင်းဝက် (r) သတ်မှတ်သောအခါ တန်ဖိုးတ၀က် ငယ်သွားသည်။

---

အီလက်ထရောနစ်ဆိုင်ရာ တွက်ချက်မှုများတွင် (R) ရီစစ်စတန့် ခုခံအားအဖြစ် သတ်မှတ်သည် ။ (r) ကို အတွင်းပိုင်း ခုခံအားအဖြစ် သတ်မှတ်သည် ။

---

ဆိုကြပါစို့ရဲ့။ လူတစ်ယောက် စိတ်ဖိစီးသောအခါ အသံမျိုးစုံထွက်၍ ခံစားချက်ကို ဖွင့်ထုတ်ကြသည်။ ထိုအခါ (အာ)ဟု မြန်မာစာ အသံထွက်လေး ပါဝင်သည်။ ရေး၊ရွတ်ဆို ဘယ်လိုပင် ခံစားရသည်ဖြစ်စေ အာ ဟု ပေါ်လာသည်။ ဒီတော့ အကြီးကြီးလား ၊ အသေးလေးလား ။ ရုတ်တရက်ချက်ချင်း ထွက်ပေါ်လာသော အာ သည် အကြီးကြီး ဖြစ်မည်ထင်ပါသည် ။ နောက် တွေဝေမှုများ ပါဝင်လာသော အာ သည် သေးငယ် သွားမည်ထင်ပါသည် ။

---

ကမ္ဘာသုံး ဘာသာ စကားမျိုးစုံ

ကြားနာ ဖတ်ရွတ် ရေးမှတ်သား

ရှည်တာလည်း ရှိမပေါ့ ။

တိုတာလည်း ရှိမပေါ့ ။

ဖွဲ့နွဲ့မှုလည်း တို ၊ ရှည်ပေါ့ ။

သတ်မှတ်မှုလည်း တူရင်တူ ၊ ကွဲရင်ကွဲ ပေါ့ ။

စိတ်ညစ်လို့များ မ အာ တတ်ရင်

နားလည်မှု သိတတ်မှုတွေ

ရှိခြင်း မရှိခြင်းတွေ

မေတ္တာတွေ (love)

သို့သော်

ဒီလူသား ကမ္ဘာအပြင်ဘက်မှာ နေထိုင်နေသည် ဟု စိတ်ခံစားနေလျှင် ဘယ်လို လုပ်ကြမလဲ ။

Read More...

Thursday, June 21, 2007

A Beautiful Mind




Read More...

Wednesday, June 20, 2007

Rain2

မိုး

မိုးတဲ့ ။ ကျွန်တော် မောင်မိုး ။ လူတစ်ယောက် ။ ငယ်စဉ်က မောင်မိုး ၊ ယခု လည်း မောင်မိုး ။ မွေးရာသီကို က မိုးတွင်းကြီးမှာ မွေးခဲ့သည် ။ သာမာန် ကလေးငယ်တစ်ယောက် ဖြတ်သန်းခဲ့သလို ရာသီတွေ အလီလီပြောင်း ကျောင်းတွေ ၊ အိမ်တွေ ၊ သူငယ်ချင်းတွေ ၊ ပတ်ဝန်းကျင်တွေ နှင့်အတူ ပြောင်းလဲလာခဲ့သည် ။

---

ကျွန်တော် မိုးဖွဲ့သော သီချင်းတွေ ၊ ကဗျာတွေ နှင့် ထိတွေ့လာခဲ့သည် ။ ရေးဖွဲ့မှု အများအပြား နေရာများစွာ ၊ ခံစားမှု အပြည့်အ၀ ။ ကြည်နူးမှု စံစားခဲ့ကြသည် ။ မိုးကြောင့် ဆိုးရွားစွာ ပြောင်းလဲခြင်း အကြောင်းတရား များစွာကို ဖတ်မှတ် သိရှိလာခဲ့သည် ။ အကျိုးတရားက မိုးလည်း ပြောင်းလဲသည် ဆိုတာပဲ ။

---

မိုးတဲ့ ။ ကဗျာဆန်တယ်ဆိုချင်ဆို ကျွန်မ နှစ်သက်သော နာမည်လေး ဖြစ်သည် ။ ကျွန်မ မေမိုးဆိုသော မိန်းမပျိုတစ်ယောက် ။ ငယ်စဉ်က မိဘတွေ ပေးခဲ့သည့် နာမည် ၊ ယခုတိုင် မေမိုးလို့ သုံးစွဲခေါ်ဝေါ်နေဆဲ ။ မိုးရာသီ၏ တစ်ရက်သော မိုးနေ့မှာ မွေးခဲ့သည်။ ကလေးဘ၀ မှ နွေ ၊ မိုး ၊ ဆောင်း ဉတုသုံးလီကို ဖြတ်သန်းခဲ့သည် ။ အိမ် ၊ ကျောင်း ၊ ပတ်ဝန်းကျင် နှင့်အတူ မိဘ သူငယ်ချင်းတွေ အားလုံး ကျွန်မကို မေမိုး ဟုသာ ခေါ်ကြသည် ။

---

ကျွန်မ မိုးနှင့် ပတ်သတ်သော ဖွဲ့နွဲ့မှုများစွာ တွေ့ကြုံခဲ့သည် ။ မိုးကြောင့် အဆိုး၊အကောင်း ဒွန်တွဲ ဖြစ်ပျက်မှု များစွာကို သိရှိ ခံစားလာခဲ့သည် ။ မေမိုးဆိုသော နာမည်လေးကို ကျွန်မ ချစ်မြတ်နိုးမိတာ မှားသလား မှန်သလား မခွဲခြားပါ ။

---

သူ့နာမည် မောင်မိုးတဲ့ ။ သူမနာမည် မေမိုးတဲ့ ။ မွေးဖွားခဲ့သော မိဘများက မိမိတို့ ရင်သွေးများကို အမည်များ ပေးခဲ့ကြသည် ။

---

*မိုးရွာလျှင် ရေပါမည်* ။ မိုးရွာလျှင် အေးချမ်းသည်။ မိုးရွာသောကြောင့် ပိုပူသည် ဟု ကြားဖူးသည် ။ မိုးဦးဖြစ်ဖြစ် ၊ မိုးနှောင်းဖြစ်စေ ၊ မမှန်မကန် ရွာကျသော မိုးဖြစ်ပါစေ ရေပါသည် ။ ရေပါသောကြောင့် မိုး ဟု ခေါ်သည် ။ ရေအသက် တစ်မနက်ဖြစ်သည် ။ အေးချမ်းသည် ဟု ခံစား ၊ စံစား ရသော အချိန်ကာလများတွင် ရေသောက်ရန် ပိုမိုလိုအပ်သည်။ မိုး ကောင်းကင် မှ အေးချမ်းသော အရိပ်အယောင်ပြသည့် အချိန်ကာလများတွင် ရေသောက်ရန် လိုအပ်သည်။ မိုးအေးလို့ အိမ်၏ အသာယာဆုံးနေရာသို့ အသွားများသည် ။ ရေသောက်ရန် လိုအပ်သည် ။

---

တက်သူပျောက်တဲ့ မိုးတစ်ပေါက် အငွေ့ပျံခဲ့လေပြီ ။ မိုးအဖြစ်များရွာခဲ့လျှင်လေ ရေပါ မှာပါ ။

---

ထီးပျောက်တဲ့ မိန်းမပျိုတစ်ယောက် … အိမ်ပူ အတွက် သောကမှောက်

ရွာမြဲတဲ့ ကိုရွှေမိုးရယ် … ကံကူမလှည့်လို့ ရွာလည်း …

ရွာမစဲတဲ့ နေ့မိုးထဲ လှုပ်လီလှုပ်လဲ့သွားနေဆဲ ။

Read More...

