နာမည်နှင့်အလုပ်
နှစ်ပေါင်းများစွာ ဖြတ်သန်းရှာ လမ်းကြောင်းမှာ တူယှဉ်တွဲ နာမည်နှင့်အလုပ် ပဲ။
Tuesday, September 11, 2007
Name & Work
Posted by
naing
at
2:01 AM
0
comments
Labels: စာတို၊စာစပ်
Wednesday, August 22, 2007
Nothing special ?
Fonts’ sizes are not equal.
They are grown and bigger than starting. This is front view.
Please, take care of your seeing!
Top view, Wow … The sentences’ wide are same. It is wide.
So it will be same.
လူကလေး ၊ လူကြီး ၊ လူမိန်းမ ၊ လူယောင်္ကျား ၊ လူသား အရွယ်အစားမျိုးစုံ ၊ အထူအပါးမျိုးစုံ ။
မတူညီကြဘူး ။
အပေါ် စီး က ကြည့်လည်း တူတူပဲ ။ ဘေးကကြည့်လည်း တူတူပဲ ။ ၊ မမြင်ဘူးဖြစ်နေတယ် ။
မျှတကြည့်လိုက်တော့ လူပါပဲ ။ သေချာပါတယ် ၊ လူပါပဲ ။
***
လူ စိတ် က လေး
ဒါက တရုတ်သွားတိုက်ဆေး ၊ ဒါလေးက Close up
ဒါက ထမင်းကြော် ၊ ဒါလေးက ထမင်းပေါင်း
ဒါက ကန်စွန်းရွက်ကြော် ၊ ဒါလေးက မှိုကန်စွန်း
ဒါက မီတာရေ ၊ ဒါလေးက သောက်ရေသန့်
ဒါက ချည်ချောလုံချည် ၊ ဒါလေးက မိုးပြာရောင် Seddlejacks
ဒါက သားရေဖိနပ် ၊ ဒါလေးက Scholl ကွင်းထိုး
ဒါက 125 လေ (တရုတ်ဆိုင်ကယ်) ၊ ဒါလေးက Honda ခိုပြာ
ဒါက လွယ်အိတ် ၊ ဒါလေးက adidas ကျောပိုးအိတ်
ဒါက မုန့်လက်ကောက် ၊ ဒါလေးက ဂျေဒိုနပ်
ဒါက ပေါက်ဆီ ၊ ဒါလေးက ခုနှစ်လွှာပေါက်ဆီ
ဒါက မန်ကျည်းဖျော်ရည် ၊ ဒါလေးက လိုင်ချီ
သူက စက်ပြင်ဆရာ ၊ သူလေးက မက်က္ကင်းနစ်
သူက ကွန်ပြူတာ ၊ သူလေးက ပရိုဂရမ်မာ
သူက ဆရာမ ၊ သူလေးက ကျူတာ
ဒါက စာပို့ ၊ ဒါလေးက အမြန်ချော
ဒါက အိမ်ပြန်ချိန် ၊ ဒါလေးက ညနေဆည်းဆာ
ဒါက စာတိုက် ၊ ဒါလေးက အင်တာနက်ကဖီး
ဒါက ပုံနှိပ်တိုက် ၊ ဒါလေးက အော့ဖ်ဆက်
ဒါက ကိုယ်လက်လှုပ်ရှား ၊ ဒါလေးက
ဒါက ရေချိုး ၊ ဒါလေးက ရေစိမ်တာ
ဒါက တရော်ကင်ပွန်း ၊ ဒါလေးက ရှန်ပူ
ဒါက ကြက်သားဟင်း ၊ ဒါလေးက ကြက်ကြော်
ဒါက ရေနွေးကြမ်း ၊ ဒါလေးက တီးစ်
***
ကန်တော့ပွဲ နှင့် ဂါထာ
သွားခဲ့သည် ကျောင်းသို့
ထိုင်ခဲ့သည် ချိန်မသိ
