Showing posts with label စာတို. Show all posts
Showing posts with label စာတို. Show all posts

Monday, November 12, 2007

eString

လျှပ်စစ်ကြိုးတစ်ချောင်း

အဲဒီညက အုတ်၊ထုံး၊သဲ၊ကျောက်နှင့် ရေနံချေးဝနေသော သစ်သားအဆွေးများ၏ အနံ့ပေါင်းစုံဖြင့် အတော်ကြီး မွှေးပျံ့နေသည်။ မြေကွက်လပ်ရှေ့မှ လမ်းမီးတိုင်၏မီးချောင်းက လင်းလွန်းလှသည်။ မျက်နှာကို ရောင်ပြန်ဟပ်သဖြင့် လက်ကွယ်၍ ကြည့်မိသည်။

ညကောင်းကင်မှာ ကြယ်များစွာ လင်းလက်တောက်ပနေမြဲ။ ကြယ်တွေမော့ကြည့်ချင်သော ငယ်ကျင့်လေးက စွဲနေပြီ။ ကိုယ့်ရင်က ကြယ်လည်း ထွန်းလင်းတောက်ပနေသည်။ ပြတင်းတံခါးမှတဆင့် လင်းသောကြယ်က ဒီနေ့ည ထိုင်ခုံမှာ ထိုင်နေသည်။ ညကိုးနာရီခွဲနောက်ပိုင်း စံတော်ချိန်မှန်စွာလာသော ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ကြည့်နေသည်။

ကြယ်ကြွေတွေရေတွက်ချင်မှ ရေတွက်မည်။ သို့သော် ကိုယ့်ရင်က ကြယ်ကိုကြည့်ရင်း စားသော ချိုချဉ်က ပိုချို၊ပိုချဉ်။ အသာနွှာပြီး ၀ါးသော နေကြာက ပိုစိမ့်သလိုလို။ လေတိုက်သောအခါ ယိမ်းနွဲ့သွားသော လျှပ်စစ်ကြိုးအချို့ တွဲရရဲ ကျနေသည်။

လေတိုက်လာသည်။ အနည်းငယ် အေးစိမ့်သလိုဖြစ်သွားသည်။ နေရာပြင်၍ မျှော်ကြည့်သည်။ အစီအစဉ်သည် ဆက်ရန်ရှိတတ်သည်။ အချိန်သည်လည်း သတ်မှတ်မှုအရ ပြောင်းလဲလာသည်။ လေတစ်ချက် အဝေ့တွင်

*ဒေါက်*

*ဟာ*

အမြင့်မှကျသော အသံတစ်ခု။ အစီအစဉ်အပြီး နေရာအရွေ့ ကံကြမ္မာပါ ရွေ့သွားလေသလား။ လမ်းမီးတိုင်မှ မီးချောင်းမှိတ်သွားခဲ့သည်။ ဘယ်ကပေါ်လာ၍ ကျလာသည်မသိ။ ကြယ်ကြွေတော့မဖြစ်နိုင်။ လေသင့်သလား၊ လူကြောင့်လား ခွဲခြမ်းစိတ်ဖြာမနေအား အနောက်ဘက် ဝေးဝေးသို့ အလျင်အမြန် နေရာပြောင်းခဲ့သည်။

မီးရောင်ပျောက်တဲ့ ကြယ့်ဒေါသ လှလှလေး အသော့နှင်ရင်း မြင်လိုက်ရသည်။ ညက၀ိုးတ၀ါး မီးရောင်ကပြောက်ကျား ။ လမ်းသွယ်ကို အသာချိုးပြီး အရှေ့နားကို ကဲကြည့်လိုက်သည်။

*ဒီကောင်ပဲ နေမှာ*

*ဟော ပြောရင်းဆိုရင်း ထွက်သွားပြီ*

*အကောင်စုတ်*

အသံတွေ ပေါ်လာသည်။ မလှပသော ဖြစ်စဉ်တွေ ဖြစ်လာတော့သည်။

>>>>>

|||||

<<<<<

အိမ်ပြန်အရောက် ကြယ်ရောင်တောက်ပနေသည်ကို ရင်ခုန်စွာ တွေ့လိုက်ရသည်။ အကြောင်းအရာနှင့် ခေါင်းစဉ်တွေက ရင်ခုန်သံမပါ။ ဖြစ်စဉ်ကို နားဆင်ရင်း အကျိုးသင့် အကြောင်းသင့်တွေ ရှင်းလင်းရတော့သည်။

စာသင်သားသည် စာသင်ချိန်၌ စာကိုသာ ကြိုးစားသင်ယူရမည်။ လောကသဘာဝကို လေ့လာမှုသည်လည်း ရှိရမည်။ သို့သော် ၀န်းကျင်ပတ်ချာ လူ့ရွာအလည်တွင် လူအများနှင့် သင့်တင့်အောင်လည်း နေထိုင်တတ်ရမည်။ သူတပါးအား စိတ်လက်မကြည်သာအောင် နှောက်ယှက်ခြင်းလည်း မရှိသင့်ပေ။ နာခံမှုသည် ဆိုဆုံးမသူပေါ်တွင် မူတည်သည်။ တခါတရံ ဆိုးသွမ်းသူအား ရိုက်နှက်ဆုံးမသင့်သည်လည်း ရှိရာ၏။ သို့ကြောင့် ရိုက်နှက်ရန် သစ်သားချောင်းလေးများ အသင့်ပြုလုပ်ထားမိသည်။

မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့ပေ။ လေတဖြူးဖြူးတိုက်ခတ်နေပြီး အေးချမ်းသော ညချမ်းအချိန်လေးမှာ ကြယ်တွေမလင်းပါ။ (၆၀)၀ပ်အား မီးသီးတစ်လုံးထွန်းထားသော အိမ်တစ်လုံးအပေါ်ထပ် ၀ရန်တာတွင် အသံညှင်းညှင်းဖြင့် ကြယ်တွေအကြောင်းသိကောင်းစရာများ နာယူမှတ်သားရသည်။ တချက်တချက် လေအတိမ်း လူအယိမ်း မီးရောင်ဟပ်သဖြင့် မျက်နှာပြင်တွင် အဖြူရောင်အသီးလေးများ တွဲခိုနေသည်။

လေတိုက်၍ လျှပ်စစ်ကြိုးတစ်ချောင်း ပြတ်တောက်ခဲ့သည်။

Read More...

Thursday, August 30, 2007

Dark

အတော် မှောင်နေတာပဲ .... ဒပ်ခ် စတေး ၀တ် ၀ှိုက်

Read More...

Monday, August 20, 2007

Can you drive?

ကားမောင်းတတ်လား

နွေရာသီ အပန်းဖြေရန်အလို့ငှာ အငှားယာဉ်မောင်းတစ်ယောက်သည် အေးဆေးစွာ ကားမောင်းလာခဲ့သည် ။ တစ်လုံးသော အိမ်ရှေ့ မှ ကားကို ရပ်စေရန် ဟန့်တားခြင်း ခံလိုက်ရသည် ။ လမ်းကြုံတာပဲ ။ ခေါ်သွားမှ ။ လင်မယား စုံတွဲတစ်တွဲ တက်လာခဲ့သည် ။

မိန်းမ ။ ကို့ အမေဆီ အရင်သွားမလား ၊ မနဲ့လိုက်မလား ၊ မလည်း မအမေဆီ ၀င်ဦးမယ် ။

ယောင်္ကျား ။ သွားလေ ။

မိန်းမ ။ ကို့ (၁)လမ်းက ၀င်ဖြစ်ရင် ကို့ အဒေါ်ဆီ ၀င်ဦးမလား ၊ မလည်း အေမီဆီ နှုတ်ဆက်ချင် သေးတယ် ။

ယောင်္ကျား ။ သဘော ။

မိန်းမ ။ ကို့ (က)အိမ်ယာနား ဖြတ်သွားရင် ဦးလေး ဂေါ်နီတစ်ယောက် နေကောင်းလား မသိဘူး ။ ဘေးအိမ်က အန်တီရိုစီ တူမလေး လူစီနဲ့ မလည်း ကျောင်းနေဘက်တွေလေ ။

ယောင်္ကျား ။ နှုတ်ဆက်တာပေါ့

မိန်းမ ။ ကို့ (အေ) လမ်းပေါ်က လှမ်းကြည့်ရင် မြင်ရတဲ့ လက်ဆောင်ပစ္စည်းဆိုင်ကြီးက ဈေးနှုန်း ချိုတယ်တဲ့ ။ မတို့ ခဏ၀င်ကြည့်မယ်လေ ။

ယောင်္ကျား ။ ၀ယ်ကြမယ် ။

မိန်းမ ။ ကို့ ဘီယာဝင်ဝယ်ချင်ရင် လမ်းကြောင်းပြောင်းလိုက်မယ်လေ ၊ မလည်း ဈေးဝင်ဝယ် ဦးမယ်လေ ။

ယောင်္ကျား ။ သဘော ။

မိန်းမ ။ ကို့ အစကတည်းက ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ ၊ ကိုရော ဘယ်သွားချင်လဲ ။

ကားမောင်းသမား ။ ကျွန်တော်လည်း မေးမယ်မေးမယ်နဲ့ မမေးဖြစ်တာ ။ ဘယ်သွားမှာလဲ ။ ကားမောင်းတတ်လား ၊ မောင်းရတော့မလား ။

Read More...

Sunday, August 19, 2007

I got

ရခဲ့သည်...

တစ်မျိုးမမြင်စေချင်
It's a duck and a rabbit at the same time.
If you see Red part, it's the beak, then it's a duck.
However, if you see from white side as ears, then it's a rabbit.
This is a good example of human nature.
Generally we think that mankind are a species of rational thinking.
In fact, we come to realize that one only sees what he wants to see.
Until he's exposed with more information, his thoughts are quite judgmental.
Duck, Rabbit
I got these quotes from subtitles of korean movie , Goong S .

***

ရေနားနီးသော လူများသည် ရေကြောင်းသွားလာသောအခါ လှေကို အသုံးပြုကြသည်။
လှေနားနီးတော့ ... လှေစီး ။
ကုန်းကြောင်းခရီးသွားလာသောအခါ လှည်းယာဉ်ကို အသုံးပြုကြသည်။
လှည်းနားနီးတော့ ... လှည်းစီး ။
ယခု နှာစီး(စေး) နေပါသည် ။

ပြောပြသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည် ။

***
ယနေ့ ကုတ်

အိမ်း ကြိုးစား
ဘကြီး ဘုန်းကြီး

Read More...

