Showing posts with label စာတို၊ပေစ. Show all posts
Showing posts with label စာတို၊ပေစ. Show all posts

Wednesday, August 22, 2007

Today

Today

ဒီနေ့ ကျွန်တော့် သိပ္ပံ

မီးဖိုချောင်၏ ကြောင်အိမ်တစ်လုံးကို ဘယ်ပုံဘယ်နည်း ထားသိုရမည် ၊ ရှင်းလင်းရမည်ကို အနည်းငယ်လေ့လာမိသည် ။

ဒီနေ့ ဇာတ်ကား

တရုတ်သိုင်းကား တစ်ကားကြည့်ချင်နေခဲ့သည် ။ သရဲကားဆန်ဆန်ပေါ့ ။ ဥပမာ A Chinese Ghost Story 1, 2, 3

ဒီနေ့ Error

wwwDotgoogleDotcom and wwwDotgmailDotcom

ဒီနေ့ ဖတ်သော ဟာသ

ကွန်ပြူတာခေတ်

*ပါမောက္ခကြီးခင်ဗျား ၊ ကွန်ပြူတာရဲ့ တကယ့် အကျိုးကျေးဇူးတွေက ဘာတွေပါလဲခင်ဗျာ*

*အင်း … ပြောရမယ်ဆိုရင်တော့ ဟိုတုန်းက လူ ၁၀၀၀ လောက် ၂၄ နာရီပတ်လုံး မရပ်မနားနဲ့

နှစ်ပေါင်း ၁၀၀ လောက်ကြာအောင် လုပ်ရတဲ့အမှားတွေကို ကွန်ပြူတာကောင်ကောင်းတစ်လုံးက သုံးစက္ကန့်လောက်နဲ့ လုပ်နိုင်ပြီ ဆိုပါတော့*

စာ၊၈၄ ၊ အမှတ်တရ အကောင်းဆုံး ဟာသများ(၃) ၊ စိန်ငှက်ရိုး ။

---

ဒီနေ့ ကြားသော စကား

*ပန်းပွင့်လေးပေါ် လိပ်ပြာနားတယ်*

*ကျားဟိန်းသံနဲ့ သမင်တွေထွက်ပြေးရတယ်*

*မိုးတွေခြိမ်း ၊ လျှပ်စီးတွေ ပြက်တယ်*

*ပန်းပွင့်တချို့ ညှိုးခြောက်နေတယ်*

*ဖန်ခွက်ကွဲသံ ကြားလိုက်ရတယ်*

*ခပ်ကျဉ်းကျဉ်း လမ်းကလေးတွေ မှောင်မိုက်ပြီး ပျောက်သွားတယ်*

*တခါတရံ မျက်နှာကျက် ကို လျှပ်တပြက် ဖြတ်ကနဲတွေ့လိုက်ရတယ်*

*တချို့ အလန့်တကြား ၊ တအံ့တသြ မြည်သံစွဲတွေ ထွက်လာတတ်တယ်*

*ပြတင်းတံခါးက လိုက်ကာစတချို့ လှုပ်ရှားသွားခဲ့တယ်*

*အမြဲပျက်တတ်တဲ့မီးလာနေလည်း ဒီအချိန်ဆို မီးပြတ်ပြီ*

*အလင်းရှိနေလည်း အသက်ရှုသံတချို့ သာ ကြားရတတ်တယ်*

ဒီစကားအသွားလေးတွေ ကြားရမြင်ရပြီးရင် လူကြီးသူမတွေ ၊ ဆရာဝန်တွေ ၊ ရှေ့ နေ ၊ ပညာတတ်တွေ နဲ့ တွေ့ဆုံရတတ်တယ် ။

မှတ်ချက် ။ မြန်မာ ဗီဒီယို ၊ ရုပ်ရှင် ဇာတ်ကားများမှ ။ ပြောပြသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည် ။

21

Read More...

