Tuesday, July 31, 2007

Cry!

Shwe moe ko Nyo ta lar may tal , Shwe moe yal the` ma sall tal , Ngo tone sol lar .
ရွှေမိုးကို ညိုသလားမေးတယ် ၊ ရွှေမိုးရယ် သည်းမစဲတယ် ၊ ငိုတုန်းဆိုလား ။

I love walking in the rain coz no one knows that I'm crying..Hate all thingsss!!!!!!

မိုးရွာတုန်းလား

ငိုတုန်းလား

စိုနေတုန်းလား

မုန်းနေတုန်းလား

ပြုံးဖို့ရာ မေ့နေတုန်းလား

လမ်းလျှောက်နေတုန်းလား

သိတော့သိချင်သား

ငိုလားမငိုလား ... ပြောပြချင်တုန်းလား

ပြောချင် မပြောချင် မသိသေးဘဲ မေးမိတာ အပြစ်တဲ့လား

ငိုနေတုန်းလား...

Read More...

Equal to

ညီမျှခြင်း

လူသား ။ ကလေးမွေးကင်းစလေး အူဝဲအော်ခဲ့တယ် ။ ဆရာဝန် ၊ ဆရာမ ကျောပုတ်နှိုးလို့ ဖြစ်စေပေါ့ ။ ကျောင်းနေစ ကျောင်းမသွားချင်တာ ၊ စာမကြည့်ချင်တာ ။ ကျောင်းပျော်စ ကျောင်းကို ခင်တွယ်မိတယ် ။ အလုပ်ခွင် နဲ့ ပညာရေး ရောထွေးနေတဲ့ လူလတ်အရွယ် ပျင်းရိခြင်းတွေ တွယ်ကပ်နေတယ် ။ လေးဆယ်ကျော် ငါးဆယ်အတွင်းမှာ ပြန်ဆုံကြတယ် ငယ်ချစ်ဦးရယ် … မင်းမှာလည်း အကြွေးတွေနဲ့ … ကိုယ်မှာလည်း ကလေးတွေနဲ့ ။ သူနာဆောင်တက်နေလို့ မပျော်နိုင်သလို ၊ တရားမွေ့လျော် ပျော်ပိုက်တာလည်း အရွယ်တရားပဲ ။ မှန်မှားမကွဲပြားချိန် သေဆုံးခဲ့ပြီ ။ *သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။*
ကဗျာဆရာဇော်ဂျီ ရေးခဲ့သော ကဗျာ တစ်ပုဒ်ဖတ်ဖူးပါ၏ ။

ညီမျှခြင်း ။ တူညီသည် ။ သင်္ချာတွက်ချက်ခြင်း၌ အလွန်အသုံးဝင်သည် ။ ၁ = ၁ ။ သို့သော် ၅ သည် ၆ မဟုတ်ပါ ။ ၅ မညီမျှခြင်း ၆ ဟု ရေးသည် ။

လက်တွေ့ လုပ်ဆောင်ချက် ။ သူ့ကို ကျွန်တော်ကြည့်မရပါ ။ ကျွန်တော်မကြိုက်သော အရာများစွာ သူလုပ်ဆောင်သောကြောင့် ဖြစ်သည် ။ သူကလည်း ကျွန်တော်ကို မကြည်ဖြူပါ ။ သူ မနှစ်သက်သော အရာများစွာ ကျွန်တော်လုပ်ဆောင်သောကြောင့် ဖြစ်သည် ။ သူ ညီမျှခြင်း ကျွန်တော် ဟု မရေးဖြစ်ပါ ။ သူ့ဆန္ဒ မညီမျှခြင်း ကျွန်တော့်ဆန္ဒ ဟု ပြောဆို သုံးနှုန်းဖြစ်သည် ။ ဒါလည်း ညှိနှိုင်းမရနိုင်သော ညီမျှခြင်းပါ ။

*****

လိုချင် လောဘ

ထိန်းမဲ့ ဒေါသ

ထွေပြား မောဟ

ဤသုံးဝတို့

တည်ဆဲ လူ့စိတ်

ရှင်စော ဘုရင်

ဘယ်ကမ္ဘာတိုင်မှ ရှုံးပါအံ့ ။

Thank a lot! Ma Melodymaung

Read More...

Sunday, July 29, 2007

Mind

စိတ်သာရှင်စော ဘုရားဟော

အရှင်သခင် စိတ်

ကျွန်ဖြစ်ရ သတိဝေးချိန်

စေလိုရာစေ ထားလိုရာထား

သခင့် ၀တ်ကျေပွန်မည့်

မဟာလူသား

စိတ်သွားတိုင်း ကိုယ်ပါစေဗျား ။

မှတ်ချက် ။ လက်တွေ့မှာ ထိန်းသိမ်းမှု အားနည်းနေဆဲပါ ။

Read More...

Lough


Get music video codes at Bolt.

Read More...

Wishes

ဆန္ဒများစွာ

အချိန်တွေ တရွေ့ ရွေ့ ကုန်ဆုံးသွားသည် ။ မနေ့ကဖြစ်ခဲ့တာ ၊ မနက်ကဖြစ်ခဲ့တာ အားလုံး ပျက်စီးသွားကြပြီ ။ ဆန္ဒတွေ ပြီးဆုံးခဲ့သည် ။ အသစ်တွေ ထပ်ဖြစ်လာပြန်ပြီ ။ အသစ်။ ဟုတ်ပါတယ် ၊ အသစ်ပါပဲ ။ ဒီနေ့အတွက် ၊ ဒီမနက်အတွက် အသစ်ပါပဲ ။ ယနေ့တွေ လတ်ဆတ်နေဆဲပါ ။ ယခုတွေ အားသစ် လောင်းနေဆဲပါ ။

· * ဖြစ်ချင်တိုင်းလည်း မဖြစ်ရပါ ၊ အဲဒါ … အဲဒါ … ဘ၀သံသရာ * သီချင်းဆိုတာလား၊ ညည်းချင်းဟစ်ကြွေးသွားတာလား ။ မသိလိုက်ပါ လို့ ပြောပြဖြစ်တာက သတိလေး ထားမိသွားတာပါ ။ ပေါက်ကွဲပစ်လိုက်ပါ ။ လူသိသလို ၊ လူမသိအောင် ဟစ်ကြွေးလို့လည်း ရပါတယ် ။ ရိုင်းစိုင်းတာလည်း ရှိမပေါ့ ။ ရိုင်းနေမကျရင် မရိုင်းဖြစ်ပါဘူး ။ ဒေါသ နဲ့ သတိ ကွဲသွားရင်တော့ မပြောတတ်ဘူး ။

· တွေးတာက ထမင်းဝလို့တဲ့ ပြင်ဆင်နေသော ၀ီရိယကပြောသွားတယ် ။ ထမင်းမ၀လည်း တွေးလို့ရပါတယ် ။ ဘာတွေတွေးလို့ ဘာတွေထမင်းဝဖို့လိုတာလဲ။ မောဟကြောင့် တွေးတာလား ။ လောဘကြောင့် ရမ္မက်တွေ လျှံတက်လာတာလား ။

· အတ္တသမ္မာ ကုန်သောလေ တဲ့ ။ သီချင်းသံတော့ ကြားဖူးတယ် ။ ထားပါ ။ ဒါလည်း ဆန္ဒ ။ ဖြစ်နေတာကို ဖြစ်နေတယ် ။ ပျက်သွားတာကို ပျက်သွားတယ် ။ တရားသံ ပါတာလား ။ ဘ၀ဆန်တာလား ။ အတ္တတွေများ ကြီးသွားသလား ။ ကိုယ်တိုင်က ဘာတွေ လိုချင်နေလို့လဲ ။ ပြန်မေးရင်တောင် မလောက်ငှသော မေးခွန်းများစွာ…။

· ဖြစ်သင့်ဖြစ်ထိုက်တာကို လက်သင့်ခံတာလည်း မင်္ဂလာရှိမှာပါ ။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတာပဲ ။ သံဝေဂရတာလား ။ သံယောဇဉ်ပြတ်တောက်သော လစ်လျူရှုထားခြင်းပဲ။

· ဒီဘ၀ ဒီမျှသာ လို့ ဘ၀ရုပ်ရှင်၏ နောက်ဆုံးရိုက်ချက်လား ။ အကယ်၍သာ ….. ။

မှတ်ချက် ။ လူသားတွေ ညီမျှစွာ လုပ်ဆောင်နေသော ဆန္ဒများစွာ မျှတခဲ့သော် ။ ကောင်းလေစွ ။

***

ဆန္ဒများစွာ

ဖြစ်ပျက်ကြောင်းက

မှန်မှာမသွေ

လာပါချေလည်း

လိုတမရ အမွှေးတိုင်မဆောင်

ဆုတောင်းကြရအောင် ။

Read More...

Friday, July 27, 2007

To middle age

လူလတ်ပိုင်းအရွယ်သို့

စာမေးပွဲအောင်သတင်းကို ရင်ဝယ်ပိုက်ပြီး အိမ်ကို ပြန်လာခဲ့သည် ။ ဒီကနေ့ တမျိုးကြီးပဲ ။ အရာအားလုံး ရွှင်ပြုံးနေကြတယ် ။ အိမ်မှာ ကြိုနေတဲ့ မိဘတွေ မျက်နှာဟာ အသာယာဆုံးပဲ ။

*ဟင်း … ကျော်ထက်က ကျတယ်*

လေပွေလေးမွှေသွားခဲ့တယ်။ လွမ်းစရာ ရှမ်းတောင်တန်းတွေ မျှော်ပြီးကြည့်တော့ ထိုင်းထိုင်းမှိုင်းမှိုင်း ။ စိတ်လေတယ်ကွာ ဆိုတာ ဒါမျိုးပဲလား ။ သူငယ်ချင်းတွေ အားလုံးလည်း ဂုဏ်ထူးတွေ ၊ ရွှင်ပြုံးတဲ့ မျက်နှာတွေ ကိုယ်စီနဲ့ပါ ။

ဘာဖြစ်ဖြစ် အမှတ်စာရင်းရတဲ့အခါ အမှတ်များမှာပါ ။ အောင်မှာသိပါတယ် ။ သေချာချင်ကြတဲ့လူတွေအများကြီးပါ ။ အားပါး ဂုဏ်ထူးတွေ အများကြီးပါတဲ့လူက ငိုနေတယ်။ ဘာသာစုံမထွက်လို့တဲ့ ။ ကျွန်တော်မျိုးကြီး သေသင့်တယ် ။

စာသင်ခန်းတွေဘက် ခဏလျှောက်ကြည့်တယ် ။ အပြန်မှာ လူရှင်းသွားပြီ ။ သေချာအောင်ထပ်ကြည့်တယ် ။ အော် လူတူမရှား နာမည်တူမရှားပါလား ။ ကိုယ့်နာမည်နဲ့ လူတွေ နည်းတာမဟုတ်ဘူး ။ အဲ (၄)ယောက်လောက်ရှိမယ် ။ ခုံနံပါတ်တွေလည်း ကြီးတာတွေရော ၊ ကိုယ်နောက်က ခုံနံပါတ်ရော ၊ အပြင်ဖြေတွေဖြစ်မယ်ထင်ပါရဲ့ ။

