Showing posts with label စာတို၊ပေစ၊စာစပ်. Show all posts
Showing posts with label စာတို၊ပေစ၊စာစပ်. Show all posts

Wednesday, January 09, 2008

Yam ( 1998 - 99 )

လွမ်းတယ်ကွာ ။

မင်းနဲ့ ခင်မင်ခွင့်ရတဲ့ ပထမဆုံးနေ့ကို မမှတ်မိဘူး ။ ပထမဆုံးရဲ့ အရသာကို အဲဒီအချိန်မှာ စတင်ခံစား တတ်ခဲ့ရတယ် ။ မင်းရဲ့ အရောင်အဆင်း တင့်တယ်လှပမှုကို မဖွဲ့နွဲ့ဖြစ်ခဲ့ဘူး ။ မင်းရဲ့ ပူလောင်မှုက ရင်ကို အေးချမ်းစေခဲ့တယ် ။ မင်းရဲ့ အပြင်အဆင် ခမ်းနားမှုတွေ တန်ဖိုးတက်လာမယ် ဆိုတာလည်း သတိမပြု ဖြစ်ခဲ့ဘူး ။

---

အဲဒီအချိန်က မင်းကို သပ်ရပ်မှုအနည်းအကျဉ်းဖြင့် ခင်းကျင်းပြသခဲ့တယ် ။ မှတ်မိတယ် ။ ပ၀ါစက အရောင်မတူ ။ အစွန်းနှစ်ဖက်က လွတ်တာလည်း ရှိခဲ့တယ် ။ နေရာထိုင်ခင်း ကျဉ်းကြပ်နေလို့လည်း ဖြစ်မယ် ။ လွမ်းမိတယ် ဟိုတုန်းက မန်းလေးညရေ လို့ အဆိုတော် အငဲ သုံးခွေဆက် လွမ်းသလို လွမ်းမိခဲ့ပါရဲ့ ။

---

မင်းကို စွဲမက်စေလိမ့်မယ်။ တခါတရံ မင်းရဲ့တန်ဖိုးတွေနှင့်အတူ ထပ်တူညီကျတဲ့ ပေးဆပ်ခြင်းတွေ လိုအပ်လိမ့်မယ်။ ခံစားချက်ပြင်းပြင်းတွေ မင်းနဲ့အတူ အရည်ဖျော်ပစ်နိုင်လိမ့်မယ်။ မင်းရဲ့ ဘေးဥပဒ်တွေ ဘယ်လို ဘယ်ပုံ ခံစားရလိမ့်မယ်။ အဲဒီအကြောင်းအရာတွေကို တွေ့ဆုံပေးသူက သတိပေးမသွားခဲ့ဘူး ။

---

မင်း ခွင့်လွှတ်တန်ကောင်းပါရဲ့။ ဖန်တီးမှုတွေ သိပ်ကြီးကျယ်တဲ့ ခေတ်က စိုးမိုးအနိုင်ယူခဲ့တယ်။ အရောင်အဆင်း ပြောင်းခဲ့တယ်။ အေးမြမှုတွေ နဲ့ ဇွတ်မှိတ် မြိုသိပ်ခဲ့ရတယ်။ အစိုင်အခဲကို ထုမခွဲနိုင်သလိုပေါ့ ။ အရောအနှောတွေ မြောက်မြားစွာနဲ့ မင်းကို တွယ်တာခဲ့တယ်။ မင်း ကဏ္ဍက ရေးကြီးခွင်ကျယ် ခပ်စွာစွာ ဖြစ်ခဲ့တယ်။

---

မင်းကို မေ့ပစ်နိုင်ခဲ့တယ်။ အမျိုးအနွယ်စောင့်ရှောက်ခြင်းလို့ ခေါင်းစဉ်ပေးရင် စိတ်မဆိုးဘူး ထင်တယ်ကွာ။ မင်းနဲ့တူတဲ့ ပုံစံ၊အရည်အချင်း၊အရောင်အဆင်း ။ ဒီအရာတွေနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့မိတယ်။ ခွင့်လွှတ်ပါကွာ။ အချိန်၊နေရာ၊ရာသီဉတု၊စိတ်၊အာဟာရ ဒါတွေလည်း ပါကောင်းပါလိမ့်မယ်။

---

သတင်းတွေကြားတယ်။ မင်းဘ၀နဲ့ မင်း အခြေတကျ ရပ်တည်နေပြီတဲ့။ တချို့နေရာတွေမှာ အရည်အချင်း မီတယ်၊ တချို့အချိန်မှာ မင်းက အသုံးမကျစွာ ခပ်နွမ်းနွမ်း ဖုန်တွေနဲ့ ရှိနေတယ်။ ကမ္ဘာချီ လွမ်းရအောင် မင်းကလည်း စွမ်းခဲ့တာကိုး။ ကမ္ဘာကလည်း သင်္ကေတတွေနဲ့ အသိအမှတ်ပြုခဲ့တာပဲ။ မင်းပျော်နေမှာပါ ။

---

ကိုးရှစ် ကိုးကိုး ပညာသင်နှစ်က ယမ်ယမ်ရေ …

လွမ်းတယ်ကွာ ။

---

Title word Yan. Yam ရသာမှန် ယမ်ယမ် ။ အမှန်ပြင်ပေးသူ E m 0 t i o n

Read More...

Saturday, January 05, 2008

Should be die

ရွှတ် ဘီ ဒိုင်း

* ရွှတ် *

အဲမှာ စကြားတာပဲ ။ ဘယ်က အသံပါလိမ့် ။ လူတစ်ယောက်ကို အသံတိုလေးပေးပြီး လှမ်းခေါ်တာပဲ ။ ဒီမှာ လူတွေ အများကြီးပါ။ ငါ တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘယ်သူ့ကို ခေါ်မှန်းလည်း မသိဘူး။ ဟော ထပ်ကြားပြန်ပြီ ။

* ရွှတ် *

ငါ ကိုခေါ်နေတာပဲ ။ ဘယ်နေရာက ခေါ်ပါလိမ့် ။ အသံလှိုင်းတိုတိုလေးပဲ ။ သေချာပါပြီ ။ ငါ ခေါ်တာပါ ။ ဘာပြောချင်လို့ပါလိမ့် ။ အသံဖြစ်ပေါ်ပုံ သဒ္ဒါ ပြန်သင်ရမလို ဖြစ်နေပြီ ။ ဟုတ်ပါတယ်။ ကြားနေရတာပဲ ။

* ရွှတ် *

ပြောသာပြောတော့ ၊ ကြားတယ် ဗျို့ ။ ငါမသိ ၊ ငါမမြင်နိုင်သော အသံလှိုင်းများစွာ ရှိနေတယ်။ ခေတ်ကို မီအောင် မနည်းလိုက်နေရသော နားတချို့ကြောင့် အသံတွေ ပျောက်ဆုံးသွားရပြန်ပြီ ။ လိုချင်ရဲ့လား မသိ။

* ရွှတ် *

ဘာတုန်း ။ ရွာထူး ထူးလည်း ပြန်ထူးတာပဲ ။ ပြောပါ ခင်ဗျာ ။ ငါရေ…ရေ။ မနည်း နားစိုက်ထောင်ရတယ် ။ ကြားတယ် မပြောချင်လည်းနေတော့ဗျာ ။ ကျွန်ုပ် ခေါ်တာမှန်းတော့သိပါတယ် ။ နားလည်အောင် နားအာရုံခံပြီးနားထောင်ပါတယ် ။ အင်းမလိုက် အဲမလိုက်ဖြစ်နေလား မသိဘူး ။ ဘာတုန်း ပြော ။