Tuesday, August 07, 2007

07.08.07

၇-ဂ-၂၀၀၇

မနက်ပိုင်း လင်းခါနီး ၀မ်းဗိုက်အောင့်တာကို ဖြေရှင်းခဲ့ရတယ်။ ပြန်အိပ်ပျော်လို့ တော်သေးတယ်။ နိုးတော့ (၁၀)နာရီခွဲ။ နောက်ကျတာလည်း မဖြစ်အောင် စောစော ကျောင်းသွားခဲ့တယ်။ တကိုယ်ရေ သန့်ရှင်းမှု တစ်ခုတိုးလာတာက ဂျိုင်းအဆီမွှေးလေး လူးခဲ့တယ်။ (၁၁)နာရီ မထိုးခင် ကျောင်းရှေ့ က မုန့်ဆိုင်မှာ ဟော့ဒေါ့ တစ်ခု ၀ယ်စားခဲ့တယ်။ ကျောင်းပိတ်ရက်မှာ အစောင့်တွေ ၊ ကျောင်းပြင်ဆင်နေတဲ့လူတွေနဲ့ မဖြစ်မနေလာ နေကြလူတွေ က လွဲရင် ကျောင်းကြီး တိတ်ဆိတ်နေသံကို မုန့်စားရင်း ရေသောက်ပြီး ထိုင်ကြည့်ခဲ့တယ်။ တချို့ နေရာတွေ မီးတောင် မဖွင့်ထားသေးဘူး ။ မှောင်နေတဲ့ စင်္ကြန်ကို လျှောက်ခဲ့တယ်။ ဆရာက ကြိုးတွေတတ်နေပြီ။ အပြီးစမ်းသပ်မယ်ထင်တယ် ။ လုပ်စရာရှိတာ ဆက်တိုက်လုပ်နေခဲ့တယ်။ ရသွားပြီ ။ အဲဒီပုံစံအတိုင်း နောက်တစ်ခု ကြိုးတွေ ခဲတို့ခဲ့တယ်။ ကျစ်ခဲ့တယ်။ ထိုင်ခဲ့တယ်။ အချိန်တောင် ဘယ်နာရီရောက်နေမှန်းမသိခဲ့ဘူး။ ဆရာက သူ့ကို စောင့်ပါတဲ့ ။ စောင့်စရာမလိုအောင်ကို ဆရာပြန်လာမှ ကြိုးတွေဆက်တာ ပြီးခဲ့တယ်၊ (၂)ချောင်း ကျန်နေလို့ အသစ်ရော ၊ အဟောင်းမှာပါ ထပ်တပ်ခဲ့တယ်။ မိုးတွေခြိမ်းနေခဲ့တယ်။ ထီးမပါတာ သတိရနေခဲ့တယ်။ မိုးကာတော့ပါသား ။ ညနေ(၇)နာရီထိုးတော့မယ်။ ကဲ ပြန်ကြမယ် ။ မိုးတွေရွာတုန်းမှာ… ၊

ပြတင်းတံခါးတွေ ပိတ်ပြီးမှ ဆရာက အင်တာနက်ဈေးဝယ်ဆိုဒ်တစ်ခုကို ကြည့်နေခဲ့တယ် ။ ယောင်ဝါးဝါးနဲ့ ထိုင်စောင့်နေခဲ့တယ် ။ ဗိုက်ဆာလာပြီ ။ မနက်ဖြန်တွေ့မယ်လို့ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ စင်္ကြန်ကြီးက အလာအတိုင်းပဲ ၊ မီးပိတ်သွားတာ ထင်တယ် ။ မှောင်နေခဲ့တယ်။ မိုးတွေရွာနေတယ် ။ ဖွားဖွားလေးပဲ ကျနေလို့ ။ မိုးကာအ၀တ် ၊ ကျောပိုးအိတ်လွယ်ထားတာနဲ့ ညှိပြီး အောက်ပိုင်းနားက ဇစ်လေး ချုပ်ရိုးပြေခဲ့တယ် ။ မိုးရွာထဲမှာ လမ်းလျှောက်ခဲ့တယ်။ မြေသင်းနံ့ ကုန်နေပြီး ရေညစ်ညစ်စီးနေတဲ့ လမ်းပေါ်မှာ တစ်ယောက်စ နှစ်ယောက်စနဲ့ အတူ လမ်းဖြတ်ကူးခဲ့တယ်။ မှတ်တိုင်မှာတော့ ထီးရောင်စုံနဲ့ အသွေးစုံတဲ့ လူတွေ ကားစောင့်နေကြတယ်။ အသားကင်ရောင်းတဲ့ ဆိုင်ဘေးက ဖြတ်လာလို့ ဗိုက်က ပိုမြည်လာတယ်။ သီချင်းတစ်ပုဒ်ကို အသံထွက်ဆိုရင်း လက်လေး အနည်းငယ် ကားကားလေး လျှောက်ခဲ့တယ်။ မိုးစက်တွေနဲ့အတူ … ။ ~~~*အကောင်းဆုံး စိတ်ဓာတ်များရဲ့ အင်အား… ရှင်သန်အောင် ပြုလုပ်ပြီးထား …. အကောင်းဆုံး လူ့ဘ၀ထဲက အမှန်တရား … * *လူ့ဘ၀ကို မင်းရခဲ့တယ် … … …* ~~~ ပြန်ရောက်တော့ ရေသောက်လိုက်တာ အားရှိလာတယ် ။ ထမင်းကြမ်းလေးနဲ့ ရယ်ဒီမိတ် ထမင်းကြော်အထုပ်ကို ရောကြော်ခဲ့တယ်။ လမ်းဘေးကို လွမ်းသလို ငေး ၊ တမ်းတေးတွေဆိုရင်း မိုးတွေရွာနေခဲ့တယ်။ စားဖို့ပြင်ပြီးတာနဲ့ ရေချိုးမယ်။ လွမ်းကူလို့ မစဲအောင် ထမင်းကြော်ပူပူကို သူငယ်ချင်း ချက်ထားတဲ့ ၀မ်းတွင်းသား ပြုတ်တစ်ခွက်နဲ့ လွေးခဲ့တယ်။ အေးတယ်။ မနက်ဖြန် ကျောင်းသွားရမှာ သေချာတယ်။ စာရေးပြီး အိပ်တော့မယ် ။ မိုးတွေရွာနေတယ်။

Read More...

Fun

ဟာသ

“You was born @world”

“Your mother was hard”

“You are human, so you are Lucky.”

“Sun rise from east now a day.”

“You are live, when you read these sentences.”

Please, you should be take place them to Microsoft Office Power Point. One page made by one sentence, styles and background music, as you like. And then send that slide show to YOUR ….. (eg: home , friends , surrounding places . etc . )

*ဂွတ်လပ်*

ဒီစာသားတွေ အတိုင်းလုပ်ကြည့်ပါ ။ သင်ဟာ ကံကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။ ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် (၁၀)နှစ်သား ကလေးတစ်ယောက် သည် အသက်(၂၀) ရောက်သည့်အချိန်မှာ *ငါဟာ ကံကောင်းသော လူသား ဖြစ်တယ်*လို့ သိလာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် အသက်(၂၀)၀န်းကျင်ရှိ လူသားတစ်ယောက် သည် အသက်(၃၀) ကျော်လာသည့်အချိန်တွင် *ငါဟာ ကံကောင်းသော လူသား ဖြစ်တယ်* လို့ သိလာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် အသက်(၃၀)၀န်းကျင်ရှိ လူသားတစ်ယောက် သည် အသက်(၄၀)နား နီးလာသောအခါ *ဒါမှန်တယ်* *ငါဟာ ကံကောင်းသော လူသား ဖြစ်တယ်* လို့ သိလာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် အသက်(၄၀)ပြည့်ပြီး လူသားတစ်ယောက် သည် *ငါသည် ကံကောင်းနေသော လူသား ဖြစ်တယ်* လို့ သိလာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် သက်(၅၀)ကျော် လူသားတစ်ယောက်သည် *ဒီစာသားတွေ အမှန်တွေပဲ* တွေးတတ်လာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် သက်ပြည့် ပင်စင်စား အတော်များများသည် *ဒီစာသားတွေမှာ အတွေးအခေါ်တွေ ပါတယ်၊ အမှန်တွေပဲ* တွေးတတ်လာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် အသက်(၇၀)ကျော် လူသားများသည် အသက်(၈၀)ရောက်သည့်တိုင် မသေသေးပေ ၊ ထိုအခါ *ငါဟာ ကံကောင်းသော လူသား ဖြစ်တယ်* လို့ သိလာတယ် ။

ဒီစာသားတွေ အတိုင်း လုပ်ကြည့်တဲ့ အတွက် အသက်အရွယ် အိုမင်းလာသူများသည် *ငါဟာ ဂွတ်ကနဲ အသက် ဘယ်အချိန် ထွက်ကျမလဲ စောင့်ဆိုင်းနေသော လပ်ယား အားယားနေသူ ဖြစ်တယ်* လို့ သိလာတယ် ။

*GOOD LUCK*




Read More...

Monday, August 06, 2007

For F1

ကူညီရန် အလို့ငှာ

သားရေ …

ဗျာ အဖေ …

သားရေ …

ဗျာ အမေ …

နိုးလာပြီး မျက်နှာသစ်တယ် ။ အဖေပြောတာ *မနက်ပိုင်း ရေများများ သောက်ပေးတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်တဲ့ ။* ဇီးဘရား အလတ်စား စတီးခွက်နဲ့ တစ်ခွက် ၊ ဂွပ်ကနဲပဲ ။ သွားတိုက်တံက ကောင်းသေးတယ် ။ သွားတိုက်ဆေးက ကုန်နေပြီ ၊ လိပ်ပြီး ညစ်တော့ ထွက်သေးတယ် ။ တရုတ်စာတွေရေးထားတယ် ၊ ကောင်းတာတွေ ညွှန်းထားမယ် ထင်တယ် ။ မနက်စာ ပဲပြုတ် ၀ယ်ထား လိုက်တယ်။ အမေက မီးမွှေးပြီးစ ၊ နေရောင် နဲ့ မီးခိုး ရောနေတဲ့ အလင်းတန်းလေးတွေ လှမှလှ ။ အဖေက သောက်တော်ရေ အသစ်ကပ်ဖို့ ခွက်တွေ ဆေးကြောပြီးပြီ ။ အိုးတိုက်ဖွဲပြာသည် လာရင် ဖွဲကြမ်းဆပ်ပြာ ၀ယ်ရဦးမယ် ။ အမေက ထမင်းကြမ်းကို ဆနွင်းနံ့လေးနဲ့ ကြော်နေပြီ။ ကိုကြီးက အိပ်တုန်း ။ ထတော့လို့ အမေက နှိုးပြီးသား ။ ညီထွေးက လိမ္မာပြီးသား ၊ ညကတည်းက ပြောထားတာ ။ *သားကို မနိုးနဲ့ တဲ့ * ။

ဆာနေတုန်းမို့လားမသိဘူး ၊ ထမင်းကြော်က ကောင်းလိုက်တာ ။ ဒီနေ့ ဈေးသွားရမယ် ။ နေမြင့်ရင် နောက်ကျနေမယ် ။ ဈေးက နေမြင့်မှ လူပိုရှုပ်တတ်တယ် ။ အဖေက စက်ဘီးကို ဖုန်သုတ်ပြီး ရေနွေးကြမ်းနဲ့ ထမင်းကြော် စားနေပြီ ။ သွားဖို့ ခြင်းတောင်းတွေ ၊ စာရင်းတွေ အမေက ပြင်ဆင်ပြီးသွားပြီ။ စက်ဘီးတွန်းအထွက်