အိမ်ရောက်ပြီးမှ အပြင်ပြန်ထွက်တော့မယ်။ မောပမ်းပြီး ခဏမှေးခနဲဖြစ်သွားတယ် ။ ကိုယ်သိတဲ့ ကိစ္စကို မှန်မမှန် သေချာ စုံစမ်းချင်သေးတယ် ။ စာမေးပွဲအတွင်းမှာ ကူညီခဲ့တဲ့ အစ်မတွေ ၊ အစ်ကိုတွေ ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်ဖြစ်တယ် ။ အောင်စာရင်း ထွက်ချိန်မှာ ကြားချင်တဲ့ သတင်းစကားက *အောင်တယ်* ဆိုတာပဲလေ။

ဘာပဲဖြစ်ဖြစ် လူဆိုတာ ကဏ္ဍခြားတတ်ရတယ် ။ ချစ်သူအတွက် လာကြည့်တဲ့လူ ရှိသလို ၊ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်တွေလည်း လာကြည့်ကြမှာပဲ ။ အောင်ရင် ပျော်ပြုံး ၊ ရှုံးတော့ မှိုင်တွေငေးတုန်းပေါ့ ။ တနေ့လုံး ဟိုဒီက လူတွေအကြားမှာ (၁၀)တန်းအောင်စာရင်းထွက်ပြီဟေ့ ဆိုတဲ့ သတင်းက လူးလာခေါက်တုံ့ သွားလာနေတယ် ။

ညပိုင်း ။ နားအေးပါးအေး စက်ဘီးလေးစီး ၊ အပျော်လွန်ပြီး အမြန်နင်း လမ်းအကူး…

---

*၀ုန်း ၊ ဂျိမ်း ၊ ခွပ် ၊ ချလွင်*

*ဟဲ့ အို တိုက်ကုန်ကြပြီ*

*တောင်းပန်ပါတယ်*

*ကျွန်တော် လမ်းမှားပြီး စီးလာတာပါ*

*ဘယ်နာသွားသေးလဲ ခင်ဗျာ*

*ခွက်တော့ ကွဲသွားပြီ*

*တော်သေးတယ် … လူဘာမှ မဖြစ်လို့*

စက်ဘီးချင်းတိုက်မိပြီး ထွက်လာခဲ့တယ် ။ အစ်မတစ်ယောက်ရဲ့ အိမ် ဒီနားမှာ ရှိတယ် ။ ခြေထောက်ဆေးဦးမှ ။ ဟာ… သွေးတွေ …. သွေးတွေ … ။

***

*နိုးပြီလား*

*ဒီနေ့ရော ကျောင်းသွားရဦးမှာလား*

*အေး*

ချစ်သူပျိုသာဆို ပြုံးနေလောက်ရဲ့ ။ အခုတော့ မိုးမည်းဖွဲဖွဲမှာ ကျောင်းရောက်ပြီး တစ်ယောက်တည်း ကျစ်ဆံမြှီးတွေ ကျစ်နေရတယ် ။ ဆံပင်လေးတွေဖြစ်လိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ ။ အခုတော့ ၀ါယာကြိုးတွေ ။ လက်လည်း ခဲပူတို့မိဦးမယ် ၊ သတိထားဦးမှ ။ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေ ထားသိုပုံ သင်နေရတဲ့ အတိုင်းပဲ ။ ဒီပုံးကို ဒီပေါ်တင် ။ ဒီစင်ကို ဒီနားထား ။ ဟိုဘက်က ပါဝါခလုတ်တွေဖြုတ် ၊ ဟိုနားက ကြိုးတွေ ဒီဘက်ရွေ့ ။ ကြိုးတွေ ဆက်ဖို့လိုတယ် ။ ကြိုးအတိုင်းအတာလေးနဲ့ ဖြတ် ၊ ခဲပူနဲ့ ထိပ်ပိုင်းလေးတွေ လုံးထားတယ် ။ အဖြူ နဲ့ အနက် ။ လှလိုက်တာ ၊ ကိုယ်တိုင်ကျစ်ထားလို့လား မသိဘူး ။ လက်တွေ ပူထူနေတာပဲ ။

***

အော် နောက်တောင်ကျနေပြီပဲ ။ မနက်ဖြန်မှ ပြန်လာဆက်ရမယ် ။ မိုးဖွဲကလည်း နေသာတလှည့် မိုးတလှည့်နဲ့ ရွာတုန်း ၊ ရွာကောင်းတုန်း ။ တစ်ခါလာ ဘူးသီးဟင်းခါး။ ငရုတ်ကောင်းမှုန့် အရည်ဖျော်သောက်နေရတဲ့အတိုင်းပဲ ။ အာလူး(၂)လုံး (၈)စိတ်ရတယ် ။ ဘူးသီးနဲ့ ရောမွှေပေးလိုက်တယ် ။ ဂျင်းလက်တစ်ဆစ်လောက် ရိုက်ထည့်တော့ မွှေးသွားပြီ ။ အဖြူထည်ကြီးသောက်နေရမယ် ၊ ငံပြာရည်လေး လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက် ၊ ဟော ညိုသွားပြီ ။ ဆား ၊ အချိုမှုန့်က အနေတော်ပဲ။ မီးပိတ်ထားမှ ။ မီးအပူ၊ ရေအကျ အနေတော်လောက်ပဲ ။ ဟီး ။ ၀က်သားကလည်း မနူးနိုင်ဘူး ။ ရေထပ်ထည့်ပြီး အိုးပါဖုံးထားလိုက်တယ် ။ ဆန်က အသစ်မို့ထင်တယ် ၊ ရေမှန်းထည့်တာ ပျော့သွားပြီ။ ရေချိုးပြီးရင် ကျက်ပြီ ၊ စားရုံပဲ ။ ခေါင်းနောက်သလိုဖြစ်နေတယ် ။ ရာသီဥတု အေးလို့နေမှာပါ ။ ရေချိုးပြီး အနွေးလက်ရှည်လေး ၀တ်ထားတယ် ။ ရေနွေးကြမ်းပူပူလေး သောက်ဦးမှ ။

Read More...