ဆော်ခဲ့သည် ခဲဂဟေတချို့
ညောင်းမိသည် အရိုးသံကြားမှ
ပြန်ခဲ့သည် နေညိုချိန်နှောင်း
ဆာခဲ့သည် ထမင်းမြိန်ကောင်း
စားခဲ့သည် ဗျတ်စဗျင်းတောင်း
အိပ်ပျော်ခဲ့သည် ပုံလျက်လဲလျောင်း
နိုးခဲ့သည် နောက်ကျချိန်ကောင်း
ပြေးခဲ့သည် ကျောင်းသို့ ဂျောင်းဂျောင်း
မရောက်ခဲ့သည် နက်ပေါ် ဟောင်းလောင်း ။
တောင်းပန်ခဲ့သည်
ကန်တော့ပွဲ နှင့် ဂါထာတစ်ကြောင်း ။
Posted by
naing
at
11:27 PM
0
comments
Labels: စာတို၊စာစပ်
Friday, August 03, 2007
Shadow
အရိပ်
ကိုယ်တိုင်တွေ့နေရသော ကိုယ့်အရိပ်ကို ကြည့်ပြီး တော်တော် စိတ်ပျက်နေပါသည် ။ ဒီအရိပ်မှ ကင်းဝေးရန် အရိပ်ပျောက်အောင် လုပ်မှရမယ် ။ လမ်းလျှောက်လည်းပါ။ နေရာတကာ ခြေလှမ်းတိုင်းပါ။ အရိပ်က ထပ်ချပ်မကွာ လိုက်နေတယ် ။ ပြေးမလား ၊ လွတ်မယ်မထင် ။ အရိပ်က မထွက်အောင်တော့ လုပ်မရဘူး ။ ခဏပျောက်ချင်ရင်တော့ အရိပ်ကြီးကြီး သစ်ပင် ၊ အဆောက်အအုံမှာ ၀င်နားမှပဲ ရမယ် ။ အနားယူမယ် ။ အင်း … အရိပ်ပျောက်သွားတာပဲ ။ ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတွေ ထပ်ချပ်မကွာပါပဲ ။ အကျိုးတရားတွေ က လမ်းလျှောက်နေဆဲပါ။ ခြေလှမ်းတိုင်း အကြောင်းတရားတွေပါတယ် ။
ဖြည်းဖြည်း သွားလာ ၊ မြန်ဆန်ပါလည်း
လေလာရာပါ ၊ ကိုယ့်အရိပ်ဝဲ
နားမယ် … ဘယ်နေရာမှာလဲ ။
Posted by
naing
at
3:23 PM
0
comments
Labels: စာတို၊စာစပ်
Sunday, July 29, 2007
Wishes
ဆန္ဒများစွာ
အချိန်တွေ တရွေ့ ရွေ့ ကုန်ဆုံးသွားသည် ။ မနေ့ကဖြစ်ခဲ့တာ ၊ မနက်ကဖြစ်ခဲ့တာ အားလုံး ပျက်စီးသွားကြပြီ ။ ဆန္ဒတွေ ပြီးဆုံးခဲ့သည် ။ အသစ်တွေ ထပ်ဖြစ်လာပြန်ပြီ ။ အသစ်။ ဟုတ်ပါတယ် ၊ အသစ်ပါပဲ ။ ဒီနေ့အတွက် ၊ ဒီမနက်အတွက် အသစ်ပါပဲ ။ ယနေ့တွေ လတ်ဆတ်နေဆဲပါ ။ ယခုတွေ အားသစ် လောင်းနေဆဲပါ ။
· * ဖြစ်ချင်တိုင်းလည်း မဖြစ်ရပါ ၊ အဲဒါ … အဲဒါ … ဘ၀သံသရာ * သီချင်းဆိုတာလား၊ ညည်းချင်းဟစ်ကြွေးသွားတာလား ။ မသိလိုက်ပါ လို့ ပြောပြဖြစ်တာက သတိလေး ထားမိသွားတာပါ ။ ပေါက်ကွဲပစ်လိုက်ပါ ။ လူသိသလို ၊ လူမသိအောင် ဟစ်ကြွေးလို့လည်း ရပါတယ် ။ ရိုင်းစိုင်းတာလည်း ရှိမပေါ့ ။ ရိုင်းနေမကျရင် မရိုင်းဖြစ်ပါဘူး ။ ဒေါသ နဲ့ သတိ ကွဲသွားရင်တော့ မပြောတတ်ဘူး ။
