ဂျကား
သူတို့ ပြောတဲ့ မူကြိုဂျကား
ပြောကြည့်ပါလား
အသူသူ သွဲသွား
တူလည်းတူ ဘဲနဲ့ပါလား
သူသူရေ ၀ါး ။
:-D
ဂျကား
သူတို့ ပြောတဲ့ မူကြိုဂျကား
ပြောကြည့်ပါလား
အသူသူ သွဲသွား
တူလည်းတူ ဘဲနဲ့ပါလား
သူသူရေ ၀ါး ။
:-D
Posted by
naing
at
7:07 PM
2
comments
Labels: စာစပ်
မီးသံ
ဟိုဘက်က တဒိန်းဒိန်း
ဘာသံလဲမေး
မေးပါနဲ့လေ
ပျော်ပွဲတွေ မီးရှူးလွှတ်တယ်
ဗျောက်သံပါကြား ။
ကြားရတဲ့မီးသံ
အိမ်လွမ်းသူ ဆွေဖော်အပေါင်း
ကြည့် ကြည့်ကာ ချောင်း။
ပျော်ပွဲလာ ရွှင်မော်ကြွား
စု စုကာသွား။
ပမာလေ ထလျှင်ဖြင့်
ရွာပွဲတွေ စီချိန်
Day တက်ရ ကျောင်းသူ၊သားက
ပြန်ချင်လှလှ။
မတတ်သာ ရွာလွမ်းရုံပ
မီးသံလှ ညိမ့်ညောင်းကို
တိုးတိုးဖော် တူတူစု
အသာကြည့်ရှု ။
Posted by
naing
at
8:17 PM
2
comments
Labels: စာစပ်
အပျက်များ
အိပ်မက်ကောင်းဆိုး မျှော်လင့်ချက်တွေပျက်
ကောင်းဆိုးတွေပျက် ကြောင်းကျိုးတွေပျက်
နှောင်းတိုးတွေပျက် ဖြစ်ကြောင်းတွေပျက်
ဒေါမောတွေပျက် ငြိမ်းချမ်းတွေပျက်
လိုလားတွေပျက် တိုးပွားတွေပျက်
မနေ့ကပျက် မနက်ကပျက်
နေ့ပျက်ညပျက်
ခံစားမှုတွေပျက်
စံစားမှုတွေပျက်
ကြည်ကြည်နူးနူး အပျော်ထူးတွေပျက်
ညစ်ညစ်ညူးညူး စိတ်ဓာတ်တွေပျက်
အာမခံချက်ပေးတဲ့ ဘ၀တွေပျက်
ယုံကြည်စွဲတဲ့ သန်ရာတွေပျက်
ရာသီတွေပျက် သဘာဝတွေပျက်
ပျက်တာတွေလည်း ပျက်
မပျက်သေးမှာလည်း ပျက်
ဖြစ်ပြီးလျှင်လည်း ပျက်
* ငါကော *
ပျက်ရှာပြီ ။
Posted by
naing
at
2:01 AM
0
comments
Labels: စာစပ်
ဒီကြိုးထုံးဖြည်ချင်လျှင် အစရှာရတယ် ၊ စိတ်ဖြည်မလို့ အစနှင့်အတူ လည်ပတ်နေပါတော့တယ်။
လှည့်လည်ကျက်စား ၊ စိတ်ထွေများပြား
ဘယ်ချိန်တမ်းသာ လေသောရယ်လို့
လှမ်းကာလေ မေးမိတော့
တမ်းသာဖြေ စိတ်ရှင်စော
လည်ပြန်ပြီ တစ်ပတ်ကယ်နှင့်
နောက်ကြောင်းပြန် ချိန်ထိုးတော့
ကောင်းကံမ နှောင်းသေမယ်
ပြောကြပေစတောင်း။
ကောင်းကံကို ကိုယ်တိုင်ကြိုးကြိုး
နှောင်းကံက သူ့ဖြစ်မျိုးမို့
အကြောင်းရယ်ဖန်မှဖြင့် အကျိုးစာကိုးပါလိမ့်
နင်ပဲလေ စိတ်သူပိုင်ဖြင့်
ဘာမှာချင်သေးသတုန်း ၊ သေဆုံးချင်တုန်း ... တုန်း ။
Posted by
naing
at
9:26 PM
3
comments
Labels: စာစပ်
Posted by
naing
at
1:37 AM
2
comments
Labels: စာစပ်
အိပ်ခဲ့သည်