Wednesday, July 25, 2007

Done

မအိပ်ခင်မှာ

၁။ကြည့်တာက ကိုရီးယားကား ၊

၂။စားတာက ခရမ်းချဉ်သီးအနှစ်နဲ့ ကြက်ဥပြုတ်ပြီးချက် ၊

၃။ဖတ်တာက အက်ဒရတ်လို့ ခေါ်တဲ့ လိပ်စာတွေ ၊

၎။မှတ်တာက ခေါင်းမှ ဦးနှောက် ၊

၅။ဘေးနားမှာ အော်ခိုင်းထားတာက ဟစ်ဟော့ပ်နဲ့ ကြုံတုန်း ၊

၆။ခံစားမှုပါပြီးဖတ်ချင်တာက လက်နဲ့ကိုင်ဖတ်မယ့် မြန်မာ ၀တ္ထုတစ်ပုဒ် ၊

၇။ပြောဖြစ်တာက မအားတဲ့အကြောင်း ၊ မကောင်းတဲ့အကြောင်း ၊

၈။အားတိုင်းပြောချင်တာက ကျေးဇူးတင်တဲ့အကြောင်း ၊

၉။လူတွေ့တိုင်း ပြုံးပြတတ်အောင် သင်ခဲ့တဲ့ ငယ်ဘ၀အကြောင်း ၊

၁၀။ဆယ်ချက်ပြည့်အောင်ရေးမယ် ဆိုတဲ့ ဆုတောင်းသံစဉ်

*I afraid that I will change*

---

အိပ်ပျော်သွားတော့ ဘာမှမသိဘူး ။ အိပ်မက်လည်း မမက်ဘူး ။ နိုးလာတော့ မနက်ရောက်နေပြီ ။ မီးဖိုအရင်သွားဖွင့်တယ် ။ မြန်မြန်လုပ်မှပဲ ။ နောက်ကျနေပြီ ။ အ၀တ်လဲနေတုန်း ဟင်းနွေးထားလိုက်တယ် ။ ရေနွေးလည်း ပွက်ပြီ ။ ထမင်းကို ထမင်းမှန်းသိအောင် မှတ်စားတယ် ။ ရေနွေးက အနေတော်ပဲ ၊ ပူနွေးလေး သောက်လို့ရပြီ ။ မိုးရွာနေတယ် ။ မိုးကာဝတ် ၊ ထီးပါယူပြီး စာအုပ်တွေစစ်ထည့် ။ ကျောပိုးအိတ်လွယ်ပြီး မိုးကာချွတ်ထပ်ဝတ်လိုက်တယ် ။ မိုးဖွဲပါ ။ အာ… ။ တော်တော်ရွှဲကုန်ပြီ ။ ထီးဆောင်းမှ ။ မီးပွိုင့်လေးစိမ်းတုန်း ပြေးမှပဲ ။ လမ်းပေါ်ကရေတွေ ဖိနပ်ထဲထိဝင်ကုန်ပြီ ထင်တယ် ။ စိုစိစိုစိနဲ့ ။ လေလည်းတိုက်မိုးရွာတော့ မတတ်နိုင်ဘူး ။ ရောက်အောင်တော့ သွားရမှာပဲ ။ မိုးရေထဲ မလျှောက်ရတာ ကြာတော့ ပြုံးမိသွားသေးတယ် ။ အော် မိုးရယ်ပေါ့ ။ မိုးသည်းက မိုးလည်လေး ကျောင်းရောက်တော့ သူမဟုတ်သလို တိတ်သွားပြီ။ မလည်တဲ့လူက စိုရှာပြီ ။ ဆရာမရှိသေးဘူး ။ ဖတ်စရာ စာအုပ်လည်းမရှိတော့ အနက်ရောင်စခရင်မှ လမ်းညွှန်ချက်အချို့ကို လိုက်ကလိနေတယ် ။ အရေးကြီးတဲ့ ဆော့ဝဲလ်သုံးလို့က မရတော့ဘူး ။ အင်း … ကွန်ပြူတာနာမည်ပြောင်းလိုက်လို့ထင်တယ်။ ထုံးစံပေါ့ ။ ကူညီပါ အက်ဖ်စ်ဝမ်း ရယ် ။ ဘာတွေကူနေမှန်းကို မသိဘူး ။ ဟိ ။ မဖတ်တာက မရှုပ်ဦးမယ် ။ ကူသလောက်လေး မှတ်ထားပေါ့ ။ ပေးတာက အတိအကျ ၊ ယူတဲ့လူရသွားတယ် ။ ၄၅% ။ *အခြေခံအားနည်းတာ မရှက်နဲ့ ကြိုးစားတဲ့* ကျေးဇူးတင်ပါတယ် ဆရာရယ် ။ ဟော… လွမ်းပြန်ပြီ ။ လွမ်းတိုင်း…တမ်းရလျှင်….. ။ ဖတ်ထားတာခဏရပ် ၊ ၀က်အူလှည့်နဲ့ ဖရိန်တွေ ဖြုတ်တပ် ၊ အဆင်သင့်အောင် စနစ်တကျပြန်ပြီး မှတ်သား လုပ်ကိုင် ၊ ကွဲစရာ ရှစရာတွေ ဂရုစိုက်တယ် ။ အော် တီထွင်ပြီးသား (၂)ခုကို ပေါင်းစပ်နိုင်တာလည်း ဆက်သွယ် ချဲ့ထွင်တာပဲ။ စု ၊ တု ၊ ပြု ။ စုဆောင်းမှတ်သားပြီး တုပလုပ်ကိုင်တယ် ။ ရလာတဲ့ အမှားတွေ ၊ အသစ်တွေ ပြုစုထားမှပဲ ။ ပြန်ချင်ပြီ ၊ နက်ဖြန်လာရမယ် ။ မြန်မြန်လုပ်လည်း အချိန်ကနောက်ကျနေပြီ ။ ဈေးဆိုင်ဝင်ခဲ့တယ် ။ ပါလာတဲ့ ပစ္စည်းထဲက ရေရှည်ခံတာဆိုလို့ ဆပ်ပြာမှုန့်ဘူး နဲ့ ဆန်ထုပ်ပဲထင်ရတယ် ။ ကုန်တာတော့ တူတူပဲ ။ ဈေးကပုံမှန်ပါပဲ ။ အဲ့ တွန်းလှည်းထဲက ကလေးလေးကို ပြုံးပြတယ် ။ ဒီလူကြီး ဘာကြီးတုန်းပေါ့ ။ ဟိ ။ ပြန်ပြုံးပြတော့ သူပြုံးကိုယ်ပြုံး မှန်လေးတစ်ချပ်ရခဲ့တယ် ။ ခေါက်ဆွဲခြောက်အမြန်စားမှပဲ ။ ဗိုက်ကတော်တော်ဆာနေပြီ ။ ရေနွေးပွက်ပြီးသားပဲ ။ အာ… ဘာနံ့လဲ ။ အော် ထောပတ်လိုလိုနဲ့ ၀ါဝါနှစ်တွေ ။ လာထား ကြက်သွန်ဖြူနှစ်စိတ် ။ ဆနွင်းများသွားပြီ ။ ဆီကျက်ပြီးပဲ မာစပ်စပ်နဲ့ချလိုက်တော့မယ် ။ ရေနွေးထပ်ထည့်တယ် ။ နှစ်လုံးချက်ထမင်း ပေါင်းအိုး တစ်အိုးစာဖြစ်သွားပြီ ။ မြည်းကြည့်ပါဦး ။ ဖြစ်သလိုပဲ ၊ မြန်မှမြန် ။ ဆားထည့်ထားတယ် ။ ရေချိုးပြီးစားခဲ့တယ်။

Read More...

Tuesday, July 24, 2007

Pork

ဝက်သား

ကိုသာဝ ပုထိုက်ထိုက်

အသား သူ မကြိုက် ။

မသူဇာ ပိန်ပါးပါး

အဆီ သူ မစား ။

ကိုသာဝ နဲ့ မသူဇာ

အိမ်ထောင်ကျသောအခါ ။

တနေ့ခါ ၀က်သားချက်

ဝိုင်းအလယ်မှ တခွက် ။

ကြိုက်သူရွေးစား

ထိုဝက်သား

ဆီတစ်စက်မှ မကျန်ဗျား ။

ဆွမ်းဟင်းချိုင့်ပို့သောအခါ ၊ ၀က်သားဟင်းချက်သောအခါ ပြောပြပြီး ချက်ကျွေးသော မွေးသမိခင်သို့ ။

ယနေ့ ၀က်သားသုံးထပ်သားဟင်းကို အဆီအနှစ်များများဖြင့် ချက်ကျွေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည် ။

Read More...

Morning

မောနင်း

ညတွေဘယ်လောက်ပျက် ပျက်

မောနင်းပါ ။

အစာတွေဘယ်လောက်ကောင်း ကောင်း

မောနင်းပါ ။

လူဘယ်လောက်ဆိုး ဆိုး

မောနင်းပါ ။

စိတ်ဓာတ်တွေကျ ကျ

မောနင်းပါ ။

အ၀င်ကောင်းအထွက်ဆိုးရောဂါတိုး တိုး

မောနင်းပါ ။

ဆရာနှင့်တွေ့လို့ စာတွေကြိုး ကြိုး

မောနင်းပါ ။

ဘာမှမဟုတ် ဟုတ် ဟုတ် ဟုတ်

မောနင်းပါ ။

သံသရာတွေလည်တယ်လည်တယ်

မောနင်းပါ ။

ဝဋ်တွေလိုက်လိုက်

မောနင်းပါ ။

ပုံစံတွေပြောင်းပြောင်း

မောနင်းပါ ။

အိပ်ရက်ရှည်တိုးလို့ အိပ်မက်က မနိုး နိုး

မောနင်းပါ ။

လောလောဆယ်စားမကောင်း ကောင်း

မောနင်းပါ ။

ဒီမောလေး နင်းဖို့ကို နက်ပေါ်ရောက်လာရလို့ ကျေးဇူးပါ မောနင်း ရယ် ။

(မောနင်း = Morning) ဖိနပ်သစ် မှားစီးသွားတယ် ။

ခွင့်လွှတ်ပါ မောနင်း ရယ် … ။

Read More...

Saturday, July 21, 2007

Dream-4

(၁၉)ရက်နေ့ကပေါ့ ။ မနက်ပိုင်း ဘုရားခန်းမှာ ဖခင်တစ်ယောက်သေဆုံးမှုအတွက် ဒါနပြု တရားရွတ်ဆို အမျှဝေခဲ့ကြတယ် ။ (၁၂)နာရီလောက်ပေါ့ ။ ကျောင်းမှာ ဆရာ နှင့်သွားတွေ့တယ် ။ ဆရာက ကွန်ပြူတာပုံးတွေ ၊ မောနီတာတွေတင်တဲ့ စင် (၂)ခု ၀ယ်လာတယ်။ ၀က်အူလှည့်တွေ ၊ ၀ါလျှာတွေ ကြပ်ပေါ့ ။ စာတွေ၊လက်တွေ့တွေ မေးဖြစ်တယ် ။ မအား တာနဲ့ နောက်မှ အေးဆေးမေးတော့မယ် ။ အင်တာနေရှင်နယ် ဂရောင်းကြိုးအရောင်ဆိုတာ အ၀ါနဲ့အစိမ်းကြား သုံးလေ့ရှိတယ်တဲ့ ။ (၆)နာရီလောက်ပေါ့ ။ ကျောင်းကပြန်ရောက်ပြီး သူငယ်ချင်း ကြော်ထားတဲ့ အသားကြော်နဲ့ ဘူးသီးဟင်းခါးလေးသောက်လိုက်မှ ၀မ်းမီးငြိမ်း သွားတယ် ။ ဖုန်းဆက်စရာ မေ့သွားတယ် ။ မေ့တတ်တာ မကောင်းဘူး ။ ဒီနေ့ စိတ်ပမ်း ၊ လူပမ်း နဲ့ စောစော အိပ်ပျော်သွားတယ် ။

(၂၀) ရက်နေ့ကပေါ့ ။ ပျော်လိုက်တာ ၊ သူငယ်ချင်းတွေ မတွေ့တာကြာတော့ စကားပြောကြ ၊ ငြင်းခုံကြရင်း စနောက်နေခဲ့ကြတယ် ။ အသုံးချတတ်တော့လည်း အကျိုးရှိတာတွေ ပြောပြ ဖြစ်တယ် ။ ဆိုးတယ် ၊ ကောင်းတယ် ခွဲခြားထားတာတွေ ဆွေးနွေးကြတယ် ။ ပျော်စရာတွေ စနောက်ကြပေါ့ ။ ဖလှယ်တယ်ပေါ့ ။ သူမသိတာသိတယ်၊ ကိုယ်မသိတာလည်း သိတယ်။ အော် သိခဲ့ကြတယ်။

(၂၁)ဒီနေ့ပေါ့ ။

မြမျိုးမြနွယ်

မြကမ္ဘာအလယ်မှာ

မျှော်တော်ယောင် ညိုမြကို

မျှော်ကိုးကာတမ်းတတဲ့ ကိုဘိုးမြ ။

ဘက်တော်က မြောက်ဖျားမျိုးရိုးမှဆင်းသက်လာခဲ့တယ် ။ ဘောင်တော်က မြောက်ပိုင်းမှာနေထိုင် လာခဲ့ကြတယ်။ ဘင်တော်အမျိုးတွေက ၀ဏ္ဏကျော်ထင်မြ အမည်စားခဲ့ရသည်။ ကိုလိုနီခေတ်ထဲတွင် ဘီကြီး ကမြောင်းမြ နယ်စားကြီးမြ ဖြစ်ပြန်သည်။ ဘေးတော်က အညာပြောင်းနေခဲ့သည်။ နာမည်လှလှ ဂျွန်အဲလစ် မြ တွင်ခဲ့သည်။ အဘိုးက ဂျပန်နာမကို ကြိုက်သဖြင့် မြစံလို့ ယူခဲ့ပြန်တယ် ။ အဖေ က ရှင်းသည်။ မြမောင် နာမည်တစ်လုံးနဲ့ နေခဲ့သည်။ သားက ဖအေတူ ဘိုးမြ

***

အမေမြကပြောတယ် သမီးညိုမြအဖွားက မြမေဘေးလေး ထွေးမြက သတ္တိခဲ ။ ဘီကြီးကလည်း ၀န်ထောက်ကတော် မြ ဘင်တော်က နန်းတွင်းခစား ရွှေမြဘောင်လက်ထက်က နန်းမြ နာမည် ရသတဲ့။ ဘက်တော်က မြောက်ဖျားမျိုးရိုးမှ ဆင်းသက်လာခဲ့သည်။

မြေးရလာတော့ နာမည် ပေးမှာတော်လှတဲ့ ဗေဒင် မေးတယ်။ မြလက်စွပ်ဆောင် စွမ်းစွမ်းအောင် အကျော်ဒေးရ ကျော်မြတဲ့ကွ ။ မြစ် မထိန်းနိုင် အမည်ကိုက စိုးမြ တီ လေးကို တိုးတက်အောင် ထွန်းမြ ပေးစေသည် ။ တွတ် မြနိုင်ကို လက်လျှော့ထားရသည် ။ တခါတရံ နားမလည်နိုင်တာတွေ ပြောသည်။ ကျွတ် လေး မောင်မြေကြီး တို့များ အေးဆေးစွာနေထိုင်သည် ။ ဆတ်ခေတ်မှဖြင့် မြမျိုးတွေ မြိုင်ဆိုင်စေဖို့ မောင်မြိုင်လို့ ပေးစို့ ။