Tuesday, June 19, 2007

RAIN

မိုး

မိုးတဲ့ ။ သူ့နာမည်က မောင်မိုး ။ ကလေးတစ်ယောက် ။ သူမနာမည်က မေမိုး ။ ကလေးတစ်ယောက် ။ မိုးရွာချိန်မှာ မွေးခဲ့ကြသတဲ့ ။ မိုးချစ်တာလည်း နှစ်ယောက်မရှိကြဘူး။ ဒီလို မိုးတွေနှင့်မွေးတဲ့ မိုးနှစ်ယောက် မိုးရွာရင်လေ …

---

မိုး ငယ်ငယ်က မိုးရွာရင် မိုးရေချိုးချင်တယ် ။ မိုးရေမချိုးရရင် မိုးအိပ်မပျော်ဘူး။ မိုး အဖေကမိုးကို မိုးမရွာလည်း ရေချိုးရမှာမို့ မိုးရေချိုးချင် အိမ်မှာပဲချိုး အပြင်မထွက်ရဘူးလို့ တခါမှ မပြောပါဘူး။ အမေကလည်း ချိုးပါစေ မိုးပဲ မိုးရေချိုးချင်မှာပေါ့ တဲ့ ။ ဘယ်မိုးဖြစ်ဖြစ် မိုးက ရေချိုးဖြစ်အောင် ချိုးတယ် ။ ငယ်တာလည်း ပါမှာပေါ့ ။ အိမ်မှာနေရလို့ လည်း ဖြစ်မှာပေါ့ ။ မိုးရွာရင်လေ မိုးရေချိုးတယ်။

---

မိုး ကျောင်းတက်တော့ လွယ်အိတ်ပါတယ် ။ ကျောပိုးအိတ် မလွယ်ဘူး ။ ကလေးဘ၀ ဆော့ကစားတုန်း မိုးရွာရင် အိမ်ပြန်ခဲ့ကြတယ် ။ မိုးတွင်းဆို ကစားပွဲတွေ ပျက်ခဲ့တာမနည်းဘူး ။ မိုးကြောင့်လို့ တခါမှ မတွေးဖြစ်ဘူး ။ မိုးရွာရင် အိမ်ပြန်ရမယ် လို့ သိတယ်။ နွေပိုင်း ပူရင် မိုးရာသီမှ မဟုတ်ဘဲ လို့ တွေးပါတယ် ။ မိုးကုန် ဆောင်းကူး အေးတော့လည်း မိုးကျတဲ့ ဆောင်းညတွေ က ပိုချမ်းစိမ့်စိမ့် ဖြစ်ရတယ်။ ရာသီဉတု ပြောင်းလဲခြင်း လို့ နားလည်တယ်။ ဘာကြောင့် ရာသီဉတုပြောင်း သလဲ မသိဘူး။ ငယ်တာလည်း ပါမှာပေါ့ ။ မသိလို့လည်း နေမှာပေါ့ ။ မိုးရာသီ ပါတာတော့ မှတ်ထားတယ် ။

---

မိုး ကျောင်းတော်ကြီးတက်ချိန်မှာ ကျောင်းသွားတယ် ။ စာကျက်တယ် ။ ကစားတယ် ။ နည်းမျိုးစုံပေါ့ ။ ကလေးတွေ ကစားတဲ့ ကစားနည်း အကုန်လုံး ကစားတယ် ။ မိုး ချစ်တဲ့ မိုးနာမည်ပါသော မိုးတွေ အများကြီး မိုးတွေ့ခဲ့တယ်။ ဇော်မိုး ၊ ခင်မိုး စတာတွေပေါ့ ။ မိုး ကျောင်းသွား ၊ ကျောင်းပြန် ၊ မိဘကူ ၊ ကစား ၊ ရေချိုး ညစာစား ၊ စာကြည့် ၊ သွားတိုက် အိပ်ယာ ၀င် ။ မျက်နှာသစ် ၊ အိပ်ယာ သိမ်း ကျောင်းသွားဖို့ ပြင်ဆင်သည်။ ။

---

မိုး ချစ်သော မိုးရာသီတစ်နေ့ ၊ မိုး ကျလာသော နေ့တစ်နေ့ ။ မိုးဖွဲဖွဲတွေ ကျနေသည် ။ မိုး ရွာထဲမှာ ရပ်တန့်နေသော အချိန်တစ်ချို့ ရှိလာခဲ့သည်။ မှတ်သားမှု အသိဥာဏ်ရင့်သန်လာခဲ့သည်။ မိုးညိုတွေ တွေ့လာခဲ့သည်။ မိုးမည်းတွေ ဆင်လာသည်။ မိုးတိမ်တွေ ရွေ့လျားလာသည်။ မိုးသည်းသည်းတွေ ပြင်းထန်လာသည် ။ မိုး ငယ်စဉ်က မိုးဘ၀ကို မိုးမေ့လာခဲ့သည် ။ ရှက်ရွံ့သော စိတ်တွေ နှင့် မိုး ရာသီတွေ ဖြတ်သန်းလာခဲ့သည် ။

---

ဒါက မောင်မိုး ။ ကျွန်တော် မိုးရာသီမှာ မွေးသူတစ်ယောက် ။ ဒါဆို မေမိုး ။ ကျွန်မ မိုးရာသီမှာ မွေးသူ တစ်ယောက် ။ မိုးရာသီမွေးဖွားခဲ့ကြပုံခြင်း တိုက်ဆိုင်သည် ။ ဒီလို မိုးတွေနှင့်မွေးတဲ့ မိုးနှစ်ယောက် မိုးရွာရင်လေ …

Read More...

Noddle


အုန်းနို့ခေါက်ဆွဲ ချက်ကျွေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည်။

Read More...

Good luck and fail

ကံကောင်းခြင်း နှင့် မအောင်မြင်မှု

အိမ်သားက စကားအများကြီးပြောသည် ။ မပြောချင်တော့ဘူး ဆိုလျှင် လုံးဝမပြောတော့ပေ။ နောက်မှ ပိဿလေးနှင့် ပစ်သလို ဖြစ်တတ်သည်။ ပြောချင်တာ ဇွတ်ပြောပစ်လိုက်သည်။ မပြောချင်သေး ၊ မလုပ်ချင်သေးလို့ ခြေတစ်လှမ်းနောက်ဆုတ်သည် ဟု ပြောကြသည်။ သို့သော် ကံဆိုးချင်တော့ နောက်ဆုတ်သော ခြေလှမ်းက ချောက်ထဲသို့ကျသည်။ ကံကောင်းချင်တော့ ချောက်ထဲမှာ နှစ်ပေါင်းများစွာက ယခုတိုင်အောင် အသုံးပြုနိုင်သော သိုင်းကျမ်းကြီးကို တွေ့သည်။ ကံဆိုးချင်တော့ သိုင်းကျမ်း၏ အနှစ်ချုပ် နောက်ဆုံး စာရွက်က မပါချေ ။ ကံကောင်းချင်တော့ ချောက်ထဲ၌ နှစ်ပေါင်း ရာထောင်ချီနေနိုင်ပြီး အတွင်းအားကောင်းစေသော သစ်စေ့များ ၊ သစ်ဖုများကို စားသုံးရသည် ။ ကံဆိုးချင်တော့ ရေသောက်သောအခါ အာခေါင်တွေ ပူလောင်နေရသည်။ ကံကောင်းချင်တော့ ပူလောင်မှုအတွက် မိုးရေတွေ ရွာကျသည်။ ကံဆိုးချင်တော့ ဗွက်တွေကြောင့် ဘယ်နေရာမှ သွားလို့မရ ။ ကံကောင်းချင်တော့ မိုးတွေရွာလျှင် အလွမ်းတရားကြီး အပီအပြင် ကျင့်ခွင့်ရသည်။ ကံဆိုးချင်တော့ ဘာကိုလွမ်းမှန်းမသိ ။ ကံကောင်းချင်တော့ ကံတရားကြီးက ကိုယ်ဘက်ပါသည် ။ ချောက်ထဲမှ လွတ်လမ်းကို မြင်ရသည်။ ကံဆိုးချင်တော့ ချောက်ကြီးက နက်ရှိုင်းလွန်းလှသည် ။ တော်တော်နှင့် အပေါ်ကို မရောက် ။ ကံကောင်းချင်တော့ အလွမ်းသိုင်းကျမ်း နှစ်တစ်ရာ အတွင်းအားသုံး၍ အပေါ်ကို ရောက်ခဲ့သည်။ အောင်မြင်ပြီဟု ကြွေးကြော်နေချိန် မှန်တစ်ချပ်ကို အနီးအနားမှာ မြင်လိုက်ရသည်။ အရိုးပေါ် အရေတင် သင်ခွာရင် ရပြီလို့ လာပြောပြနေသော ရုပ်ခန္ဓာတစ်ခု ကို တွေ့လိုက်ရသည်။ မအောင်မြင်မှုများဖြင့် သေဆုံးခဲ့လေပြီ ။