· တွေးတာက ထမင်းဝလို့တဲ့ ပြင်ဆင်နေသော ၀ီရိယကပြောသွားတယ် ။ ထမင်းမ၀လည်း တွေးလို့ရပါတယ် ။ ဘာတွေတွေးလို့ ဘာတွေထမင်းဝဖို့လိုတာလဲ။ မောဟကြောင့် တွေးတာလား ။ လောဘကြောင့် ရမ္မက်တွေ လျှံတက်လာတာလား ။
· အတ္တသမ္မာ ကုန်သောလေ တဲ့ ။ သီချင်းသံတော့ ကြားဖူးတယ် ။ ထားပါ ။ ဒါလည်း ဆန္ဒ ။ ဖြစ်နေတာကို ဖြစ်နေတယ် ။ ပျက်သွားတာကို ပျက်သွားတယ် ။ တရားသံ ပါတာလား ။ ဘ၀ဆန်တာလား ။ အတ္တတွေများ ကြီးသွားသလား ။ ကိုယ်တိုင်က ဘာတွေ လိုချင်နေလို့လဲ ။ ပြန်မေးရင်တောင် မလောက်ငှသော မေးခွန်းများစွာ…။
· ဖြစ်သင့်ဖြစ်ထိုက်တာကို လက်သင့်ခံတာလည်း မင်္ဂလာရှိမှာပါ ။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတာပဲ ။ သံဝေဂရတာလား ။ သံယောဇဉ်ပြတ်တောက်သော လစ်လျူရှုထားခြင်းပဲ။
· ဒီဘ၀ ဒီမျှသာ လို့ ဘ၀ရုပ်ရှင်၏ နောက်ဆုံးရိုက်ချက်လား ။ အကယ်၍သာ ….. ။
မှတ်ချက် ။ လူသားတွေ ညီမျှစွာ လုပ်ဆောင်နေသော ဆန္ဒများစွာ မျှတခဲ့သော် ။ ကောင်းလေစွ ။
***
ဆန္ဒများစွာ
ဖြစ်ပျက်ကြောင်းက
မှန်မှာမသွေ
လာပါချေလည်း
လိုတမရ အမွှေးတိုင်မဆောင်
ဆုတောင်းကြရအောင် ။
Posted by
naing
at
3:35 AM
2
comments
Labels: စာတို၊စာစပ်
Tuesday, July 17, 2007
My titles
ကျွန်တော်၏ ခေါင်းစဉ်များ
ကဲ ရက်စွဲရေးတယ် (၁၆)ရက်နေ့~
မိုးကုတ်စက်ဝိုင်းကို ကြည့်တယ် ။ လည်ပြန်ပြီ တစ်ရက် ။
မိမိကို ကိုယ်က အင်တာဗျူးခြင်း ဖြစ်သည် ။
ဒီနေ့လည်း မိုးရွာနေတုန်းဖြစ်သည် ။
ရယ်စရာဖြင့် ရယ်မောနေခဲ့သည် ။
ညရောက်မှာ ကြောက်တတ်ခဲ့သည် ။ အိပ်မက်မကောင်း၍ သွေးလေခြောက်ခြားခဲ့သည် ။
မြင့်ရာမှ နိမ့်ရာ စီးသော ရေသဘော
ပါးစပ်မှရေသောက်တာ ၀မ်းထဲရောက်ပြီး အောက်သို့ ဆင်းသက်စေသည် ။
ကိုယ်တိုင်ဆင်နွဲခွင့်မရသော မင်္ဂလာပွဲတစ်ခု မြင်မက်ခဲ့သည် ။
ခေါင်းစည်း မရှိသော အိပ်မက်ဖြစ်နေသည် ။