( မှားမည်။ ဘိုး၊ဘေး၊ဘီ၊ဘင်၊ဘောင်၊ဘက် ။ သား၊မြေး၊မြစ်၊တီ၊တွတ်၊ကျွတ်၊ဆတ်။ )

***

အိပ်ရေးဝတယ် ။ ညကစောစောအိပ်တယ် ။ အိပ်မက်ကရှည်လျားလိုက်တာ ။ တခါတလေ အိပ်တောင် မအိပ်ချင်တော့ဘူး ။ နိုးလာတော့ အေးမြတဲ့မိုးရိပ်က စိတ်ကို လန်းဆန်းစေသည် ။ ဈေးသွားမယ်လို့ မနေ့ကတည်းက တိုင်ပင်ထားတယ် ။ ကိုယ်လက်သန့်စင် ၊ ရေသောက် ၊ အိပ်ယာသိမ်း ။ ကားကဒ်ငှားပြီး ထွက်လာခဲ့တယ် ။ ဗိုက်ဆာတာနဲ့ ဈေးအ၀င် ဆိုင်ကနေ အသားနဲ့ထမင်း တစ်ယောက်တစ်ပွဲစီ မှာစားခဲ့တယ် ။ ပေါင်မုန့်အညိုက အဆစ်ပေးတာပေါ့ ။ သောက်စရာ ဟင်းချိုမှာဖြစ်တယ် ။ ဆနွင်းကို ရေဖျော် ၊ အာလူးပြုတ်ထည့်တာကို အချဉ်နဲ့နံနံပင် ထည့်ပေးထားတဲ့ ရယ်ဒီမိတ်ပလတ်စတစ် (၁)ခွက်ရောက်လာတယ် ။ ဇာတ်သမား ဇာတ်ပျက်သလို ၊ ပါးစပ်က အရသာ ပျက်သွားတယ် ။

ဝါထိန်ထိန်အရည် အတွင်းမှာလ

အာလူးပြုတ် မင်းမူ

အသားသေးတုံးတွေက ကူ

မွှေးစေလို နံပင် ဖြူးတယ်

အို အမေရေ

တခွက်ကို လေးဆယ်ပေးခဲ့ရတယ်

ဟင်းချိုတဲ့ ဗျား ။

***

၁။နားရွက်(၂) - ၄၀ ရူဘယ်

၂။နှလုံး(၁) - ၈၀

၃။ကျောက်ကပ်(၁) - ၁၅

၎။ဂျင်း(၁) - ၂၀

၅။ကန်စွန်းရွက်(၁)ကီလိုခွဲ - ၉၀

၆။ပဲပင်ပေါက် သေး(၂)ထုပ် - ၂၀

၇။နံနံပင်(၁)စည်း - ၅

၈။အချိုမှုန့်(၁)ထုပ်လတ် - ၆၀

၉။ချဉ်ပေါင်သေး(၁)စည်း - ၃၀

၁၀။အချဉ်ဘူး(၁)သေး - ၄၀

၁၁။လျှာ နောက်မှာအသားများများပါ (၁)ချောင်း - ၁၅၀

၁၂။အမြီး (၂) ချောင်း - ၂၀

၁၃။မုန့်ညင်းရွက် ကီလိုဝက် - ၄၀

၁၄။ငရုတ်သီးအချဉ်စိမ်ပုလင်းသေး - ၆၀

၁၅။ကြက်သွန်ဖြူ (၄)လုံးအလတ်စား - ၁၅

***

နားရွက်ကို ဖယောင်းမီးနဲ့ အပူပေးပြီး အမွေးအမျှင်စင်အောင်လုပ်တယ်။ ရေဆေးတယ် ။ ကျောက်ကပ် ၊ နှလုံးကို အရသာ စိမ့်ဝင်အောင် အပ်ဖြစ်ဖြစ် ၊ သွားကြားထိုးတံဖြစ်ဖြစ် အပေါက်လေးတွေ အကုန်လိုက်ပေါက်ပေးတယ် ။ ရေစင်အောင်ဆေးပြီးတဲ့အခါ အရောင်အနီမှုန့်ဇွန်း(၁) ၊ လက်ဖက်ရည်ဇွန်းဆိုဒ်နဲ့ ဆား(၂)ဇွန်း ထည့် နယ်ထားလိုက်တယ် ။

ဆီ(၄)ဇွန်းကို ပေါင်းအိုး (၄)လုံးချက်ဆိုဒ်အရွယ်မှာထည့်တယ်။ ဆီကျက်ရင် ခွင်ပေါ်ကခဏချပြီး သကြား(၂)ဇွန်းခွဲထည့်တယ် ။ ကြက်သွန်ဖြူအစိတ်ကြီး(၅)စိတ် နဲ့ ဂျင်း လက်နှစ်ဆစ်စာ ကို ဓားပြားရိုက်ပြီးသား ထည့် ၊ ကြာညို့ ဇွန်း(၁)ဇွန်းထည့်တယ် ။ မွှေ ။ အနံလေးထွက်လာရင် နယ်ထားတဲ့ အသားတွေကို တစ်ခုချင်းထည့်ပြီး ဆီနဲ့ခဏလုံးထားတယ်။ (၃)မိနစ်လောက်မွှေပြီးမှ ရေအပြည့်ထည့် ။ အိုးဖုံးအုပ် ။ တ၀က်လောက် ကျသွားရင် ရေအပြည့်နီးနီးထပ်ထည့် ။ ရေ(၃)ပုံ(၁)ပုံပဲ ကျန်ရင် အိုးကို မီးပိတ် ။ ခွင်ပေါ်ကချထားပေါ့ ။

အချဉ်စပ်တာကို ငရုတ်သီး (၁၀)တောင့်လောက် အစိပ်သေးသေးတွေလှီးတယ် ။ ခရမ်းချဉ်သီးဆော့စ်ကို ဇွန်း(၅)ဇွန်းစာ ၊ ကြက်သွန်ဖြူ (၂)စိပ်လောက်ထည့် ။ လျှာလကာရည် (၁)ဇွန်း ၊ မန်ကျည်းသီးအနှစ်ရည် (၁)ဇွန်းထည့်ထားတယ် ။

မုန်ညင်းရွက် (၅)(၆)ရွက်လောက်ကို အသားတွေဖယ်ပြီး အရည်ထဲကိုထည့်တယ် ။ ရေနွေးကို အိုးတ၀က်လောက်ရောက်အောင် ထပ်ရောတယ် ။ ဆားဇွန်း(၁)ဇွန်းခွဲထည့်တယ် ။ အရည်သောက်ပေါ့ ။

ရေနွေးထပ်တည်ပြီး လက်ဖက်ခြောက်ခပ် ။ ကြက်သွန်ဖြူ တစ်လုံးလောက် အခွံသင်ထားလိုက်တယ်။

ဆံပင်ညှပ်ရေချိုးပြီးတာနဲ့စားရုံပဲ ။ ဒီနေ့ နေပူလိုက် ၊ မိုးအုံလိုက်နဲ့ ။ ရာသီဥတု အကူးအပြောင်းမှာ နှာတော်တော်စေးကြတာပဲ ၊ အပူငုတ်တာလား မသိဘူး ။ ကျန်းမာရေးဂရုစိုက်မှပဲ။ခေါင်းကလည်း ယားနေတာ အဖုအပိန့်တွေထွက်တယ်ထင်တယ်။ ကတုံးတုံးတာပဲကောင်းပါတယ် ။

(Note: 1 Ruble = 25.30 US$)




Thank a lot ! SuN . So i do right . *Note: 1US$ = 25.30Rubles*

Read More...

Wednesday, July 18, 2007

When war finished


စစ် ပြီး ဆုံး သော အခါ

Read More...

Tuesday, July 17, 2007

My titles

ကျွန်တော်၏ ခေါင်းစဉ်များ

ကဲ ရက်စွဲရေးတယ် (၁၆)ရက်နေ့~

မိုးကုတ်စက်ဝိုင်းကို ကြည့်တယ် ။ လည်ပြန်ပြီ တစ်ရက် ။

မိမိကို ကိုယ်က အင်တာဗျူးခြင်း ဖြစ်သည် ။

ဒီနေ့လည်း မိုးရွာနေတုန်းဖြစ်သည် ။

ရယ်စရာဖြင့် ရယ်မောနေခဲ့သည် ။

ညရောက်မှာ ကြောက်တတ်ခဲ့သည် ။ အိပ်မက်မကောင်း၍ သွေးလေခြောက်ခြားခဲ့သည် ။

မြင့်ရာမှ နိမ့်ရာ စီးသော ရေသဘော

ပါးစပ်မှရေသောက်တာ ၀မ်းထဲရောက်ပြီး အောက်သို့ ဆင်းသက်စေသည် ။

ကိုယ်တိုင်ဆင်နွဲခွင့်မရသော မင်္ဂလာပွဲတစ်ခု မြင်မက်ခဲ့သည် ။

ခေါင်းစည်း မရှိသော အိပ်မက်ဖြစ်နေသည် ။

တူးဖော်တွေးခေါ်ခြင်း အချို့ လုပ်မှ ပြည့်စုံမယ် ။

မနက်ရောက်ပြီလို့ နှိုးစက်က ဆော်သြတယ် ။

ကောက်ညှင်းပေါင်းလေး စားချင်လိုက်တာ ။

လက်ဆောင်ရသော အော်တိုစာအုပ်လေး (အိမ်)မှာ ရေးခဲ့သည် ။

ခံစားရတယ် ။ ပြောသာပြောတာ လက်တွေ့ စိတ်နဲ့ဖြစ်တည်သွားတဲ့ ခံစားမှုလေးကို ဘယ်သူ နားလည်နိုင်ပါ့မလဲ ။

သစ်ပင် စိုက်ပြန်ပြီ ။

***

မွေးတစ်နေ့ သေတစ်နေ့ ပဲလေ ။

လေပြည်ထိုး ချစ်ကြည့်ပေမဲ့

သံယောဇဉ်ခိုင်ချည်ကြိုးက ပြတ်ဦးမှာပါ ။

ခဏဆိုပေသည့် နောက်ဆုံးတော့

ကြွေလွင့်ရမယ် ပုံပန်းတွေ ။

ဘယ်မှတ်တမ်းဘ၀တွေ ဖြစ်ဖြစ်

ဘ၀ကြီးတီးခတ်အသုံးတော် ခံသမျှ

သတ္တ၀ါလေးတွေ နားသောတဆင်နေရဦးမယ် ၊

တမေ့တမောနဲ့ပေါ့ ။

ပစ်လိုက်တိုင်းထောင်နေစေဦး

ဆုတောင်းမျှော်လင့်ခြင်းတွေ

အနာဂတ်ရဲ့ အတိတ်ယနေ့များစွာက ၊ စိတ်ချမ်းသာချင်နေရော့မယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ် ။

နိုင်

၁၂-၁၃မနက်ချိန်အရောက်

နေ့ကူးမတိုင်ခင် စိတ်ထူးလို့ မြူးခဲ့သည် ။

ခွင့်လွှတ်ငြိမ်းချမ်း ကမ္ဘာတ၀ှမ်း

မေတ္တာနှင့် ဖြတ်သန်းနိုင်ကြပါစေ ။

Read More...