ကံဆိုး ၊ ကံကောင်း ပြောပြပေးသော သူငယ်ချင်း နှစ်ယောက်အား ကျေးဇူးတင်ပါသည် ။

Read More...

Monday, June 18, 2007

To eat


အကြော် ကြော်သည်။ ညော်မည် ။


Read More...

LawBa,DawTha,MawHa

လောဘ၊ဒေါသ၊မောဟ

မိမိ၌ အစပျိုးပေးစေခဲ့သော ကောက်ရိုးမီးလေး There ။ ကလေးငယ်လေးများ၏ ပုံလေးများစွာကို ချစ်စရာကောင်းလိုက်တာ ဟု ပြောဆိုကာ ကြိုက်နှစ်သက်ခဲ့သည်။ ဒီကလေးငယ်များကို ပြုစုပျိုးထောင်ရန် ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ မျှတစေဖို့ အရေးတကြီး လိုအပ်သည်။ မြန်မာလူမျိုးတစ်ယောက် ဖြစ်၍ ဒီလို ကံ ၊ စိတ် တွေ အာဘွားပေးနေခြင်း ဖြစ်သည် ။ သို့သော် ဒီအာဘွားက အပူငွေ့ တွေနှင့် ။ ဆန္ဒတွေနှင့် ။ မနာလို မစ္ဆရိယစိတ်တွေနှင့် ။ ဒီနေရာ ရေးနေတုန်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော မောဟတွေဝေစိတ်လေးကို ငြိမ်အောင် ထိန်းနေသည်။

---

မြန်မာလူမျိုး မြန်မာစာ သင်ကြားခြင်းကို မလိုအပ်ဟု ထင်မိပါသလား ။

စာဖတ်ခြင်း၌ အင်္ဂလိပ်စာ သည် ကမ္ဘာသုံးစကား ဖြစ်ပါသည် ။ ကျေးဇူးကမ္ဘာပါ အင်္ဂလိပ်စာ ။

---

*ငှက်ပျောသီး ဘောင်းဘီချွတ်ဟု အော်သောအခါ လက်ခံသည်။*

*ရေချမ်းချမ်း တစ်ခွက်တောင်းလျှင် ပေးမည်။*

ဟိုတုန်းကနှင့် အခု မတူတော့တာလား ။ တာ့တာ ကို ပိစိကွေးကတည်းက ပြောခဲ့ကြသည်။ ယခုချိန်ထိလည်း ပြောနေသည်။ ဘုရားရှိခိုးနည်း ၊ ဗုဒ္ဓယဉ်ကျေးမှု သင်တန်း တက်ဖူးကြသည် ။ စာရေးသားပေးပို့သောအခါ ဆုတောင်းပေးလျက် ဟု ရေးသားခဲ့သည်။ သားတို့သမီးတို့ ကြီးလာရင် ဘာလုပ်မလဲဟု မေးကြသည် ။ ဘာ ၊ ညာ အကြီးကြီးလုပ်မယ် ဟု ဖြေခဲ့ကြသည်။ ရိုင်းစိုင်းသော အသုံးနှုန်းများ ပြောဆိုသောအခါ ဆုံးမ ( ရိုက်တန် ရိုက် ၊ ချော့တန် ချော့ ) ပါသည်။ နားလည် တတ်သိစေခဲ့သည်။ ယခုအချိန်၌ *ချစ်သူရှိမရှိ မသေချာ ချောကလက်ကြိုက်သော မိဘ အဦးအဖျားလေးများ* စသော အတွေးတချို့ပေါ်စေရန် ကြားဖူးခဲ့ ၊ ဖတ်သိခဲ့သော *မုန့်ဆီကြော် ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနှင့်တည့်ပါ့မလား* ဆိုသော စကားပုံလေးကို သတိရနေပါသည် ။

ကျေးဇူးတင်ပါသည် ။ ဆန္ဒများစွာဖြင့် … ။

Read More...

Saturday, June 16, 2007

Friends

တိကျသော ပျော်စရာတစ်ခု သွားကြည့် ပါလို့ တိုက်တွန်းပါရစေ ။ I hope You will nice there

Read More...

Invert color



အော်လိုက်ချင်တယ်။ ထို့နောက် အော်ခဲ့သည်။

Read More...

Friday, June 15, 2007

Art of cooking






Read More...

In draft




Read More...

Thursday, June 14, 2007

Lunch

နေ့လည်စာ

နိုးထခြင်းက ပုံမှန် အလုပ်တစ်ခု ။ စားသောက်ခြင်းက ကိုယ်ခန္ဓာလုပ်ဆောင်မှုများ ပုံမှန် ဖြစ်စေသည် ။ ပြင်ဆင်ခြင်းက လိုအပ်ချက်တစ်ခု ဖြစ်သည် ။ ပြင်ဆင်ကြစို့။ စားသုံးလေ့ရှိသော ဆန်မှ ထမင်းကို ပြင်ဆင်ခြင်းဖြစ်သည် ။ သာမာန် နနွင်းနံ့လေးနှင့် မနက်စာ စားသုံးဖူးသည်။ ယခု ကြက်သွန်နီအလတ်စား တစ်လုံး ကို လေးထောင့်ဆန်ဆန် အတုံးလေးတွေ လှီး ။ မုန်လာဉနီ ကို အတုံးတွေ ထပ်လှီးသည် ။ စားနိုင်မယ့် အိုးပမာဏ နှင့် ချင့်ချိန်ပြီး ဆီထည့်ပါ ။ ထမင်းများလျှင် ဆီများမှ အဆင်ပြေသည် ။ အိုးက ကျယ်ကျယ် ဇောက်နက်လျှင် ပိုကောင်းသည် ။ မွှေရတာ အဆင်ပြေသည် ။ ဆီကျက်လျှင် ကြက်သွန်နီ နှင့် မုန်လာဉနီ ထည့် ၊ တော်တော်လေး ပျော့အောင် ဆီနှင့် သမအောင် မွှေပေးရသည်။ ကြက်ဉတစ်လုံး ကို ဖောက်ထည့် ပေးသည် ။ အသားကြိုက်သူက ကြိုက်နှစ်သက်သော အသားကို အတုံးလေးတွေ လှီး ထည့်လို့ရသည် ။ ကြက်ဉက ခဏလေးနှင့် ကျက်သည် ။ အသားဆိုလျှင် ဆီထဲမှာ ကြာကြာလှိမ့်မှ ကျက်သည် ။ *အဓိက ကျက်ဖို့ ။ အစိမ်းစား သတ္တ၀ါ မဖြစ်ဖို့* ။ အနံ့ ။ မဆလာကြိုက်လျှင် မဆလာ ၊ နနွင်းကြိုက်..နနွင်း ၊ ပူစပ်လေးကြိုက်… ငရုတ်ကောင်း မှုန့် ။ အားလုံးရောထည့်လည်း အဆင်ပြေသည် ။ စိတ်ကြိုက် အနံ့ထည့်သည် ။ အနီရောင်လေး ဖြစ်ချင်လျှင် အရောင်တင်မှုန့်ပေါ့ ။ ညိုမှဆိုလျှင် ကြာညှိ့( ပဲငံပြာရည် ပျစ်၊ကျဲ ရရာ)သာ ထည့်တော့ ။ ဆီ၊ကြက်သွန်နီ၊မုန်လာဉနီ၊ အနံ့ နှင့် အရောင် အဆင်ပြေသွားလျှင် ဆက်သွားမည် ။ ကန်တော်ကြီးဆီ မဟုတ် ၊ ဆက်ဆွဲမယ် … ကိုမျိုးကြီးလို မဆို ။ ထမင်းကို ကြို ချေ ထားလျှင် အဆင်ပြေသွားမည် ။ ထမင်းထည့်…မွှေတော့ပဲ ။ နည်းမျိုးစုံ နှင့် မွှေနိုင်သည် ။ ထမင်းများ အိုးအပြင် ထွက်မကျလျှင် အားလုံး အဆင်ပြေသည် ။ မွှေသည်။ ထမင်း ပျော့ပျော့ နှင့် ဆီ၊အသား၊ကြက်ဉ တသားတည်း ဖြစ်နေချိန် ဆား ၊ အချိုမှုန့် ၊ သကြား အပေါ့၊ငံ ၊ ချို မြည်း ထည့် သည် ။ အရသာလည်း အဆင်သင့်သလို ချိုတတ်ရင် ချို ၊ လေးတတ်လျှင် လေး ။ အိပ်မက်မပေး ခဏနေ စားတော့လေး ။ အောက်၌ ပုံပါသည် ။ ကြည့်ပါတော့ မနှေး ချိုစပ်ကြော်မွှေးမွှေးလေး ။