* ရွှတ် *

မြန်မာ ရာသီသက္ကရာဇ် မမှတ်မိသော ဇန်န၀ါရီရေ ။ ကြားတယ်ဟ ။ ဖြူစင်တွယ်တာသော အသံဟောင်းတွေ ပေါ်ပြူလာ ဖြစ်ပါတော့မလား ။ ငါ ဒီတိုင်းကြားတယ် ။ အသံတည်တည်ငြိမ်ငြိမ်နဲ့ ဘကြီးဘုန်းကြီးမိန့်တာတောင် မေ့နေတာ ကြာပေါ့ ။ * ကြိုးစား ။ … တင်ပါ့ ဘုရား *

-----

လှချင်လှချည်ရဲ့ဆို ။ ငါတောင် မမီနိုင်သော အလှအပတွေ ။ ငါဘေးဘီဝဲယာမှာလည်း လှပါတယ်။ ဖန်တီးရှင်က ပိုလို့တောင် လှနေသေးတယ် ။ အသွေးအသားထဲက မာန်တွေလည်း လှနေလေရဲ့ ။ အမှတ်မထင် လမ်းမှာ ခလုတ်တိုက်ဖြစ်ခဲ့လျှင် လှတပတလေး လဲဖြစ်ဦးမလားပဲ ။

* အမိတော့ နောက်မှ တကြတာပေါ့ ။ *

ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တယ် ။ ငယ်တယ် ၊ နုနယ်တယ် ။ အင်္ဂလိပ်စာ တတ်ကြောင်းလည်း ကြွားလိုက်ချင်သေးတယ် ။ အဲတော့ ဘိုဆန်ဆန် နာမည် ခေါ်တာပေါ့ ။ ဘေဘီ ။ ချစ်စနိုးလေးနဲ့ အဖျားဆွတ် ခေါ်တာပါ ။ * ဘီ *

-----

တိရစ္ဆာန်လို မပြောပါဘူး ။ လူ့စိတ်ဖြင့် ခံစား သိမှတ်မိတော့ လူသံကြားရတာပဲ ။ အနိုင်အရှုံးတော့ ရှိမပေါ့။ မှန် ၊ မှားတော့ မြင်မိတယ်ဆို ကောင်းတာပေါ့ ။ ငါ့ကို ငါက ပြောတာ အသံအကျယ်ကြီး ကြားတယ် ။ ခေါ်မကြား အော်မကြား ။ နားကန်းနေလား ။ မြင်ခဲ့သားနဲ့ မကြည့်ချင်ဘူး မလုပ်နဲ့ ။ နှာခေါင်းရှုံ့ကြမှာ စိတ်နဲ့ ခံစားသိလိမ့်မယ် ။ အဲအချိန်ကျမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဖြစ်နေမယ်။ ငါ ငယ်ငယ်က ကစားပွဲမှာ ရှုံး ထွက် အတွက် ဗိုလ် ၊ ကျား ၊ သေနတ် ။ ခပ်မြန်မြန် လက်ကမ်း ခံရမယ် ။ လူတွင်ကျယ် လူစွာလုပ် ကျား ရုပ်ထုတ်မှ သေနတ်ပြမယ့် လက်ညိုး ၊ လက်မ က အသံထွက်လာမှာ မြင်ယောင်မိတယ်။

* ဒိုင်း *

Read More...

Thursday, December 13, 2007

Real story

ပုံပြင်

* ဟိုးရှေးရှေးတုန်းက * ဒီစကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပုံပြင်ပြောဆိုချိန်မှာ သုံးလေ့သုံးထရှိကြသည်။ ဒီကလိုနဲ့ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်ဟာ မိုးပြိုပြီဆိုပြီး ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ယုန်များစွာထဲမတော့ မိုးပြိုမှာကို တွေးကြောက်သော ယုန်တွေရှိခဲ့ကြတယ်။

တစ်တောင်ပေါ်တစ်တောင်ဆင့် ပေမယ့်

တောင်ကြီးဖ၀ါးအောက်

ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်

ပင်လယ်ကူးခတ်တယ်

ကျယ်ပြောပင်လယ် မြောက်မြား ပေမယ့်

လှိုင်းကြီးလှေအောက်

ဖ၀ါးတွေ လှေတွေ

အားကျလို့

ခပ်ဖွဖွတူးမိကြ

မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ (၇)ပေလှလှပေါ့ ။

မိုးဖြိုမယ် မိုးဖြိုမယ်နဲ့

ပြိုပြိုသွားတဲ့ စိတ်ထည်တွေ

လာထား ။

ကျနာမစိုးလို့ ဖေးမကူ

ရိရွဲစုတ်ပြတ် အထည်ပျက်မှာမို့

ဇကာကွက်လှလှတပ်ဖို့

အပ်ချုပ်ကြဦးစို့ ။

* အပ်ချုပ်သည် *

သွေးကြတုန်း

သေးကြတုန်း

ကြီးငယ်ဆိုဒ်စုံ သုံးကြတုန်း

ဒီနဖားကို အဘွားလည်း အမြင်ကပ်တုန်း

သို့သော်လေ သူတို့က ပျော်မဆုံး

ရွှင်ရွှင်ကြီးခံသုံး

အပ်ပေါက်ထိုးတုန်း

ချုပ်နေကြတုန်း

လက်ချုပ်စက်ချုပ်တွေ တွင်ကျယ်မဆုံး ။

အပြောကျယ်လောင် ဆာသယောင်မို့

တစ်ထွာမျှဝမ်း

ကျဉ်းကျုံ့လှုပ်လှုပ်

အပူငြိမ်းဖို့

ထမင်းစားကြဦးစို့ရယ် ။

Read More...

Thursday, December 06, 2007

I write DVD with DVD-RAM

ကိုယ်တိုင်ရိုက်သော ဒီဗီဒီတစ်ချပ်

စီစဉ်ထုတ်လုပ်သူ နှင့် ဒါ ရိုက်တာ - ကျွန်တော် ခံစားတင်ပြသည် ။

ငယ်တုန်းက ကလေး။ အပြင်သွားလာလည်ပတ်မှု အမြဲနှစ်သက်သည်။ ထမင်းစားချိန်မှအပ ကျန်အချိန်သည် ကစားခုန်စားချိန်သာ ဖြစ်သင့်သည်ဟု ထင်သောကလေးတစ်ယောက် ဖြစ်ခဲ့သည်။ မြင်ရကြားရသည်။ သွားရင်းလာရင်း ငေးမောကြည့်ရှုနားထောင်ခဲ့သည်။ အမှန်တကယ်လိုအပ်မှုသည် နားမလည်မှုဖြစ်သည်။ အပြင်သွားရန် ဖိနပ်စီးသယ်။ဖော့ဖိနပ်ရယ်။ ရာဘာဖိနပ်ဖြစ်သည်။ အမေ့အသံက