Sunday, July 15, 2007

Tree

သစ်ပင်

စာမကုန် ဖွဲ့ ချင်ပေမဲ့ ၊ အသံနဲ့ကိုယ် ပါတုန်

ဒေါသတွေ ထွက်တာကြောင့်

ဟေ… စိတ်ကိုတဲ့ လျော့ပါလေ ။

ကိုယ်မဟုတ် သူတပါးဖြစ်မယ်

ကိုယ်တိုင်းတော့ ရိုင်းလိမ့်မယ် ။

ဘယ်ပုံနှိုင်းနှိုင်း ကိုယ်မရိုးလို့ မှိုင်းခဲ့တယ် ။

ဒေါသမီး အခိုးဝေ ကျူကျူထွက်တာပါ့

မီးများရင် ရေရှုံး ၊ ဘ၀ပါ ဆုံးလိမ့်မယ် ။

လောဘတွေ တသီတန်း ၊ စိတ်ရမ်းကားမှုတဲ့ ။

မောဟမှောင် ညည့်နက်တော့

ရံရောခါ ၊ ရမ္မက်ဖုံးပါလို့

အော် … ငတုံးရေ ထ ထ ။

မဟုတ်ပြန်လေ ငြင်းရင်ကွယ်

ရှေးစကားတော့ ကြားဖူးတယ် ။

*ဘူးဆို ဖရုံမသီးဘူး*

ဒီဘူးစင် ညွန့်ခက်ဖြာလို့

ရေသောက်မြစ်ပုတ်အောင် ဘူးရတယ် ။

သားသမီးဆိုးလေလေ မိဘခေါင်းကြိမ်းစေ ။

ညွှန်းဆိုလို့ ကိုးရအောင်

လာထား သမ္မတ စကား ။

*လေးဆယ်ကျော် မျက်နှာထား

ထိုသူသာ ပိုင်စားတဲ့ ။*

ငယ်စွန်းတဲ့ လေးဆယ်အောက်

ဘယ်တွန်းမလဲ စဉ်းစား

မွေးကျွေးမိဘ ခလုတ်ထိတိုင်းတတဲ့ ။

*သတိမမူ ဂူမမြင်*

ဆရာတဆူ ဖြစ်စေ ၊ ကျောင်းသား ဖြစ်စေ

သတိ ပျက်ပြား ၊ ဘ၀ပါ မှား

တည်ငြိမ်ကိုယ် စိတ်မထွေပြားအောင် ဘုရားသာ ကိုး ။

တရားသာ ရှိခိုးလို့ ၊ သံဃာကို ဦးတင်

စိတ်သာလျှင် အရှင်စောမို့ ၊ ကိုယ်မှားတာ ကိုယ်ဆိုး ။ မှားလျှင်ကွယ် ပြင်ဗျိုး ။

ပါးစပ်တွေ မကြာပြင်ဆင်လို့

ခံတွင်းတွေ မလှိုင်အောင်နံပုတ်တယ်

ဆားနဲ့သာ ရှင်းစို့ ။

Read More...

Friday, July 13, 2007

Always of in the kitchen

မီးဖိုချောင်ထဲမှာ

ထမင်းကကြိုချက်ထားလိုက်တယ် ။ မနေ့က ငါးသေတ္တာချက်တာ အရသာမပေါ်တာနဲ့ ငံပြာရည်ချက်ရော ပြီး အငံချက်ဟင်းတစ်ခွက်ရပြီ ။ ဘာကြာတာမှတ်လို့ ။ ကြက်သွန်နီ၊ဖြူ နဲ့ ငရုတ်သီးမှုန့်လေး ဆီသတ် ။ ငံပြာရည် သုံးဇွန်းလောက် ။ ဟင်းချိုမှုန့် (၁)ဇွန်းလောက်ထည့် ။ တို့စရာ သခွားသီးကြွတ်ဆတ်လေး ၀ယ်ထားတာရှိတယ် ။ ရေနွေးအိုးတည်ထားတုန်း ကြက်သွန်နီဆီသတ် ။ ပျော့ရင် အဖြူနဲ့ ဆနွင်းမှုန့်ထည့် ။ အရောင်နီလေးနဲ့ လိပ်လာရင် ပဲနီလေးထည့် နည်းနည်းထပ်မွှေတယ် ။ ရေနွေးလည်းအကျက် ။ အိုးထဲထည့်ပြီး ဆား ထမင်းစားဇွန်း (၁)ဇွန်းစာလောက်ထည့် ။ (၁၅) ငါးမိနစ်ဆို ရေ ကျသွားပြီ ။ စားလို့ရပြီ ။ လက်ကျန်ရှင်းတမ်း တစ်ခွက်ပဲ ကျန်တော့တယ် ။ ၀က်သားက မနေ့က ခရမ်းချဉ်သီးနဲ့ ချက်ထားတာဆိုတော့ ကြက်သွန်နီဖြူ အပျော့လေး ဆီထဲမှာမွှေပေးထားတယ်။ ခရမ်းသီးထည့် မွှေပေါ့ ။ ဆား နည်းနည်းထပ်ထည့် ၊ ၀က်သားဟင်းရောမွှေတယ် ။ ပြီးတော့ ရေလေးမြုပ်တယ် ဆိုရုံလေး ထည့်ပြီး မီးအေးနဲ့ နှပ်ထားလိုက် ။ အားလုံးကျက်ပြီ ။ ရေချိုးပြီးတာနဲ့ စားမယ် ။ ထမင်းစားမယ် ဗျို့ ။




Read More...

Sleep

အိပ်စက်ခြင်း

တစ်ခုသော နေ့လည်ခင်းမှာ သစ်ပင်တန်းတွေဖြတ်သွားခဲ့ရတယ် ။ သစ်ပင်တွေ လုံးဝန်း ဖြောင့်မတ်မြင့်မား နေဖို့ သန့်ရှင်းရေး အလုပ်သမားတစ်ဦးက ခုတ်ထွင် ရှင်းလင်းနေတယ် ။ သစ်ပင်တွေရဲ့ အောက်ခြေ နှင့် အလယ်နေရာတွေမှာ အကိုင်း သေးသေးလေးတွေ ဖြာထွက်နေလိုက်တာ ။ ဒါပေမဲ့ မြင်ကွင်းမှာ ရှုပ်နေတယ် လို့ ထင်ပုံရတယ် ။ ပုဆိန်တစ်လက်နဲ့ ခုတ်နေလိုက်တာ ။ အကိုင်းသေး စိမ်းစိမ်းလေးတွေ အများကြီး ။ ပုံလို့ ။ ဒီသစ်ပင်တန်းတွေ ကို အမြဲရှင်းလင်းနေရတယ် ။ တခါတည်း အပြီးသတ် *သေ အေးရော* စိတ်နဲ့ အကုန်ကို ပိုင်းနေတာ ။ ပုဆိန်သံ * ဒုတ် ၊ ဒုတ် ၊ ဒုတ် * ။ ခဏလေး ရပ်သွားတယ် ။ အသံလေးကြားလိုက်သလိုလို ။

***

အမြဲပိုင်ဆိုင်နေမယ် ။ တူတူနေရမယ် ထင်ထားတယ် ။ မိခင်ပင်စည်မကြီးကနေ ခွဲခွာမယ် ။ အခုတော့ ရှင်းလင်းခံ ဘ၀တွေ ရောက်နေပြီ ။ * သား ၊ သမီး ကိုင်းပျိုတို့ရေ * စိမ်းလန်းတာ အမြဲမဟုတ်ဘူး ။ ခြောက်တာလည်း ရှိမယ် ။ သွေ့သွေ့ခြောက်ရသလို စိမ်းလန်းတုန်း စိမ်းဖြစ်အောင် စိမ်းရမယ် ။ ရွက်ကျပင်မျိုး ၊ ကိုင်းထိုး လည်း ပျိုးဆိုသလို ကြိုးစားနိုင်သမျှ စိမ်းလန်းကြပေါ့ ။ စိမ်းပြီးရင် ခြောက်သွေ့ဦးမှာပေါ့ ။

***

ပင်စည်ဖြောင့်တန်း ၊ လူမြင်လမ်းမှာ

မျက်စိပသာဒ ၊ လှလှ ကြည့်ဖို့

အညွန့်ချိုးလို့ ၊ ကျိုးညွန့် တလဲ

ဒို့ ကိုင်းပျိုခွဲ ၊ ပင်စည်မ လည်း

သစ်လွင် စိမ်းလန်း ၊ ခြောက်သွေ့ တမ်း လည်း

ရှိလိမ့်မယ် တဲ့ ။

သဘာနိစ္စ

ဒို့ အိုကြားပင် ၊ မှာမြဲအစဉ်

ပုဆိန်ထက်ထက်

ဘယ်အချိန် သက်မလဲ

စဉ်မျှော်ဆဲ တဲ့ ။

အိပ်တန်းချိန်လည်း ရှိလာမှာပေါ့ ။

ငယ်ကြီး ထင်ပေါ် ၊ ရိုင်းမှား ရိုးရဲ

မခွဲခြားဘဲ ၊ အိပ်စက်ခြင်းလည်း

ရှိတတ်တယ် တဲ့ ။

Read More...

Notice



Read More...

Wednesday, July 11, 2007

A Song to the Sun


*ငါ ဘယ်သူ့အတွက်ကြောင့် အသက်ရှင်နေရတာလဲ

*တိမ်တွေနဲ့ နေ့တွေကတော့ ဖြတ်သန်းသွားပြီ

*ဒီနာကျင်မှုနဲ့ ခံနိုင်ရည်လျှော့နည်းမှုတွေ အတွက်

*ဘယ်လို ခံစားရမလဲ

*တန်ဖိုးမဲ့တဲ့ အတိတ်နေ့တွေထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြုပ်ပစ်တယ်

*အရာအားလုံးက မပြည့်စုံပေမဲ့

*ငါ့ အိပ်မက်တွေက ဒီနေ့မှာ အကောင်အထည်ပေါ်တယ်

*အာရုံဦး မတိုင်ခင် တောက်ပနေတဲ့ ကြယ်တွေ

*သူတို့လေးတွေက ပျောက်ကွယ်သွားမှာလား

*ကြယ်လေးတွေက နောက်နေ့မှာရော ပြန်လာကြဦးမှာလား

*မနက်ဖြန်ဆိုတာကို မသိနိုင်ပါဘူး

*ပျော်ရွှင်စရာအချိန်များ

*ငါ ဘယ်သူ့အတွက်နဲ့ အသက်ရှင်နေတာလဲ

---

*မှောင်သွားပြီ …ငါမင်းကို ဘာမှမမြင်ရတော့ဘူး

*လူတိုင်းရဲ့ မျက်နှာမှာ သူတို့ရဲ့ အပျော်တွေရှိတယ်

*နင်မသိဘူးလား* *ငါမရီနိုင်ရင်တောင်မှ

*သူတို့ရဲ့ မနက်ဖြန်အတွက် အတွေးမှာ … ငါ့စိတ်ထဲမှာ

*ငါမင်းရဲ့ မျက်ဝန်းနီနီလေးတွေကို မြင်နေရတယ်။

*ကြိုးစားပြီး ရီခဲ့တယ် ။


*မနက်ဖြန်ဆိုတာ မသိနိုင်ပါဘူး*

*ပျော်ရွှင်စရာအချိန်များ*

---

You will be nice there

Read More...