Read More...

Wednesday, June 13, 2007

Voice

အသံ

အသံဖြစ်ပေါ်ရာ ဌာန် ၊ ကရိုဏ်း တို့ တည်နေမှု ၊ ပြောင်းလဲ လှုပ်ရှားမှု များမှ အသံ ဖြစ်ပေါ် လာသည် ။ အသံချို ၊ ပြာ ။ အသံနေ ၊ ထား ။ အသံကြား သနား ။ ခပ်ပြာပြာ အသံတချို့ ဘယ်နေသည် မသိ ။ ကြားရသော အသံက နားဝင်ပီယံ ။ ဒါက ကြားခါစ ။ *ချစ်စရာကောင်းလိုက်တာ* ။ အသံလေးကို ညွှန်းဆိုဖွဲ့ကြသည်။ သရ ၊ ဗျည်းတွေ ရွတ်ဆိုခဲ့ကြသည် ။ အေဘီစီ အင်္ဂလိပ် အက္ခရာတွေ လည်း ပါသည် ။ ပါဠိဘာသာ အချို့ပါဝင်ခဲ့သည်။ ရွတ်ဖတ်မှု သည်လည်း ဟန်နှင့် ၊ မာန်နှင့် ။ ချိုသည်လည်း ရှိ၏ ၊ အီသည်လည်း ရှိ၏ ။ မလှပသော ရွတ်ဆိုမှုများ လည်း ပါဝင်ခဲ့သည် ။ သို့တစေ အသံပြောင်းလဲမှုက အရွယ်ပြောင်းလဲမှုနောက် အမှီလိုက်ခဲ့ကြသည် ။ အသံသြသြ ၊ အသံဝါ၀ါ ၊ အသံ တွေ ရောင်စုံပြောင်းလဲကုန်ပြီ ။ အသံတွေလည်း ၀င်ခဲ့ ၊ တိမ်ခဲ့သည် ။ အသံတွေ လည်း နာခဲ့၏ ။ အသံတွေ ပျက် လည်ချောင်းတွေ အက်ကွဲကုန်သည် ။ အသံထားမှား အနေမတတ် ၊ ဆရာခက်တဲ့ အသံရှင်တွေ ဖြစ်ခဲ့ကြသည် ။ အသံတွေ ငြိမ် ၊ အားအင်တွေ ကုန် ၊ အသံတွေ တုန်မှ အေးချမ်းသာယာသော အသံ တချို့ကို ရှာဖွေလာခဲ့ကြသည်။ ကောင်းနိုးရာရာ အသံလေးများကို ထုတ်နုတ်တင်ပြ ပြောဆိုလာကြသည် ။ အသံပေါင်းစုံ တည်နေရာ တချို့ကို စွန့်လွှတ်ခြင်း ပြုလုပ်ခဲ့ကြသည် ။ အသံ တိတ်သော ၊ အသံ ငြိမ်းချမ်းမှု ပြည်စုံနိုင်သော နေရာကို ရှာဖွေ နေကြဆဲ ။ သို့သော် အသံသည် ဖြစ်ပေါ်ရာ ဌာန် ၊ ကရိုဏ်း တို့ တည်နေမှု ကိုယ်ခန္ဓာကို စိတ် ဖြစ်ပျက်မှု အပေါင်း စုံ၍ ပြောဆိုမှု အသံ ဖြစ်ပေါ်လာခဲ့ကြသည် ။ အသံ သည် ကြားခြင်း၌ လည်း တည်မှီနေသည် ။


လိုက်ကြမလား သူငယ်ချင်းတို့ ရေ

အခု အလုပ်တွေ ခဏထား

ဟိုဘက်က အသံတွေကြား

ထမင်းစားမယ် တဲ့ ဗျား။

ဒီဘက်က ခေါ်သေးတာ

အလည်သွားမယ် တဲ့ ဗျာ။

ဒီနားမှာ အသံထား

ထမင်းစားရင်း ကြား။

ဟိုဘက်က အသံများ

နားထောင်မှ ကြား။

ကြားခြင်း နှင့် အသံစုံ

အတွေး တောင်လိုပုံ

လိုက်ကြမလား သူငယ်ချင်းတို့ ရေ

အသံတွေ ခဏထား

စိတ်ငြိမ်ရပ်သို့ ဗျား ။

အိပ်ကြမည် ခဏတာ

သေရပ်သို့ ပါလား ။

ဟ ဟာ ဟား ။

ကြ ကြာ ကြား ။ အသံများ နားထောင်မှ ကြား ။ ပြောနေမှ အသံထွက်သဗျား ။

Read More...

Window Live Writer Beta














Window Live Writer Beta

Installer_WL_writer

Read More...

Tuesday, June 12, 2007

Ma



Read More...

Sunday, June 10, 2007

To fight

ရန်ဖြစ်ကြမည်ဆိုလျှင်

ကိုယ်အမူအရာ ၊ နှုတ်အပြောအဆို ၊ စိတ်ခံစား ဖြစ်ပျက်မှု ( ၃ ) ပါး သော အမှု ပြုလုပ်ရမည် ။