တူးဖော်တွေးခေါ်ခြင်း အချို့ လုပ်မှ ပြည့်စုံမယ် ။
မနက်ရောက်ပြီလို့ နှိုးစက်က ဆော်သြတယ် ။
ကောက်ညှင်းပေါင်းလေး စားချင်လိုက်တာ ။
လက်ဆောင်ရသော အော်တိုစာအုပ်လေး (အိမ်)မှာ ရေးခဲ့သည် ။
ခံစားရတယ် ။ ပြောသာပြောတာ လက်တွေ့ စိတ်နဲ့ဖြစ်တည်သွားတဲ့ ခံစားမှုလေးကို ဘယ်သူ နားလည်နိုင်ပါ့မလဲ ။
သစ်ပင် စိုက်ပြန်ပြီ ။
***
မွေးတစ်နေ့ သေတစ်နေ့ ပဲလေ ။
လေပြည်ထိုး ချစ်ကြည့်ပေမဲ့
သံယောဇဉ်ခိုင်ချည်ကြိုးက ပြတ်ဦးမှာပါ ။
ခဏဆိုပေသည့် နောက်ဆုံးတော့
ကြွေလွင့်ရမယ် ပုံပန်းတွေ ။
ဘယ်မှတ်တမ်းဘ၀တွေ ဖြစ်ဖြစ်
ဘ၀ကြီးတီးခတ်အသုံးတော် ခံသမျှ
သတ္တ၀ါလေးတွေ နားသောတဆင်နေရဦးမယ် ၊
တမေ့တမောနဲ့ပေါ့ ။
ပစ်လိုက်တိုင်းထောင်နေစေဦး
ဆုတောင်းမျှော်လင့်ခြင်းတွေ
အနာဂတ်ရဲ့ အတိတ်ယနေ့များစွာက ၊ စိတ်ချမ်းသာချင်နေရော့မယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
နိုင်
၁၂-၁၃မနက်ချိန်အရောက်
နေ့ကူးမတိုင်ခင် စိတ်ထူးလို့ မြူးခဲ့သည် ။
ခွင့်လွှတ်ငြိမ်းချမ်း ကမ္ဘာတ၀ှမ်း
မေတ္တာနှင့် ဖြတ်သန်းနိုင်ကြပါစေ ။
Posted by
naing
at
12:22 AM
2
comments
Labels: စာတို၊စာစပ်
Friday, July 13, 2007
Sleep
အိပ်စက်ခြင်း
တစ်ခုသော နေ့လည်ခင်းမှာ သစ်ပင်တန်းတွေဖြတ်သွားခဲ့ရတယ် ။ သစ်ပင်တွေ လုံးဝန်း ဖြောင့်မတ်မြင့်မား နေဖို့ သန့်ရှင်းရေး အလုပ်သမားတစ်ဦးက ခုတ်ထွင် ရှင်းလင်းနေတယ် ။ သစ်ပင်တွေရဲ့ အောက်ခြေ နှင့် အလယ်နေရာတွေမှာ အကိုင်း သေးသေးလေးတွေ ဖြာထွက်နေလိုက်တာ ။ ဒါပေမဲ့ မြင်ကွင်းမှာ ရှုပ်နေတယ် လို့ ထင်ပုံရတယ် ။ ပုဆိန်တစ်လက်နဲ့ ခုတ်နေလိုက်တာ ။ အကိုင်းသေး စိမ်းစိမ်းလေးတွေ အများကြီး ။ ပုံလို့ ။ ဒီသစ်ပင်တန်းတွေ ကို အမြဲရှင်းလင်းနေရတယ် ။ တခါတည်း အပြီးသတ် *သေ အေးရော* စိတ်နဲ့ အကုန်ကို ပိုင်းနေတာ ။ ပုဆိန်သံ * ဒုတ် ၊ ဒုတ် ၊ ဒုတ် * ။ ခဏလေး ရပ်သွားတယ် ။ အသံလေးကြားလိုက်သလိုလို ။
