Saturday, December 29, 2007

I sung a song at 2007



*****

မူရင်း သီချင်း

***

ချစ်ကံဆိုး

တေးရေး ထွဏ်းခမ်

တေးဆို ညီရဲ ၊ ကြိုးကြာ

သရုပ်ဆောင် ဇေယျ ၊ မုန်း

ဒါရိုက်တာ ခင်စန္ဒာမြင့်

တည်းဖြတ် ဝေယံလင်း

* ချွေးစက်များနဲ့ ဘ၀ဟာ မောပန်းနေလည်း ….. အားပေးတတ်တဲ့ချစ်သူ နားမှာရှိတယ် *

* နူးညံ့ခြင်းနဲ့ အချစ်တွေ ရှေ့ဆက်နိုင်ဖို့ ..... နှလုံးသားများနဲ့ ဘ၀ကိုတည်ဆောက်ကြမယ် *

* စိတ်ကူးများ ရှေ့ဆက်ကာ အိပ်မက်နေဆဲ ….. ရက်စက်တဲ့ စကားလုံးတွေငါခံစားမယ် *

* လမ်းခွဲမယ့် စကားလုံးတွေ မကြားချင်ဘူး ..... အရိုးသားအချစ်ကိုးကွယ်နိုင်မလား အချစ်ရယ် *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)


Read More...

Tuesday, December 25, 2007

Creation of presentdummy 2

လူတူ-၂

* လူတူ အိပ်စက်ခြင်းမှာ အတော်ကြာခဲ့ပြီ ။ အသိတရား ဆိုသောအရာက လှပဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့သည်၊ လှလိုက်တာ ။ လှနေလိုက်တာ ။ လှလွန်း၏ ။ သို့သော် လှပခြင်း၌သာ အချိန်ကုန် ကြာညောင်းခဲ့သည်။ လူတူ လှလှ ထိန်းမရ ဖြစ်နေတော့သည် *

* လူတူ ဖြတ်ခနဲ မျက်လုံး ပွင့်လာသည် ။ စကြ၀ဠာကိုမသိ ။ နေ့နေလား ညနေလား မသိ ။ တဂျီဂျီသံ ခပ်ဖွဖွ ၊ ချောက် ၊ ရရပ် ၊ ရှပ် ၊ ကျီ ၊ ဝေါ ။ ခပ်မှန်မှန် ပေါ်ပေါက်လာသော အသံတို့က အအေးအနွေး ထိန်းသောစက်မှ နားစည်သို့ လှုပ်ခတ်လာသည် ။ ကြားခြင်းဖြစ်မည် ။ သို့သော် အရင်ထိပြီးမှ ကြားရသည် ။ အနီးအနားမှာ အဝေးထိန်းသော ခလုတ်တစ်ခုကို ဖိမိနေ၏ ။ ဒါကြောင့် ဒီအသံ ဖြစ်ပေါ်နေတာ ဖြစ်မည် ။ *

* မကြာမီ ဆတ်ခနဲ လှုပ်ရှားမှုများ တရစပ်ဖြစ်ပေါ်လာတော့သည် ။ မျက်တောင်ခတ်ခြင်းလည်း ပါ၏ ။ အသက်ရှိမှု ကျန်မကျန် ၊ ကိုယ့်အသံဖြင့် တကိုယ်တည်း ပြောဆိုလိုက်သံဖြစ်သည် ။ နိုးပြီလား … လား ။ အနံ့ကင်းသော နေရာဖြစ်ပါလျှက် အနံ့တစ်ချို့ သင်းနေသည် ။ ကိုယ်သင်းနံ့များ ဖြစ်နေသည်။ ဒါကို ဂရုမထားပါဘဲ လစ်လျူရှုနေလိုက်၏ ။ *