*ချော်မယ်နော် သား*

*သထိထားဦး*

*ဟုတ်ကဲ့*

*ဖုန်း*

*ကလုံး*

*****

လောလောဆယ် ပဲပြုတ်နဲ့မျှစ်ကြော်ဖြစ်ဖြစ် ၊ မျှစ်ဝါနီကြားနဲ့ချဉ်ရည်တစ်ခွက်ဖြစ်ဖြစ် စားသောက်နေလိုက်တာ ။ *အိပ်မပျော်သူ၏ ညတာသည် ရှည်လျားလှလေစွ* ။ အလိုလိုမှ နေ့တာရှည်ပါဘိနဲ့ ။ နေ့ခင်း မအိပ်တတ်တာလည်း အပြစ် မဟုတ်ပြန်ဘူး ။ အလေ့အထလိုမှာပေါ့ ။ ဗိုက်လေးအောင် စားပြီးအိပ်တဲ့ ။ အစာအိမ်က အဆန်းသား ။ မစားတော့ ဂွီ၊ စားပြီတော့ အေ့ ။ လေမကွဲတာလား ၊ အစာမကြေတာလား မသိဘူး ။ စားတာတော့ စားနေရတာပဲ ။ မနေ့က ဈေးဝယ်ထားတာပဲ ။ ချက်စရာတွေ ရှိပါသေးတယ် ။ ၀က်သားက ဈေးသက်သာတော့ တစ်ကီလို ၀ယ်လာခဲ့တယ် ။ သူငယ်ချင်းက ငါးစားချင်တာနဲ့ ငါးတစ်ကောင် မှားဝယ်တော့မလို့ ။ ဈေးပြောမှ ပြန်ချထားခဲ့တယ် ။ တစ်ကောင် ငါးရာတဲ့ ။ ဘုရား ။ ဒီဘက်က တစ်ကောင်ပဲ တစ်ရာ ပေးဝယ်လာခဲ့တယ် ။ ချက်ကျွေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ။ နံနံပင်လေး အုပ်တော့ မွှေးပြီး စားကောင်းတယ်။ အရိုးတော့များတယ်ကွာ ၊ နွှင်ရတာ ကြာလိုက်တာ ။ ထမင်းကို စားမပြီးတော့ဘူး ။ ကူညီရန် အလို့ငှာ ဒီနေ့ ကျောင်းပိတ်ရက်ပဲ ။ ဘာဟင်းချက်မလဲ ၊ စဉ်းစားစမ်း ။ မထူးပါဘူး ပဲမှုန့်ကျန်သေးတယ် ။ တို့ဟူးလုပ် ၊ အတုံးလှလှကို ကြော်မယ် ။ ကျန်တာ သုတ်ကျွေးမယ် ။ မန်ကျည်းသီး ရေနွေးစိမ်ပြီး ဂေါ်ဖီ ၊ ဂျင်း ၊ ငရုတ်သီးအတောင့်တွေကို သေးသေးစိတ် လှီးပြီးထည့် ၊ အချဉ်ကရယ်ဒီ ။ ညနေစာ အသားတစ်မျိုးတော့ ချက်ဖြစ်မယ် ထင်တာပဲ ။ အဆင်ပြေသွားပြီ ။ ထမင်းလည်း ကျက်ပြီ ။ ထမင်းစားဖို့ နောက်ကျနေပြီ ။

Read More...

Friday, July 27, 2007

To middle age

လူလတ်ပိုင်းအရွယ်သို့

စာမေးပွဲအောင်သတင်းကို ရင်ဝယ်ပိုက်ပြီး အိမ်ကို ပြန်လာခဲ့သည် ။ ဒီကနေ့ တမျိုးကြီးပဲ ။ အရာအားလုံး ရွှင်ပြုံးနေကြတယ် ။ အိမ်မှာ ကြိုနေတဲ့ မိဘတွေ မျက်နှာဟာ အသာယာဆုံးပဲ ။

*ဟင်း … ကျော်ထက်က ကျတယ်*

လေပွေလေးမွှေသွားခဲ့တယ်။ လွမ်းစရာ ရှမ်းတောင်တန်းတွေ မျှော်ပြီးကြည့်တော့ ထိုင်းထိုင်းမှိုင်းမှိုင်း ။ စိတ်လေတယ်ကွာ ဆိုတာ ဒါမျိုးပဲလား ။ သူငယ်ချင်းတွေ အားလုံးလည်း ဂုဏ်ထူးတွေ ၊ ရွှင်ပြုံးတဲ့ မျက်နှာတွေ ကိုယ်စီနဲ့ပါ ။

ဘာဖြစ်ဖြစ် အမှတ်စာရင်းရတဲ့အခါ အမှတ်များမှာပါ ။ အောင်မှာသိပါတယ် ။ သေချာချင်ကြတဲ့လူတွေအများကြီးပါ ။ အားပါး ဂုဏ်ထူးတွေ အများကြီးပါတဲ့လူက ငိုနေတယ်။ ဘာသာစုံမထွက်လို့တဲ့ ။ ကျွန်တော်မျိုးကြီး သေသင့်တယ် ။

စာသင်ခန်းတွေဘက် ခဏလျှောက်ကြည့်တယ် ။ အပြန်မှာ လူရှင်းသွားပြီ ။ သေချာအောင်ထပ်ကြည့်တယ် ။ အော် လူတူမရှား နာမည်တူမရှားပါလား ။ ကိုယ့်နာမည်နဲ့ လူတွေ နည်းတာမဟုတ်ဘူး ။ အဲ (၄)ယောက်လောက်ရှိမယ် ။ ခုံနံပါတ်တွေလည်း ကြီးတာတွေရော ၊ ကိုယ်နောက်က ခုံနံပါတ်ရော ၊ အပြင်ဖြေတွေဖြစ်မယ်ထင်ပါရဲ့ ။

အိမ်ရောက်ပြီးမှ အပြင်ပြန်ထွက်တော့မယ်။ မောပမ်းပြီး ခဏမှေးခနဲဖြစ်သွားတယ် ။ ကိုယ်သိတဲ့ ကိစ္စကို မှန်မမှန် သေချာ စုံစမ်းချင်သေးတယ် ။ စာမေးပွဲအတွင်းမှာ ကူညီခဲ့တဲ့ အစ်မတွေ ၊ အစ်ကိုတွေ ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်ဖြစ်တယ် ။ အောင်စာရင်း ထွက်ချိန်မှာ ကြားချင်တဲ့ သတင်းစကားက *အောင်တယ်* ဆိုတာပဲလေ။

ဘာပဲဖြစ်ဖြစ် လူဆိုတာ ကဏ္ဍခြားတတ်ရတယ် ။ ချစ်သူအတွက် လာကြည့်တဲ့လူ ရှိသလို ၊ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်တွေလည်း လာကြည့်ကြမှာပဲ ။ အောင်ရင် ပျော်ပြုံး ၊ ရှုံးတော့ မှိုင်တွေငေးတုန်းပေါ့ ။ တနေ့လုံး ဟိုဒီက လူတွေအကြားမှာ (၁၀)တန်းအောင်စာရင်းထွက်ပြီဟေ့ ဆိုတဲ့ သတင်းက လူးလာခေါက်တုံ့ သွားလာနေတယ် ။

ညပိုင်း ။ နားအေးပါးအေး စက်ဘီးလေးစီး ၊ အပျော်လွန်ပြီး အမြန်နင်း လမ်းအကူး…

---

*၀ုန်း ၊ ဂျိမ်း ၊ ခွပ် ၊ ချလွင်*

*ဟဲ့ အို တိုက်ကုန်ကြပြီ*

*တောင်းပန်ပါတယ်*

*ကျွန်တော် လမ်းမှားပြီး စီးလာတာပါ*

*ဘယ်နာသွားသေးလဲ ခင်ဗျာ*

*ခွက်တော့ ကွဲသွားပြီ*

*တော်သေးတယ် … လူဘာမှ မဖြစ်လို့*

စက်ဘီးချင်းတိုက်မိပြီး ထွက်လာခဲ့တယ် ။ အစ်မတစ်ယောက်ရဲ့ အိမ် ဒီနားမှာ ရှိတယ် ။ ခြေထောက်ဆေးဦးမှ ။ ဟာ… သွေးတွေ …. သွေးတွေ … ။

***

*နိုးပြီလား*

*ဒီနေ့ရော ကျောင်းသွားရဦးမှာလား*

*အေး*

ချစ်သူပျိုသာဆို ပြုံးနေလောက်ရဲ့ ။ အခုတော့ မိုးမည်းဖွဲဖွဲမှာ ကျောင်းရောက်ပြီး တစ်ယောက်တည်း ကျစ်ဆံမြှီးတွေ ကျစ်နေရတယ် ။ ဆံပင်လေးတွေဖြစ်လိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ ။ အခုတော့ ၀ါယာကြိုးတွေ ။ လက်လည်း ခဲပူတို့မိဦးမယ် ၊ သတိထားဦးမှ ။ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေ ထားသိုပုံ သင်နေရတဲ့ အတိုင်းပဲ ။ ဒီပုံးကို ဒီပေါ်တင် ။ ဒီစင်ကို ဒီနားထား ။ ဟိုဘက်က ပါဝါခလုတ်တွေဖြုတ် ၊ ဟိုနားက ကြိုးတွေ ဒီဘက်ရွေ့ ။ ကြိုးတွေ ဆက်ဖို့လိုတယ် ။ ကြိုးအတိုင်းအတာလေးနဲ့ ဖြတ် ၊ ခဲပူနဲ့ ထိပ်ပိုင်းလေးတွေ လုံးထားတယ် ။ အဖြူ နဲ့ အနက် ။ လှလိုက်တာ ၊ ကိုယ်တိုင်ကျစ်ထားလို့လား မသိဘူး ။ လက်တွေ ပူထူနေတာပဲ ။

***

အော် နောက်တောင်ကျနေပြီပဲ ။ မနက်ဖြန်မှ ပြန်လာဆက်ရမယ် ။ မိုးဖွဲကလည်း နေသာတလှည့် မိုးတလှည့်နဲ့ ရွာတုန်း ၊ ရွာကောင်းတုန်း ။ တစ်ခါလာ ဘူးသီးဟင်းခါး။ ငရုတ်ကောင်းမှုန့် အရည်ဖျော်သောက်နေရတဲ့အတိုင်းပဲ ။ အာလူး(၂)လုံး (၈)စိတ်ရတယ် ။ ဘူးသီးနဲ့ ရောမွှေပေးလိုက်တယ် ။ ဂျင်းလက်တစ်ဆစ်လောက် ရိုက်ထည့်တော့ မွှေးသွားပြီ ။ အဖြူထည်ကြီးသောက်နေရမယ် ၊ ငံပြာရည်လေး လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက် ၊ ဟော ညိုသွားပြီ ။ ဆား ၊ အချိုမှုန့်က အနေတော်ပဲ။ မီးပိတ်ထားမှ ။ မီးအပူ၊ ရေအကျ အနေတော်လောက်ပဲ ။ ဟီး ။ ၀က်သားကလည်း မနူးနိုင်ဘူး ။ ရေထပ်ထည့်ပြီး အိုးပါဖုံးထားလိုက်တယ် ။ ဆန်က အသစ်မို့ထင်တယ် ၊ ရေမှန်းထည့်တာ ပျော့သွားပြီ။ ရေချိုးပြီးရင် ကျက်ပြီ ၊ စားရုံပဲ ။ ခေါင်းနောက်သလိုဖြစ်နေတယ် ။ ရာသီဥတု အေးလို့နေမှာပါ ။ ရေချိုးပြီး အနွေးလက်ရှည်လေး ၀တ်ထားတယ် ။ ရေနွေးကြမ်းပူပူလေး သောက်ဦးမှ ။

Read More...