မျက်စိ အကြည့် တစ်ချက်ဖြင့် ရန်လိုသည်ဟု သိစေနိုင်ခြင်း ။ မျက်ဆံ ၊ မျက်တောင် လှုပ်ရှားမှု မြန်ဆန်စေခြင်း ။ ခေါင်း ၊ ခါး ၊ လက်ခြေ လှုပ်ရှား ပြသခြင်း ။ စကားပြောဆိုမှု အနှေးအမြန် ပြောင်းလဲခြင်း ။ နားလည်နိုင်သော ၊ နားဝင်ချိုသော စကားပြောဆိုမှု မှ နားမခံသာသော ၊ ရိုင်းစိုင်းမောက်မာသည်ဟု သတ်မှတ်ထားသော စကားများ ပြောဆိုခြင်း။ စိတ်ကြည်နူးမှု မှ စိတ်ဆိုး၊ စိတ်ကြည်သာမှု မပေးနိုင်သော ခံစားမှုများ ပြောင်းလဲလာခြင်း ။ စိတ်ခံစားမှု အလျောက် ကိုယ် ၊ နှုတ် အမူအပြော တပြိုင်တည်း ပြုလုပ်ခြင်း ။ ဒေါသမာန်မာနကို အထွပ်အထိပ် သို့ ပို့ထားရမည် ။ လောဘ ၊ အတ္တကို အကြီးမားဆုံး ခံစားရမည် ။ ယဉ်ကျေးသော ပြောဆိုမှုများကို ကြားဖူးခြင်း မရှိသကဲ့သို့ ပြောဆို ကြမည်။ ကိုယ်တိုင် ဖန်တီးထားသကဲ့သို့ ညံ့ဖျင်းသော စကားများကို ပြောဆိုကြမည် ။ အကြည့် နောက် လက်ရောက် ။ ကိုယ်ပါ ခေါင်းလွှတ် စိတ်၊စကား၊ပြုမှုပြောဆိုမှု တချိန်တည်း ကျရောက်အောင် ပြုလုပ်ကြရမည် ။ မောဟ ၊ တွေဝေခြင်း မရှိစေရန် သတိပြုရမည် ။

မှတ်ချက် ။ ကာယကံ ၊ ၀စီကံ ၊ မနောကံ ကံ(၃)ပါး အား အခြေခံထားပါသည် ။ ကံ ကံ၏အကျိုး ။

အကျိုးကြောင့် အကြောင်း ဖြစ်သည် ။ ကောင်းဆိုး ပိုင်းခြား သတ်မှတ်မှုသည် အကျိုး နှင့် အကြောင်း ကို ခွဲခြားသည် ဟု ထင်မြင်မိပါသည် ။

Read More...

Saturday, June 09, 2007

I and WaLone

ကျွန်တော် နှင့် ၀လုံး

ဘ၀ ကြီးသလား ၊ ငယ်သလား ။ ဘ၀ နိမ့် ၊ မြင့် ။ ဘ၀ ကြမ်းတမ်း ၊ သာယာ ။ ဘ၀ ဆိုး ၊ ကောင်း ။ ရာသီတွေပြောင်း အချိန်နှင့် ဆက်သ ။ ဆန္ဒ နှင့် ဘ၀ ထပ်တူကျ ရန် မဖြစ်နိုင် ။ ဆန္ဒ က ပတ်ဆင့် ကြီးနဲ့ ၊ *(န)ငယ်ကို ပီသအောင် ရေးပြလို့မရ ၊ သတ်ပုံစည်းက ထိန်းထားသေးသည်။* ဒီတော့ ဘ၀ကို မကျေနပ် ။ သို့သော် ( ဆ )လိမ် က အဆံနှင့် ၊ အကြံနှင့် ။ ဖျက်လို့ရလျှင် ဖျက်ချင်သည် ။ ကဖျက်ကချော် လုပ်ချင်သည်။ လွယ်သည် ။ (၂) လုံးသား အမုန်းမပွား တွဲလျှက်နေသော ( ၀ )ကို အောက်ရောက်ချင်ရောက် ဆွဲသည် ။ အပေါ်ကို လုံးကြီးတင်ချင်တင် ။ ခိုင်းခံမှ သိမယ် ၊ ရှေ့ဆောင်ပြဖို့ ဘယ် ညာ မှ အောက်ဆင်း (ေ ၊ ခ ) ပုံစံထွင်း ။ ဆန္ဒ၏ပြင်းပြမှု သို့နှင့်မပြီး ။ ဒေါသရှေ့ထား အမှားကို တံခွန်ထူ လောဘစစ်ကူ မောဟနှင့်အတူတွဲ ( ၀ )ကို ဓားနှင့်စပိုင်းပြီး အောက်ခြေပြတ်ကာ ( ဂ ) ဖြစ်ရရှာသည်။ ညာကို ပိုင်းတော့ ( င ) ဖြစ် ။ တည့်တည့်လက်သီးနှင့် ထိုးထည့်လိုက်သည် ။ ၀တ်ဆံတွေ တည်လို့ ( စ ) ပေါ်ရသည် ။ ခယ စေတော့လို့ ( ခ )ကို ကပ်စေ ဆလိမ် ( ဆ ) ။ ဒါပေသည့် ကြေနပ်အားရ ဟန်မပေါ် ။ ခေါင်းပုတ် နှာခေါင်းဆွဲ ခြေတွဲလဲ( ဋ ၊ဌ ၊ ဍ ) ဖြစ်လို့ ဖြစ် ။ နည်းပညာ အခက်အခဲကြောင့် ဒရင်မှုတ် ပီပီပြင်ပြင် မဖြစ်ရတဲ့ ( ၀ ) ။ ဟိုကပ်ရ ဒီမျက်နှာလုပ်ရ ( တ ၊ ထ ) ၊ ဆန္ဒရဲ့ ရိုက်ချက် ( ဒ ) ဒွေးလိုက် ၊ ( ဓ ) အောက်ချိုင့် လိုက်နဲ့ ။ ( ပ ) ပလက်ထားလို့ အားမရ ၊ ဖနောင့်နဲ့ပေါက် ( ဗ ) ၊ အလကားမထား အဆံထည့်သွား ( မ ) ။ ဒီလိုနဲ့ ပလက်ချင်းကပ်လိုက် ( ယ ) ၊ ရှေ့ဖြတ်ပေါ်လှီး ( သ ) ။ ( ဟ )လို့ ( ဠ ) လို့မတင်းတိမ် ၊ ( ဒ )ပုံကို အတူကပ်လို့ ( အ ) လိုက်ရသေး ။

မှတ်ချက် ။ ကျန်ရှိ အက္ခရာများ စာစဉ်များအား မေတ္တာရှေ့ထား ခွင့်လွှတ်လိုက်သည် ။ ဆန္ဒ များစွာဖြင့် ။

Read More...

Afraid mind

ကြောက်စိတ်

အလင်းကို ကြောက်

အမှောင်ကို ကြောက်

မမြင်ခြင်း မြင်ခြင်းကို ကြောက်

မကြားခြင်း ကြားခြင်းကို ကြောက်

ရနံ့ကရောက် အနံ့ကို ကြောက်

အရသာကို ဖောက် ကြောက်ပြီးရင်း ကြောက်

သာယာမှု ထိ၊မထိမှာ မှောက် ထပ်ပြီးတော့ ကြောက်

အာရုံမှာစွဲ သဲမှုန့်ထပ်ဝါး ဆံမျှင်မျှသေး သော်ငြား ပြတ်သားပုံကထင်ရှား

ကြောက်စိတ်က ပိုကြီးမား

ကြောက်ရဲရင် ကြောက်ကြည့်ပါလား ။


ကျွန်တော်တော့ ကြောက်တတ်သား

( ၅ )ပါးသော ကာမဂုဏ်များ ။

ပို ကာ ဆို လိုမည့်စကား

သန္ဓေတည် မွေးသေသွား

သံသရာကို

အဆုံးမဲ့စွာ

ကြောက်ပြီးသား ။

Read More...

To father and mother

သို့ ဖေဖေ နှင့် မေမေ

လွမ်းတိုင်း စေ ၊ နွမ်းလျှင် ကျေ

ပန်းတိုင် ဝေ ၊ မောပမ်း စေ

မနား နေ ၊ ကြားပါ့ မေ

သားမောင် အော်လို့နေ။

ချိန်ခါ မဲ့ ၊ ကြင်နာ ခဲ့

မေ့ထက် ပို ၊ မဆို ခဲ့

ရံခါ မဲ့ ၊ မမာန် ခဲ့

တွဲလို ခို ၊ ဘချို ရဲ့

မေတ္တာ ကို

သားမောင် လွမ်းလို့ ဆို။

Read More...