အပူ နှင့် လေညှင်း ၊ နေရာအနှံ့ ခြေဆန့်ရင်း ၊ မျက်လုံးဖွင့်ပြီး အိပ်ကြည့်ခြင်း ။
Posted by
naing
at
1:46 AM
0
comments
Labels: စာစပ်
စိတ်ရိုင်း
မှားတယ် မှန်တယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ရိုင်းတယ် ယဉ်တယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
နာတယ် ကျဉ်တယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ကောင်းတယ် ဆိုးတယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ကြားတယ် သိတယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ပြိုင်တယ် ရှုံးတယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ပြန်တယ် လာတယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
လွမ်းတယ် မောတယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ကြောက်တယ် လန့်တယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ကြွားတယ် အားတယ် ၊ ခွဲခြားမယ်မရှိ
ပျော်တာပဲသိ ။
ပျော်တယ်ဆိုရုံလား ၊ အပျော်လွန်တာလား ။
ထိန်းသိမ်းပြီးပျော်တာလား ၊ မသိလိုက်ဘဲ ပျော်မိတာလား ။
ပျော်မောတော့ မရှိဘူး ၊ ရယ်မောတယ်ဆိုတာ သုံးနေကြ ။
ကြုံတုန်းလေး ပျော်တာပဲသိတယ် ။
Posted by
naing
at
7:08 PM
0
comments
Labels: စာစပ်
Shwe moe ko Nyo ta lar may tal , Shwe moe yal the` ma sall tal , Ngo tone sol lar .
ရွှေမိုးကို ညိုသလားမေးတယ် ၊ ရွှေမိုးရယ် သည်းမစဲတယ် ၊ ငိုတုန်းဆိုလား ။
I love walking in the rain coz no one knows that I'm crying..Hate all thingsss!!!!!!
![]()
မိုးရွာတုန်းလား
ငိုတုန်းလား
စိုနေတုန်းလား
မုန်းနေတုန်းလား
ပြုံးဖို့ရာ မေ့နေတုန်းလား
လမ်းလျှောက်နေတုန်းလား
သိတော့သိချင်သား
ငိုလားမငိုလား ... ပြောပြချင်တုန်းလား
ပြောချင် မပြောချင် မသိသေးဘဲ မေးမိတာ အပြစ်တဲ့လား
ငိုနေတုန်းလား...
Posted by
naing
at
6:43 PM
2
comments
Labels: စာစပ်
စိတ်သာရှင်စော ဘုရားဟော
အရှင်သခင် စိတ်
ကျွန်ဖြစ်ရ သတိဝေးချိန်
စေလိုရာစေ ထားလိုရာထား
သခင့် ၀တ်ကျေပွန်မည့်
မဟာလူသား
စိတ်သွားတိုင်း ကိုယ်ပါစေဗျား ။
မှတ်ချက် ။ လက်တွေ့မှာ ထိန်းသိမ်းမှု အားနည်းနေဆဲပါ ။
Posted by
naing
at
11:45 PM
0
comments