***
အမြဲပိုင်ဆိုင်နေမယ် ။ တူတူနေရမယ် ထင်ထားတယ် ။ မိခင်ပင်စည်မကြီးကနေ ခွဲခွာမယ် ။ အခုတော့ ရှင်းလင်းခံ ဘ၀တွေ ရောက်နေပြီ ။ * သား ၊ သမီး ကိုင်းပျိုတို့ရေ * စိမ်းလန်းတာ အမြဲမဟုတ်ဘူး ။ ခြောက်တာလည်း ရှိမယ် ။ သွေ့သွေ့ခြောက်ရသလို စိမ်းလန်းတုန်း စိမ်းဖြစ်အောင် စိမ်းရမယ် ။ ရွက်ကျပင်မျိုး ၊ ကိုင်းထိုး လည်း ပျိုးဆိုသလို ကြိုးစားနိုင်သမျှ စိမ်းလန်းကြပေါ့ ။ စိမ်းပြီးရင် ခြောက်သွေ့ဦးမှာပေါ့ ။
***
ပင်စည်ဖြောင့်တန်း ၊ လူမြင်လမ်းမှာ
မျက်စိပသာဒ ၊ လှလှ ကြည့်ဖို့
အညွန့်ချိုးလို့ ၊ ကျိုးညွန့် တလဲ
ဒို့ ကိုင်းပျိုခွဲ ၊ ပင်စည်မ လည်း
သစ်လွင် စိမ်းလန်း ၊ ခြောက်သွေ့ တမ်း လည်း
ရှိလိမ့်မယ် တဲ့ ။
သဘာနိစ္စ
ဒို့ အိုကြားပင် ၊ မှာမြဲအစဉ်
ပုဆိန်ထက်ထက်
ဘယ်အချိန် သက်မလဲ
စဉ်မျှော်ဆဲ တဲ့ ။
အိပ်တန်းချိန်လည်း ရှိလာမှာပေါ့ ။
ငယ်ကြီး ထင်ပေါ် ၊ ရိုင်းမှား ရိုးရဲ
မခွဲခြားဘဲ ၊ အိပ်စက်ခြင်းလည်း
ရှိတတ်တယ် တဲ့ ။
Posted by
naing
at
2:32 AM
0
comments
Labels: စာတို၊စာစပ်
Wednesday, June 13, 2007
Voice
အသံ
အသံဖြစ်ပေါ်ရာ ဌာန် ၊ ကရိုဏ်း တို့ တည်နေမှု ၊ ပြောင်းလဲ လှုပ်ရှားမှု များမှ အသံ ဖြစ်ပေါ် လာသည် ။ အသံချို ၊ ပြာ ။ အသံနေ ၊ ထား ။ အသံကြား သနား ။ ခပ်ပြာပြာ အသံတချို့ ဘယ်နေသည် မသိ ။ ကြားရသော အသံက နားဝင်ပီယံ ။ ဒါက ကြားခါစ ။ *ချစ်စရာကောင်းလိုက်တာ* ။ အသံလေးကို ညွှန်းဆိုဖွဲ့ကြသည်။ သရ ၊ ဗျည်းတွေ ရွတ်ဆိုခဲ့ကြသည် ။ အေဘီစီ အင်္ဂလိပ် အက္ခရာတွေ လည်း ပါသည် ။ ပါဠိဘာသာ အချို့ပါဝင်ခဲ့သည်။ ရွတ်ဖတ်မှု သည်လည်း ဟန်နှင့် ၊ မာန်နှင့် ။ ချိုသည်လည်း ရှိ၏ ၊ အီသည်လည်း ရှိ၏ ။ မလှပသော ရွတ်ဆိုမှုများ လည်း ပါဝင်ခဲ့သည် ။ သို့တစေ အသံပြောင်းလဲမှုက အရွယ်ပြောင်းလဲမှုနောက် အမှီလိုက်ခဲ့ကြသည် ။ အသံသြသြ ၊ အသံဝါ၀ါ ၊ အသံ တွေ ရောင်စုံပြောင်းလဲကုန်ပြီ ။ အသံတွေလည်း ၀င်ခဲ့ ၊ တိမ်ခဲ့သည် ။ အသံတွေ လည်း နာခဲ့၏ ။ အသံတွေ ပျက် လည်ချောင်းတွေ အက်ကွဲကုန်သည် ။ အသံထားမှား အနေမတတ် ၊ ဆရာခက်တဲ့ အသံရှင်တွေ ဖြစ်ခဲ့ကြသည် ။ အသံတွေ ငြိမ် ၊ အားအင်တွေ ကုန် ၊ အသံတွေ တုန်မှ အေးချမ်းသာယာသော အသံ တချို့ကို