Friday, June 08, 2007

Sweetly mislay

ပျောက်ဆုံးသွားသော သံချို

မယ်ဒီ နှစ်ဖြာ ၊ သွယ်ကာကျဆင်း

အိမ်တွင်း ခြေမှာ ။

သူရင်း မှန်မှ ၊ ခက်ကြုံရ၏။

ပြန်စေ လိုသည် ၊ စာကုံးမမှီ

သူတည်း စေသည့် ၊ တမန် သံချို ။

ချိုစေ သံစပ် ၊ ကဗျာ အရပ်

တင်းသည့် အားမာန် ၊ တရံမိုးညို

တွန်းလှန်ဖြိုဖို့ ၊ ဘုရင်မအားမာန်

ရည်စူး ဖွဲ့ပို ၊ သံသာဆိုလို့

ဖွယ်ရာ သောတ ၊ စားသုံး စေလို့

မေတ္တာ ရှေးရှု ၊ အားမာန် ပြု၏ ။

အားမာန် ပြည့်ဖြိုး ၊ တင်းကာ ကြိုးလည်း

မယ်မဒီကို ၊ သူယောင်မယ်လား

ထင်မှားစေဖို့ ၊ ဇော်ကျန် ဆေးမွှား

စားသူ့ အပြစ် ၊ လေမှာ တစ်လစ်

ပျံပါသော်လည်း ၊ မ၀ဲတုတ်ထောက်

ကုန်းတ၀က်ပေါ် ၊ လေမှာပျော်တဲ့

ကန့်လန့် ကိုယ်တော်

ကိုယ်ဂုဏ် ကိုယ်ဖော်

မသူတော်

Read More...

Thursday, June 07, 2007

In the exam' room

စာမေးပွဲခန်းအတွင်း

စာမေးပွဲ အတွက် ပြင်ဆင်ကြသည် ။ အလုပ်အတွက် ပြင်ဆင်ကြသည် ။ လိုအပ်သည်များကို ကြိုတင် ပြုလုပ်ကြသည် ။ ဘ၀အတွက် ပြင်ဆင်ကြသည် ။ ဥပမာ စာကြည့်ခြင်း ။ လိုအပ်သော စာအုပ်စာပေ များစွာကို ဖတ်ရှုကြသည် ။ သင်ကြားမှု ဆိုင်ရာများစွာကို မှတ်သားကြသည်။ နောက် ဖတ် မှတ် အကြောင်းအရာများ ဦးနှောက်က ပြန်လည် အသုံးပြုနိုင်မှု ရှိမရှိ ပြန်လည် စမ်းစစ်ကြသည် ။ မေ့တတ်ရန်ကော ။ *မေ့တာလည်း ကောင်းသလို မမေ့ဘဲ မှတ်နိုင်စွမ်းတာလည်း ကောင်း၏* ။ အလုပ် ကို ပြင်ဆင်ရန် ဒီအလုပ်က ဖြစ်ပါ့မလား ။ ပြီးပါ့မလား ။ ဘယ်လို လုပ်ရင် ၊ အရင်က လုပ်ကိုင်ဖူး တာကတော့ ဘယ်ပုံ ။ ဒီလိုလေးတွေ ပြင်ဆင်ထားမယ် ။ အလေ့အထ သည် အလုပ်ကိုလည်း ပြီးစီးစေပြန်သည် ။ ဘ၀ ကို တည်ဆောက်ရန် ကိုယ်တိုင် မည်သို့ ကြိုးပမ်း နေထိုင်နေသည် ။ သူ့ဘ၀ နှင့် ကိုယ့်ဘ၀နဲ့ကိုယ် ။ ညှိနှိုင်းကြမယ် ။ ပြင်ဆင်ကြမယ် ။ အကောင်းဆုံးတွေ ဖန်တီးကြမယ် ။ မျှော်လင့်ခြင်း တွေ ရုပ်လုံး ပေါ်စေမယ် ။

သို့သော်…

သို့သော်…

သို့သော်…

စာမေးပွဲ ဖြေဆိုချိန် ။ ရောက်ရှိနေသော နေရာ သည် မိမိ ဦးနှောက် မှတ်သားဥာဏ် ၊ ပြင်ဆင်ခဲ့သော ပုံစံ အမျိုးမျိုးအား အသုံးချချိန် ။ စွမ်းအားအပြည့်အ၀နှင့် အသုံးပြုခြင်း မပြုလုပ်ခဲ့လျှင် … ။ စွမ်းသလောက် ကြိုးစားခဲ့ ကြလျှင် … ။ ရှုံး ၊ အောင် အဖြေ သည် ဒီအချိန်၌ မူတည်နေသည် ။

အလုပ် လုပ်ကိုင်ချိန် ။ လုပ်ကိုင်နေစဉ် ပြီးစီးရန် ဟူသော အချိန်ကို ငံ့လင့်စောင့်ဆိုင်း သည်။ လုပ်ထုံးလုပ်နည်း များဖြင့် လုပ်ကိုင် နေကြသည်။ စမ်းသပ်လုပ်ကိုင် နေကြသည်။ သတ်မှတ်မှု အချိန် တို ၊ ရှည် သည် အလုပ်ကို ပြီးစီးချိန် ၊ အလုပ် နားချိန် ဖြစ်သည် ။

ဘ၀ ။ ဘကုန်း ကို ၀လုံးလေး ကပ်ထားသည် ။ အဘကုန်းပါမှ ၀ကလုံးမယ့် သဘောလား ။ မောပမ်း ချိနဲ့ ခါးကုန်းချိန် မှ လုံးဝန်း ပြည့်စုံမယ့် သဘောလား ။ ပြင်ဆင်ချိန်တွေ ပြန်မရဘူး ။ အရောင်တွေ ပေစွန်းလို့ ။ နှိုင်းယှဉ် သိမှု တချို့ လွဲချော်ခဲ့လျှင် … ။ ပြင်ဆင်မှုတွေ ၊ မျှော်လင့်ခြင်းတွေ ပျက်စီးဆုံးရှုံး ။ အကောင်းဆုံးတွေ ဖန်တီးခဲ့ကြသည်။

Read More...

Capture ( Alt+C )














Captures ( with JetAudio 7 ) from *She's the man* film .

Read More...

Wednesday, June 06, 2007

Jetaudio 7

Player ,if you need .

Jetaudio 7

Read More...