* ဖနပ်စီးသွားနော် ၊ ဒီကလေးနဲ့ နေပူမိမယ် *

ညနေ နေ၀င်ခါနီး လမ်းသွားလမ်းလာရှုပ်ထွေးတတ်သည်။ ကလေးများသည်လည်း နေရှိတုန်းလေး ဆော့ကစားချင်သည်။ ညမိုးချုပ်လျှင် လူမစုံတတ်သောကြောင့် ဖြစ်သည်။ လူစုံပြီ ။ စုံမပေါ့ ။ ထိုနေရာကား ပွဲဈေးခင်းတစ်ခု ဖြစ်နေသည်။ ခင်းကျင်းမှု အမျိုးစုံလင်စွာဖြင့် ဆိုင်များတွင် လူစည်ကားနေ၏။ ကလေးအတွက်လည်း ရှိသလို လူကြီးများအကြိုက်လည်းပါ၏။

မိုးကားချုပ်ပြီ။ အချိန်ရာသီက ပွဲတော်လရာသီ။ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ တန်ဆောင်တိုင်ပြီးချိန်မို့ ပွဲတော်သာက နေရာမလပ် ထပ်သည်လည်း ရှိ၏။ တိုးတိုးကြိတ်ကြိတ် စည်ကားသည်လည်း ရှိ၏။ အငြိမ့်၊ဇာတ်၊ရုပ်ရှင်ပိတ်ကားထောင် အစုံစုံက သူ့နေရာနှင့်သူ ။ ကိုယ်မြင်ရာကြည့်သလို ကိုယ်ဝါသနာပါရာလည်း ကြည့်ကြသည်။

အမေ သေသေချာချာမှာလို့ စီးလာသော ဖိနပ်က အခုမှ အသုံးဝင်သည်။ အသစ်မဟုတ်သော်ငြား ထိုင်လို့ကောင်းသည်။ ကတ္တီပါဖိနပ်မစီးဘူး ။ မိုးတွင်းတုန်းကလည်း ထီးမကိုင်ချင်လို့ မိုးကာပဲခြုံသည်။ ဒါပေမယ့် ပွဲခင်းကဆိုသံကြားနေ၏။

* ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းသူများ *

ပွဲပြီးတော့ ဖိနပ်လေး အသာစီးပြန်လာခဲ့သည်။ ခပ်နွေးနွေးလေး ဖြစ်နေသည်။

***

အချိန်ရေစီးခိုင်းနှိုင်းနေကြမို့ဖြစ်မည်။ ဒီတော့ စီးသည်ပေါ့ ။ ရပ်နေသော နာရီများမြင်ဖူးသည်။ လည်ပတ်ရန် အားကုန်နေခြင်း ဖြစ်သည်။ လူလုပ်ကိုး ။ ရေစီးရေလာကောင်းသော မြောင်းမှ ရေစီးသည် ချောင်း ၊ မြစ် ဖြစ်လာသည်။ ထို့နောက် ကျယ်ပြောသော ပင်လယ်ပြင်ထဲသို့ စီးဝင်၏ ။

လူ့ဝန်းကျင် အသိုက်အ၀န်းကား ကျယ်ပြောလှ၏။ စတင်စီးဆင်းလာသော ရေသည် ဘယ်နေရာ ဒေသသို့ ရောက်ရောက် ရေသာဖြစ်သလို လူသားသည် လူငယ် မှ လူကြီး ဖြစ်လာသည်။ စီးဆင်းလာသော နေရာ ဒေသအမျိုးစုံကြောင့် ရေပြောင်းလဲမှုဖြစ်ပေါ်သည်။

* ပြောင်းလဲသွားတယ်နော် ၊ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့ *

***

ငယ်စဉ်က ဖိနပ်ဖင်ခု ကြည့်ရှုရသော ပွဲတော်များစွာကလည်း ပြောင်းလဲလာသည်။ အသံသွင်း ဓာတ်ပြားများ ၊ ကက်ဆက်ခွေများ ဖြင့် နားသောတဆင်နိုင်သည်။ ဂီတပြောင်းလဲလာခြင်းဖြင့် နားသောကလည်း ဖြစ်နိုင်သေးသည်။

* မကြောက်ပါနဲ့ မမြ၀င်း ၊ ဗိုလ်အောင်ဒင် …. ပြန်လာပြီ *

* အသံသာသာ တေးကိုသာ … *

* ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာပြီ … ဘယ်သူတွေ ရမယ် ထင်လဲ *

***

လူသည် စိတ်၊ခန္ဓာဖြင့် ခံစားတတ်ကြသည်။ မနေ့များစွာသော အတိတ်တွေကို နားလည်ကြသည်။ ခံစားကြသည်။ ရုပ်ရှင် ၊ ဂီတ ၊ ပန်းချီ စသော အနုပညာပစ္စည်းများစွာကို တိုးချဲ့ဖန်တီးလာသည်။ စာတင်မယ် ။ ခံစားမှုရင်ခွင်သစ်များစွာဖြင့် ရာဇ၀င်မှာ စာတင်မယ် ။

***

တီထွင် ဖန်တီးကြသည်။ ခေါင်းစဉ်များစွာဖြင့် မှတ်သားထားသည်။ လိုအပ်သည်များကို သိမ်းဆည်းသည်လည် ရှိ၏။ မြန်ဆန်သော လျှပ်စစ်ဖြင့် သတ်မှတ် စုစည်းလိုက်၏။ ဒီဗီဒီဟု ဆိုထားသော လေဆာဓာတ်ပြားတစ်ချပ် ထွက်လာသည်။

ဇာတ်ဝင်ခန်းတစ်ခန်း စတင်လာသည်။ ကင်မရာမြင်ကွင်းသည် ခန္ဓာကိုယ်မှ မျက်နှာဆီသို့ ဦးတည်သွားသည်။ မင်းသား ၊ မင်းသမီး ပြုံးသွားသည်။ ပြီးပြီ ။ အားလုံး ပြီးဆုံးသွားပြီ ။

* ဒီဇာတ်ဝင်ခန်းက ရုပ်ရှင်အကယ်ဒမီ ရသွားသည် *တဲ့ ။ လူတွေအားလုံး ပြုံးတာကို သဘောကျသည်ပဲ ။

p.s: List of my DVD

1. Start-Human age

2. Rosé owner

3. (95) U_BA_THEIN_A_NYEINT

4. 16_year song from movie

5. A_Chit_Kan_Soe

6. NOTHING ELSE MATTERS-1991< http://naing1.blogspot.com/2007/08/staind-nothing-else-matters.html#comments>

7. What time finish war< http://naing1.blogspot.com/2007/07/when-war-finished.html>

8. Avril Lavigne - The Best Damn Thing (2007)

9. Lay Phyu (New songs)

10. Necessary_software <http://en-us.www.mozilla.com/en-US/firefox/about/> KLCODEEXE

11. NESTOPIA and Games of Nintendo

12. Sone_Si_Na_Phar_Media

13. Andalasia

14. Ratatouille


Read More...