Tuesday, August 14, 2007

Afraid

ကြောက်ရွံခြင်း

တ၀ီဝီမြည်ပြီး ချီတက်ပျံသန်းလာသော ခြင်တစ်အုပ် အသံ ကြားနေရသည် ။ ဒီလူသား အသွေးချိုစိမ့်တယ် ၊ ကောင်းလေစွ ၊ ကောင်းလေစွလို့ ခြင်သာဓုခေါ်သံ ကြားနေရတယ် ။ ဖုတ် ဖပ် ၊ ဖုတ်ဖပ်နဲ့ ခြောက်ရင်း ရိုက်ရင်း အိပ်ပျော်သွားတယ် ။ ဒါက လွမ်းသူ၏ ခြင်ရိုက်ခန်း ။ အိပ်ပျော်ခါနီး ထိတ်လန့်စေသော အရာတစ်ခုကို အင်တာနက်ပေါ်မှာ ကြည့်ရှုခဲ့ရသည် ။ အိပ်ပျော်သွားခဲ့တယ် ။ လန်းဆန်းစွာ လမ်းလျှောက်နေခဲ့တယ် ။ နောက်ပြီး အိမ်ဟောင်းကြီး (၂)လုံးကြားမှာ ကိုယ်ခန္ဓာကြီးမားသော အရိပ်ကြီး(၃)ရိပ်နဲ့အတူ သွေးလေခြောက်ခြား နေခဲ့ရတယ်။ လန့်လိုက်တာ ၊ ဘယ်လို လွတ်အောင် ထွက်ပြေးရမလဲ ။ စဉ်းစားစမ်း ။ အရိပ်က ထပ်ကြပ်မကွာပါလာတယ် ။ ပြေးလို့မလွတ်တော့ဘူး ။ အန် … ဘယ်နေရာရောက်သွားပါလိမ့် ။ သီချင်းသံလေး သဲ့သဲ့ကြားရတယ် ။ *အရင်တစ်ခါ နေလာခဲ့တဲ့ … ဘ၀ကို ပြန်နေချင်သေးတယ် ….. အတူနေချင်ပေမယ့်လည်း … ဘ၀ရယ် … * အစိမ်းစားသွားခဲ့တယ် ။ တကိုယ်လုံး ပူလောင်နေသလို ခံစားရတယ် ။ အိုက်စပ်စပ်ဖြစ်နေတယ် ။ ဘယ်လို ကြီးပါလိမ့် ။ ညတာရှည်လွန်းလှတယ် ။ အလင်းရောင်တောင် ပေါ်နေပြီ ။ အော်…နိုးနေပြီပဲ ။ ရေတစ်ခွက်လောက် ထသောက်ဦးမှပဲ ။ အာရုံတွေ ရှုပ်ထွေးသွားလို့ ဖြစ်မယ် ။ ငယ်တုန်းကလို ၀ူး ၊ ၀ါး ကနဲ ခြောက်လန့်လိုက်တာလေးတွေ မဟုတ်တော့ဘူး ။ အာရုံမှာ အမြင်မှား အသိမှား တွေ မြင်နေရတယ် ။ လန့်လိုက်တာ ၊ ဘုရား… ဘုရား ၊ ဒါနဲ့ဆို အိပ်မက်က မက်တာ (၂)ခါရှိပြီ ။ အဲလိုမျိုးကြီးသာ အလိုက်ခံရရင် ပြေးလို့ လွတ်ပါ့မလား ။ တရား မှတ်လို့ကလည်း မရဘူး ။ *ခလုတ်ထိမှ အမိတ* မှန်လိုက်တာ လို့ မပြောချင်တော့ဘူး။ အမေလည်း ပင်ပန်းရှာရော့မယ် ။ အဖေလည်း ထို့အတူပဲ ။ ဟာ … သိပြီ ။ ဗိုက်အောင့်တာက အစာမကြေလို့ပဲ ။ ညမိုးချုပ်မှ ထမင်းစားများပြီး ရေတွေ နင်းကန်သောက်ထားလို့ ဖြစ်မယ် ။ လျက်ဆားလျက်ဦးမှ ။ ပုလင်းဖင်ကပ်တော့ ကျန်သေးတယ် ။ အင်း … နည်းနည်း သက်သာသွားပြီ ။ ခဏမှေးနေတာ ကောင်းပါတယ် ။