ရှာဖွေလာခဲ့ကြသည်။ ကောင်းနိုးရာရာ အသံလေးများကို ထုတ်နုတ်တင်ပြ ပြောဆိုလာကြသည် ။ အသံပေါင်းစုံ တည်နေရာ တချို့ကို စွန့်လွှတ်ခြင်း ပြုလုပ်ခဲ့ကြသည် ။ အသံ တိတ်သော ၊ အသံ ငြိမ်းချမ်းမှု ပြည်စုံနိုင်သော နေရာကို ရှာဖွေ နေကြဆဲ ။ သို့သော် အသံသည် ဖြစ်ပေါ်ရာ ဌာန် ၊ ကရိုဏ်း တို့ တည်နေမှု ကိုယ်ခန္ဓာကို စိတ် ဖြစ်ပျက်မှု အပေါင်း စုံ၍ ပြောဆိုမှု အသံ ဖြစ်ပေါ်လာခဲ့ကြသည် ။ အသံ သည် ကြားခြင်း၌ လည်း တည်မှီနေသည် ။
လိုက်ကြမလား သူငယ်ချင်းတို့ ရေ
အခု အလုပ်တွေ ခဏထား
ဟိုဘက်က အသံတွေကြား
ထမင်းစားမယ် တဲ့ ဗျား။
ဒီဘက်က ခေါ်သေးတာ
အလည်သွားမယ် တဲ့ ဗျာ။
ဒီနားမှာ အသံထား
ထမင်းစားရင်း ကြား။
ဟိုဘက်က အသံများ
နားထောင်မှ ကြား။
ကြားခြင်း နှင့် အသံစုံ
အတွေး တောင်လိုပုံ
လိုက်ကြမလား သူငယ်ချင်းတို့ ရေ
အသံတွေ ခဏထား
စိတ်ငြိမ်ရပ်သို့ ဗျား ။
အိပ်ကြမည် ခဏတာ
သေရပ်သို့ ပါလား ။
ဟ ဟာ ဟား ။
ကြ ကြာ ကြား ။ အသံများ နားထောင်မှ ကြား ။ ပြောနေမှ အသံထွက်သဗျား ။
Posted by
naing
at
4:17 PM
0
comments
Labels: စာတို၊စာစပ်
Links ဆိုဒ်တွေသွားကြည့်ရအောင်
- သိုးမလေး မနှင်းနှင်း
- ainmetdiary
- pandora-&-pandora
- ပုံလှလှ ၊ လှုပ်လှုပ်လေးတွေ ရမယ် ။
- ဓာတ်ပုံရိုက်ပြီး ပြန်လည်ပြင်ဆင်တင်ဆက်ထားသော ဆိုဒ်
- လေးမ၏ကမ္ဘာ
- တပြည်သူ အိမ့်ချမ်းမြေ့
- ကို၊ TESLA
- ယူဆဂိ၊ဓ မ္မ စ ကား နေ့ တိုင်း ကြားက၊ စိတ် ထား ဖွေး လက် သိ ဥာဏ် ထက် ၏
- ကို အောင်မော်ဟိန်း
- မိုးပြာ
- May Velous
- မေးလ်အစောင်ရေ အများဆုံးသိမ်းပေးနေသော နေရာ
- အီးစာအုပ်များ အများအပြားရှာဖွေနိုင်ပါတယ်
- အီတလီဖိနပ်လှလှလေးများ
- ကို ကရင်
- မြန်မာလို ရေးချင်ကြသူများနှင့် ရေးသားနေကြသူများ
- ကို၊ ကဒေါင်း
- ကို၊ မျက်လုံး
- ကို မျိုးကျော်ထွန်း
- မ နိုင်းနိုင်းစနေ
- မ မေဓာဝီ
- မသိလိ
- Sharing Books စာအုပ်ဆိုဒ်
- Google News
- Edit-Me
- As You Like ဈေးဝယ်ရအောင်
- GAMES ပေါ့ပေါ့ပါးပါးကစားရအောင်
- ဘောလုံးပွဲဇယား