Wednesday, November 28, 2007

Love' melody

* ကိုကို လမင်း *

* ပြော ကြယ်လေး *

* ကိုကို လမင်းကို သိပ်ချစ်တယ် သိလား *

* ဘယ်လောက်တောင် ချစ်တာလဲ ကြယ်လေး *

* ဟောဒီ စကြာဝဠာကြီးလောက် ချစ်တယ် *

* ယုံလိုက်ပြီ *

* ကိုကို ကိုသာမယုံတာ *

* ဘာလို့ မယုံတာလဲ *

* ကြယ်လေး ကြယ်လေးနဲ့ ဘယ်လောက်တောင် များများခေါ်ခဲ့ပြီလဲ *

* အော် ကြယ်လေးရယ် *

* အခုမှ ကြယ်လေးရယ်တဲ့ … ပြော…ဆို *

* သိပ်များများစားစားမဟုတ်ပါဘူး *

* မရဘူး … မရဘူး အတိအကျကို မှတ်ထားရမယ် ပြော… ဆို *

* ကြယ်လေးကလည်းကွာ *

* ကိုကို လမင်းကိုကျ သိပ်ချစ်တာ ပြောပြသားပဲ *

* ကြယ်လေးရယ် *

* မရဘူးကွာ ပြော … ပြ *

* ကြယ်လေး ဘေးနားကနေ မဆိုးရဘူးလေ *

* ကိုကို လမင်း ပြောမှာလား မပြောဘူးလား *

* ကဲ ကဲ ပြောပြမယ် နားထောင် ကြယ်လေး *

* ပြောပါဆိုမှ *

* ကြယ်လေးက ငယ်သေးတော့ နားမလည်သေးပါဘူး *

* ဘာပုလည်း ငယ်တော့ *

* လောကမှာလို့ အစချီတာနဲ့ ကြယ်လေး ပျင်းနေပြီမလား *

* မပျင်းပါဘူး နားထောင်နေတယ် ကိုကိုရဲ့ *

* သံယောဇဉ်ဆိုတာ အလင်းလိုပဲ … ခဏတာ မြန်မြန်ကြီးမြင်လိုက်ရပေမယ့် အချိန်ကြာကြာလင်းပြန်တော့ လင်းလှချီလား လင်းလိုက်တာလို့ တသသ ညည်းညူမိတယ် *

* အင် … ကိုကို လမင်းကလည်း လင်းလက်တောက်ပတယ် လို့ ပြောစမ်းပါ *

* မြန်နှုန်းနိမ့်မြင့်တွေ အကွာအဝေးတွေ ကြယ်လေး နားမလည်ပါဘူး *

* အင်း … နားမလည်ဘူး … ကိုကို ပြောပြ *

* အလင်းရောင် များများ မလိုချင်ဘူးလား ကြယ်လေး *

* အိုး … လိုချင်တာပေါ့ *

* အခု ကြယ်လေးက လင်းနေတယ်နော် *

* သိသားပဲ ကိုကိုလမင်းကြောင့် လင်းနေတာလေ *

* လမင်းကြောင့် ကြယ်လေးတွေ မဆုံးရှုံးစေချင်ဘူး *

* အာ … ကိုကိုကလည်း *

* အချစ်ကြောင်းမပြောခင် ကြယ်လေး အချစ်ကို ဘယ်လိုနားလည်သလဲ *

* ကြယ်လေးကတော့ ကိုကို လမင်းကို ချစ်ကြောင်း သက်သေပြမယ် *

* ကြယ်လေးက ဘယ်လို သက်သေပြမလို့လဲ *

* ကြွေပြမယ်လေ ၊ ကြယ်ကြွေလေးပေါ့ *

* ယုံပါတယ် *

* အမယ် ကိုကို လမင်းအသံက မယုံသလိုပဲ *

* မဟုတ်ပါဘူး တခါတလေ ကြယ်လေးတွေ မကြွေတာကောင်းပါတယ် *

* ဘာလဲ ကြယ်လေးကို မယုံတာလား … ခုချက်ချင်း ကြွေပြမယ် လေ*

* လင်းပါ တောက်ပစွာ နံဘေးက လင်းနေလိုက်စမ်းပါ ကြယ်လေးရယ် *

* ကိုကို အဲဒီလိုမျိုး ဘယ်နှစ်ကြိမ်မြောက် ပြောခဲ့ပြီးပြီလဲ *

* မဖြေပါရစေနဲ့ ကြယ်လေးရယ် *

* ကိုကို မညာနဲ့နော် *

* ဟောဒီ စကြာဝဠာကြီးက သက်သေပါကွယ် *

* ဒါဆိုပြောပြလေ ၊ ဘယ်လောက်တောင် များများပြောခဲ့လဲ *

* ဟောဒီ လောက စကြာဝဠာကြီးလောက် ပြောခဲ့ပါတယ် ကြယ်လေးရယ် *

* ဟင် … အများကြီးပေါ့ *

* ဟုတ်တယ် ကြယ်လေး ၊ အများကြီး အများကြီး *

* ကိုကို လမင်း *

* ကြယ်လေး ပြောလေ *

* ကြယ်လေးလင်းပါတယ်နော် *

* လင်းပါတယ် ၊ လင်းလက်တောက်ပနေပါတယ် *

* ကိုကို လမင်း ဒီထက်ပိုပြီး လင်းလက်အောင်လုပ်လို့ရလား *

* မလုပ်ချင်ပါဘူး ကြယ်လေးရယ် *

* အာ ….. မရဘူး ဒီထက်လင်းအောင် လုပ်ပြ *

* ကြယ်လေးရယ် ….. မလုပ်ပါရစေနဲ့ *

* ဟောဒီ စကြ၀ဠာကြီး တစ်ခုလုံး လင်းအောင်လုပ်ပြ *

* ကိုကိုလမင်း လင်းလွန်းရင် ကြယ်လေး ကြွေသွားလိမ့်မယ် *

* ကြွေကြွေ … လင်းပြ ၊ လင်းလက်တောက်ပနေအောင် လုပ်ပြ ၊ နေပြ *

* ကြယ်လေးရယ် *

လူ့လောက ကမ္ဘာသားတွေက လမင်းကြီးထိန်ထိန်သာနေတာကို မြင်တွေ့နေရပြီ ။

ကြယ်ရောင်ပျောက်သောကောင်းကင်မှာ လမင်းတစင်းတည်း လင်းလက်နေသော ကြယ်ကြွေညတွေ။

လင်းလက်တဲ့ လမင်းရဲ့ချစ်ခြင်းတီးတိုးစကားတွေကို ကြယ်လေးကြားပါစ။

* လင်းနေပါတယ် ကြယ်လေးရယ် *

Read More...