***

ကိုယ်လက်သန့်စင်ပြီး (၁၁)နာရီ ကျော်နေပြီ ။ ဒီနေ့တော့ မီပါတယ် ။ ထမင်းစားချိန်ပြီးမှ ရောက်ရင် ရတယ် ။ မနေ့တုန်းက ဆရာ စာမေးတော့ မရဘူး ။ စာများများဖတ်ဖို့ လိုတယ် တဲ့ ။ ဒီနေ့ ရောက်တော့ ဆရာ အပြင်သွားနေတယ် ။ စောင့်တာ (၁)နာရီခွဲနေပြီ ။ ပြန်လာခဲ့တယ် ။ အားပါး … ပူလိုက်တာ ။ ရေသောက် ။ ရှိတဲ့ ခရမ်းချဉ်သီး ကလေးလက်သီးဆုပ် တစ်လုံး ၊ ကြက်သွန်နီက လူကြီးလက်သီးဆုပ် တစ်လုံး ၊ လေးလက်မ မပြည့်တဲ့ တစ်မတ်လုံး သခွားသီး (၂)လုံး ၊ သံပုရာသီး တစ်ညစ်စာ ၊ ဆား ၊ အချိုမှုန့် ၊ ဆီချက်ပြီးသား ထည့်နယ်တယ် ။ ရေနွေးတည်ထားတယ် ၊ လက်ဖက်ခြောက်ကုန်ပြီ ။ ရေနွေးဖြူ နဲ့ မြန်မြန်လေးမျှောချလိုက်မှ ဗိုက် ပြည့်သွားတယ် ။ ပူတယ် ။ လေတိုက်အောင် တံခါးဖွင့်ထားလည်း မအေးသေးဘူး ။ လှဲလိုက်တယ် ။ အိပ်ပျော်သွားရော ။ နှစ်နှစ်ခြိုက်ခြိုက်ပါပဲ ။ အမေပြောတဲ့ *အစာလည်းဆေး ၊ ဆေးလည်း အစာ* ဆိုတာ ဒါပဲဖြစ်မယ် ။ ခေါင်းတော့ ကြည်လင်သွားပြီ ။ _အကျီစားသန်ရင် ၊ ရန်ဖြစ်တတ်တယ်_ စတာနောက်တာ မလွန်အောင် ထိန်းရမယ် ။ စိတ်၏ ကျန်းမာချမ်းသာခြင်း နဲ့ ပြီးပြည့်စုံနိုင်ပါစေ ။

Read More...

Sunday, August 12, 2007

Just i write

ရေးမိသည် ။

နေထိုးလို့ မှန်ပြတင်းတံခါးမှ အလင်းရောင်က ပိုပြီး စူးစူးလင်းလက်နေတယ် ။ ပန်းပင်ရေလောင်းဖူးသည် ။ ပန်းပင် ပြုစုပျိုးထောင်နည်း သင်ဦးမှ ။ *အစိမ်းရောင် အပင်တွေက လူတွေကို အကျိုးပြုတယ်* လို့ မှတ်သားဖူးပါရဲ့ ။ ဖတ်မိတာက စာတစ်ပုဒ် ။ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိလို့ ရေးမိသည် ။ အကြောင်းအရာက ခံစားချက် နှင့် ဖြစ်တတ်သော သဘာဝလို့ အကြောင်းပြသည် ။ ရေးတော့မည် ။ ကျူးရင့် သီဆိုသော စာသားတစ်စ ဟု အပြစ်ဆိုစေက ဆိုစေတော့ ။

လူသူတိတ်ဆိတ်သော နေရာတွင် ပျော်မွေ့တတ်ကြသည်မှာ စွဲလမ်းခြင်း တစ်မျိုးပဲလား ။ ကားမောင်းသမား တစ်ယောက် ။ လင်ရှိသော မိန်းမ တစ်ယောက်၏ မျက်ဝန်းညိုကို စွဲမှတ်မိသည် ။ ယောင်္ကျား (၂)ယောက် ။ မိန်းမ (၁) ၊ ကာမပိုင် လင်ရှိသော မိန်းမတစ်ယောက် ။ စွဲလန်းစွာ တတ်မက်တတ်သော စိတ်ဖြင့် ထိုမိန်းမအား စွဲလန်းခဲ့သည် ။