* အာရုံခံများ၏ လှုပ်ရှားမှု မြန်ဆန်ခြင်းကြောင့်ဖြစ်မည် ၊ ခံစားမှုအများအပြား ဖြစ်ပေါ်နေတော့သည် ။ ပူလာ အေးလာ ကျင်လာ ကိုက်ခဲနာကျင်လာတော့သည် ။ အချိန် အနည်းငယ်မျှကြာသော်လည်း တိုး၍သာ လာနေသည်။ ရပ်တန့်ရန် မဖြစ်နိုင်ပေ။ *

* လှည်းမောင်း ၊ မြင်းမောင်းသလို နှေးတခါ ၊ မြန်တလှည့် တရစပ်ကို ပြုမူနေတော့သည် ။ ရပ်ခြင်း ၊ တုန့်ခြင်း အလျင်းမျှ မရှိသလို ခံစားရပြန်သည်။ သို့သော် ရပ်တန့်နေသည်။ ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရပ်သည်ဆိုရုံကလေးမျှသာ ။ *

* စစ်ကနဲမြည် ပြီး အရွေးများသော လမ်းကို ခပ်သွက်သွက် လျှောက်လှမ်းကြသလို အဆောတလျင် ခြေလှမ်းတို့ဖြင့် လှမ်းပြီးရင်း လှမ်းရင်း ၊ ရောက်ပြီးရင်း လှမ်းရင်း ကျန်ခဲ့သည်လည်း ရှိကြသည် ။ တည်နေရာ အရွေ့များစွာ ပေါ်ပေါက်နေတော့သည် ။ *

* ဆက်လှမ်းရန် မဖြစ်နိုင်ခြင်းများ ပေါ်လာသည် ။ ကွေ့ကောက်သော သွားလာလှုပ်ရှားခြင်းလည်း ပြုလုပ်လျက်ရှိ၏။ ရှေးရိုးရာ စကားပုံများကို ပြန်လည်ဆန်းသစ်စေသော အနေအထိုင် ပြုမူခြင်းတို့ ကျူးလွန်မိ၏ ။ လွန်တာရှိ တောင်းပန်ပါ၏ ။ ခံစားချက် ၊ ခံစားချက် ဖြစ်ပျက် ၊ ဖြစ်ပျက် သတ်မှတ်ချက်ကို သတ်မှတ်ပြီးရင်း သတ်မှတ်ပြန်၏ ။ မှတ်ခြင်းသာစွ လူတူ လှလှ ဖြစ်နေတော့သည် ။ *

* သို့သော် လူတူ လှုပ်လှုပ် အကျိုးမယုတ် ခပ်သုတ်သုတ်တော့ သွားနေလေရဲ့ ။ *

* တရံတခုတ် အကျွန်ုပ်လို့လည်း သုံးတတ်ပါရဲ့ ။ *

* ပျားရည်ချိုစေလို သကြားခပ်ရောရော ဈေးပေါပေါရောင်းတယ် ထင်မှာလည်း စိုးတယ်ကွယ် ။ *

* အမှန်က ဖန်တီးမှုလုပ်ဆောင်ခြင်းသည် လူတူဖြစ်လာရပေ၏ ။ *

* လူတူအောင် လူလုပ်မှတော့ လူနဲ့တူလာပြီပေါ့ ။ *

* လူစိတ် ဖြစ်ပေါ်မပေါ် ၊ လူစိတ် ရှိမရှိ ခံစားမိ သတိရှိခဲ့လေပြီ ။ *

* သင် ဖတ်ပြီး၍ ဖန်တီးမှုပေါ် အကျွန့်အား ခေါ်ပါအံ့ ။ *

* ကောင်းချီးလည်း ပေးပါအံ့ ၊ အဆိုးအကောင်း အမျိုးပေါင်းလည်း စုစည်းထားမည် အမှန်လာလတ္တံ့ ။ *