Wednesday, July 25, 2007

Done

မအိပ်ခင်မှာ

၁။ကြည့်တာက ကိုရီးယားကား ၊

၂။စားတာက ခရမ်းချဉ်သီးအနှစ်နဲ့ ကြက်ဥပြုတ်ပြီးချက် ၊

၃။ဖတ်တာက အက်ဒရတ်လို့ ခေါ်တဲ့ လိပ်စာတွေ ၊

၎။မှတ်တာက ခေါင်းမှ ဦးနှောက် ၊

၅။ဘေးနားမှာ အော်ခိုင်းထားတာက ဟစ်ဟော့ပ်နဲ့ ကြုံတုန်း ၊

၆။ခံစားမှုပါပြီးဖတ်ချင်တာက လက်နဲ့ကိုင်ဖတ်မယ့် မြန်မာ ၀တ္ထုတစ်ပုဒ် ၊

၇။ပြောဖြစ်တာက မအားတဲ့အကြောင်း ၊ မကောင်းတဲ့အကြောင်း ၊

၈။အားတိုင်းပြောချင်တာက ကျေးဇူးတင်တဲ့အကြောင်း ၊

၉။လူတွေ့တိုင်း ပြုံးပြတတ်အောင် သင်ခဲ့တဲ့ ငယ်ဘ၀အကြောင်း ၊

၁၀။ဆယ်ချက်ပြည့်အောင်ရေးမယ် ဆိုတဲ့ ဆုတောင်းသံစဉ်

*I afraid that I will change*

---

အိပ်ပျော်သွားတော့ ဘာမှမသိဘူး ။ အိပ်မက်လည်း မမက်ဘူး ။ နိုးလာတော့ မနက်ရောက်နေပြီ ။ မီးဖိုအရင်သွားဖွင့်တယ် ။ မြန်မြန်လုပ်မှပဲ ။ နောက်ကျနေပြီ ။ အ၀တ်လဲနေတုန်း ဟင်းနွေးထားလိုက်တယ် ။ ရေနွေးလည်း ပွက်ပြီ ။ ထမင်းကို ထမင်းမှန်းသိအောင် မှတ်စားတယ် ။ ရေနွေးက အနေတော်ပဲ ၊ ပူနွေးလေး သောက်လို့ရပြီ ။ မိုးရွာနေတယ် ။ မိုးကာဝတ် ၊ ထီးပါယူပြီး စာအုပ်တွေစစ်ထည့် ။ ကျောပိုးအိတ်လွယ်ပြီး မိုးကာချွတ်ထပ်ဝတ်လိုက်တယ် ။ မိုးဖွဲပါ ။ အာ… ။ တော်တော်ရွှဲကုန်ပြီ ။ ထီးဆောင်းမှ ။ မီးပွိုင့်လေးစိမ်းတုန်း ပြေးမှပဲ ။ လမ်းပေါ်ကရေတွေ ဖိနပ်ထဲထိဝင်ကုန်ပြီ ထင်တယ် ။ စိုစိစိုစိနဲ့ ။ လေလည်းတိုက်မိုးရွာတော့ မတတ်နိုင်ဘူး ။ ရောက်အောင်တော့ သွားရမှာပဲ ။ မိုးရေထဲ မလျှောက်ရတာ ကြာတော့ ပြုံးမိသွားသေးတယ် ။ အော် မိုးရယ်ပေါ့ ။ မိုးသည်းက မိုးလည်လေး ကျောင်းရောက်တော့ သူမဟုတ်သလို တိတ်သွားပြီ။ မလည်တဲ့လူက စိုရှာပြီ ။ ဆရာမရှိသေးဘူး ။ ဖတ်စရာ စာအုပ်လည်းမရှိတော့ အနက်ရောင်စခရင်မှ လမ်းညွှန်ချက်အချို့ကို လိုက်ကလိနေတယ် ။ အရေးကြီးတဲ့ ဆော့ဝဲလ်သုံးလို့က မရတော့ဘူး ။ အင်း … ကွန်ပြူတာနာမည်ပြောင်းလိုက်လို့ထင်တယ်။ ထုံးစံပေါ့ ။ ကူညီပါ အက်ဖ်စ်ဝမ်း ရယ် ။ ဘာတွေကူနေမှန်းကို မသိဘူး ။ ဟိ ။ မဖတ်တာက မရှုပ်ဦးမယ် ။ ကူသလောက်လေး မှတ်ထားပေါ့ ။ ပေးတာက အတိအကျ ၊ ယူတဲ့လူရသွားတယ် ။ ၄၅% ။ *အခြေခံအားနည်းတာ မရှက်နဲ့ ကြိုးစားတဲ့* ကျေးဇူးတင်ပါတယ် ဆရာရယ် ။ ဟော… လွမ်းပြန်ပြီ ။ လွမ်းတိုင်း…တမ်းရလျှင်….. ။ ဖတ်ထားတာခဏရပ် ၊ ၀က်အူလှည့်နဲ့ ဖရိန်တွေ ဖြုတ်တပ် ၊ အဆင်သင့်အောင် စနစ်တကျပြန်ပြီး မှတ်သား လုပ်ကိုင် ၊ ကွဲစရာ ရှစရာတွေ ဂရုစိုက်တယ် ။ အော် တီထွင်ပြီးသား (၂)ခုကို ပေါင်းစပ်နိုင်တာလည်း ဆက်သွယ် ချဲ့ထွင်တာပဲ။ စု ၊ တု ၊ ပြု ။ စုဆောင်းမှတ်သားပြီး တုပလုပ်ကိုင်တယ် ။ ရလာတဲ့ အမှားတွေ ၊ အသစ်တွေ ပြုစုထားမှပဲ ။ ပြန်ချင်ပြီ ၊ နက်ဖြန်လာရမယ် ။ မြန်မြန်လုပ်လည်း အချိန်ကနောက်ကျနေပြီ ။ ဈေးဆိုင်ဝင်ခဲ့တယ် ။ ပါလာတဲ့ ပစ္စည်းထဲက ရေရှည်ခံတာဆိုလို့ ဆပ်ပြာမှုန့်ဘူး နဲ့ ဆန်ထုပ်ပဲထင်ရတယ် ။ ကုန်တာတော့ တူတူပဲ ။ ဈေးကပုံမှန်ပါပဲ ။ အဲ့ တွန်းလှည်းထဲက ကလေးလေးကို ပြုံးပြတယ် ။ ဒီလူကြီး ဘာကြီးတုန်းပေါ့ ။ ဟိ ။ ပြန်ပြုံးပြတော့ သူပြုံးကိုယ်ပြုံး မှန်လေးတစ်ချပ်ရခဲ့တယ် ။ ခေါက်ဆွဲခြောက်အမြန်စားမှပဲ ။ ဗိုက်ကတော်တော်ဆာနေပြီ ။ ရေနွေးပွက်ပြီးသားပဲ ။ အာ… ဘာနံ့လဲ ။ အော် ထောပတ်လိုလိုနဲ့ ၀ါဝါနှစ်တွေ ။ လာထား ကြက်သွန်ဖြူနှစ်စိတ် ။ ဆနွင်းများသွားပြီ ။ ဆီကျက်ပြီးပဲ မာစပ်စပ်နဲ့ချလိုက်တော့မယ် ။ ရေနွေးထပ်ထည့်တယ် ။ နှစ်လုံးချက်ထမင်း ပေါင်းအိုး တစ်အိုးစာဖြစ်သွားပြီ ။ မြည်းကြည့်ပါဦး ။ ဖြစ်သလိုပဲ ၊ မြန်မှမြန် ။ ဆားထည့်ထားတယ် ။ ရေချိုးပြီးစားခဲ့တယ်။

Read More...

Saturday, July 07, 2007

Dream-3

အိပ် ဦးမှ ။

လဲကျတိုင်းသာ ပြန်မထနိုင်ခဲ့ရင် ငယ်တုန်းက လမ်းလျှောက်တတ်တာ ဘယ်လိုပါလိမ့် ။ မေ့သွားပြီ ။ လမ်းလျှောက်သင်ဦးမှ ။

လိုချင်လို့ မရရင် ငိုတတ်တယ် ။ ကြောက်တတ်တယ် ။ လန့်တတ်တယ် ။ ငိုတိုင်းတ ရနိုင်ရင် ငိုတာ ဘယ်လိုပါလိမ့် ။ ငိုကြည့်ဦးမှ ။

ပေါင်းတိုင်းသာ ဖြစ်လာရင် အားလုံး ပေါင်းပစ်မယ် ။ ကောက်ညှင်းပေါင်း လည်းပါတယ် ။ ချက်နည်း ၊ ရေစိမ်တာကအစ မသိဘူး ။ ပေါင်းနည်း သင်ဦးမှ ။

တွေ့ကရာစားတိုင်း ရောဂါ ရကြေးဆိုရင် ငယ်တုန်းက ကိုယ်ဘာတွေ နှယ်စား ကလော်စားမှန်း မသိတော့ဘူး ။ မေ့သွားပြီ ။ အမေ့ကို မေးကြည့်ဦးမှ ။

စားတိုင်းသာ ၀က်ပေါင်တိုးသလိုမျိုးတိုးရင် ရေထိုးအရောင်းဆိုင်တွေ လူအုံသလို အသားတိုး ခန္ဓာကိုယ်ကြီး ၊ ( ၀၀ လှလှကြီး ) လူဝလှကြီးကို လာကြည့်ချင် ဖြစ်နေမယ် ။ ပိန်လိုက်တာ။ စားဦးမှ ။

ကစားခုန်တိုင်း ထွားကျိုင်းရမယ် ဆိုရင် သဲပုံပေါ်က ဂျွန်းထိုးတမ်း ။ ခါးအထက်ပိုင်း သားရေကွင်းကြိုးခုန် ပြီး ကစားတာတွေ ဘယ်နားမှာ အကျိုးသက်ရောက်နေပါလိမ့် ။ မေ့နေ လိုက်တာ ။ သူငယ်ချင်းဆရာဝန်ကို မေးဦးမှ ။

ငယ်ချင်းတွေ ကြီးတော့ မေ့နေလိုက်တာ ။ ဘယ်ရောက်နေကြပါလိမ့် ။ ပျောက်နေရင်တောင် ရှာရပါ့မလား မသိ ။ စုံစမ်းဦးမှ ။

ကြီးချင်းတွေ ဘာတွေလုပ်နေပါလိမ့် ။ ပေါက်တိုင်း မြောက်နေကြသလား ။ ထွန်တိုင်း ယာဖြစ်ကရောလား ။ လူတိုင်း ကြိုးစားနေတာပဲ ။ ကိုယ်ကျားတာကိုယ်ကျင်းကြေး ။ ကိုယ်တွင်းကိုယ်တူးကြေး ။ နောက်သလိုလို စကားမပီသလို အမေရိကန်စတိုင် ဆိုပြီး ကိုယ်ထူကိုယ်ထ ပိုက်ဆံရှင်းတမ်း ကစားနေကြသလား ။ ကစားနည်းတွေ ။ စကားနည်းတွေ နားမလည်ဘူး ။ နားထောင်ကြည့်ဦးမှ ။

စာသင်တိုင်းတတ်ရင် ကျောင်းကနေ ပန်းကလေးတွေ ပွင့်လို့ ဥယျာဉ်မှူးတွေ ချမ်းသာနေတာ ကြာပေါ့ ။ မြေဆီလွှာ နဲ့ ထိန်းသိမ်းမှု ကွာသလိုလို ။ ဖွံ့ ဖြိုးပုံချင်းကွာတာ နေမယ် ။ ပန်းစိုက်နည်း ဖြစ်ဖြစ် ၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဖြစ်ဖြစ် စာအုပ်ဖတ် ဦးမှ ။ စာကလည်း ဖတ်တတ် ဦးမှ ။ စာဖတ်နည်းက လည်း သိဦးမှ ။ ဖတ်ပုံနဲ့ ဖက်ပုံ မရောထွေးဘဲ သိဦးမှ ။

ဖြစ်တိုင်းသာ လုပ်တာ ဆိုရင် သဘာဝဖြစ်စဉ်တွေ ကလည်း လုပ်ဆောင်မှုတွေပဲ ထင်တယ် ။ မရပ်တန့်သော အနားယူခြင်းတွေ နဲ့ ပျင်းတိုင်းသာ ဖျင်းနေရင် လည်း ထူးချွန်လာမယ် ။ အနားယူခြင်း တဖက်ကမ်းခတ် သင်သည် ။ ပြိုင်ပွဲဝင်ဖိတ်ခေါ်သည် ။ ဒါလည်း တဖက် ကမ်းခတ် တတ်ဦးမှ ။ ရေကလည်း ကူးတတ် ဦးမှ ။

စဉ်းစား ဦးမှ ။ ဥမ ။ အု မှ ။ အု မဟု ။ မဟုတ် ။ အု မဟုတ်ဘူး ။ ဖလူး..လူး.. ဟူး ။

ရေ သောက်လိုက်အုံး ။ အပူတွေများပြီး အိပ်ပျော်နေတုန်း အိပ်မက်တာပါ ။ နှိုးပြီး ရေတိုက်တာပါ ။ ဖြည်းဖြည်းသောက် ။ အနားယူလိုက် သက်သာသွားမယ် ။ အင်း အိပ် ဦးမှ ။

Read More...