ထိုမိန်းမ၏ အကြောင်းအား အမျိုးသမီးထမင်းချက်တစ်ဦးမှ သိရှိခဲ့ရသည် ။ အကြင်ထိုလင်မယား အမျိုးသား တစ်ဦးတလေ မထားကြခြင်းက တိတ်ဆိတ်စွာ နေထိုင်ခြင်းလား ။ စာရေးဆရာတစ်ဦးသည် သူ၏ မကျန်းမာသော အမျိုးသမီးအား စိတ်အပမ်းပြေ နားနေစေရန် အလို့ငှာ တိတ်ဆိတ်သော မြို့ လေးကို ရွေးချယ်ခဲ့ လေ သလား ။ တဆင့် သိကြားရသော သတင်းစကားတွေက စာရေးဆရာ သည် သူမ ပြောကြားချက်များကို အခြေခံ ရေးသားကာ ထက်မြက်လာခဲ့သည် ။ စာဖတ်သူက လက်သင့်ခံသလား ၊ ထင်ရှား ကျော်ဇောလာခဲ့သလား ၊ ထို မြို့လေးထဲမှာ ပဲလား ။ တခါတရံ သူတို့ ရန်ဖြစ်ကြသတဲ့ ။ ရန်ဖြစ်သူ နီးရာပစ္စည်း ကူတတ်တာ ၊ ရန်ဖြစ်တဲ့အခါ မြင်ဖူးမှ အကောင်းဆုံး သိသာမှာပဲ။ စာအုပ်က လည်း ပစ်နိုင်အောင် လေးတာပဲ ။ လမ်းလျှောက်လေ့ ရှိတဲ့ သဘာဝကို လမ်းလျှောက်ဖို့ နေရာ ရှိသားနဲ့ မလျှောက်ဖြစ်တာ ၊ မအားလို့ လား ။ နေများမကောင်းလို့လား ။ လတ်ဆတ်သော လေကို ပြတင်းကမျှော်နေတာ အပြစ်ဖြစ်ရောလား ။ လမ်းသွားလမ်းလာ ကို ပြတင်းက မငေးဖူးသူ ရှိရင် ပြူတင်းပေါက်လို့ အသံထွက်ပေးရမလို ။ ဆူညံသံလည်း ရှိမပေါ့ ။ တိတ်တိတ်လေး ငေးရတာလည်း အရသာ ရှိမပေါ့ ။ လမ်းပေါ်မှ သွားသွားလာလာက ဘေးဘယ်ညာ ကြည့်တတ်သလို ။ အလုပ် ၊ စိတ် မပိနေရင် ဘေးဝန်းကျင်က ရှုခင်းကို အေးစေဖို့ ငေးမိလေမလား ။ ကြည့်ရင်တော့ မြင်ပြီပေါ့ ။ မမြင်တာလည်း ရှိတတ်တာပဲ ။ နှစ်သက်လို့ စွဲလန်းတာလည်း ဖြစ်လိမ့်မယ် ။

အရက်သောက်တာ မိန်းကလေး သဘာဝမဟုတ်ဘူးလို့ အနောက်ကို ပြောရင် အရှေ့ ကို ပြန်မျှော်ရလေမလား ။ အရက်သောက်ပြီး အေးအေးလူလူ အိပ်သွားတဲ့ လူတွေ့ဖူးပါရဲ့ ။ စကားနည်းတာလား ။ သောက်ထားလို့လား ။ သွေးဆူတဲ့ အရည်က သူ့ အလုပ် သူလုပ်ပါတယ် ။ စကားကို အနိုင်လုပြီး ပြောစေတာ အငြင်းပွားမှု အစလို့ ထင်ရတယ်။ တခါတလေ ငြင်းတာလည်း အကျိုးရှိတုန်းပဲ ။ မိန်းမ ၊ ယောင်္ကျား သဘာဝက မတူစေခဲ့တာ ညီကြည့်လို့ ရရိုးလား ။ စိတ်ခံစားမှု တူညီရင် ပေါင်းဖော်ပြီး လင်မယားဖြစ်ကရောလား ။ သူငယ်ချင်းဆိုတာ ဘယ်နားမှာ သွားထားမလဲ ။ ဆွဲထိုးတာ လက်မြန်ရင် ထိမှာပဲ ။ မထိအောင် ၊ ရှောင်တတ်အောင် သင်တန်းတချို့ တည်နေဆဲပဲ ။ ချစ်တယ်ဆိုတာ သဘာဝပါ ။ နားမလည်တော့ ပြောမပြတတ်ဘူး ။ ချစ်တာ ကို စွဲလန်းတယ် လို့ ရောရင် ပေါ့သွားမလား ။ ကိုယ်တွေ့ကို လှောင်ပြောင်တာဟာ ကိုယ်တိုင် မတွေ့ကြုံဖူးကြသေးလို့လား ။