Sunday, November 18, 2007

Notes

မှတ်သားမှုများ

ကျွန်တော်သည် မှတ်သားမှုများစွာကို အမှတ်တရရှိနေသည်။ နည်းမျိုးစုံမှတ်သားခဲ့သည်။ နေရာပေါင်းစုံမှ မှတ်သားမှုများစုပုံလာကြသည်။ ခေါင်းထဲမှတ်သားဖန် များလာသောအခါ တချို့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။ တခါတရံ မှတ်မှန်းမသိ မှတ်မိနေတော့သည်။



အဖေပြောတဲ့ Looping

အကယ်၍သာ ကိုယ်စိတ်ကျန်းမာချမ်းသာပါက အရာများစွာကို စွမ်းဆောင်နိုင်ပေမည်။ ထို့နောက် သတိ၊၀ီရိယနှင့် ကြိုးစားစေချင်သည်။ ကိုယ်တိုင်ကျင့်သုံးသော တည်ကြည်မှုကို အသုံးချရန် မကြာခဏပြောဆိုစေသည်။ ယုံကြည်ကိုးကွယ်မှုကိုလည်း မမေ့ရာ။ ထိုသို့မဟုတ်ပါက စိတ်၏ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းလည်း ကင်းဝေးရာ၏။ ထိုအခါ အထပ်ထပ် အဖန်ဖန် သံသရာ လည်နေတော့သည်။

မျက်မြင်မှတ်စားခြင်း

ငယ်စဉ်က အစာကို ငမ်းငမ်းတက် စားသောက်ခဲ့သည်။ ပျော်ရွှင်ကြည်နူးအရသာထူးလည်း လိုချင်တပ်မက်ခဲ့သည်။ လှတာလေးမှ လိုချင်ခဲ့သည်။ ၀လင်စွာစားသုံးပြီး အရသာပြည့်စုံသော မျက်မြင်သက်သေတချို့ ကျန်ရစ်စွဲထင်နေသည်။ ထိုအကျိုးဆက်ကား ဤသို့ဖြစ်ရာ၏။

ကြက်တောင်ပံကြီးများကို ၀ယ်ကာ လေးပိုင်းပိုင်းလိုက်၏။ တစ်ပုံက အဖျားရှူးနေသည်။ ထိုအဖျားများကို ရေနွေးနှင့် ပွက်ပွက်ဆူစေပြန်သည်။ ရေနွေးဆူသော် မက်ခေါက် အခြောက်ဖတ်များဖြင့် ချဉ်စေ ၊ ချိုစေ ၊ အပေါ့အငံလည်း မှန်စေ။ ကြက်သွန်နီဖတ်ဖြင့်လည်း လှစေ ၊ ပစေ။ ကျန် သုံးပိုင်းကို အနီရောင်ဆိုးသည်။ အရသာ ထပ်ပိုးသည်။ လက်ဖြင့်နယ်သည်။ လက်လည်းနီလေပြီ။ ဆီအိုးလည်း ဆူနေပြီ။ ညော်နံ့လည်း ထွက်သည်။ မွှေးတယ် ၊ မွှေးတယ် ဆိုပြီး ကိုယ်တိုင်လည်း တစ်အိုးကျက်တိုင်း တစ်ပိုင်းမြည်းလေသည်။ မြည်း ကြည့်ပါဦး၊ လှမှာပါ ။



ရနံ့လော အနံ့လော

သစ်သီးများ စားသုံးလျှင် အနံ့ပြင်းပြင်း မွှေးခြင်း ၊ ရွေးခြင်း လုပ်လေ့ရှိသည်။ သီသီး၊ ဒူးရင်းသီး၊ မင်းကွက်သီး အမျိုးတော့စုံစုံရှိမပေါ့ ။ ကိုယ်ကြိုက်ရာ ကိုယ်တိုင်ရွေး စားလေလေ့လေး ။

ရေမချိုးဖြစ်လျှင် ဖြစ်ဖြစ် အစားအသောက် သောင်းကျန်းလို့ဖြစ်ဖြစ် ခန္ဓာပုတ်လေသည်။ ချိုင်းကြားမှ အမွှေးများရှည်နေလျှင် ချွေးစို့ပြီး အနံ့အောင်းတတ်သည်။ ၀မ်းမသက် လေမထွက် လှုပ်လှုပ်ရှားရှား နည်းလျှင် အတော်ကြီး ဆိုးလေပြီ။

ရေမိုးချိုး အရည်ရွှမ်းသော သစ်သီးစား သွားသွားလာလာ လုပ်သောအခါ After shave (DENIM) ရနံ့က မွှေးပျံ့နေတော့သည်။

စကားတောင်လိုပုံ

တောင်စဉ် ရေမရ အကျိုးမဲ့ စကားတို့ ဆိုသည်။ အိုးဖုံး ၊ စလောင်းဖုံး တီး၍ ကျားခေါ်ပြန်သည်။ သင်အံလေ့ကျက် များများမှတ်သည်။ မေ့လျော့ပေါ့ဆ ဂူကြီးကိုလည်း တိုက်မိသည်ကား အခါခါ။ သိဉာဏ်ထက်သော တရားကိုလည်း နာကြားရာ၏။ ဒေါသလည်း ထွက်သည်။ လောဘလည်းရှိ၏။ တွေဝေငိုင်ခြင်း ဝေးဝေးမနေ အနီး၌လည်း နေကုန်ကြသည်။ စောင်းသံကြား၍ သာယာ၏။ ပိုးကြိုးလည်း ကုန်ပြီ ။ မောင်ပုံလည်း ရွာမှာ လယ်စိုက်နေသည်။ သူရင်းငှားအဆင့်မဟုတ် လယ်ရှင် ဖြစ်သည်။ သို့သော် *လူဘ၀ကို မင်းရခဲ့တယ်…* ၊ *တောင်စဉ်များ ကျော်လွန်ဖြတ်သန်းရင်း ရှေ့ဆက်ရမယ့် လမ်း …* ၊ *အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ် … စဉ်းစား…ဒါ ဟာ အိပ်မက်တဲ့လား* ၊ *ခိုး ခိုး ခိုးသွားပြီလေ ….* ၊ *နာမည် တစ်ခု … ကိုယ်အကြောင်းကိုယ်ပဲသိတယ်* ၊ *E=mc2 ရှာတဲ့သူကြီးကို ချစ်တယ်… ၊ လေဆိပ်ကြမ်းပြင်ကြီးကို လွမ်းတယ်… ဟုတ်လား * ။ သည်လိုနှင့် စကားတွေပုံ တောကြီးတွေ တောင်ကြီးတွေက ဖ၀ါးအောက် ၊ လူကကြမ်းပေါ် ပျင်းတိုင်းကျောခင်း ခြေဆင်းနေကြသည်။ *အတိတ်ကို တူးဆွမိသည်။ အနာဂတ်တက်လှမ်းရန် လှေကားထောင်သည်။ တူးရင်း နက်ရှိုင်း ကျယ်ဝန်းလာသည်။ လှေကားလည်း တိုတောင်းလာသည်။ ပစ္စုပ္ပန်ကို မရောက်သေး။* သိခေါက်ခက် အ၀င်နက် ၊ လှေအလူးမှာ ရူးချေပြီ။

ကိုယ်တိုင်ရေးတဲ့ အိပ်မက်

ချမ်းအေးသည်။ ပျင်းရိခြင်း ခြောက်ပါးမှ တစ်ပါးဖြစ်သည်။ အေးသောအခါ ဖောင်းပွမှုက သေးငယ်လာသည်။ ဆန့်တမ်းမှုများသည် ကွေးကောက်လာသည်။ နွေးထွေးအောင် လုပ်ယူကြသည်။ အပူအအေးမျှတသော် အိပ်ပျော်သွားလေတော့သည်။