Friday, July 06, 2007

Dream-2

အိပ်မက်တို

မနက်အိပ်ယာထဲကနေ ကမန်းကတန်းထတယ် ။ တကိုယ်ရည်သန့်ရှင်းမှုလုပ်ပြီးတာနဲ့ အစာဗိုက်ထဲ ထည့်မှဖြစ်မယ် ။ မနေ့ကလည်း တနေ့လုံး အဆာခံလိုက်ရတယ် ။ ဗိုက်ကိုအောင့်နေတာပဲ ။ ဒီနေ့ စားသောက်ပြီး မှ ကျောင်းရောက်တယ် ။ ဆရာ့အခန်းမှာ လက်တွေ့လုပ်ရတယ် ။ ကြော်စားလို့မရသော ဂဏန်းလေးတွေ တိုးလိုက် ။ လျော့လိုက် ။ ပုံလေးတွေ သိမ်းလိုက် ။ ပြန်ဆွဲလိုက် ။ ကွန်ပြူတာနှင့် လုပ်ကိုင်နေတုန်း ရှေ့ က ပုံရိပ်တွေ ၀ါးသွားတယ် ။ ရွေ့ လျားနေတဲ့ လက်တွေ ခဏလေး ရပ်သွားတယ် ။ ထိုင်နေလျက် ငြိမ်သွားတယ် ။ အော် ဘလော့လေးရေး နေပါလား ။ အိပ်မက်အကြောင်း ရေးဦးမှ ။ အင် ဆတ်ခနဲ ဖြစ်သွားတယ် ။ ဆွဲလက်စပုံလေး ဆက်ဆွဲနေတယ် ။ ဒါပေမယ့် မရွေ့ သလိုပဲ ။ ဒီလေး(DELAY)ဆွဲပြီး ဆရာ့ကို ပြမှပဲ ။ *ဂျွတ်* ဆတ်ကနဲ အလှည့် အရိုးဆက်က အသံပေးတယ် ။ ဒီတော့မှ အိပ်မက်တိုလေးပါလား ။ ဟီး ။

Read More...

Thursday, July 05, 2007

Dream-1

လွမ်းမောဖွယ် အိပ်မက်များ ။ သတိရအောက်မေ့ဖွယ် အိပ်မက်များ ။ စိုးရွံ့ထိတ်လန့်စေသော အိပ်မက်များ ။ ပြန်ပြောင်းမက်ဖြစ်သော အိပ်မက်များ ။ ချိုသော အိပ်မက်များ ။ လွမ်းသော အိပ်မက်များ ။ တမ်းသော အိပ်မက်များ ။ ဆန္ဒ အိပ်မက် ။ ဘ၀ အိပ်မက် များ … ။

***

အိပ်မက်ခရီး

ကိုယ်ပျောက်ဝိဇ္ဖာလိုလို ဇော်ဂျီတပ္ပသီလိုလို အငွေ့အနေဖြင့် မြင်လိုက်ရသည် ။ ပျောက်ဆုံးသွားချိန် မျက်စိ ဖြတ်ကနဲ ပွင့်လာခဲ့သည် ။

*၀ှီး…ဝေါ…ဒီ.ဒီ.ဒီ… ၀ှီး…ဝေါ…၀ှီး*

ကားသံ ၊ လေတိုးသံတွေနှင့်အတူ နိုးလာခဲ့သည် ။ ကားမှန်ပြတင်းမှ တိုက်ခတ်လာသော လေနုအေးက ရင်တွင်းကို အေးမြစေပြန်သည် ။ ပတ်ဝန်းကျင် ရှုခင်းကို မြင်ရသည် ။ အဝေးသို့ လျှပ်စစ်စွမ်းအင်များပေးပို့သော သံတိုင်ကြီးများ ။ တရိပ်ရိပ် ဖြတ်သန်းသွားသော သစ်ပင်တန်းတို့၏ စိမ်းညို့ ညို့ အရောင်မှုန်များ ။ ကားခေါင်းသာ မြင်ရသည်ဆိုရုံလေး ၀န်နှင့် အား မျှတမှု အတိအကျမသိနိုင်သော ကုန်တင်ကားကြီးများ ။ ဒီအမြင်တွေ မှ ဖယ်ခွာပြီး ဘေးဆီ မှ အသံထွက်လာရာသို့ လှမ်းကြည့်မိတော့သည် ။

*နိုးပြီလား* *ခရီးသွားတုန်း မှေးခနဲ ဖြစ်တတ်ပါတယ်**ရှေ့ ဆိုရင် ထမင်းစားနားမယ့် ဆိုင်ရောက်ပြီ ခင်ဗျာ*

ပြောသမျှခေါင်းညိတ်ရင်း နားထောင်နေမိတယ် ။ ဗိုက်တောင်ဆာလာသလိုပဲ ။ ကားက ဖြည်းဖြည်းချင်း လှိမ့်ဝင်ပြီး ရပ်နားလိုက်သည် ။ ကားခေါင်းအဖုံးဖွင့်ပြီး ရေဖြန်းတော့ ရေငွေ့တွေ တအားထွက်လာသည် ။ အော် အင်ဂျင်လည်း ပူရှာပကိုး ။

***

ဆိုင်က သပ်ရပ်ပြီး ဖော်ရွေသည် ။ နာမည်လေးက ချစ်စရာ *ရသာမွန်* ။

*ဘာနဲ့သုံးဆောင်ပါမလဲ* အစပြုလို့ စားသောက်ဖွယ်ရာ အမျိုးအမည်များစွာ အသံမပြတ် ကြားရသည် ။ ကားမောင်းသူက ကြက်သားနှင့်တစ်ပွဲ မှာလိုက်သည် ။ စားချင်စိတ် မရှိသော ကြက်သား ၊ ကြားရပြန်ပြီ ။ ၀က်သားဘယ်နှစ်မျိုးလောက်ရှိမည် မသိလိုက် ။ ၀က်ပုန်းရသည်ဟု ပြောသဖြင့် ၀က်သားပုန်းရည်ကြီး တစ်ခွက်မှာလိုက်သည် ။ တို့စရာ အစုံအလင် နှင့် ငံပြာရည်ချက် တစ်ခွက်က စားပွဲအလယ် မှာ မင်းမူနေသည် ။ တံတွေး အရင် မျိုချနေရသည် ။ ရေသောက်ဦးမှ ။ အချဉ်ရည် ကို မျစ်များ ၊ ချဉ်ပေါင်များ နိုင်နိုင်နှင့် ။ အအီအနောက် ပြေစေ၏ ။ ပဲနှပ် နှင့် ကြက်ဟင်းခါးသီးချက်က ဟင်းအရံရသည် ။ စားပြီး အပေါ့အလေး ခဏသွားပြီး ရသာမွန်မှ ထွက်လာခဲ့သည် ။

*ဒီဆိုင်က ကောင်းတယ်* *ဒီခရီးကို ဒီဆိုင်က အသင့်တော်ဆုံးပဲ*

ကားမောင်းသူ၏ အခမဲ့ကြော်ငြာကို နားထောင်နေမိသည် ။ ခဏကြာတော့ သီချင်းသံ သဲ့သဲ့ကြားလိုက်ရသည် ။ ရွာတစ်ရွာ ဖြတ်သန်းခဲ့သည် ။

သီချင်းအလိုက်လေး လိုက်ရွတ်နေမိသည် ။

*ညီလေးတို့ရွာ … သဘာဝအလှ ရှုခင်းများနဲ့သာ … သာသာ..ယာယာ…*

***

ကွင်းပြင်စိမ်းက လေပြင်းကြောင့် ယိမ်းသည် ။ တောင်ကတိုက်တော့ မြောက်ယိမ်း ။ ဘယ်ဝေ့တော့ ညာရှောင် ။ မောင်မယ် မြူးသလို ၊ တူနှစ်ကိုယ် ချစ်ရည်လူးသလို ။ စပါးခင်းလား ။ ပြောင်းခင်းလား ။ ဝေးဝေးက ရိပ်ရိပ်ဖြတ်လို့ စိမ်းလန်းတာတော့ အမှန်ပဲ ။ ရှုမျှော်ခင်း ဆိုတာ ရှုမျှော်ကြည့်လေတိုင်း မဆုံးသော အခင်းအကျင်းများ ပြည့်နှက်မှုတွေ ထင်ပါ့ ။ ကြည့်တိုင်းမဆုံး ၊ ပြုံးပျော်မြူးသလိုလို ၊ တမ်းတမိသည် ။ လွမ်းရိပ်ထင်ခဲ့သလို ။ ကြေကွဲခဲ့သလို ။ အောင်မြင်သော တေးတစ်ပုဒ် အသံကို ကြွေးကြော်ထုတ်တဲ့ ငှက်တစ်သုတ်က အနားက ပျံသန်းဖြတ်သွားခဲ့သည် ။ *လေအဟုန်စီး… ယီးလေးလေးခိုကာရယ်…* ဆိုများသွားလေသလား ။ ကားအရှိန် အနည်းငယ် နှေးသွားသကဲ့သို့ ထင်မိသည် ။ ကားမောင်းသူ အတွေးတချို့ နှင့် သတိထားမောင်းနှင်ဟန် ရှိသည် ။ တချက်တခါ ပြုံးယောင်သန်းသန်းဖြင့် မောင်းနေပြန်၏ ။

***

အိမ်သူအလှကို ချစ်သက်ဝေေ၀ ချစ်ကြင်စမို့ ခွဲခဲ့ရသည် ။ ၀မ်းရေးပေကိုး ။ မှာလိုက်တဲ့အသံလေး နှင့် အိမ်အ၀ နှုတ်ဆက်လက်ပြနေပုံ ကို မှေးမှေးရေးရေး မြင်မိသည် ။

*ကိုမောင် ဒီတစ်ခေါက် ပြန်ရောက်ရင် စရံသတ်ထားတဲ့ မြေကွက်လေး အပြီး ချေ ရအောင်နော်*

သနပ်ခါးရနံ့လေးနှင့် နှုတ်ဆက်ခဲ့သည် ။ မွှေးကြူခဲ့မိသည် ။ ကြိုးစားတိုင်းဖြစ်မြောက်ခဲ့သည့် ဒီကားသမားအလုပ်ကို တွယ်ဖက်နေမိသည် ။ ဟင် သနပ်ခါးနံ့လား ။ အော် ဘေးက ခရီးသည် အိတ်တွေဖွင့်လို့ အနံ့လေး ရမိသည် ။ သနပ်ခါးကြိုက်ထင်ပါ့ ။

***

အိမ်ပြန်လက်ဆောင်ပေးဖို့ အရံသင့် ပစ္စည်းတချို့ ရှာဖွေရင်း သနပ်ခါးရနံ့ ယပ်တောင်လေး ။ အမေ့ ကန်တော့ဖို့ ၀ယ်ခဲ့သည် ။ အဖေက ပြုံးချိုချို ဟာသနှောမှာ မြင်မိတယ် ။ အဖေ့အတွက် လက်ပတ်နာရီတစ်လုံး ကန်တော့ခဲ့တာ အမှတ်ရသည် ။ သို့သော် ဟောင်းနေရှာရော့မယ် ။ ကိုကြီး နှင့် ညီငယ် မှာတဲ့ ပစ္စည်းတွေ နောက်ခန်းအိတ်မှာမို့ မထုတ်ကြည့်ဖြစ်တော့ဘူး။ အမှတ်တရ ပစ္စည်းတွေ ။ အိမ်ရောက် စိတ်ကူး အစီအစဉ်တွေ အကောင်အထည် ဖော်ရမယ် ။

သူငယ်ချင်းတွေ တွေ့ရင် ပြောဖြစ်မယ့်စကားတွေ ကြားချင်နေပြီ ။ မရောက်တာကြာ ၊ မတွေ့ တာ ကြာလှ ၊ ဘုရားတင် ဆိုပြီး နောက်ကြဦးမလား မသိ ။ အလုပ်တွေ အဆင်မပြေဘူးလည်း ကြားတယ် ။ တချို့တော့ နိုင်ငံခြားတွေ ထွက်တာလည်း ကြားခဲ့ရတာပဲ ။ အဆင်ပြေတာ ၊ မပြေတာ အရေးမကြီး တွေ့ ရင် မှတ်မိကြပါဦးမလား ။ အလုပ်တွေနဲ့ ရှုပ်နေမယ် ထင်ပါ့ ။ အင်း စား ၊ ၀တ် ၊ နေရေး လုံးပမ်းရမှာပဲလေ ။ ကိုယ်တိုင် သွားတွေ့ရမှာပေါ့ ။

***

ဒီခရီး အနီးဝေးက အရေးမကြီး ။ ကားမောင်းသမားက ဦးဆောင်သည် ။ ခရီးသည်က ရောက်ချင်ဇောနှင့် မောနေသည် ။ အတွေးတွေ ကိုယ်စီနှင့် ။ ကားသံ ၊ သဘာဝအသံများ၊ ရှုမျှော်ခင်းများ နှင့်အတူ ခရီးတစ်ခု သွားနေသည် ။ လေက ကားမှန်ပြတင်းကို ဖြတ်ပြီး ကားအတွင်း နေရာလု တိုက်ခတ်နေသည် ။

***

Read More...