*မြင်ပါများတော့ ကြင်မိသည်* စကားအနေနဲ့ ရှေးကတော့ ထားခဲ့သည် ။ မမြင်တာကြာ အနေကွာလို့ စိမ်းရက်လေအားလို့ ဖွဲ့တာလည်း ကြားဖူပါရဲ့ ။ လွမ်းတယ်ကို အကြောင်းပြချက်ပေးနိုင်ရင် လွမ်းအားပိုစေတယ် ။ စားချင်တာကို ဆန္ဒလို့ ရေးမိတာ ၊ အစားပုတ်တာလား ။ လွမ်းတာလား ။ ဘယ်နားမှာ ရေးရေး ဆန္ဒလို့ အသံထွက်လေရဲ့ ။ အင်္ဂလိပ်လိုတော့ မျှော်လင့်ခြင်း ၊ ညွှန်းဆိုတာက Pandora box. တစ်ခုတည်းသော နောက်ဆုံး ထွက်သက်တဲ့ ။ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင် ရေးထားတာ အနည်းလေး ဖတ်ဖူးသည် ။ ချစ်ခင်နှစ်သက်သူ သေသွားသည် ။ သုသာန်သို့ ရောက်ပြီ ။ မီးခိုး ဖြစ်သွားတာလည်း ရှိ၏ ။ အရိုးပြာ သိမ်းသူလည်း ရှိ၏ ။ အမှတ်တရ ပေါ့ ။ ပြောပြီး လွမ်းဆွေးမှု ဖော်ပြ ငိုကြွေးတတ်တာလည်း သဘာဝပဲ ။ သူမ သေဆုံးသွားခဲ့တယ် ။ အာရုံခံစားမှုသည် လူသားတိုင်း ဖြစ်ပေါ်သည် ။ ဗုဒ္ဓဘာသာ တရားဓမ္မက အာရုံငါးပါး လို့ ခွဲပေးသည် ။ စွဲလန်းခြင်း ၊ အမှတ်တရဖြစ်ခြင်း ၊ လိုချင်ဆန္ဒပျက်သုန်းခြင်း ။ ဒါတွေက သူမသေဆုံးလို့ ဖြစ်တာလား ။ အစကတည်းက သဘာဝ ဖြစ်တည်မှုလား ။ သစ်ပင်တစ်ပင်ကို သူလေးစား စွဲလန်းမိသော (သေဆုံးသူသို့ ရည်စူး၍) သူမအတွက် စိုက်ဖြစ်လိုက်သည် ။ ဒီသစ်ပင် ရှင်ခြင်း ၊ သေခြင်းက အဖြေလား ။ မေးခွန်း အသစ်တစ်ခုပဲလား ။

*လေးစားတန်ဖိုးထားပြီး တစ်သက်စာ သတိရနေသလား*

စွဲလန်းမှုကို ခြေဖျက်နိုင်တာ စွဲလန်းခြင်း နောက်တစ်မျိုးပြောင်းရင် ဖြစ်နိုင်ပါရဲ့ ။ အချိန်က ကုစားပေးမယ် ဆိုတာ အရှေ့ အနောက် ၊ နေ၀င်နေထွက် ကွာခြားချက်တိုင်းတာမှု တစ်ခုပဲလား ။

မတူသော အရာကို ညှိကြည့်သောအခါ ဖြစ်နိုင်ပါတယ် ။ ဦးနှောက်အလုပ်လုပ်တာ များရင် ဦးနှောက်ကို ပိုမို လေးစားမယ် ၊ ပိုမို အလုပ်လုပ်စေမယ် ။ ကိုယ်ခန္ဓာအရင်းတည်ပြီး အလုပ်လုပ်ရင် ကိုယ်ခန္ဓာကို ပိုမို အလုပ်လုပ်စေမယ် ။ ဆန္ဒနဲ့ဘ၀ ထပ်တူမကျတာလည်း အများကြီးပါလား ။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာရောက်နိုင်လေ ၊ ကောင်းဆိုးက ပိုင်ဆိုင်သူရဲ့ စိတ်ဓာတ် ပြောင်းလဲခြင်းပဲ ။ တကယ်လို့သာ …

ကိုယ်က တန်ဖိုးထားလေးစားလျှင် တစုံတခုတော့ ကိုယ်တိုင် လုပ်ဖြစ်ဦးမှာပဲ ။ ရခြင်း ၊ မရခြင်းက သဘာဝပဲလား ။