*ဂီး ဂစ်*

*E If*

_ဟုတ်တယ်_

_ဟုတ်_

_သိလား_

*တိဝူး*

ကြက်တူရွေးကို ငရုတ်သီးစပ်စပ်ကျွေးပြီး စကားသံလေ့ကျင်နေသော ကောင်မလေးတစ်ယောက်။

ထမင်းဆာပြီ ၊ ထမင်းစားမယ် ။ ဆားထည့်စားဦး။

*အသံထွက်ကမမှန်ဘူး*

*ဒီကလေး တွေစာလုံးပေါင်းပဲ ပြောနေရတာ*

တွေးတောဆင်ခြင်တတ်သော အစ်မကြီး တစ်ယောက်။

* အမေဟာ အမေပါပဲ အမေ *

* သစ်ရွက်ကြွေတာ လေတိုးလို့ပါ *

ဘောလ်ပင်တွေ ချေးငှားရေးပြီး မင်ထွက်များလို့ စာရွက်ကုန်သော အစ်မကြီးတစ်ယောက်။

* တင်ပလိပ်တွေ အရည်ဖျော်နေတဲ့ နေကောင်းပြီးစ လူတစ်ယောက် * ခြေထောက်သုံးချောင်းနဲ့ သွားနေတယ်။ ပုံတွေရေးဆွဲနေတယ်။

လေတိုက်ရင် လွင့်ပါလာတဲ့ ဖုံတွေ သဲတွေကို ကြောက်တဲ့လူကြီးတစ်ယောက်။ သူ့ပြူတင်းတံခါးဖွင့်မှ လေ၀င်တော့တယ်။

အကသင်တန်းဆရာက အင်္ဂလိပ်စာ စာတမ်းရှည်ကြီးတွေ ဝေနေလေရဲ့။

မြန်မာစကားတတ်တဲ့ တိုင်းရင်းသားကြီးတစ်ယောက် ခရီးရှည်ပွဲကို ပျော်ပျော်ကြီးဝင်နွဲ ၊ ၀င်ဆဲ။

သံသာချို ခွန်းတုံ့ဆိုတဲ့ ပညာရှင် မေပျိုတစ်ယောက်။

မိုးပေါ်က အပြာရောင်နောက်ခံကို ခံစားပြီး ဝေးလွင့်သူ တစ်ယောက်အကြောင်း စဉ်းစားရင်း နှုတ်ဆက်ထွက်ခွာခဲ့တယ်။

လူကသန်မာထွားကြိုင်းသလောက် ကြွက်ကြောက်တဲ့ မြေအောက်မှာနေထိုင် ပညာရှာသူတစ်ယောက်။

ဝပ်တွားခယ ရိုကျိုးလိုက်ပုံများ ဘုရားတောင်ပြားအောင်ဖူးမြော်တဲ့ ယုန်တစ်ကောင်။

အာကာသတက်မဲ့ ကိုရင်တက်တုံးး အိုး အော်တုံးး

ကောင်းကင်အရောင်ကို ဖြူပြီ ၊ နုပြီ ဟု တရားမှတ်နေသော အေးချမ်းစွာနေထိုင်သူ အစ်မကြီးတစ်ယောက်။

သစ်ပင်စိုက်ပြီး ကြီးပွားနေသူတစ်ယောက် အလေးမပြိုင်ပွဲဝင်သောအခါ သူမ၏ကမ္ဘာ့ဆောင်ပုဒ်တစ်ခု ရွတ်ဆိုနေသည်။

ကမ္ဘာပိုင်ကို တစ်ဦးတည်းပိုင် မှတ်ပုံတင်သုံးစွဲပြီး မော်ဒယ်ကျကျ မီးထွန်းရှာသူ ပညာရှင် အစ်မကြီးတစ်ယောက်။

ဝက်အူချောင်းပေါင်းစားတဲ့ အသက်မကြီးတော့သော ပပ၀တီမျိုးနွယ်စု သခင်မတစ်ပါး။

သံစဉ်တွေ စီရရီဖြင့် ယဉ်ကျေးစွာ နှုတ်ခွန်းဆက်သသော အစ်မကြီးတစ်ယောက်။

ဖုန်းပြောသော အမေကို ကြည်စားနေသော သမီးပျိုလေးတစ်ယောက်။

စီပုံးကို ရေစည်လှည်းလုပ်ထားသော လူတစ်စု။

အမည်မသိ စာဆိုရှင် ဆရာ၊ ဆရာမများစွာကို တွေ့ကြုံရသည်။

အိပ်မက်မှ နိုးထလာသည်။ အမှန်တကယ် ၀န်းကျင်က သစ်လွင်မှုနှင့်အတူ ညှိုးရင့်လာသည်။ လူတွေသွားလာနေကြသည်။ အဝေးမှ မြင်နိုင်သည်။ မသိသူ ၊ သိသူ နှုတ်ခွန်းဆက်သမှုများ ရှိသလို ။ ရင်းနှီးကျွမ်းဝင်ပြောဆိုနေသည်လည်း ရှိ၏။ နှုတ်ဆိတ်၍ ခပ်မဆိပ် နေသူများလည်း ရှိသည်။ ဒီကနေ့ အိပ်မက်က ရှည်လိုက်တာ ။ အိပ်ပျက်သူ၏ ညတာသည် ရှည်လျားလှပေသည် ဟူသော စာသားတစ်ကြောင်း ခေါင်းထဲပေါ်လာတော့သည်။


Read More...

Friday, November 09, 2007

Down to up : 5

ဒီက ငါးရက်နေ့ လက်ကျန် h://naing1.blogspot.com/2007/11/end of 05.html
ဒါက ၆ရက်နေ့ အတွက်
h://naing1.blogspot.com/2007/11/06.html
အိမ်အတွက်ဖုန်းနှင့်စာက ၇ရက်နေ့အတွက် h://naing1.blogspot.com/2007/11/phone&letterforhome07.html
ကိုယ်တိုင်မပါဝင်သလို ပျော်ရွှင်ခဲ့တာက ၈ရက်နေ့အတွက် h://naing1.blogspot.com/2007/11/without me.html
ဒီနေ့အတွက် For today
ဒီနေ့လက်ကျန် က h://naing1.blogspot.com/2007/11/end of 09.html
မနေ့နှင့်မနက်ဖြန်သည် လူကိုမစောင့်(မှားလို့)
*အချိန်နှင့်ဒီရေသည် လူကိုမစောင့်*(မှန်၏)
မနက်ဖြန်အတွက် လာပါလိမ့်မယ် ။
သဖက်ခါအတွက် လာပါလိမ့်မယ် ။
ဖိန်းနွှဲခါအတွက် စောင့်ရပါလိမ့်မယ် ။
where now ? အခုကော အခု .....
သြော် စစ်ကနဲ မြည်မှ ထိုင်နေတာကိုး ။

Read More...

Friday, November 02, 2007

I have not key

သော့

သော့တွေထိန်းသိမ်းရသော လုံခြုံရေးတစ်ယောက် အလုပ်ရှုပ်နေတယ် ။

*ဘာဖြစ်လို့လဲ*

*သော့ပျောက်နေလို့ပါ*

*ဘာသော့လဲ*

ရယ်အား ငိုအား ၊ ပိုစေတဲ့ သူစကား

*သော့တွေသိမ်းတဲ့ မီးခံသေတ္တာသော့ ပျောက်နေလို့ ပါခင်ဗျား*

မရှိဘူး

ကုမ္ပဏီတစ်ခုလုံး အလုပ်ကို ပျားပန်းခပ်မျှ လုပ်နေသည် ။

ကြီးကြပ်သူတစ်ယောက် ရောက်လာပြီး အလုပ်လုပ်သူများအား လိုအပ်ချက်များကို မေးမြန်းနေ၏ ။

မိမိတို့ လုပ်ငန်းဆောင်တာများ၊ လိုအပ်ချက်များကို ပြောပြနေကြသည် ။

လူများစွာ ပြောဆိုပြီးချိန်တွင် အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

*ဒီကုမ္ပဏီမှာ ကျွန်တော်မဖြုတ်ဘူးတဲ့ သော့တွေ၊၀က်အူတွေ မရှိဘူး*

သော့ပြင်ဆရာထံမှ ဖြစ်သည် ။

Read More...