Friday, June 29, 2007

Letter2

စာ
ထိုး နိုင် ရှုံး ပွဲက အသေကြေးတဲ့ ။
ဘ၀ကြိုးဝိုင်း ဘေးမဲ့ တောတောင် ခိုးခုတ်သတ်သူ ရှိသတဲ့ ။
နောက်ဆံမတင်းဖို့ ကုသိုလ်လား
လောလောဆယ်တော့ အိမ်ရှင်းသဗျား ။
အပြာရောင် အိပ်မက်ရှည်ကြီးနဲ့ အိပ်စက်ခဲ့တယ် ။ မိုးသံကြားလိုက်တယ် ။ မိုးအေးတော့ ပြန်အိပ်သွားရော ။ ရာသီက ကိုယ့်ဘက်ပါတာကိုး ။ အိပ်ရာထချိန်နောက်ကျခဲ့တယ် ။ အသံနောက်မှ ကြားရသည် ။ အနံ့ က အရင် ရတယ် ။ အော် တော်တော်ကို ညစ်ပတ် ပေကျံနေတာပဲ ။ တစ်ကိုယ်ရည် သန့်ရှင်းမှု ၊ စား ၊ ၀တ် ၊ နေထိုင်မှု ၊ ပတ်ဝန်းကျင် ။ ရေစိမ်ဝတ်တစ်ခုနဲ့ သုတ်သင်တယ် ။ ဆပ်ပြာရည်နဲ့ ဆို အနံ့အသက်ပါ သက်သာသွားတယ် ။ အခန်းသန့်ရှင်းတာ ဟုတ်ပြီ ။ အ၀တ်တွေ လျှော် ၊ ပန်းကန်ခွက်ယောက်တွေ ဆေး ။ တံခါးတွေ ဖွင့် ။ တော်သေးတယ် ။ လေတိုက်လို့ ။ ရေချိုး ၊ ထမင်းစား အမေရယ်မောမဲ့ ကန်စွန်းရွက်ကြော်လေးနဲ့ ။ အော် သီချင်းဖွင့်နားထောင်မလို့ ။ ဘယ်နားထားမိမှန်းမသိဘူး ။ ဖိုင်တွေ ရှုပ်နေတာပဲ ။ ရွေ့တန်ရွေ့ ၊ ဖျက်တဲ့ဟာဖျက် ။ သိမ်းမယ် ဆို မပျောက်ပျက်အောင် ထိန်းသိမ်း ။ မှတ်သားမှုက လိုပြန်ရော ။ မှတ်မှတ်ရရတွေ သိမ်းပေါ့ ။ ရှင်းရင်း ရှုပ်တာလည်း သိမ်း ၊ အရှင်းလွန်လို့ ပျောက်ပျက်သွားတာလည်း မှတ်သိမ်းပေါ့ ။ ဒါလည်း ရှင်းပြီ ။ အိမ်ပေါ်တက်ရှင်းမှပဲ ။ အော် ဒီအိမ်လေးကတော့ ရှင်းနေတုန်းပဲ ။ ဖုန်တက်တယ်ကို မရှိဘူး ။ အားလုံး အိပ်တူဒိတ်တွေပါလား ။ မောသွားပြီ ။ အိပ်မှပဲ ။

Read More...

Wednesday, June 27, 2007

Letter

စာ
မအိပ်ဖြစ်ဘူးဗျာ ။ အဲ မအိပ်ချင်တာမဟုတ်ဘူး ။ ခေါင်းက ကြည်လင်နေတုန်းပဲ ။ အိပ်သင့်တယ်လို့ တွေးချိန်မှာ အိပ်သွားရော ။ နိုးလာတော့ အိပ်မက်လေးကောင်းသေးတယ်ဆိုပြီး ပြန်နှပ်တယ် ။( လက်ဖက်ရည် ဖျော်ဖို့ မဟုတ်ပါ ။ ပေါ်လာတဲ့အတွေးလေး ပျောက်သွားမှာစိုးလို့ ပြန်အိပ်တာပါ ။ ) (၂) နာရီလောက် အိပ်ပျော်သွားတယ် ။ အိပ်ယာထ ။ သန့်ရှင်းရေးလုပ် ။ ခေါင်းက မကြည်လင်ဘူး ။ ပြန်တော့ မအိပ်တော့ဘူး ။ ဈေးသွားမယ် ။ စားဖို့ ဟင်းချက်စရာ သွားဝယ်ရမယ် ။ ဈေးက ဝေးတော့ ကားစီးရတာ ကြာတယ် ။ ကံကောင်းတယ် ။ ကားလိုင်းတွေ သိပ်မကြပ်ဘူး ။ ဈေးမှာပဲ အသားနဲ့ထမင်း ၀ယ်စားလိုက်တယ် ။ မဆိုးပါဘူး ။ ကိုယ်တိုင်တောင် ချက်ရောင်းလို့ရတယ် ။ အဲ ပေါင်မုန့် အညိုတောင် စားလိုက်သေးတယ် ။ ဒါလည်း ရောမပေါ့ ။ ၀ယ်ချင်တာ များတော့ ၀ယ်နိုင်တုန်း ၀ယ်ခဲ့တယ် ။ စိတ်တော့ အေးသွားတာပေါ့ ။ ပိုက်ဆံကုန် စိတ်ချမ်းသာတာ ဒါလည်းပါတယ် ။ အပြန်ကတော့ သယ်ပေရော့ပဲ ။ ၀ယ်တာပဲ သယ်ပေါ့ ။ ကားကမီးပွိုင့်တိုင်း မိတယ် ။ ရပ်လိုက် ၊ရှေ့တိုးနောက်ဆုတ်လုပ်လိုက်နဲ့ ။ ခေါင်းတောင် မူးတယ် ။ အင်း အိပ်ရေးပျက်တာနေမယ် ။ ဒါတောင် အစာလေးရှိနေလို့ ။ အမေ ရယ်မယ်ထင်တယ် ။ ကန်ဇွန်းရွက်ကို ရှယ်ကြော်စားမယ် အမေရေ ။ (၁)ကီလိုတောင် မလာတာ ။ ၀က်အူချောင်းပေါင်းနည်း အသစ်လေး စမ်းသပ်ရမယ် ။ ဆန်တွေလည်း ဈေးတက်လာပြီ ။ ကြက်ဥလည်း ထိုနည်း၎င်း ။ လောလောဆယ် နေပူ ၊ လေတိုက် ပူအိုက်တဲ့ ရာသီမှာ ဈေးဝယ်တယ်ပေါ့ ။ ခေါင်းခဲတယ် ။ အင်း အားမရှိတာနေမယ် ။ စားမှ ။ ဘာတဲ့ သာယာတယ် ။ အေးပေါ့ ။ ကိုယ်နေတဲ့ နေရာ ပြန်ရောက်လာတော့ စိတ်အေးချမ်းပြီး သက်တောင့်သက်သာ နားရတာကိုး ။ အိမ် ဆိုတာ ဒါပဲနေမယ် ။ အခုလည်း အိမ်မှာ နားရတာ စိတ်ချမ်းသာတယ် ။ ဒါလည်း အိမ်ပဲ ။ ဟောပြောရင်းဆိုရင်း ထမင်းပေါင်းအိုးထဲ ၀က်အူချောင်းလေး ထည့်ပေါင်းလိုက်ပြီ ။ အပြင်မှာတော့နေပူတယ် ။ အထဲမှာတော့ အေးချမ်းနေတယ် ။ သီချင်းလေးတွေ ဖွင့်နားထောင်တယ် ။ *လိုနေတယ် စည်း စိမ် များ ... လူတွေဟာ ခက်တယ် ... အချစ်ကို ခဏကိုးကွယ် ... အချိန်တန်တော့ လည်း ထမင်း စားရအုံးမှာ ... * ။ *လွယ် မယ် ထင်လို့လား ... လွယ်မယ် ထင်ထားလား ... * ၊ *အချိန်တန်တော့လည်း မင်း နားလည်မှာပါ ။* နေပူတော့ လေပူတယ် ။ အရိပ်ထဲမှာနေလည်း လေပူကလေပူပဲ ။ တော်သေးတယ် ။ လေတိုက်နေလို့ ။

Read More...