Labels: စာစပ်
မောနင်း
ညတွေဘယ်လောက်ပျက် ပျက်
မောနင်းပါ ။
အစာတွေဘယ်လောက်ကောင်း ကောင်း
မောနင်းပါ ။
လူဘယ်လောက်ဆိုး ဆိုး
မောနင်းပါ ။
စိတ်ဓာတ်တွေကျ ကျ
မောနင်းပါ ။
အ၀င်ကောင်းအထွက်ဆိုးရောဂါတိုး တိုး
မောနင်းပါ ။
ဆရာနှင့်တွေ့လို့ စာတွေကြိုး ကြိုး
မောနင်းပါ ။
ဘာမှမဟုတ် ဟုတ် ဟုတ် ဟုတ်
မောနင်းပါ ။
သံသရာတွေလည်တယ်လည်တယ်
မောနင်းပါ ။
ဝဋ်တွေလိုက်လိုက်
မောနင်းပါ ။
ပုံစံတွေပြောင်းပြောင်း
မောနင်းပါ ။
အိပ်ရက်ရှည်တိုးလို့ အိပ်မက်က မနိုး နိုး
မောနင်းပါ ။
လောလောဆယ်စားမကောင်း ကောင်း
မောနင်းပါ ။
ဒီမောလေး နင်းဖို့ကို နက်ပေါ်ရောက်လာရလို့ ကျေးဇူးပါ မောနင်း ရယ် ။
(မောနင်း = Morning) ဖိနပ်သစ် မှားစီးသွားတယ် ။
ခွင့်လွှတ်ပါ မောနင်း ရယ် … ။
Posted by
naing
at
7:59 AM
2
comments
Labels: စာစပ်
သစ်ပင်
စာမကုန် ဖွဲ့ ချင်ပေမဲ့ ၊ အသံနဲ့ကိုယ် ပါတုန်
ဒေါသတွေ ထွက်တာကြောင့်
ဟေ… စိတ်ကိုတဲ့ လျော့ပါလေ ။
ကိုယ်မဟုတ် သူတပါးဖြစ်မယ်
ကိုယ်တိုင်းတော့ ရိုင်းလိမ့်မယ် ။
ဘယ်ပုံနှိုင်းနှိုင်း ကိုယ်မရိုးလို့ မှိုင်းခဲ့တယ် ။
ဒေါသမီး အခိုးဝေ ကျူကျူထွက်တာပါ့
မီးများရင် ရေရှုံး ၊ ဘ၀ပါ ဆုံးလိမ့်မယ် ။
လောဘတွေ တသီတန်း ၊ စိတ်ရမ်းကားမှုတဲ့ ။
မောဟမှောင် ညည့်နက်တော့
ရံရောခါ ၊ ရမ္မက်ဖုံးပါလို့
အော် … ငတုံးရေ ထ ထ ။
မဟုတ်ပြန်လေ ငြင်းရင်ကွယ်
ရှေးစကားတော့ ကြားဖူးတယ် ။
*ဘူးဆို ဖရုံမသီးဘူး*
ဒီဘူးစင် ညွန့်ခက်ဖြာလို့
ရေသောက်မြစ်ပုတ်အောင် ဘူးရတယ် ။
သားသမီးဆိုးလေလေ မိဘခေါင်းကြိမ်းစေ ။
ညွှန်းဆိုလို့ ကိုးရအောင်
လာထား သမ္မတ စကား ။
*လေးဆယ်ကျော် မျက်နှာထား
ထိုသူသာ ပိုင်စားတဲ့ ။*
ငယ်စွန်းတဲ့ လေးဆယ်အောက်
ဘယ်တွန်းမလဲ စဉ်းစား
မွေးကျွေးမိဘ ခလုတ်ထိတိုင်းတတဲ့ ။
*သတိမမူ ဂူမမြင်*
ဆရာတဆူ ဖြစ်စေ ၊ ကျောင်းသား ဖြစ်စေ
သတိ ပျက်ပြား ၊ ဘ၀ပါ မှား ။
တည်ငြိမ်ကိုယ် စိတ်မထွေပြားအောင် ဘုရားသာ ကိုး ။
တရားသာ ရှိခိုးလို့ ၊ သံဃာကို ဦးတင်
စိတ်သာလျှင် အရှင်စောမို့ ၊ ကိုယ်မှားတာ ကိုယ်ဆိုး ။ မှားလျှင်ကွယ် ပြင်ဗျိုး ။
ပါးစပ်တွေ မကြာပြင်ဆင်လို့
ခံတွင်းတွေ မလှိုင်အောင်နံပုတ်တယ်
ဆားနဲ့သာ ရှင်းစို့ ။
Posted by
naing
at
6:53 PM
0
comments
Labels: စာစပ်