Thursday, November 01, 2007

Seasonal ghost

ရာသီစာစားသော သရဲ

* ဟာ ….. *

မီးပျက်သွားပြီ ။

* ဟာ ….. *

အိမ်မှာ တစ်ယောက်မှ မရှိဘူး ။

* ဟာ ….. *

ဖယောင်းတိုင် ၊ မီးခြစ်က ကုန်နေပြီ ။

* ဟာ ….. *

ဘာသံလည်း… ။

* ဟာ ….. *

ဘယ်သူလဲ ။

* ဟာ ….. *

အမလေး …လေး ။

* ဟာ ….. *

ဒီနေရာ လင်းလှချီလား ။

* ဟာ ….. *

ဘာမှလည်း မရှိဘူး ။

* ဟာ ….. *

အလင်း အမှောင် တွဲမြင်ရတယ် ။

* ဟာ ….. *

* ဟေး ….. *

မီးပြန်လာပြီ ။

***

အကြင် သရဲ

စိတ်စွဲ မှတ်သား

ကိုယ်ခွဲမပါ

ဖ၀ါးထပ်ချပ်

ကပ်ကပ်လိုက်တမ်း

ပြေးလေပြီ

***

* ဒုန်း *

ဟာ တိုက်ပြီဟေ့ ။ ဟယ် သနားပါတယ် ။ ဟုတ်ပါရဲ့ ။ အမယ် ယောင်္ကျားလား မိန်းမလား မသိဘူး ။ ပါးကွက်လေးနဲ့ ပါလား ။ ကားကနှေးပါတယ် ။ လမ်းကျယ်ကြီး မှာ တိုက်တာကိုး ။ ယာဉ်ထိန်းရဲတွေ လာနေပြီ ။ ကားမောင်းသူလည်း သတိမေ့နေတယ် ။ အကြောက်လွန်သွားတာထင်တယ် ။ ဆေးရုံပို့မှ ဖြစ်မယ် ။ ဖယ်ပေးကြပါ ။ ထိုင်ထ လာတယ် ။ သက်သာပြီထင်တယ် ။ * သူများ အပြစ်ပါ * ။ စကားပြောနိုင်သေးတယ် ။

* ဘုံး *

ဟာ သေသွားပြီဟေ့ ။ ဟယ် သနားပါတယ် ။ ဟုတ်မယ် ။ ရောဂါ ရှိတယ်တဲ့ ။ ကုသိုလ်ကံ နည်းရှာတာပဲ ။ ကျွတ် ကျွတ် ကျွတ် ။ လူတွေ ဖယ်ပေးကြပါ ။ အမလေး သနပ်ခါးနံ့လေးကို မွှေးနေတာပဲ ။ အော် သနပ်ခါးခွက်လေး မှောက်နေတာကိုး ။

Read More...

Tuesday, October 23, 2007

iiiii

ကျွန်တော်

မမြင်တော့ ငေးတယ်
နားက ခဏခဏ ယားတယ်
အအေးမိပြီး ချောင်းဆိုးနှာချေတယ်
ထိုင်ဖန်များတော့ ညောင်းတယ်
တွေးရင်းနဲ့ ၀စ္စပေါက် ပျောက်သွားတယ်
မင်းလား ငါလားဆိုပြီး ရန်စနေတတ်တယ်
ငြိမ်အောင်ထိန်းဖို့ သဘာဝကရေပေးသောက်တယ်
အချို စားလို့ သွား မကောင်းဖြစ်ရတယ်
အစာမြန်မြန်စားဖို့ ဦးနှောက်နှင့် အစာအိမ်မှ မကြာခဏအချက်ပေးတယ်
အရိုးပေါ်အရေပြားဖုံး ၀န်ထမ်းဘ၀ကို ပျော်နေတယ်
ကြောက်တတ်လား ၊ ကြောက်ပါသည်။
မမွေးခင်ကကြောက်သလား ၊ ဟုတ်ကဲ့ အမေ ၀မ်းနာတာ သက်သေရှိတယ်
ခြေလှမ်းတိုင်းမှာ အားပါတယ် ။ လေးဖက်တွားကတည်းက ခြေထောက်ကိုအားကိုးခဲ့တယ်
ကျောင်းတော်သာမှာ အာရုံတွေများပြားတယ်
သီချင်းကျယ်ကျယ်ဖွင့်ပြီး နားထောင်လိုက်တယ်
အငြိမ့်ကြည့်ပြီး မျက်ရည်ထွက်အောင်ရယ်ဖြစ်တယ်
*ရယ်သောသူ အသက်ရှည်၏*လို့ ကြားဖူးတယ် ။ ရပ်ပြီး ရယ်တတ်လာတယ်
စစ်ကနဲ ကျဉ်သွားသော စိတ်
ငါ
သူ
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ
နာမ် ရုပ်ကို မခွဲတတ်ဘဲ သဒ္ဒါမှတ်တတ်လာပြီ ။
အသုံးတည့်သော *မြေ ၊ ရေ ၊ လေ ၊ နေ* အား ကျေးဇူးတင်ပါသည်။

Read More...