Saturday, June 23, 2007

Story

ပုံပြင်

ဟိုရှေးတုန်းအခါသမယ ခေတ်လေးတစ်ခေတ် ရှိခဲ့သတဲ့ ။ ပုံပြင် ခေတ်လေး ဖြစ်ပျက်ခဲ့သတဲ့ ။ ပုံပြင်တချို့ဟာ မမှားသလို ၊ မမှန်ကြဘူး ။ ဒီပုံပြင်ထဲက ခေတ်လေးဟာလည်း မှန်းဆပြောရတဲ့ ခေတ်လေးပေါ့ ။ ဒီခေတ်လေးက အဆိုး ၊ အကောင်းတွေ ဘောင်ခတ် ထားတယ် ။ အရင်ဖြစ်ခဲ့ ပျက်ခဲ့သော အကြောင်းအရာတွေကို လက်လွှတ်မှု မရှိသလို နောက်အနာဂတ်ကြီးကိုလည်း အမြဲပိုင်ဆိုင်နေခဲ့တယ် ။ ပုံပြင်တွေမှာ ခေတ်တွေ အများကြီး ဖြတ်သန်းခဲ့တယ် ။ ခေတ်ကြီးတွေ ခေတ်လတ်တွေ ခေတ်ငယ်ရွယ်ပိစိလေးတွေ ။ ကလေးတွေ မွေးဖွားလာခဲ့ကြတယ် ။ လူကြီးတွေ သေဆုံးခဲ့ကြတယ် ။ လူငယ်လူရွယ်တွေ ကြိုးစားခဲ့ကြတယ် ။ ခေတ်လေးမှာ ကလေးတွေပါ လူရွယ်များအားထုတ်သလို လူကြီးလည်း အားမတန်မာန်လျှော့ခဲ့တယ် ။ ခေတ်လေးမှာ စားနပ်ရိက္ခာထွက်ရှိသော ကျယ်ဝန်းတဲ့ နေရာများစွာ ရှိခဲ့တယ် ။ လူရွယ်တွေ အားထုတ်မှုကြောင့် နေရာများစွာမှာ ခမ်းနားကြီးကျယ်မှုတွေ ပေါ်ပေါက်ခဲ့တယ် ။ မီးဇာကုန် ဆီခမ်း ရွယ်သလိုနေ လူကြီးတွေလည်း ပါဝင်ပတ်သက်ခဲ့ကြတယ် ။ သွားလာဆက်သွယ်ပြောကြား စကားတွေ တောင်လိုပုံ ၊ မှတ်ကျောက်တင်တဲ့ စာပေ ၊ ဂီတ အစစလည်း ထွန်းကားခဲ့သတဲ့ ။ ဤ၊ထို၊ယင်း၊၎င်း အကြောင်းကြောင်းသော သမိုင်းတွေ လည်း ရှိခဲ့သတဲ့ ။ တုယူမှတ်သား နောင်သားတွေအတွက် မပျက်သုန်းတဲ့ အမှန် ၊ မှား ခြားသော တံတိုင်းတွေလည်း ခြံရံထားခဲ့သတဲ့ ။ လူသားနှင့်အတူ တွဲလျှက်ကူပြီး တိရိစ္ဆာန်တွေလည်း နေထိုင်ခဲ့ကြသတဲ့ ။ အရိုင်းရော အယဉ်ရော အရောရော အနှောနှောပေါ့ ။ သားကောင်ဖမ်းသော မုဆိုး ရှိသလို ၊ မုဆိုးဆွဲတဲ့ သားကောင်တွေလည်း ရှိခဲ့တယ် ။ ကြီးကျယ်ခမ်းနားသော ခေတ်လေးမှာ အေးချမ်းစေသော အနားယူနည်းမြောက်မြားစွာ ထွန်းကားခဲ့သတဲ့ ။ လူအချို့က သိရှိခဲ့ကြတယ် ။ သိတဲ့လူတွေ အနားယူခဲ့ကြတယ် ။ *အနားယူခြင်း ဆိုတာ အဆုံးသတ်ခြင်း တစ်မျိုးလားကွယ်* ။ ပုံပြင်ထဲက ခေတ်လေးလည်း အချိန်ဆိုသော အနားယူခြင်း နည်းကို သိရှိခဲ့တယ်။ အဆုံးသတ်မှာ ခေတ်လေး ပျက်ပြုန်းသွားခဲ့တယ် ။

Read More...

Wednesday, June 20, 2007

Rain2

မိုး

မိုးတဲ့ ။ ကျွန်တော် မောင်မိုး ။ လူတစ်ယောက် ။ ငယ်စဉ်က မောင်မိုး ၊ ယခု လည်း မောင်မိုး ။ မွေးရာသီကို က မိုးတွင်းကြီးမှာ မွေးခဲ့သည် ။ သာမာန် ကလေးငယ်တစ်ယောက် ဖြတ်သန်းခဲ့သလို ရာသီတွေ အလီလီပြောင်း ကျောင်းတွေ ၊ အိမ်တွေ ၊ သူငယ်ချင်းတွေ ၊ ပတ်ဝန်းကျင်တွေ နှင့်အတူ ပြောင်းလဲလာခဲ့သည် ။

---

ကျွန်တော် မိုးဖွဲ့သော သီချင်းတွေ ၊ ကဗျာတွေ နှင့် ထိတွေ့လာခဲ့သည် ။ ရေးဖွဲ့မှု အများအပြား နေရာများစွာ ၊ ခံစားမှု အပြည့်အ၀ ။ ကြည်နူးမှု စံစားခဲ့ကြသည် ။ မိုးကြောင့် ဆိုးရွားစွာ ပြောင်းလဲခြင်း အကြောင်းတရား များစွာကို ဖတ်မှတ် သိရှိလာခဲ့သည် ။ အကျိုးတရားက မိုးလည်း ပြောင်းလဲသည် ဆိုတာပဲ ။

---

မိုးတဲ့ ။ ကဗျာဆန်တယ်ဆိုချင်ဆို ကျွန်မ နှစ်သက်သော နာမည်လေး ဖြစ်သည် ။ ကျွန်မ မေမိုးဆိုသော မိန်းမပျိုတစ်ယောက် ။ ငယ်စဉ်က မိဘတွေ ပေးခဲ့သည့် နာမည် ၊ ယခုတိုင် မေမိုးလို့ သုံးစွဲခေါ်ဝေါ်နေဆဲ ။ မိုးရာသီ၏ တစ်ရက်သော မိုးနေ့မှာ မွေးခဲ့သည်။ ကလေးဘ၀ မှ နွေ ၊ မိုး ၊ ဆောင်း ဉတုသုံးလီကို ဖြတ်သန်းခဲ့သည် ။ အိမ် ၊ ကျောင်း ၊ ပတ်ဝန်းကျင် နှင့်အတူ မိဘ သူငယ်ချင်းတွေ အားလုံး ကျွန်မကို မေမိုး ဟုသာ ခေါ်ကြသည် ။

---

ကျွန်မ မိုးနှင့် ပတ်သတ်သော ဖွဲ့နွဲ့မှုများစွာ တွေ့ကြုံခဲ့သည် ။ မိုးကြောင့် အဆိုး၊အကောင်း ဒွန်တွဲ ဖြစ်ပျက်မှု များစွာကို သိရှိ ခံစားလာခဲ့သည် ။ မေမိုးဆိုသော နာမည်လေးကို ကျွန်မ ချစ်မြတ်နိုးမိတာ မှားသလား မှန်သလား မခွဲခြားပါ ။

---

သူ့နာမည် မောင်မိုးတဲ့ ။ သူမနာမည် မေမိုးတဲ့ ။ မွေးဖွားခဲ့သော မိဘများက မိမိတို့ ရင်သွေးများကို အမည်များ ပေးခဲ့ကြသည် ။

---

*မိုးရွာလျှင် ရေပါမည်* ။ မိုးရွာလျှင် အေးချမ်းသည်။ မိုးရွာသောကြောင့် ပိုပူသည် ဟု ကြားဖူးသည် ။ မိုးဦးဖြစ်ဖြစ် ၊ မိုးနှောင်းဖြစ်စေ ၊ မမှန်မကန် ရွာကျသော မိုးဖြစ်ပါစေ ရေပါသည် ။ ရေပါသောကြောင့် မိုး ဟု ခေါ်သည် ။ ရေအသက် တစ်မနက်ဖြစ်သည် ။ အေးချမ်းသည် ဟု ခံစား ၊ စံစား ရသော အချိန်ကာလများတွင် ရေသောက်ရန် ပိုမိုလိုအပ်သည်။ မိုး ကောင်းကင် မှ အေးချမ်းသော အရိပ်အယောင်ပြသည့် အချိန်ကာလများတွင် ရေသောက်ရန် လိုအပ်သည်။ မိုးအေးလို့ အိမ်၏ အသာယာဆုံးနေရာသို့ အသွားများသည် ။ ရေသောက်ရန် လိုအပ်သည် ။

---

တက်သူပျောက်တဲ့ မိုးတစ်ပေါက် အငွေ့ပျံခဲ့လေပြီ ။ မိုးအဖြစ်များရွာခဲ့လျှင်လေ ရေပါ မှာပါ ။

---

ထီးပျောက်တဲ့ မိန်းမပျိုတစ်ယောက် … အိမ်ပူ အတွက် သောကမှောက်

ရွာမြဲတဲ့ ကိုရွှေမိုးရယ် … ကံကူမလှည့်လို့ ရွာလည်း …

ရွာမစဲတဲ့ နေ့မိုးထဲ လှုပ်လီလှုပ်လဲ့သွားနေဆဲ ။

Read More...

Tuesday, June 19, 2007

RAIN

မိုး

မိုးတဲ့ ။ သူ့နာမည်က မောင်မိုး ။ ကလေးတစ်ယောက် ။ သူမနာမည်က မေမိုး ။ ကလေးတစ်ယောက် ။ မိုးရွာချိန်မှာ မွေးခဲ့ကြသတဲ့ ။ မိုးချစ်တာလည်း နှစ်ယောက်မရှိကြဘူး။ ဒီလို မိုးတွေနှင့်မွေးတဲ့ မိုးနှစ်ယောက် မိုးရွာရင်လေ …

---

မိုး ငယ်ငယ်က မိုးရွာရင် မိုးရေချိုးချင်တယ် ။ မိုးရေမချိုးရရင် မိုးအိပ်မပျော်ဘူး။ မိုး အဖေကမိုးကို မိုးမရွာလည်း ရေချိုးရမှာမို့ မိုးရေချိုးချင် အိမ်မှာပဲချိုး အပြင်မထွက်ရဘူးလို့ တခါမှ မပြောပါဘူး။ အမေကလည်း ချိုးပါစေ မိုးပဲ မိုးရေချိုးချင်မှာပေါ့ တဲ့ ။ ဘယ်မိုးဖြစ်ဖြစ် မိုးက ရေချိုးဖြစ်အောင် ချိုးတယ် ။ ငယ်တာလည်း ပါမှာပေါ့ ။ အိမ်မှာနေရလို့ လည်း ဖြစ်မှာပေါ့ ။ မိုးရွာရင်လေ မိုးရေချိုးတယ်။

---

မိုး ကျောင်းတက်တော့ လွယ်အိတ်ပါတယ် ။ ကျောပိုးအိတ် မလွယ်ဘူး ။ ကလေးဘ၀ ဆော့ကစားတုန်း မိုးရွာရင် အိမ်ပြန်ခဲ့ကြတယ် ။ မိုးတွင်းဆို ကစားပွဲတွေ ပျက်ခဲ့တာမနည်းဘူး ။ မိုးကြောင့်လို့ တခါမှ မတွေးဖြစ်ဘူး ။ မိုးရွာရင် အိမ်ပြန်ရမယ် လို့ သိတယ်။ နွေပိုင်း ပူရင် မိုးရာသီမှ မဟုတ်ဘဲ လို့ တွေးပါတယ် ။ မိုးကုန် ဆောင်းကူး အေးတော့လည်း မိုးကျတဲ့ ဆောင်းညတွေ က ပိုချမ်းစိမ့်စိမ့် ဖြစ်ရတယ်။ ရာသီဉတု ပြောင်းလဲခြင်း လို့ နားလည်တယ်။ ဘာကြောင့် ရာသီဉတုပြောင်း သလဲ မသိဘူး။ ငယ်တာလည်း ပါမှာပေါ့ ။ မသိလို့လည်း နေမှာပေါ့ ။ မိုးရာသီ ပါတာတော့ မှတ်ထားတယ် ။

---

မိုး ကျောင်းတော်ကြီးတက်ချိန်မှာ ကျောင်းသွားတယ် ။ စာကျက်တယ် ။ ကစားတယ် ။ နည်းမျိုးစုံပေါ့ ။ ကလေးတွေ ကစားတဲ့ ကစားနည်း အကုန်လုံး ကစားတယ် ။ မိုး ချစ်တဲ့ မိုးနာမည်ပါသော မိုးတွေ အများကြီး မိုးတွေ့ခဲ့တယ်။ ဇော်မိုး ၊ ခင်မိုး စတာတွေပေါ့ ။ မိုး ကျောင်းသွား ၊ ကျောင်းပြန် ၊ မိဘကူ ၊ ကစား ၊ ရေချိုး ညစာစား ၊ စာကြည့် ၊ သွားတိုက် အိပ်ယာ ၀င် ။ မျက်နှာသစ် ၊ အိပ်ယာ သိမ်း ကျောင်းသွားဖို့ ပြင်ဆင်သည်။ ။

---

မိုး ချစ်သော မိုးရာသီတစ်နေ့ ၊ မိုး ကျလာသော နေ့တစ်နေ့ ။ မိုးဖွဲဖွဲတွေ ကျနေသည် ။ မိုး ရွာထဲမှာ ရပ်တန့်နေသော အချိန်တစ်ချို့ ရှိလာခဲ့သည်။ မှတ်သားမှု အသိဥာဏ်ရင့်သန်လာခဲ့သည်။ မိုးညိုတွေ တွေ့လာခဲ့သည်။ မိုးမည်းတွေ ဆင်လာသည်။ မိုးတိမ်တွေ ရွေ့လျားလာသည်။ မိုးသည်းသည်းတွေ ပြင်းထန်လာသည် ။ မိုး ငယ်စဉ်က မိုးဘ၀ကို မိုးမေ့လာခဲ့သည် ။ ရှက်ရွံ့သော စိတ်တွေ နှင့် မိုး ရာသီတွေ ဖြတ်သန်းလာခဲ့သည် ။

---

ဒါက မောင်မိုး ။ ကျွန်တော် မိုးရာသီမှာ မွေးသူတစ်ယောက် ။ ဒါဆို မေမိုး ။ ကျွန်မ မိုးရာသီမှာ မွေးသူ တစ်ယောက် ။ မိုးရာသီမွေးဖွားခဲ့ကြပုံခြင်း တိုက်ဆိုင်သည် ။ ဒီလို မိုးတွေနှင့်မွေးတဲ့ မိုးနှစ်ယောက် မိုးရွာရင်လေ …

Read More...

