ပျင်းရိသော
ပိတ်ထားပေမဲ့ တစိမ့်စိမ့်ကျနေဆဲ
ရေပိုက်ခေါင်းစုတ်မှ ဘ၀မိုးစက်တွေ၊
လတ်ဆတ်သော ထုံထိုင်းမှုတွေက
အိပ်ယာဟောင်းရဲ့ စောင်ပုံအောက်မှာ၊
ရင်တွင်းဖြစ် အဖော်(၃)ယောက်က
တခါတရံ အဖော်မဲ့နေဆဲ၊
မနေ့က ချက်ထားတဲ့ ဟင်းကျန်လို
တွေးတောမှု နုံချာသော စိတ်ဓာတ်တွေ၊
မုတ်သုံမလာ လေမပြင်း
ရုတ်ချည်းထတိုက်သော အတ္တလေညှင်း၊
ပူလောင်နေဆဲ ခန္ဓာမှ
အေးချမ်းပါစေ ဆိုခဲစေ မြဲစေ၊
ဖြစ်တည်နေမြဲ ပျက်ကြောင်းတွေ
ရမှာလား ၊ ပေးမှာလား ။
ဒါကို ပျင်းတယ် ခေါ်မယ် ၊ ရယ်မောမလား ။
အကြောင်းပြချက်ပေးတဲ့ ဆင်ခြေလား ။
မှန်မှားခွဲခြားမှု မရှိသော စာတိုတွေလား ။
ရိုင်းစိုင်းသော စိတ်မွေးမြူခြင်းလား ။
အမျှပေးပြီး သာဓုခေါ်မြဲ စိတ်ထားလေးလား ။
မေတ္တာလွမ်းပြီး မငြိမ်းနိုင်တဲ့ တေဇောလား ။
နှစ်ကြိမ်ထပ်ရေးသော ရှင်းလင်းချက်မှား ပုစ္ဆာလား ။
ငယ်က ဖတ်ဖူးသော စာခြစ်တွေလား ။
*စာမေးပွဲဆိုတာ ပညာရှိတွေဖြေတဲ့ အရူးများမေးသော မေးခွန်းများ ။*
*Little knowledge is dangerous*
ကြောက်တယ်လို့တော့ ပြောဖူးသား ။
လောကပေါ်က မေးခွန်းများ ၊ ဖြေကြားနေဆဲ လူသားများ ။
ပျင်းရိခြင်းကို ဖက်တွယ်ထား ၊ ဒါလည်း ဆင်ခြေလား ။
ပျင်းတယ်ကွာ ။