Monday, July 09, 2007

Suu

ဆူး

နှင်းဆီပင် အမြင်မရိုးဖို့

ဆူးချိုးပြီးမှ ပန်းအိုးထိုးရအောင်

မင်းက ဆူးကို ရန်စတာ

နေကြောင့် ကြွေ

လေကြောင့် ဝေ

ကြောင်းကြောင့် ခြေ

ပြားကာမှ ပြား

ရနံ့ ဖြစ်စေ အနံ့ ဖြစ်ဦး

အယဉ်ဖြစ်စေ ရိုင်းခဲ့ဦးတော့

မိုးမပါ သြဇာမှာ မပေါက်

ရိုးတံခြောက်ခြောက်

ဆူးပါမှဖြင့်

ကြောက်ဝံ့မဖဲ

ရဲစွာဆုပ်ကြည့်

ဆူးထိမှ အမိ မတကြေး ။


(နှင်းဆီမယ် မြင်မရိုးဖို့)

(ဆူးချိုးလို့ ပန်းထိုးရအောင်)

(ရန်စကို ရှည်တာလား ။)

(ဝေခဲ့သည် လေပြေညှင်းကြောင့်)

(ကြွေနွမ်းလောင် နေပူပြင်းမှာ)

(ခြေဖျက်လို့ ကျေပြားရဘ၀တွေ ။)

( ကြိုက်တော့ ရှူရှိုက် ၊ မုန်းပြန်လျှင် နှင်းဆီဘုန်းကို )

( နှာခေါင်းကွယ် လူမလေးတယ် ၊ လေ့ကျမှာပေါက် ။)

( ချစ်ပျိုမေ ယဉ်မြူးစေဖို့ ၊ ခြံဦးမှာ ပျိုး ။)

( ရေမပါ သြဇာမရောက်လို့ )

( နှင်းဆီငို ရိုးတံခြောက်ကိုဖြင့် )

( ပစ်ပယ်လျှင် သတိမတိုးလို့ )

( ညစ်ကျယ်ကျယ် ဆုပ်ကိုင်မှဖြစ် )

( မေလေးရယ် မကူနိုင်ပါ )

( စူးမယ်တဲ့ဗျိုး )


စူးမယ်တဲ့ စူးမယ်

နှင်းဆီ ၊ ဇီးမျိုး

ကန္တာရပင်တိုးလို့

ဒို့မျိုးနွယ် ဆူးမှန်းသိအောင်

စူးမယ်တဲ့ဗျိုး ။


စူးစေတဲ့ ဆူး လေ

ရှောင်ဝေးလေ သတိမထိန်းရင်

လွတ်ကယ်မမြင်

သံသရာသားကို

တစိမ့်စိမ့် စူးစေမဲ့

အဇ္ဈတ္တ မျိုး ။

Read More...

Sunday, July 08, 2007

Fire rice

ထမင်းကြော်

ဆီကို ထမင်းစားဇွန်းပြားနဲ့ ( ၃ ) ဇွန်း ။ ဆီအိုးပူတော့ ကြက်သွန်ဖြူထည့် ။ နောက် ချက်ချင်း ပြောင်းဖူးစေ့လေးတွေထည့် ။ အသင့်စားနိုင်တဲ့ဗူး ဆိုတော့ မကြာပါဘူး ။ ကြော်ရတာခဏပဲ။

ထမင်းထည့် ၊ ပဲငံပြာရည်(ကြာညို့ ) အရောင်လေး ပြောင်းတယ်ဆိုရုံထည့် ။ ကလေး နို့ဆီ (၂)(၃)ခါ စား ပမာဏလောက်ထည့်တယ် ။ ဆား လက်ဖက်ရည်ဖျော်ဇွန်း အသေးနဲ့ (၂)ဇွန်း။

အချို့ ကြိုက်ရင် အချိုမှုန့် (၁)ဇွန်းခွဲထည့် ။ ကြော်ပေရော့ပဲ ။ သွားမကောင်းရင် ၊ အစာအိမ်က အစာမာ မတည့်ရင် ထမင်းပျော့ပျော့အနေတော်မှာ အရောင် အရသာ သမအောင် မွှေပြီး ချလို့ရတယ် ။ ထမင်းကြော် ချိုးလေးတွေက စားလို့ကောင်းတယ်ထင်ရင် အိုးအောက်ပိုင်း ကပ်ရင် ခွာလိုက် ၊ မွှေလိုက် ။ ကြာကြာလေးကြော်တယ် ။ ပြန်ဆေးရရင်လည်း ကိုယ့်အိုး ကိုယ်ဆေးတာပဲ ။ ဘယ်လောက်ကပ်ကပ် ။ ခွာပေါ့ ။






ပြီးတာနဲ့ သံပုရာသီးလေး ပါးပါး(၃)ချပ်လောက်လှီး ။ ခရမ်းချဉ်သီးဆော့စ်ချဉ်ထည့်တယ် ( အချဉ်ကြိုက်တတ် မှပါ ) ။ ကြက်သွန်ဖြူအစိမ်းလေးတွေ (၃)(၄) မွှာထည့်တယ် ။ ကြက်ဥလေး(၁)လုံးလောက် မကျတ်တကျတ်ကြော် လိုက်တယ် ။ သံပုရာနံ့ရယ် ၊ အချဉ်ရယ် ၊ ကြက်သွန်ဖြူ ပူစပ်ရယ် ၊ ထမင်းကြော်ပူပူရယ် ။ ကုန်မှာစိုးတယ် ကွယ် ။ တူနဲ့စားခဲ့တယ် ။

Read More...

Water



Read More...

Saturday, July 07, 2007

Dream-3

အိပ် ဦးမှ ။

လဲကျတိုင်းသာ ပြန်မထနိုင်ခဲ့ရင် ငယ်တုန်းက လမ်းလျှောက်တတ်တာ ဘယ်လိုပါလိမ့် ။ မေ့သွားပြီ ။ လမ်းလျှောက်သင်ဦးမှ ။

လိုချင်လို့ မရရင် ငိုတတ်တယ် ။ ကြောက်တတ်တယ် ။ လန့်တတ်တယ် ။ ငိုတိုင်းတ ရနိုင်ရင် ငိုတာ ဘယ်လိုပါလိမ့် ။ ငိုကြည့်ဦးမှ ။

ပေါင်းတိုင်းသာ ဖြစ်လာရင် အားလုံး ပေါင်းပစ်မယ် ။ ကောက်ညှင်းပေါင်း လည်းပါတယ် ။ ချက်နည်း ၊ ရေစိမ်တာကအစ မသိဘူး ။ ပေါင်းနည်း သင်ဦးမှ ။

တွေ့ကရာစားတိုင်း ရောဂါ ရကြေးဆိုရင် ငယ်တုန်းက ကိုယ်ဘာတွေ နှယ်စား ကလော်စားမှန်း မသိတော့ဘူး ။ မေ့သွားပြီ ။ အမေ့ကို မေးကြည့်ဦးမှ ။

စားတိုင်းသာ ၀က်ပေါင်တိုးသလိုမျိုးတိုးရင် ရေထိုးအရောင်းဆိုင်တွေ လူအုံသလို အသားတိုး ခန္ဓာကိုယ်ကြီး ၊ ( ၀၀ လှလှကြီး ) လူဝလှကြီးကို လာကြည့်ချင် ဖြစ်နေမယ် ။ ပိန်လိုက်တာ။ စားဦးမှ ။

ကစားခုန်တိုင်း ထွားကျိုင်းရမယ် ဆိုရင် သဲပုံပေါ်က ဂျွန်းထိုးတမ်း ။ ခါးအထက်ပိုင်း သားရေကွင်းကြိုးခုန် ပြီး ကစားတာတွေ ဘယ်နားမှာ အကျိုးသက်ရောက်နေပါလိမ့် ။ မေ့နေ လိုက်တာ ။ သူငယ်ချင်းဆရာဝန်ကို မေးဦးမှ ။

ငယ်ချင်းတွေ ကြီးတော့ မေ့နေလိုက်တာ ။ ဘယ်ရောက်နေကြပါလိမ့် ။ ပျောက်နေရင်တောင် ရှာရပါ့မလား မသိ ။ စုံစမ်းဦးမှ ။

ကြီးချင်းတွေ ဘာတွေလုပ်နေပါလိမ့် ။ ပေါက်တိုင်း မြောက်နေကြသလား ။ ထွန်တိုင်း ယာဖြစ်ကရောလား ။ လူတိုင်း ကြိုးစားနေတာပဲ ။ ကိုယ်ကျားတာကိုယ်ကျင်းကြေး ။ ကိုယ်တွင်းကိုယ်တူးကြေး ။ နောက်သလိုလို စကားမပီသလို အမေရိကန်စတိုင် ဆိုပြီး ကိုယ်ထူကိုယ်ထ ပိုက်ဆံရှင်းတမ်း ကစားနေကြသလား ။ ကစားနည်းတွေ ။ စကားနည်းတွေ နားမလည်ဘူး ။ နားထောင်ကြည့်ဦးမှ ။

စာသင်တိုင်းတတ်ရင် ကျောင်းကနေ ပန်းကလေးတွေ ပွင့်လို့ ဥယျာဉ်မှူးတွေ ချမ်းသာနေတာ ကြာပေါ့ ။ မြေဆီလွှာ နဲ့ ထိန်းသိမ်းမှု ကွာသလိုလို ။ ဖွံ့ ဖြိုးပုံချင်းကွာတာ နေမယ် ။ ပန်းစိုက်နည်း ဖြစ်ဖြစ် ၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဖြစ်ဖြစ် စာအုပ်ဖတ် ဦးမှ ။ စာကလည်း ဖတ်တတ် ဦးမှ ။ စာဖတ်နည်းက လည်း သိဦးမှ ။ ဖတ်ပုံနဲ့ ဖက်ပုံ မရောထွေးဘဲ သိဦးမှ ။

ဖြစ်တိုင်းသာ လုပ်တာ ဆိုရင် သဘာဝဖြစ်စဉ်တွေ ကလည်း လုပ်ဆောင်မှုတွေပဲ ထင်တယ် ။ မရပ်တန့်သော အနားယူခြင်းတွေ နဲ့ ပျင်းတိုင်းသာ ဖျင်းနေရင် လည်း ထူးချွန်လာမယ် ။ အနားယူခြင်း တဖက်ကမ်းခတ် သင်သည် ။ ပြိုင်ပွဲဝင်ဖိတ်ခေါ်သည် ။ ဒါလည်း တဖက် ကမ်းခတ် တတ်ဦးမှ ။ ရေကလည်း ကူးတတ် ဦးမှ ။

စဉ်းစား ဦးမှ ။ ဥမ ။ အု မှ ။ အု မဟု ။ မဟုတ် ။ အု မဟုတ်ဘူး ။ ဖလူး..လူး.. ဟူး ။

ရေ သောက်လိုက်အုံး ။ အပူတွေများပြီး အိပ်ပျော်နေတုန်း အိပ်မက်တာပါ ။ နှိုးပြီး ရေတိုက်တာပါ ။ ဖြည်းဖြည်းသောက် ။ အနားယူလိုက် သက်သာသွားမယ် ။ အင်း အိပ် ဦးမှ ။

Read More...