ရေဆာလိုက်တာ ၊ ရေသောက်ဦးမှ ။ အစားအစာက ကိုယ်ခန္ဓာအတွက် စွမ်းအင်ဖြစ်သည် ။ ကြားနေသော သီချင်းသံတစ်စ ။ *ညအိပ်ရင်လည်း အိပ်မပျော်ဘဲနေ … သားမိုက်အပြစ်တွေ … တောင်းပန်ပါရစေ …* အမေတစ်ခု သားတစ်ခု ဆိုတဲ့ သီချင်းလေး လွင့်မျောနေလေတော့သည် ။

မူရင်း ပို့စ်က ဒီနေရာ မှာပါ ။

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

http://ainchannmyay.blogspot.com/2007/08/blog-post_06.html

Read More...

Monday, June 18, 2007

LawBa,DawTha,MawHa

လောဘ၊ဒေါသ၊မောဟ

မိမိ၌ အစပျိုးပေးစေခဲ့သော ကောက်ရိုးမီးလေး There ။ ကလေးငယ်လေးများ၏ ပုံလေးများစွာကို ချစ်စရာကောင်းလိုက်တာ ဟု ပြောဆိုကာ ကြိုက်နှစ်သက်ခဲ့သည်။ ဒီကလေးငယ်များကို ပြုစုပျိုးထောင်ရန် ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ မျှတစေဖို့ အရေးတကြီး လိုအပ်သည်။ မြန်မာလူမျိုးတစ်ယောက် ဖြစ်၍ ဒီလို ကံ ၊ စိတ် တွေ အာဘွားပေးနေခြင်း ဖြစ်သည် ။ သို့သော် ဒီအာဘွားက အပူငွေ့ တွေနှင့် ။ ဆန္ဒတွေနှင့် ။ မနာလို မစ္ဆရိယစိတ်တွေနှင့် ။ ဒီနေရာ ရေးနေတုန်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော မောဟတွေဝေစိတ်လေးကို ငြိမ်အောင် ထိန်းနေသည်။

---

မြန်မာလူမျိုး မြန်မာစာ သင်ကြားခြင်းကို မလိုအပ်ဟု ထင်မိပါသလား ။

စာဖတ်ခြင်း၌ အင်္ဂလိပ်စာ သည် ကမ္ဘာသုံးစကား ဖြစ်ပါသည် ။ ကျေးဇူးကမ္ဘာပါ အင်္ဂလိပ်စာ ။

---

*ငှက်ပျောသီး ဘောင်းဘီချွတ်ဟု အော်သောအခါ လက်ခံသည်။*

*ရေချမ်းချမ်း တစ်ခွက်တောင်းလျှင် ပေးမည်။*

ဟိုတုန်းကနှင့် အခု မတူတော့တာလား ။ တာ့တာ ကို ပိစိကွေးကတည်းက ပြောခဲ့ကြသည်။ ယခုချိန်ထိလည်း ပြောနေသည်။ ဘုရားရှိခိုးနည်း ၊ ဗုဒ္ဓယဉ်ကျေးမှု သင်တန်း တက်ဖူးကြသည် ။ စာရေးသားပေးပို့သောအခါ ဆုတောင်းပေးလျက် ဟု ရေးသားခဲ့သည်။ သားတို့သမီးတို့ ကြီးလာရင် ဘာလုပ်မလဲဟု မေးကြသည် ။ ဘာ ၊ ညာ အကြီးကြီးလုပ်မယ် ဟု ဖြေခဲ့ကြသည်။ ရိုင်းစိုင်းသော အသုံးနှုန်းများ ပြောဆိုသောအခါ ဆုံးမ ( ရိုက်တန် ရိုက် ၊ ချော့တန် ချော့ ) ပါသည်။ နားလည် တတ်သိစေခဲ့သည်။ ယခုအချိန်၌ *ချစ်သူရှိမရှိ မသေချာ ချောကလက်ကြိုက်သော မိဘ အဦးအဖျားလေးများ* စသော အတွေးတချို့ပေါ်စေရန် ကြားဖူးခဲ့ ၊ ဖတ်သိခဲ့သော *မုန့်ဆီကြော် ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနှင့်တည့်ပါ့မလား* ဆိုသော စကားပုံလေးကို သတိရနေပါသည် ။

ကျေးဇူးတင်ပါသည် ။ ဆန္ဒများစွာဖြင့် … ။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်