Proverb

*အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့ မလဲ။*
*အမေပါတယ် ဆန်ပါတယ် သင်္ချာပါတယ်*
*လူပါတယ် စားစရာပါတယ် သုံးစွဲပုံပါတယ်*
*စကားတွေပါတယ် စားသုံးမှုပါတယ် ခွဲဝေမှုပါတယ်*
*နောက်ကွယ်က ကြိုးကိုင်သူပါတယ် စပါးကိုကြိတ်ပြီး အသင့်စားနိုင်သော အခြေအနေတစ်ခု ရောက်နေသည့် ဆန်လို့ ခေါ်သော အရာပါတယ် အခေါ်အဝေါ်သတ်မှတ်ချက် တိကျမှုတွေနှင့် သုံးစွဲထားသော သင်္ချာတွေပါတယ်*
*ပျောက်နေသော အရာများစွာ ရှိနေသေးသည်။*
*ပြောရုံမျှဖြင့် ပျောက်သောသူ ရှာလျှင်တွေ့နိုင်သည်*
*သားသမီးပါမယ် သယ်ယူမှုပါမယ် သင်္ချာကျွမ်းကျင်မှုပါမယ်*
*လူပါမယ် စားသုံးမှုအမျိုးအမည်ဖြစ်သော ဆန်ပါမယ် လဲလှယ်ပုံ တွက်ချက်မှုပါမယ်*
*စကားတစ်ခွန်းရဲ့တန်ဖိုးကို နားလည်နိုင်သော လူပါမယ် အာဟာရကို တိုးပွားစေနိုင်သော ဆန်ပါမယ် နှိုင်းယှဉ်တွက်ချက် ရသော သင်္ချာပုံသေနည်း တချို့ပါမယ်*
*ချွင်းချက်တစ်ခုကို လက်ကိုင်ထားသော လူပါမယ် အရာများစွာကို ဖန်တီးပေးနိုင်သော စွမ်းအားမြှင့်တင်ပေးနိုင်သော စားစရာပါမယ် လူတို့၏ သုံးစွဲမှုကို တိကျမှုနှင့် ပေါင်းစပ်တွက်ချက်ရသော နည်းပညာတချို့ပါမယ်*
အမှားတွေကို အရှုံးပေးနေသော အမှန်တရားလေးတွေ မြင်လိုက်ရတယ် ။
အမေကိုချစ်သောစိတ်နှင့် မှတ်သားမှု အချို့ကို ပုံစံပြောင်းပေးထားသော စိတ်ထားပိုင်ရှင် သားသမီး တွေ ပါရှိနေတယ်။
မိဘမှ သားသမီးများအား သင်ကြားမှု ။ ဆန် (စားရေး) ၊ တွက်ချက်ခြင်း အခေါ်အဝေါ် သင်္ချာ (နေရေး) ။
အရေးကြီးသော ပျောက်ဆုံးမှု ။ ဘယ်အရာကို ဆန်ဟုခေါ်သော စားစရာနှင့် မလဲလှယ်ခဲ့ပါသလဲ။ ဆန်ကို ဆန်ဖြင့် လဲလှယ်ခြင်းလား ။ အခြားစားစရာ တချို့ဖြင့် မလဲလှယ်ခြင်းလား ။
ဆန်အကြောင်းပြောနေသဖြင့် ဆန်သာ ဖြစ်သည် ။
ဆိုလိုရင်းမှာ သင်္ချာတွက်ချက်မှု ပမာဏသာ ဖြစ်သည် ။
မှတ်ချက် ။ မှတ်သားမှု မှားယွင်းပါက မှတ်သားသူ အပြစ်သာဖြစ်သည် ။

Read More...

Monday, June 04, 2007

Thu

သူ

သူ အကြောင်း မပြောပြခင် သူက .. *သူကြင်မှကိုယ်ကြင်* *ချင်းစိမ်းနဲ့မိတ်သလင်* *သူသည် ထာဝရ* *သူနှင့်သာ…* ။ ဒီလိုတွေ ပြောခဲ့ကြဖူးတယ် ။ အိမ်မှ သူက ဒီလိုမဟုတ် ။ စစချင်း နေ့စဉ်တွေ့ဆုံမှုတွေ ၊ ပြောကြားမှုတွေ ၊ နားထောင်မှတ်သားမှုတွေ နှင့်အတူ သူ ကြောင့် ရင်းနှီးကျွမ်းဝင် ဖြစ်ခဲ့ရသည် ။ သူ ကြောင့် အချိန်မှန် ။ လုပ်ဆောင်မှု တချို့ အိပ်ပျက်ခဲ့ရသည် ။ သူ နှင့် သူ့ကို အုပ်ထိန်းသူ အမြဲတွဲလျှက် မတွေ့ရတတ်ပါ။ အချိန်သတ်မှတ်ချက် ပေါင်းများစွာ ရှိကြသည်။ သူ့ အချိန် နှင့် သူ့သတ်မှတ်ချက် ။ အမျိုးအစားက လည်း အစုံစုံ ။ ကာလရွေ့လျားမှု က စကားပြော လာပါသည်။ သူ နှင့် တွေ့ဆုံမှု အတားအဆီး တချို့ ရှိခဲ့သည် ။ မဖြစ်မနေ ကျော်ဖြတ်ကြရသည် ။ သူ စောင့်မျှော်နေသည် ။ သူ နှင့် တွေ့ဆုံရန် ရက်အချို့ သတ်မှတ်ပေးခဲ့ကြသည် ။ ဥပမာ ဘယ်နေ့ ၊ ဘယ်နေရာ ၊ ဘယ်အချိန် စသည်ဖြင့် ။ ပြင်ဆင်မှု ပြုလုပ်ခဲ့ရသည် ။ သူ နှင့် တွေ့ဆုံမှု က အရေးကြီးသည် ။ ရင်ခုန်နှုန်း မြန်စေခဲ့သည် ။ ပျော်ရွင်ခြင်း ၊ စိတ်ရှုပ်ထွေးစေခြင်း ။ အချိန် အားလပ်သလို အသုံးချနိုင်မှု စွမ်းရည် တချို့ မြှင့်တင်ပေးနိုင်ခြင်း ၊ ကျဆုံးသော အခြေအနေများ ဖြစ်စေခြင်း ၊ အတွေးပွား ဦးနှောက်အလုပ်များ ပျင်းစေတတ်သော အရာများစွာ ယူလာပေးခြင်း ။ များစွာသော အခြေအနေများ သူ နှင့် မတွေ့ရချိန်မှာ ခဏချက်ချင်း စဉ်စပ်မပြတ် ဖြစ်လာခဲ့သည်။ ရင်ခုန်ရသည် ။ မျှော်လင့်ရသည် ။ ကြိုးစားရသည် ။ မောပမ်းရသည် ။ စားရသည် ။ အိပ်ရသည် ။ အနားပေးသလို ပျင်းရိခြင်းများ တွဲခိုခဲ့သည်။ သူ နှင့် တွေ့လျှင် ဘာပြောရလဲ ။ ဘာတွေ ဖြစ်လာနိုင် မလဲ ။ ဘာထပ် လုပ်ပေးရဦးမလဲ ။ သူ ကြင်နာမှ ကိုယ် ပျော်ရွင်နိုင်မည် ။ ဒီတော့ သူ့ ကို အရိပ် တကြည့်ကြည့် ကိုယ်နှင့်မကွာ ဖြစ်လာခဲ့သည် ။ အုပ်ထိန်းသူ ကြည်ဖြူလျှင် သူ နှင့် တွေဆုံချိန်တွင် ပျော်ရွင်ရသည် ။ သူက သဘောမနော ကောင်းခဲ့လျှင် ပိုမို ကြည်နူးရသည် ။ အကယ်၍သာ အုပ်ထိန်းသူ နှင့် သူက ကြင်နာမှု မပေးခဲ့လျှင် ကြေကွဲရသည် ။ ၀မ်းနည်းရသည် ။ စိတ်ပျက်စွာ ခံစားချက်မဲ့ သလို ဖြစ်ရသည် ။ * ကိုယ် ကြင် ၊ ကိုယ် ကြိုး ၊ ကိုယ် စိတ် ၊ ကိုယ် နိုင် ။ ကိုယ် ကြင်မှ သူကြင်မယ် ။ ကျောင်းသား နှင့် စာမေးပွဲ ။ လာကွယ့် ဖြေမယ် ။ ဘယ်နေ့လဲ ။ ­*

Read More...