Friday, July 06, 2007

Dream-2

အိပ်မက်တို

မနက်အိပ်ယာထဲကနေ ကမန်းကတန်းထတယ် ။ တကိုယ်ရည်သန့်ရှင်းမှုလုပ်ပြီးတာနဲ့ အစာဗိုက်ထဲ ထည့်မှဖြစ်မယ် ။ မနေ့ကလည်း တနေ့လုံး အဆာခံလိုက်ရတယ် ။ ဗိုက်ကိုအောင့်နေတာပဲ ။ ဒီနေ့ စားသောက်ပြီး မှ ကျောင်းရောက်တယ် ။ ဆရာ့အခန်းမှာ လက်တွေ့လုပ်ရတယ် ။ ကြော်စားလို့မရသော ဂဏန်းလေးတွေ တိုးလိုက် ။ လျော့လိုက် ။ ပုံလေးတွေ သိမ်းလိုက် ။ ပြန်ဆွဲလိုက် ။ ကွန်ပြူတာနှင့် လုပ်ကိုင်နေတုန်း ရှေ့ က ပုံရိပ်တွေ ၀ါးသွားတယ် ။ ရွေ့ လျားနေတဲ့ လက်တွေ ခဏလေး ရပ်သွားတယ် ။ ထိုင်နေလျက် ငြိမ်သွားတယ် ။ အော် ဘလော့လေးရေး နေပါလား ။ အိပ်မက်အကြောင်း ရေးဦးမှ ။ အင် ဆတ်ခနဲ ဖြစ်သွားတယ် ။ ဆွဲလက်စပုံလေး ဆက်ဆွဲနေတယ် ။ ဒါပေမယ့် မရွေ့ သလိုပဲ ။ ဒီလေး(DELAY)ဆွဲပြီး ဆရာ့ကို ပြမှပဲ ။ *ဂျွတ်* ဆတ်ကနဲ အလှည့် အရိုးဆက်က အသံပေးတယ် ။ ဒီတော့မှ အိပ်မက်တိုလေးပါလား ။ ဟီး ။

Read More...

Thursday, July 05, 2007

Dream-1

လွမ်းမောဖွယ် အိပ်မက်များ ။ သတိရအောက်မေ့ဖွယ် အိပ်မက်များ ။ စိုးရွံ့ထိတ်လန့်စေသော အိပ်မက်များ ။ ပြန်ပြောင်းမက်ဖြစ်သော အိပ်မက်များ ။ ချိုသော အိပ်မက်များ ။ လွမ်းသော အိပ်မက်များ ။ တမ်းသော အိပ်မက်များ ။ ဆန္ဒ အိပ်မက် ။ ဘ၀ အိပ်မက် များ … ။

***

အိပ်မက်ခရီး

ကိုယ်ပျောက်ဝိဇ္ဖာလိုလို ဇော်ဂျီတပ္ပသီလိုလို အငွေ့အနေဖြင့် မြင်လိုက်ရသည် ။ ပျောက်ဆုံးသွားချိန် မျက်စိ ဖြတ်ကနဲ ပွင့်လာခဲ့သည် ။

*၀ှီး…ဝေါ…ဒီ.ဒီ.ဒီ… ၀ှီး…ဝေါ…၀ှီး*

ကားသံ ၊ လေတိုးသံတွေနှင့်အတူ နိုးလာခဲ့သည် ။ ကားမှန်ပြတင်းမှ တိုက်ခတ်လာသော လေနုအေးက ရင်တွင်းကို အေးမြစေပြန်သည် ။ ပတ်ဝန်းကျင် ရှုခင်းကို မြင်ရသည် ။ အဝေးသို့ လျှပ်စစ်စွမ်းအင်များပေးပို့သော သံတိုင်ကြီးများ ။ တရိပ်ရိပ် ဖြတ်သန်းသွားသော သစ်ပင်တန်းတို့၏ စိမ်းညို့ ညို့ အရောင်မှုန်များ ။ ကားခေါင်းသာ မြင်ရသည်ဆိုရုံလေး ၀န်နှင့် အား မျှတမှု အတိအကျမသိနိုင်သော ကုန်တင်ကားကြီးများ ။ ဒီအမြင်တွေ မှ ဖယ်ခွာပြီး ဘေးဆီ မှ အသံထွက်လာရာသို့ လှမ်းကြည့်မိတော့သည် ။

*နိုးပြီလား* *ခရီးသွားတုန်း မှေးခနဲ ဖြစ်တတ်ပါတယ်**ရှေ့ ဆိုရင် ထမင်းစားနားမယ့် ဆိုင်ရောက်ပြီ ခင်ဗျာ*

ပြောသမျှခေါင်းညိတ်ရင်း နားထောင်နေမိတယ် ။ ဗိုက်တောင်ဆာလာသလိုပဲ ။ ကားက ဖြည်းဖြည်းချင်း လှိမ့်ဝင်ပြီး ရပ်နားလိုက်သည် ။ ကားခေါင်းအဖုံးဖွင့်ပြီး ရေဖြန်းတော့ ရေငွေ့တွေ တအားထွက်လာသည် ။ အော် အင်ဂျင်လည်း ပူရှာပကိုး ။

***

ဆိုင်က သပ်ရပ်ပြီး ဖော်ရွေသည် ။ နာမည်လေးက ချစ်စရာ *ရသာမွန်* ။

*ဘာနဲ့သုံးဆောင်ပါမလဲ* အစပြုလို့ စားသောက်ဖွယ်ရာ အမျိုးအမည်များစွာ အသံမပြတ် ကြားရသည် ။ ကားမောင်းသူက ကြက်သားနှင့်တစ်ပွဲ မှာလိုက်သည် ။ စားချင်စိတ် မရှိသော ကြက်သား ၊ ကြားရပြန်ပြီ ။ ၀က်သားဘယ်နှစ်မျိုးလောက်ရှိမည် မသိလိုက် ။ ၀က်ပုန်းရသည်ဟု ပြောသဖြင့် ၀က်သားပုန်းရည်ကြီး တစ်ခွက်မှာလိုက်သည် ။ တို့စရာ အစုံအလင် နှင့် ငံပြာရည်ချက် တစ်ခွက်က စားပွဲအလယ် မှာ မင်းမူနေသည် ။ တံတွေး အရင် မျိုချနေရသည် ။ ရေသောက်ဦးမှ ။ အချဉ်ရည် ကို မျစ်များ ၊ ချဉ်ပေါင်များ နိုင်နိုင်နှင့် ။ အအီအနောက် ပြေစေ၏ ။ ပဲနှပ် နှင့် ကြက်ဟင်းခါးသီးချက်က ဟင်းအရံရသည် ။ စားပြီး အပေါ့အလေး ခဏသွားပြီး ရသာမွန်မှ ထွက်လာခဲ့သည် ။

*ဒီဆိုင်က ကောင်းတယ်* *ဒီခရီးကို ဒီဆိုင်က အသင့်တော်ဆုံးပဲ*

ကားမောင်းသူ၏ အခမဲ့ကြော်ငြာကို နားထောင်နေမိသည် ။ ခဏကြာတော့ သီချင်းသံ သဲ့သဲ့ကြားလိုက်ရသည် ။ ရွာတစ်ရွာ ဖြတ်သန်းခဲ့သည် ။

သီချင်းအလိုက်လေး လိုက်ရွတ်နေမိသည် ။

*ညီလေးတို့ရွာ … သဘာဝအလှ ရှုခင်းများနဲ့သာ … သာသာ..ယာယာ…*

***

ကွင်းပြင်စိမ်းက လေပြင်းကြောင့် ယိမ်းသည် ။ တောင်ကတိုက်တော့ မြောက်ယိမ်း ။ ဘယ်ဝေ့တော့ ညာရှောင် ။ မောင်မယ် မြူးသလို ၊ တူနှစ်ကိုယ် ချစ်ရည်လူးသလို ။ စပါးခင်းလား ။ ပြောင်းခင်းလား ။ ဝေးဝေးက ရိပ်ရိပ်ဖြတ်လို့ စိမ်းလန်းတာတော့ အမှန်ပဲ ။ ရှုမျှော်ခင်း ဆိုတာ ရှုမျှော်ကြည့်လေတိုင်း မဆုံးသော အခင်းအကျင်းများ ပြည့်နှက်မှုတွေ ထင်ပါ့ ။ ကြည့်တိုင်းမဆုံး ၊ ပြုံးပျော်မြူးသလိုလို ၊ တမ်းတမိသည် ။ လွမ်းရိပ်ထင်ခဲ့သလို ။ ကြေကွဲခဲ့သလို ။ အောင်မြင်သော တေးတစ်ပုဒ် အသံကို ကြွေးကြော်ထုတ်တဲ့ ငှက်တစ်သုတ်က အနားက ပျံသန်းဖြတ်သွားခဲ့သည် ။ *လေအဟုန်စီး… ယီးလေးလေးခိုကာရယ်…* ဆိုများသွားလေသလား ။ ကားအရှိန် အနည်းငယ် နှေးသွားသကဲ့သို့ ထင်မိသည် ။ ကားမောင်းသူ အတွေးတချို့ နှင့် သတိထားမောင်းနှင်ဟန် ရှိသည် ။ တချက်တခါ ပြုံးယောင်သန်းသန်းဖြင့် မောင်းနေပြန်၏ ။

***

အိမ်သူအလှကို ချစ်သက်ဝေေ၀ ချစ်ကြင်စမို့ ခွဲခဲ့ရသည် ။ ၀မ်းရေးပေကိုး ။ မှာလိုက်တဲ့အသံလေး နှင့် အိမ်အ၀ နှုတ်ဆက်လက်ပြနေပုံ ကို မှေးမှေးရေးရေး မြင်မိသည် ။