-----

ရေးသားပြီးစီးချိန် နံနက်ချိန်သာ ၃ နာရီ အခါ ။

ခံစားသိမှု ပြတ်တောက်ချိန်ပေါင်း ကွန်ပြူတာမှတ်စက်ဖြင့် ချိန်စက်သော် ဖိုင်များစွာကို ရယူပြီးချိန် ပုံပါအတိုင်း



သာမန်မှတ်သားမှု

Tuesday, December 25, 2007

ဖွဲ့တည်ခြင်းအစ (Start: Man , Woman )

အဆုံးသတ် ဖိတ်ခေါ်မှု (/End: writing )

ရက်စွဲနှင့် ခွင့်ပြုချက် အထက်နှင့်အောက်ပါ အတိုင်း

အခြေခံအုတ်မြစ် Creation of presentdummy

Read More...

Friday, December 21, 2007

Sleeping baby


Thank Metacafe!
Many styles of sleeping !_!

Read More...

Thursday, December 13, 2007

Real story

ပုံပြင်

* ဟိုးရှေးရှေးတုန်းက * ဒီစကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပုံပြင်ပြောဆိုချိန်မှာ သုံးလေ့သုံးထရှိကြသည်။ ဒီကလိုနဲ့ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်ဟာ မိုးပြိုပြီဆိုပြီး ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ယုန်များစွာထဲမတော့ မိုးပြိုမှာကို တွေးကြောက်သော ယုန်တွေရှိခဲ့ကြတယ်။

တစ်တောင်ပေါ်တစ်တောင်ဆင့် ပေမယ့်

တောင်ကြီးဖ၀ါးအောက်

ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်

ပင်လယ်ကူးခတ်တယ်

ကျယ်ပြောပင်လယ် မြောက်မြား ပေမယ့်

လှိုင်းကြီးလှေအောက်

ဖ၀ါးတွေ လှေတွေ

အားကျလို့

ခပ်ဖွဖွတူးမိကြ

မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ (၇)ပေလှလှပေါ့ ။

မိုးဖြိုမယ် မိုးဖြိုမယ်နဲ့

ပြိုပြိုသွားတဲ့ စိတ်ထည်တွေ

လာထား ။

ကျနာမစိုးလို့ ဖေးမကူ

ရိရွဲစုတ်ပြတ် အထည်ပျက်မှာမို့

ဇကာကွက်လှလှတပ်ဖို့

အပ်ချုပ်ကြဦးစို့ ။

* အပ်ချုပ်သည် *

သွေးကြတုန်း

သေးကြတုန်း

ကြီးငယ်ဆိုဒ်စုံ သုံးကြတုန်း

ဒီနဖားကို အဘွားလည်း အမြင်ကပ်တုန်း

သို့သော်လေ သူတို့က ပျော်မဆုံး

ရွှင်ရွှင်ကြီးခံသုံး

အပ်ပေါက်ထိုးတုန်း

ချုပ်နေကြတုန်း

လက်ချုပ်စက်ချုပ်တွေ တွင်ကျယ်မဆုံး ။

အပြောကျယ်လောင် ဆာသယောင်မို့

တစ်ထွာမျှဝမ်း

ကျဉ်းကျုံ့လှုပ်လှုပ်

အပူငြိမ်းဖို့

ထမင်းစားကြဦးစို့ရယ် ။

Read More...

Monday, December 10, 2007

I found snow. Copy that! You are welcome!

For You

Refer: A continuous deformation between a coffee mug and a donut illustrating that they are homeomorphic. But there does not need to be a continuous deformation for two spaces to be homeomorphic.

Read More...