Good luck and fail

ကံကောင်းခြင်း နှင့် မအောင်မြင်မှု

အိမ်သားက စကားအများကြီးပြောသည် ။ မပြောချင်တော့ဘူး ဆိုလျှင် လုံးဝမပြောတော့ပေ။ နောက်မှ ပိဿလေးနှင့် ပစ်သလို ဖြစ်တတ်သည်။ ပြောချင်တာ ဇွတ်ပြောပစ်လိုက်သည်။ မပြောချင်သေး ၊ မလုပ်ချင်သေးလို့ ခြေတစ်လှမ်းနောက်ဆုတ်သည် ဟု ပြောကြသည်။ သို့သော် ကံဆိုးချင်တော့ နောက်ဆုတ်သော ခြေလှမ်းက ချောက်ထဲသို့ကျသည်။ ကံကောင်းချင်တော့ ချောက်ထဲမှာ နှစ်ပေါင်းများစွာက ယခုတိုင်အောင် အသုံးပြုနိုင်သော သိုင်းကျမ်းကြီးကို တွေ့သည်။ ကံဆိုးချင်တော့ သိုင်းကျမ်း၏ အနှစ်ချုပ် နောက်ဆုံး စာရွက်က မပါချေ ။ ကံကောင်းချင်တော့ ချောက်ထဲ၌ နှစ်ပေါင်း ရာထောင်ချီနေနိုင်ပြီး အတွင်းအားကောင်းစေသော သစ်စေ့များ ၊ သစ်ဖုများကို စားသုံးရသည် ။ ကံဆိုးချင်တော့ ရေသောက်သောအခါ အာခေါင်တွေ ပူလောင်နေရသည်။ ကံကောင်းချင်တော့ ပူလောင်မှုအတွက် မိုးရေတွေ ရွာကျသည်။ ကံဆိုးချင်တော့ ဗွက်တွေကြောင့် ဘယ်နေရာမှ သွားလို့မရ ။ ကံကောင်းချင်တော့ မိုးတွေရွာလျှင် အလွမ်းတရားကြီး အပီအပြင် ကျင့်ခွင့်ရသည်။ ကံဆိုးချင်တော့ ဘာကိုလွမ်းမှန်းမသိ ။ ကံကောင်းချင်တော့ ကံတရားကြီးက ကိုယ်ဘက်ပါသည် ။ ချောက်ထဲမှ လွတ်လမ်းကို မြင်ရသည်။ ကံဆိုးချင်တော့ ချောက်ကြီးက နက်ရှိုင်းလွန်းလှသည် ။ တော်တော်နှင့် အပေါ်ကို မရောက် ။ ကံကောင်းချင်တော့ အလွမ်းသိုင်းကျမ်း နှစ်တစ်ရာ အတွင်းအားသုံး၍ အပေါ်ကို ရောက်ခဲ့သည်။ အောင်မြင်ပြီဟု ကြွေးကြော်နေချိန် မှန်တစ်ချပ်ကို အနီးအနားမှာ မြင်လိုက်ရသည်။ အရိုးပေါ် အရေတင် သင်ခွာရင် ရပြီလို့ လာပြောပြနေသော ရုပ်ခန္ဓာတစ်ခု ကို တွေ့လိုက်ရသည်။ မအောင်မြင်မှုများဖြင့် သေဆုံးခဲ့လေပြီ ။

ကံဆိုး ၊ ကံကောင်း ပြောပြပေးသော သူငယ်ချင်း နှစ်ယောက်အား ကျေးဇူးတင်ပါသည် ။

Read More...

Sunday, June 10, 2007

To fight

ရန်ဖြစ်ကြမည်ဆိုလျှင်

ကိုယ်အမူအရာ ၊ နှုတ်အပြောအဆို ၊ စိတ်ခံစား ဖြစ်ပျက်မှု ( ၃ ) ပါး သော အမှု ပြုလုပ်ရမည် ။

မျက်စိ အကြည့် တစ်ချက်ဖြင့် ရန်လိုသည်ဟု သိစေနိုင်ခြင်း ။ မျက်ဆံ ၊ မျက်တောင် လှုပ်ရှားမှု မြန်ဆန်စေခြင်း ။ ခေါင်း ၊ ခါး ၊ လက်ခြေ လှုပ်ရှား ပြသခြင်း ။ စကားပြောဆိုမှု အနှေးအမြန် ပြောင်းလဲခြင်း ။ နားလည်နိုင်သော ၊ နားဝင်ချိုသော စကားပြောဆိုမှု မှ နားမခံသာသော ၊ ရိုင်းစိုင်းမောက်မာသည်ဟု သတ်မှတ်ထားသော စကားများ ပြောဆိုခြင်း။ စိတ်ကြည်နူးမှု မှ စိတ်ဆိုး၊ စိတ်ကြည်သာမှု မပေးနိုင်သော ခံစားမှုများ ပြောင်းလဲလာခြင်း ။ စိတ်ခံစားမှု အလျောက် ကိုယ် ၊ နှုတ် အမူအပြော တပြိုင်တည်း ပြုလုပ်ခြင်း ။ ဒေါသမာန်မာနကို အထွပ်အထိပ် သို့ ပို့ထားရမည် ။ လောဘ ၊ အတ္တကို အကြီးမားဆုံး ခံစားရမည် ။ ယဉ်ကျေးသော ပြောဆိုမှုများကို ကြားဖူးခြင်း မရှိသကဲ့သို့ ပြောဆို ကြမည်။ ကိုယ်တိုင် ဖန်တီးထားသကဲ့သို့ ညံ့ဖျင်းသော စကားများကို ပြောဆိုကြမည် ။ အကြည့် နောက် လက်ရောက် ။ ကိုယ်ပါ ခေါင်းလွှတ် စိတ်၊စကား၊ပြုမှုပြောဆိုမှု တချိန်တည်း ကျရောက်အောင် ပြုလုပ်ကြရမည် ။ မောဟ ၊ တွေဝေခြင်း မရှိစေရန် သတိပြုရမည် ။

မှတ်ချက် ။ ကာယကံ ၊ ၀စီကံ ၊ မနောကံ ကံ(၃)ပါး အား အခြေခံထားပါသည် ။ ကံ ကံ၏အကျိုး ။

အကျိုးကြောင့် အကြောင်း ဖြစ်သည် ။ ကောင်းဆိုး ပိုင်းခြား သတ်မှတ်မှုသည် အကျိုး နှင့် အကြောင်း ကို ခွဲခြားသည် ဟု ထင်မြင်မိပါသည် ။

Read More...

Saturday, June 09, 2007

I and WaLone

ကျွန်တော် နှင့် ၀လုံး

ဘ၀ ကြီးသလား ၊ ငယ်သလား ။ ဘ၀ နိမ့် ၊ မြင့် ။ ဘ၀ ကြမ်းတမ်း ၊ သာယာ ။ ဘ၀ ဆိုး ၊ ကောင်း ။ ရာသီတွေပြောင်း အချိန်နှင့် ဆက်သ ။ ဆန္ဒ နှင့် ဘ၀ ထပ်တူကျ ရန် မဖြစ်နိုင် ။ ဆန္ဒ က ပတ်ဆင့် ကြီးနဲ့ ၊ *(န)ငယ်ကို ပီသအောင် ရေးပြလို့မရ ၊ သတ်ပုံစည်းက ထိန်းထားသေးသည်။* ဒီတော့ ဘ၀ကို မကျေနပ် ။ သို့သော် ( ဆ )လိမ် က အဆံနှင့် ၊ အကြံနှင့် ။ ဖျက်လို့ရလျှင် ဖျက်ချင်သည် ။ ကဖျက်ကချော် လုပ်ချင်သည်။ လွယ်သည် ။ (၂) လုံးသား အမုန်းမပွား တွဲလျှက်နေသော ( ၀ )ကို အောက်ရောက်ချင်ရောက် ဆွဲသည် ။ အပေါ်ကို လုံးကြီးတင်ချင်တင် ။ ခိုင်းခံမှ သိမယ် ၊ ရှေ့ဆောင်ပြဖို့ ဘယ် ညာ မှ အောက်ဆင်း (ေ ၊ ခ ) ပုံစံထွင်း ။ ဆန္ဒ၏ပြင်းပြမှု သို့နှင့်မပြီး ။ ဒေါသရှေ့ထား အမှားကို တံခွန်ထူ လောဘစစ်ကူ မောဟနှင့်အတူတွဲ ( ၀ )ကို ဓားနှင့်စပိုင်းပြီး အောက်ခြေပြတ်ကာ ( ဂ ) ဖြစ်ရရှာသည်။ ညာကို ပိုင်းတော့ ( င ) ဖြစ် ။ တည့်တည့်လက်သီးနှင့် ထိုးထည့်လိုက်သည် ။ ၀တ်ဆံတွေ တည်လို့ ( စ ) ပေါ်ရသည် ။ ခယ စေတော့လို့ ( ခ )ကို ကပ်စေ ဆလိမ် ( ဆ ) ။ ဒါပေသည့် ကြေနပ်အားရ ဟန်မပေါ် ။ ခေါင်းပုတ် နှာခေါင်းဆွဲ ခြေတွဲလဲ( ဋ ၊ဌ ၊ ဍ ) ဖြစ်လို့ ဖြစ် ။ နည်းပညာ အခက်အခဲကြောင့် ဒရင်မှုတ် ပီပီပြင်ပြင် မဖြစ်ရတဲ့ ( ၀ ) ။ ဟိုကပ်ရ ဒီမျက်နှာလုပ်ရ ( တ ၊ ထ ) ၊ ဆန္ဒရဲ့ ရိုက်ချက် ( ဒ ) ဒွေးလိုက် ၊ ( ဓ ) အောက်ချိုင့် လိုက်နဲ့ ။ ( ပ ) ပလက်ထားလို့ အားမရ ၊ ဖနောင့်နဲ့ပေါက် ( ဗ ) ၊ အလကားမထား အဆံထည့်သွား ( မ ) ။ ဒီလိုနဲ့ ပလက်ချင်းကပ်လိုက် ( ယ ) ၊ ရှေ့ဖြတ်ပေါ်လှီး ( သ ) ။ ( ဟ )လို့ ( ဠ ) လို့မတင်းတိမ် ၊ ( ဒ )ပုံကို အတူကပ်လို့ ( အ ) လိုက်ရသေး ။

မှတ်ချက် ။ ကျန်ရှိ အက္ခရာများ စာစဉ်များအား မေတ္တာရှေ့ထား ခွင့်လွှတ်လိုက်သည် ။ ဆန္ဒ များစွာဖြင့် ။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်