*ကိုမောင် ဒီတစ်ခေါက် ပြန်ရောက်ရင် စရံသတ်ထားတဲ့ မြေကွက်လေး အပြီး ချေ ရအောင်နော်*

သနပ်ခါးရနံ့လေးနှင့် နှုတ်ဆက်ခဲ့သည် ။ မွှေးကြူခဲ့မိသည် ။ ကြိုးစားတိုင်းဖြစ်မြောက်ခဲ့သည့် ဒီကားသမားအလုပ်ကို တွယ်ဖက်နေမိသည် ။ ဟင် သနပ်ခါးနံ့လား ။ အော် ဘေးက ခရီးသည် အိတ်တွေဖွင့်လို့ အနံ့လေး ရမိသည် ။ သနပ်ခါးကြိုက်ထင်ပါ့ ။

***

အိမ်ပြန်လက်ဆောင်ပေးဖို့ အရံသင့် ပစ္စည်းတချို့ ရှာဖွေရင်း သနပ်ခါးရနံ့ ယပ်တောင်လေး ။ အမေ့ ကန်တော့ဖို့ ၀ယ်ခဲ့သည် ။ အဖေက ပြုံးချိုချို ဟာသနှောမှာ မြင်မိတယ် ။ အဖေ့အတွက် လက်ပတ်နာရီတစ်လုံး ကန်တော့ခဲ့တာ အမှတ်ရသည် ။ သို့သော် ဟောင်းနေရှာရော့မယ် ။ ကိုကြီး နှင့် ညီငယ် မှာတဲ့ ပစ္စည်းတွေ နောက်ခန်းအိတ်မှာမို့ မထုတ်ကြည့်ဖြစ်တော့ဘူး။ အမှတ်တရ ပစ္စည်းတွေ ။ အိမ်ရောက် စိတ်ကူး အစီအစဉ်တွေ အကောင်အထည် ဖော်ရမယ် ။

သူငယ်ချင်းတွေ တွေ့ရင် ပြောဖြစ်မယ့်စကားတွေ ကြားချင်နေပြီ ။ မရောက်တာကြာ ၊ မတွေ့ တာ ကြာလှ ၊ ဘုရားတင် ဆိုပြီး နောက်ကြဦးမလား မသိ ။ အလုပ်တွေ အဆင်မပြေဘူးလည်း ကြားတယ် ။ တချို့တော့ နိုင်ငံခြားတွေ ထွက်တာလည်း ကြားခဲ့ရတာပဲ ။ အဆင်ပြေတာ ၊ မပြေတာ အရေးမကြီး တွေ့ ရင် မှတ်မိကြပါဦးမလား ။ အလုပ်တွေနဲ့ ရှုပ်နေမယ် ထင်ပါ့ ။ အင်း စား ၊ ၀တ် ၊ နေရေး လုံးပမ်းရမှာပဲလေ ။ ကိုယ်တိုင် သွားတွေ့ရမှာပေါ့ ။

***

ဒီခရီး အနီးဝေးက အရေးမကြီး ။ ကားမောင်းသမားက ဦးဆောင်သည် ။ ခရီးသည်က ရောက်ချင်ဇောနှင့် မောနေသည် ။ အတွေးတွေ ကိုယ်စီနှင့် ။ ကားသံ ၊ သဘာဝအသံများ၊ ရှုမျှော်ခင်းများ နှင့်အတူ ခရီးတစ်ခု သွားနေသည် ။ လေက ကားမှန်ပြတင်းကို ဖြတ်ပြီး ကားအတွင်း နေရာလု တိုက်ခတ်နေသည် ။

***

Read More...

Letter



ကျွန်တော် နှင့် လိပ်စာ

နာမည်အရ ထုတ်လုပ်သူ ( လူ ) ၏ အကြွင်းမဲ့ ယုံကြည်တတ်သောစိတ် တည်နေရာ (အစီအစဉ်) ။

ပီစီအိုင်-0115ပီ030707 မှတ်ပုံတင်ခြင်း ။

၁။ အမ်၁းအမ်ဝ = ဧည့်သည်ဝင်ရောက်လာမှု ။

(၀၀) ဧည့်မရှိ ။

(၀၁) သာမာန်ဧည့် ။

(၁၀) အထူးဧည့် ။

၂။ အက်စီ၂းအက်စီဝ = ဧည့်ချိန် ။

(၀၀၀) မသတ်မှတ် ။

(၀၀၁) ဧည့်များချိန်(၃၀) ။

(၀၁၀) ဧည့်လာချိန်(၁၅) ။

(၀၁၁) ဧည့်နည်းချိန်(၁၀) ။

(၁၀၀) ဧည့်အကူချိန်(အချိန်ဝ) ။

(၁၀၁) ထပ်ပေါင်းဧည့်ချိန် ။

၃။ အက်တီအာ၁းအက်တီအာဝ = စတင်ဝင်ရောက်မှု ။

(၀၀) မရှိ ။

(၀၁) အေးဆေးစွာလုပ်ဆောင်မှု ။

(၁၀) အကူလုပ်ဆောင်မှု ။

(၁၁) ပုံမှန်လုပ်ဆောင်မှု ။


၎။ အက်တီပီ၁းအက်တီပီဝ = ရပ်တန့်မှု ။

(၀၀) မရှိ ။
(၀၁) အေးဆေးစွာလုပ်ဆောင်မှု ။
(၁၀) အကူလုပ်ဆောင်မှု ။
(၁၁) ပုံမှန်လုပ်ဆောင်မှု ။

၅။ အက်တီအာအာအက်ဖ် = အက်တီအာ၏ အကူထိန်းကြောင်းမှု ။

ဝ အစွန်းမြင့်ထိန်းခြင်း ။

၁ အစွန်းနိမ့်ထိန်းခြင်း ။

၆။ အက်တီပီအာအက်ဖ် = အက်တီပီ၏ အကူထိန်းကြောင်းမှု ။

ဝ အမြင့်ဆုံး လှုပ်ရှားမှု ။

၁ အနိမ့်ဆုံး လှုပ်ရှားမှု ။

၇။ အာအီးကြူလိုအပ်ချက် ။

ဝ အမြင့်ဆုံး ။

၁ အနိမ့်ဆုံး ။

၈။ အေစီကေလှုပ်ရှားချိန်တိုင်းတာမှု ။

ဝ အမြင့်ဆုံး ။

၁ အနိမ့်ဆုံး ။

၉။ စီအယ်ကေအချိန်နှိုင်းယှဉ်မှု ။

ဝ အမြင့်ဆုံးအစွန်းရောက်ချိန် ။

၁ အနိမ့်ဆုံးအစွန်းရောက်ချိန် ။

၁၀။ လက်ဆွဲနှုတ်ဆက်ချိန် ။

ဝ နားချိန်တွင်လုပ်ဆောင်ခြင်း ။

၁ ဧည့်ရှုပ်ချိန်တွင် လုပ်ဆောင်ခြင်း ။

မှတ်ချက်(၁)။ အပိုင်း(၁) အိမ်အပေါ်(၀၀အိပ်ခ်ျ) နှင့် အိမ်အောက်(၀တူးအိပ်ခ်ျ)တွင် ရေးသားမှုသာ ဖြစ်သည် ။

မှတ်ချက်(၂)။ အပိုင်း(၂) သည် ထိုနည်း၎င်း ။ချွင်းချက် = ၂။တွင် အချိန်(၁) ဖြစ်သည် ။ ၃။၎။ တွင် ပုံမှန်လုပ်ဆောင်မှုမရှိပါ ။ သို့သော် အိမ်အပေါ်(၀ဖောအိပ်ခ်ျ) နှင့် အိမ်အောက်(၀စစ်အိပ်ခ်ျ)တွင် ရေးသားမှုသာ ဖြစ်သည် ။

မှတ်ချက်(၃)။ အပိုင်း(၃)သည် နှိုင်းယှဉ်မှုများ(၀မှသည်၃၁အထိ) ။ အိမ်အပေါ်(၀အိပ်အိပ်ခ်ျ) နှင့် အိမ်အောက်(၀အေအိပ်ခ်ျ)တွင် ရေးသားမှုသာ ဖြစ်သည် ။

မှတ်ချက်(၄)။ ဒိုင်စိတ် နှင့် အခြားသော ဖြစ်နိုင်ခြေများ ။

(၁) ဒိုင်ဝမှဒိုင်၇ အတွင်း ၀င်ရောက်နိုင်သည် ။ (ဒီအိုင်အန်)

(၂) ဒိုင်အရည်အချင်းသတ်မှတ်ချက် ။ ဒိုင်နိမ့်မြင့် (၀မှ၇)ထိ ။(ဒီအိုင်အန်အာဖက်)

ဝ အစွန်းမြင့် ဒိုင် ။

၁ အစွန်းနိမ့် ဒိုင် ။

(၃) လမ်းကြောင်း (၀မှ၎)ထိ ။(စီအိပ်ခ်ျ၎းစီအိပ်ခ်ျဝ)

(၄) ၀င်ရောက်မှု ပြောင်းလဲနိုင်သည် ။ (စီဒီ)

(၅) ပုံမှန်လုပ်ဆောင်မှု ဖြစ်နိုင်ခြေများ ။ (ပီအမ်)

(၆) ဧည့်ရှုပ်ချိန် ထပ်မံ ဖြစ်နိုင်ခြေများ ။ (တီအမ်)

(၇) အလွန်အကျွံ ၀င်ရောက်မှု ဖြစ်နိုင်ခြေများ ။ (အိုဗွီ)

(၈) ထွက်ခွာသွားမှု ဖြစ်နိုင်ခြေများ ။ (ယူအန်)

(၉) ၀င်ရောက်မှုများ ရပ်တန့်ခြင်း ။ (ဒီအိုင်-အက်တီပီ)

(၁၀) ထွက်ခွာမှုများ ရပ်တန့်ခြင်း ။ (ဒီအို-အက်တီပီ)

(၁၁) ဆက်လက်ဖြစ်ပေါ်မှု အခြေအနေ ။ အန် = ၀မှ၇ ထိ ။ ( အိုင်အီး )

ဝ မဖြစ်ပေါ် ။

၁ ဖြစ်ပေါ် ။

ပီစီအိုင်-ကဒ် လိပ်စာ အား မှတ်သားမှုမှ ထုတ်နုတ် ရေးသားထားခြင်း ဖြစ်သည် ။


Read More...

Shaky




Read More...

Eat it!




ဝက်အူချောင်းပေါင်းနည်း သင်ကြားသူအား အထူးကျေးဇူးတင်ပါသည် ။

Read More...

Monday, July 02, 2007

Recover

When computer opened and closed , Delay time had many . So I recover it .
What time will you recover for mind , if you have many delay time .
I hope that May be (or) Back up

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်