Thursday, December 06, 2007

I write DVD with DVD-RAM

ကိုယ်တိုင်ရိုက်သော ဒီဗီဒီတစ်ချပ်

စီစဉ်ထုတ်လုပ်သူ နှင့် ဒါ ရိုက်တာ - ကျွန်တော် ခံစားတင်ပြသည် ။

ငယ်တုန်းက ကလေး။ အပြင်သွားလာလည်ပတ်မှု အမြဲနှစ်သက်သည်။ ထမင်းစားချိန်မှအပ ကျန်အချိန်သည် ကစားခုန်စားချိန်သာ ဖြစ်သင့်သည်ဟု ထင်သောကလေးတစ်ယောက် ဖြစ်ခဲ့သည်။ မြင်ရကြားရသည်။ သွားရင်းလာရင်း ငေးမောကြည့်ရှုနားထောင်ခဲ့သည်။ အမှန်တကယ်လိုအပ်မှုသည် နားမလည်မှုဖြစ်သည်။ အပြင်သွားရန် ဖိနပ်စီးသယ်။ဖော့ဖိနပ်ရယ်။ ရာဘာဖိနပ်ဖြစ်သည်။ အမေ့အသံက

* ဖနပ်စီးသွားနော် ၊ ဒီကလေးနဲ့ နေပူမိမယ် *

ညနေ နေ၀င်ခါနီး လမ်းသွားလမ်းလာရှုပ်ထွေးတတ်သည်။ ကလေးများသည်လည်း နေရှိတုန်းလေး ဆော့ကစားချင်သည်။ ညမိုးချုပ်လျှင် လူမစုံတတ်သောကြောင့် ဖြစ်သည်။ လူစုံပြီ ။ စုံမပေါ့ ။ ထိုနေရာကား ပွဲဈေးခင်းတစ်ခု ဖြစ်နေသည်။ ခင်းကျင်းမှု အမျိုးစုံလင်စွာဖြင့် ဆိုင်များတွင် လူစည်ကားနေ၏။ ကလေးအတွက်လည်း ရှိသလို လူကြီးများအကြိုက်လည်းပါ၏။

မိုးကားချုပ်ပြီ။ အချိန်ရာသီက ပွဲတော်လရာသီ။ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ တန်ဆောင်တိုင်ပြီးချိန်မို့ ပွဲတော်သာက နေရာမလပ် ထပ်သည်လည်း ရှိ၏။ တိုးတိုးကြိတ်ကြိတ် စည်ကားသည်လည်း ရှိ၏။ အငြိမ့်၊ဇာတ်၊ရုပ်ရှင်ပိတ်ကားထောင် အစုံစုံက သူ့နေရာနှင့်သူ ။ ကိုယ်မြင်ရာကြည့်သလို ကိုယ်ဝါသနာပါရာလည်း ကြည့်ကြသည်။

အမေ သေသေချာချာမှာလို့ စီးလာသော ဖိနပ်က အခုမှ အသုံးဝင်သည်။ အသစ်မဟုတ်သော်ငြား ထိုင်လို့ကောင်းသည်။ ကတ္တီပါဖိနပ်မစီးဘူး ။ မိုးတွင်းတုန်းကလည်း ထီးမကိုင်ချင်လို့ မိုးကာပဲခြုံသည်။ ဒါပေမယ့် ပွဲခင်းကဆိုသံကြားနေ၏။

* ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းသူများ *

ပွဲပြီးတော့ ဖိနပ်လေး အသာစီးပြန်လာခဲ့သည်။ ခပ်နွေးနွေးလေး ဖြစ်နေသည်။

***

အချိန်ရေစီးခိုင်းနှိုင်းနေကြမို့ဖြစ်မည်။ ဒီတော့ စီးသည်ပေါ့ ။ ရပ်နေသော နာရီများမြင်ဖူးသည်။ လည်ပတ်ရန် အားကုန်နေခြင်း ဖြစ်သည်။ လူလုပ်ကိုး ။ ရေစီးရေလာကောင်းသော မြောင်းမှ ရေစီးသည် ချောင်း ၊ မြစ် ဖြစ်လာသည်။ ထို့နောက် ကျယ်ပြောသော ပင်လယ်ပြင်ထဲသို့ စီးဝင်၏ ။