ဆူး
နှင်းဆီပင် အမြင်မရိုးဖို့
ဆူးချိုးပြီးမှ ပန်းအိုးထိုးရအောင်
မင်းက ဆူးကို ရန်စတာ
နေကြောင့် ကြွေ
လေကြောင့် ဝေ
ကြောင်းကြောင့် ခြေ
ပြားကာမှ ပြား
ရနံ့ ဖြစ်စေ အနံ့ ဖြစ်ဦး
အယဉ်ဖြစ်စေ ရိုင်းခဲ့ဦးတော့
မိုးမပါ သြဇာမှာ မပေါက်
ရိုးတံခြောက်ခြောက်
ဆူးပါမှဖြင့်
ကြောက်ဝံ့မဖဲ
ရဲစွာဆုပ်ကြည့်
ဆူးထိမှ အမိ မတကြေး ။
(နှင်းဆီမယ် မြင်မရိုးဖို့)
(ဆူးချိုးလို့ ပန်းထိုးရအောင်)
(ရန်စကို ရှည်တာလား ။)
(ဝေခဲ့သည် လေပြေညှင်းကြောင့်)
(ကြွေနွမ်းလောင် နေပူပြင်းမှာ)
(ခြေဖျက်လို့ ကျေပြားရဘ၀တွေ ။)
( ကြိုက်တော့ ရှူရှိုက် ၊ မုန်းပြန်လျှင် နှင်းဆီဘုန်းကို )
( နှာခေါင်းကွယ် လူမလေးတယ် ၊ လေ့ကျမှာပေါက် ။)
( ချစ်ပျိုမေ ယဉ်မြူးစေဖို့ ၊ ခြံဦးမှာ ပျိုး ။)
( ရေမပါ သြဇာမရောက်လို့ )
( နှင်းဆီငို ရိုးတံခြောက်ကိုဖြင့် )
( ပစ်ပယ်လျှင် သတိမတိုးလို့ )
( ညစ်ကျယ်ကျယ် ဆုပ်ကိုင်မှဖြစ် )
( မေလေးရယ် မကူနိုင်ပါ )
( စူးမယ်တဲ့ဗျိုး )
စူးမယ်တဲ့ စူးမယ်
နှင်းဆီ ၊ ဇီးမျိုး
ကန္တာရပင်တိုးလို့
ဒို့မျိုးနွယ် ဆူးမှန်းသိအောင်
စူးမယ်တဲ့ဗျိုး ။
စူးစေတဲ့ ဆူး လေ
ရှောင်ဝေးလေ သတိမထိန်းရင်
လွတ်ကယ်မမြင်
သံသရာသားကို
တစိမ့်စိမ့် စူးစေမဲ့
အဇ္ဈတ္တ မျိုး ။
Posted by
naing
at
9:07 PM
5
comments
Labels: စာစပ်
မယ်ဒီ နှစ်ဖြာ ၊ သွယ်ကာကျဆင်း
အိမ်တွင်း ခြေမှာ ။
သူရင်း မှန်မှ ၊ ခက်ကြုံရ၏။
ပြန်စေ လိုသည် ၊ စာကုံးမမှီ
သူတည်း စေသည့် ၊ တမန် သံချို ။
ချိုစေ သံစပ် ၊ ကဗျာ အရပ်
တင်းသည့် အားမာန် ၊ တရံမိုးညို
တွန်းလှန်ဖြိုဖို့ ၊ ဘုရင်မအားမာန် ။
ရည်စူး ဖွဲ့ပို ၊ သံသာဆိုလို့
ဖွယ်ရာ သောတ ၊ စားသုံး စေလို့
မေတ္တာ ရှေးရှု ၊ အားမာန် ပြု၏ ။
အားမာန် ပြည့်ဖြိုး ၊ တင်းကာ ကြိုးလည်း
မယ်မဒီကို ၊ သူယောင်မယ်လား
ထင်မှားစေဖို့ ၊ ဇော်ကျန် ဆေးမွှား
စားသူ့ အပြစ် ၊ လေမှာ တစ်လစ်
ပျံပါသော်လည်း ၊ မ၀ဲတုတ်ထောက်
ကုန်းတ၀က်ပေါ် ၊ လေမှာပျော်တဲ့
ကန့်လန့် ကိုယ်တော်
ကိုယ်ဂုဏ် ကိုယ်ဖော်
မသူတော်
Posted by
naing
at
12:31 PM
0
comments
Labels: စာစပ်
မင်းအတွက်
ဈေးသွားကာဝယ် ၊ မင်းအတွက်ပေါ့
တွက်ချက်မှုတွေ ၊ မင်းအတွက်ပေါ့
စဉ်းစားမှုတွေ ၊ မင်းအတွက်ပေါ့
ပြင်ဆင်မှုတွေ ၊ မင်းအတွက်ပေါ့