For you

မင်းအတွက်

ဈေးသွားကာဝယ် ၊ မင်းအတွက်ပေါ့

တွက်ချက်မှုတွေ ၊ မင်းအတွက်ပေါ့

စဉ်းစားမှုတွေ ၊ မင်းအတွက်ပေါ့

ပြင်ဆင်မှုတွေ ၊ မင်းအတွက်ပေါ့

အိပ်စက်မှုတွေ ၊ မင်းအတွက်ပေါ့

မောပမ်းခြင်းတွေ ၊ မင်းအတွက်ပေါ့

ဆွေးနွေးမှုတွေ ၊ မင်းအတွက်ပေါ့

ငြင်းခုန်မှုတွေ ၊ မင်းအတွက်ပေါ့

မှတ်သားမှုတွေ ၊ မင်းအတွက်ပေါ့

အလျော့ပေးတယ် ၊ မင်းအတွက်ပေါ့

လိုချင်မှုတွေ ၊ မင်းအတွက်ပေါ့

ငတ်မွတ်မှုတွေ ၊ မင်းအတွက်ပေါ့

အားအင်ကုန်ခမ်း ၊ မင်းအတွက်ပေါ့

ချက်ပြုတ်ခြင်းတွေ ၊ မင်းအတွက်ပေါ့

စားသုံးမှုတွေ ၊ မင်းအတွက်ပေါ့

ရပ်တန့်ခြင်းတွေ ၊ မင်းအတွက်ပေါ့

တောင်းပန်ခြင်းတွေ ၊ မင်းအတွက်ပေါ့

စိတ်ဆိုးခြင်းတွေ ၊ မင်းအတွက်ပေါ့

ခွင့်လွှတ်ခြင်းတွေ ၊ မင်းအတွက်ပေါ့

နားလည်မှုတွေ ၊ မင်းအတွက်ပေါ့

ဖြစ်ပျက်ခြင်းတွေ ၊ မင်းအတွက်ပေါ့

မျှော်လင့်ခြင်းလေး ၊ မင်းအတွက်ပေါ့

ဆန္ဒနှင့်ဘဝ

ထပ်တူကျဖို့

မင်းအတွက်ပေါ့

Read More...

Saturday, June 02, 2007

A short life

ဘ၀တစ်ခု ရဲ့ ၀တ္ထုတစ်ပုဒ်


ဖြစ်ပုံက ဒီလို နားတွေရှိတယ် ။ ဒီတော့ ကြားတယ်။ ကြားချင်ရင် နားဆင်ပေါ့ ။ လူ၏ *ချစ်ခြင်း ၊ မုန်းခြင်း ၊ စိတ်ခံစားမှု* ။ ချစ်ခြင်းက ကြည်နူးခြင်းတွေ ၊ ပျော်ရွှင်ခြင်းတွေ ၊ အမှတ်တမဲ့၏ အမှတ်တရ ၊ ဖွဲ့နွဲ့မှုပေါင်းစုံ ။ မုန်းခြင်းက မိမိကိုယ်ကို မကျေနပ်မှု ၊ သတ္တိပျောက်ဆုံးမှု ၊ အတ္တကြီးမားမှု ၊ မထင်မှတ် ၊ မမျှော်လင့် ၊ မလိုချင် ဒီအချိန်များတွင် ဖြစ်ပေါ်လာသော ဖြစ်ပျက်မှုပေါင်းစုံ ။ ပတ်ဝန်းကျင် ၏ ပြောင်းလဲခြင်း နိယာမ နှင့် အချိန် ကုန်ဆုံးမှု ။ တည်ရှိလာသော စိတ်ခံစားမှု များစွာဖြင့် ပါဝင်လှုပ်ရှား ခဲ့ကြသည် ။ ပြောင်းလဲမှု နှင့်အတူ ပျော်မုန်း ချစ်ရှုံး စိတ်လှုပ်ရှားစေခဲ့သည် ။ ငြိမ်သက်ရပ်တန့် သတိ ဖြင့် မြင်လာ ၊ သိလာသောအခါ ပျောက်ပျက်မှု ၊ ကျန်ရှိမှု ၊ ဖြစ်ပေါ်ပြောင်းလဲမှု များစွာ တည်နေသည်။ *မသိခြင်းများစွာကို သိချင်လာသည်*။ မေးကြည့် ပေါ့ ။ မလွယ်ကူသော အလုပ်မှာ ဖြေချင်စိတ် ရှိမရှိ မသိသော အခြေအနေမျိုးတွင် မေးကြည့်ခြင်း ဖြစ်သည် ။ *လုပ်သင့် မလုပ်သင့် ၊ သင့်တော်၏ မတော်၏ ၊ နားလည်မှု မည်မျှ ပါဝင်သော မေးခွန်း ။ အဖြေ ။ ဖြစ်ပျက်မှုကာလ အပိုင်းအခြား သတ်မှတ်ချက် ရှိခဲ့သည် ။ အသက် သက်တမ်း (၉၀)ခုနှစ် အသက် (၃၀)အောက် လူတစ်ယောက်၏ အသက်(၁၈)နှစ် နှင့် (၂၅)နှစ် အကြား ပါဝင်လှုပ်ရှားခဲ့သော ၀ထ္တုတစ်ပုဒ်စာ ဘ၀အပိုင်းအခြား တစ်ခု၏ ဖြစ်ရပ်မှန် ။ ဆက်ရန် ကျန်ရှိသည် ဟု ပြောနိုင်သော ဘ၀ ၀တ္ထု တစ်ပုဒ် ။ ပြီးပါပြီ ။…။ ရှိခဲ့သည်။

Read More...

Friday, June 01, 2007

Lazy human

လူပျင်း
လူတစ်ယောက် ပျင်းဖို့တွက်ကယ်
ချိန်တွေကုန် ၊
ပျင်း လျှင်ဖြင့် ဖျင်းသွားတာက
သေချာတယ် ။
သွေးထားဓား ကြာလျှင်ပါးတယ်
ခပ်လွှလွှ ၊
မသုံးလျှင် ဖြင့် သံချေး ထပ်တာ
သေချာတယ် ။
သေချာကြော်ငြာ ပျင်းဖို့ ကွယ်
လူလိုတယ် ၊
ကူကွယ့် ပျင်းမယ် မို့လား။


*လွယ်လွယ်လေး*
*ဒီနေ့အလုပ် ဒီနေ့ ပြီးအောင်လုပ်*
*နောက်နေ့*
*ငှက်ပျောသီး အခွံနွာရတာ ခက်မယ်*
စကားတွေပေါ့ ။ ပျင်းမယ် ၊ အလုပ် လုပ်ကိုင်နည်းတစ်ခုကို လေ့လာတယ် ။ ဒါလေးပြောပြ ၊ သိမှ လုပ်တတ်မယ် ။ လူပျင်းက ဘယ်လိုလုပ်ရမလဲ။ မေးမယ် ။ လုပ်မယ် ။ ဟော ဆင်ခြေ။ ဒီလိုလုပ်လို့ မရဘူးလား ။ ရတယ် ။ ဒါမျိုးပဲ လုပ်မယ် ။ ပျင်းတယ်ဆိုတာ လွယ်တာမှတ်လို့ ။ ဥပမာ ဒါလေးစား ။ စားတာက ဟုတ်ပါပြီ ။ ဘယ်လို စားရမှာလဲ။ ပြောကြတယ် ။ *အရိုးပါနွှင်ပေးပြီးသား ခွံ့ကျွေးရမယ်* ။ ခွံ့ကျွေးတာမပြီး ။ ဘယ်လို ၀ါးရမလဲ ။ ၀ါးရုံနှင့် မတင်းတိမ် ။ ဘယ်လို မျိုချရမလဲ ။ ကန်တော့ပါ ရဲ့ ခင်ဗျာ ။ အိမ်ရဲ့ အသာယာဆုံးနေရာမှာ ဘယ်လို ပုံစံ ၊ အရောင်တွေ ဖြစ်ပေါ်နိုင်သေးလဲ ။ အစာရော ကြေပါ့ မလား ။ စားမှာသာစား ။ စကားများနေတယ် ။ အလုပ်ဖြင့် မလုပ်ရသေး ပျင်းဖို့က အရင် ။ *ပျင်းလျှင် ဖျင်းမယ်* ။ ပျင်းပုံပျင်းနည်း မတတ်လျှင် ပျင်းဖို့ မကောင်းပါ ။ ( ဘန်းစကားလေး ။ ဝေးတယ်ကွယ် ၊ ပိန်း လိုက် တာ ။ )

far = ဝေး ၊ လွန်လေပြီးသော ကာလ ။
Pain = ပိန်း အသံယူထားသည် ။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်