လူ့ဝန်းကျင် အသိုက်အ၀န်းကား ကျယ်ပြောလှ၏။ စတင်စီးဆင်းလာသော ရေသည် ဘယ်နေရာ ဒေသသို့ ရောက်ရောက် ရေသာဖြစ်သလို လူသားသည် လူငယ် မှ လူကြီး ဖြစ်လာသည်။ စီးဆင်းလာသော နေရာ ဒေသအမျိုးစုံကြောင့် ရေပြောင်းလဲမှုဖြစ်ပေါ်သည်။

* ပြောင်းလဲသွားတယ်နော် ၊ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့ *

***

ငယ်စဉ်က ဖိနပ်ဖင်ခု ကြည့်ရှုရသော ပွဲတော်များစွာကလည်း ပြောင်းလဲလာသည်။ အသံသွင်း ဓာတ်ပြားများ ၊ ကက်ဆက်ခွေများ ဖြင့် နားသောတဆင်နိုင်သည်။ ဂီတပြောင်းလဲလာခြင်းဖြင့် နားသောကလည်း ဖြစ်နိုင်သေးသည်။

* မကြောက်ပါနဲ့ မမြ၀င်း ၊ ဗိုလ်အောင်ဒင် …. ပြန်လာပြီ *

* အသံသာသာ တေးကိုသာ … *

* ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာပြီ … ဘယ်သူတွေ ရမယ် ထင်လဲ *

***

လူသည် စိတ်၊ခန္ဓာဖြင့် ခံစားတတ်ကြသည်။ မနေ့များစွာသော အတိတ်တွေကို နားလည်ကြသည်။ ခံစားကြသည်။ ရုပ်ရှင် ၊ ဂီတ ၊ ပန်းချီ စသော အနုပညာပစ္စည်းများစွာကို တိုးချဲ့ဖန်တီးလာသည်။ စာတင်မယ် ။ ခံစားမှုရင်ခွင်သစ်များစွာဖြင့် ရာဇ၀င်မှာ စာတင်မယ် ။

***

တီထွင် ဖန်တီးကြသည်။ ခေါင်းစဉ်များစွာဖြင့် မှတ်သားထားသည်။ လိုအပ်သည်များကို သိမ်းဆည်းသည်လည် ရှိ၏။ မြန်ဆန်သော လျှပ်စစ်ဖြင့် သတ်မှတ် စုစည်းလိုက်၏။ ဒီဗီဒီဟု ဆိုထားသော လေဆာဓာတ်ပြားတစ်ချပ် ထွက်လာသည်။

ဇာတ်ဝင်ခန်းတစ်ခန်း စတင်လာသည်။ ကင်မရာမြင်ကွင်းသည် ခန္ဓာကိုယ်မှ မျက်နှာဆီသို့ ဦးတည်သွားသည်။ မင်းသား ၊ မင်းသမီး ပြုံးသွားသည်။ ပြီးပြီ ။ အားလုံး ပြီးဆုံးသွားပြီ ။

* ဒီဇာတ်ဝင်ခန်းက ရုပ်ရှင်အကယ်ဒမီ ရသွားသည် *တဲ့ ။ လူတွေအားလုံး ပြုံးတာကို သဘောကျသည်ပဲ ။

p.s: List of my DVD

1. Start-Human age

2. Rosé owner

3. (95) U_BA_THEIN_A_NYEINT

4. 16_year song from movie

5. A_Chit_Kan_Soe

6. NOTHING ELSE MATTERS-1991< http://naing1.blogspot.com/2007/08/staind-nothing-else-matters.html#comments>

7. What time finish war< http://naing1.blogspot.com/2007/07/when-war-finished.html>

8. Avril Lavigne - The Best Damn Thing (2007)

9. Lay Phyu (New songs)

10. Necessary_software <http://en-us.www.mozilla.com/en-US/firefox/about/> KLCODEEXE

11. NESTOPIA and Games of Nintendo

12. Sone_Si_Na_Phar_Media

13. Andalasia

14. Ratatouille


Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်