အိပ်စက်မှုတွေ ၊ မင်းအတွက်ပေါ့
မောပမ်းခြင်းတွေ ၊ မင်းအတွက်ပေါ့
ဆွေးနွေးမှုတွေ ၊ မင်းအတွက်ပေါ့
ငြင်းခုန်မှုတွေ ၊ မင်းအတွက်ပေါ့
မှတ်သားမှုတွေ ၊ မင်းအတွက်ပေါ့
အလျော့ပေးတယ် ၊ မင်းအတွက်ပေါ့
လိုချင်မှုတွေ ၊ မင်းအတွက်ပေါ့
ငတ်မွတ်မှုတွေ ၊ မင်းအတွက်ပေါ့
အားအင်ကုန်ခမ်း ၊ မင်းအတွက်ပေါ့
ချက်ပြုတ်ခြင်းတွေ ၊ မင်းအတွက်ပေါ့
စားသုံးမှုတွေ ၊ မင်းအတွက်ပေါ့
ရပ်တန့်ခြင်းတွေ ၊ မင်းအတွက်ပေါ့
တောင်းပန်ခြင်းတွေ ၊ မင်းအတွက်ပေါ့
စိတ်ဆိုးခြင်းတွေ ၊ မင်းအတွက်ပေါ့
ခွင့်လွှတ်ခြင်းတွေ ၊ မင်းအတွက်ပေါ့
နားလည်မှုတွေ ၊ မင်းအတွက်ပေါ့
ဖြစ်ပျက်ခြင်းတွေ ၊ မင်းအတွက်ပေါ့
မျှော်လင့်ခြင်းလေး ၊ မင်းအတွက်ပေါ့
ဆန္ဒနှင့်ဘဝ
ထပ်တူကျဖို့
မင်းအတွက်ပေါ့
Posted by
naing
at
12:08 PM
2
comments
Labels: စာစပ်
တွန်သံချိုလား ကောင်ရှည်လား
မျက်ပေါက်မှေးကြား ၀ိုးတ၀ါး
သူယောင်မယ်မှား တိမ်ခိုးလား
ငိုက်ပေါ့တဖန် တောက်ဖျောက်သံ
ကြားရနားမှား ပိုးကောင်လား
ပွတ်သပ်ကြည့်သား အမြင်မှား
တိမ်ညိုမှိုင်းလို ညောင်ကိုင်းလို
ရှဲသံစိပ်စိပ် တောက်ဖျောက်မပြတ်
လျင်မြန်ပြေးသွား တိမ်စိုင်များ
မိုးထက်မြည်ချိန်း ဒိန်းဒလိန်း
ထိုစဉ်ခါမှ သတိရ
တိမ်စိုင်ပျိုမည်း မချိန်းဘဲ
ခစား မိုးကျရွှေကိုယ်။
တည်ဆဲရာသီ မိုးဉဆီ
ညောင်ညိုပင်အိုမရှိဘဲ..ပုံခိုင်းစိတ်မလုံ ။
အုံအွမ်လွမ်းဆဲ ဖားရိုက်မြဲ
ရွာမှ အိမ်တန်းစို ။
ကာကွယ်မပါ ပြေးလှမ်းဆဲ
လွမ်းပို ငယ်ဘ၀ကို ။
တူတူနှစ်ကိုယ် မိုးရေထဲ
နင်းခဲ့ စက်ဘီးအို ။
ထိုစဉ်ချိန်လည်း မွေးပျံ့မြဲ
ကျောင်းမှ ခရေညို ။
မြေခကြွေလည်း ကောက်ယူဆဲ
တည်ဆဲ သစ္စာဆို ။
မိုးရာသီသား ရေနည်းငါး
အမြဲလန်းဆန်းစို…။
လွမ်းတိုင်တည်ဆဲ ရွှေမိုးလည်း
တိတ်ခဲ့ နေရောင်စုံ ။
ချိန်းလားချိန်းခဲ့ မရွာဘဲ
တမ်းဆင့် အမေ့ကို ။
အမေကြားသား သူလှည့်စား
ပြန်ကြား တောက်ဖျောက်တို ။
အာရုံမပေါ်လည်း ဦးခိုက်မြဲ
မွေးကျွေးမိဘကို
အထူးတလှယ် ဖွဲ့ကာဟဲ
မမြဲတရားကိုယ်
ဖြစ်ပြီးပျက်မြဲ
နောက်ဆုံးလည်း ပျောက်ရခန္ဓာကိုယ် ။
တရားလိုလို သမားလိုလို
လွမ်းလို့ငေးပေါ့ ဟိုးအဝေးကို…။
ပို့မြဲမေတ္တာ နိုင်သလောက်ပဲ
ထားပေါ့ အိမ်စိတ်ငို ။
Posted by
naing
at
8:50 AM
0
comments
Labels: စာစပ်