Tuesday, October 16, 2007

Having white

အဖြူရောင်အား စားသုံးခြင်း

မိုးသားကောင်းကင်ဖြူဖြူကို မြင်ရသည်။ ညက အဖြူရောင် နွားနို့တစ်ခွက်အစွမ်းကား မသေးလှ။ နိုးလျှင် နိုးခြင်း အဖြူရောင်ကောင်းကင်ထဲမှ လေအေးများ ရှူပြီးသကာလ အဖြူရောင် ရေတစ်ခွက် သောက်ရုံမျှဖြင့် အိမ်၏ အသာယာဆုံးနေရာသို့ အပြေးသွားရတော့သည်။ ချမ်းအေးသော အဖြူရောင်ရေတို့ဖြင့် မျက်နှာသစ်သည်။ မွှေးအောင်ပြုသော ဆပ်ပြာမွှေးက ဖြူနေ၏။ အ၀တ်ကို နွေးအောင်ဝတ်ပြီး ရေနွေးဖြူဖြူတစ်ခွက်ကို ခေါက်ဆွဲခြောက်များ၊ အရသာမှုန့်များထည့်၍ သောက်သည်။ ထမင်းဖြူပူပူ ဆီဆမ်း၊ဆားဖြူးကို မစားဖြစ်ခဲ့ပေ။ ခပ်သွက်သွက် လှုပ်ရှားနေသော အဖြူရောင်လေးများ လေထဲဝဲပျံနေသည်။ ကောင်းကင်ဖြူက လွှတ်ချနေသည်။ ဖြူဖွေးသော မြေပြင်ကို ဖြစ်စေသည်။ လှသလား မလှသလား ဝေခွဲမနေဘဲ အပြင်သို့ နွေးထွေးစွာ လှမ်းထွက်၏။ ရောင်စဉ်ခြယ်အလင်းလွှတ်သော နေမင်းကို တိမ်ဖြူထူထူတွေ လွှမ်းမိုးထားကြသည်။ ရွှေသမင်အထင်မှားတဲ့ တံလျှပ်တော့ မပေါ်ဘဲ ရေပြင်ကို တွေ့ရသည်။ မြေပြင်ပူ ကောင်းကင်ကအေး လမ်းပေါ်မှာ ရေအိုင်ကွက်လေးတွေအပြင် ကြားလေကသွေးတော့ အေးစိမ့်စိမ့်ဖြင့် လှုပ်ရှားသွားလာနေကြသည်။ နေရောင်ခြည်မရောက် ရိပ်ကြီးတောတောင်မဟုတ်သော လမ်းပေါ်မှာ ကားဖြူတစ်စင်းအပြင်းမောင်းသွားစဉ် ခေါင်းစွပ်ဖြူနှင့်လူကို အဖြူတွင်မြေကြီးမည်းညစ်ရောင်ရောသောရေ စင်သွားသည်ကို မြင်ရ၏။ မြေပြင်က ဖြူသောအရောင်ဖြင့် ပြည့်နေသည်။ ပင်စည်မှခွာ ရိုးတံလွင့်ပြီး သစ်ရွက်ရော်ရင့်တို့ဖြင့် ဖုံးလွှမ်းထားသော လမ်းကလေးလည်း အရောင်ပြောင်းသွားပြီ။ ဖြူနေပြီ။ လူကူးမျဉ်းကျားကို ဆေးအဖြူရောင်သုံးထားသည်။

အဖြူရောင်ဆေးသုတ်ထားသော အခန်းထဲတွင် လျှပ်စစ်အားသုံးရေနွေးအိုးဖြူမှ ရေနွေးဖြူဖြူ တို့ ပွက်ပွက်ဆူသံကြားရသည်။ ထိုရေနွေးဖြူတို့ အညိုရောင်ပြောင်းလဲခြင်းကို ခံရသည်။ အသင့်ရိုက်နှိပ်ပြီးသော စာသားများဖြင့် အဖြူရောင်စာရွက်များထွက်နေသော စက်တစ်လုံး လည်ပတ်နေသည်။ အဖြူရောင်မှန်ပြတင်းများမှ ဖြူသောဝန်းကျင်ကို မြင်ရသည်။ ထူးခြားစွာ ရင်ဘတ်အမွှေးအစိမ်းရောင် စာငယ်(၂)ကောင် ဖြူသောပြတင်းအစွန်းတွင် နားလိုက် ၊ ပြတင်းပေါက်မှ အခန်းထဲ ၀င်ထွက်လိုက်နှင့် အလုပ်ရှုပ်နေသည် ။ ထိုစာငှက်များမှ ဖြူသော အညစ်အကြေးတို့ စွန့် စွန့်သွားကြသည်။ မကြာခဏမောင်းထုတ်နေရသည်။ အဖြူရောင်ပြတင်းပေါက်ကို ပိတ်လိုက်ပြီ။ အဖြူရောင်လျှပ်စစ်မီးချောင်းများ ဖွင့်ထားသော အခန်းတွင်းဝယ် လူငွေ့ရောရော မီးခိုးရော အဖြူရောင်အငွေ့လေးများ ပျံ့လွင့်နေသည်။

မှောင်မည်းနေသည်ကို အပြင်ဝန်းကျင်မြင်မှ သိရသည်။ နေ့တစ်နေ့ကုန်ဆုံးချိန်တွင် မှောင်မည်းသွားခဲ့ပြီ။ လေမှာဝဲသော အဖြူလည်း မှောင်ပြီပေါ့။ မြေမှာစွဲတဲ့ အဖြူလည်း မည်းပြီပဲ။ နီယွန်မီးရောင်ဖြာသော နေရာအရောက် တစ်ချက် တစ်ခါ ဖြူလဲ့လဲ့က ကြေးနီရောင်ရော နေပြီကော။ ခြေရာက အမျိုးစုံ ၊ ကားဘီးအရာ အပြားပြားနှင့် လမ်းပေါ်မှာ မည်းညစ်နေတော့သည်။ နေ့လည်က အညိုရောင်ချိုခါးအရည်လည်း အဖြူရောင် အဖြစ် ပြောင်းလဲစွန့်ပစ်ခဲ့ပြီတကား ။

***

မှတ်သားမိတယ်

အဖြူစွဲစွဲ

မမြဲတော့ မည်းရှာပြီ ။

ရေကြောင့်လား

မြေကြောင့်လား

လေကြောင့်လား

လူကြောင့်လား

စားသုံးလို့ ကုန်သွားတာလား ။

Read More...

Tuesday, October 09, 2007

Surrounding

ပတ်ဝန်းကျင်

ဒီနေ့ ခင်ဗျာ ။ မိုးလင်းပြီဆိုကတည်းက မိုးတဖွဲဖွဲကျလျက် ရွာသွန်းနေသည်။ ကျောင်းသွားချိန်တွင် ထီး၊အမိုးအကာဖြင့် သွားလာကြရသည်။ မိုးရွာလည်း ကျောင်းဖွင့်ရက် ၊ ရုံးဖွင့်ရက် ၊ အလုပ်ဖွင့်ရက် ဖြစ်သောကြောင့် လာကြရသည် ၊ သွားကြရသည် ၊ ပြန်ကြရသည်။ အအေးဓာတ်ကြောင့် ပူနွေးမှုလည်း လိုအပ်သည်။ ထို့ကြောင့် အစာစားသည်။ အစားအစာသည်လည်း အပူစွမ်းအင်ကို ဖြစ်ပေါ်စေသလို သွားလာလှုပ်ရှားမှုကို အထောက်အပံ့ ပေးသည်။ မိုးရေထဲ သွားလာကြသည်။ လမ်းပေါ်မှာ ရေကွက်များ ၊ ရေအိုင်ကြီးငယ်များ ရှိနေကြသည်။ အချိန်ကား နေ့လည်စာ စားပြီးချိန် ။ နေရာကား လမ်းပေါ် ။ လူနှစ်ယောက် လမ်းလျှောက်လာကြသည်။ ရှေ့တွင် ရေအိုင်များ ရှိနေသည်။ ဘယ်မှ တစ်ယောက် ၊ ညာမှ တစ်ယောက် ခွဲဖြာပြီး ကျော်ဖြတ်ကြသည်။ ပြန်လည်ပေါင်းစုံပြီး ဆက်လက်လျှောက်လှမ်းသွားသည်။ ရေအိုင်အကျဉ်းအကျယ်အရ အလယ်မှ ခုန်ကျော်ကူးသူများလည်း ရှိသည်။ အလှမ်းကျယ် အလယ်လတ် သူများက ရေစပ်နှင့် ထိသူလည်း ရှိ၏။ လွတ်သူများလည်း ရှိပြန်သည်။ မိမိနှင့် အကျွမ်းတ၀င်ရှိသော လူများဖြင့် အတူယှဉ်တွဲသွားလာနေကြစဉ် ရေအိုင်တွေ့သဖြင့် ရှေ့နောက် အစီအစဉ်တကျ သွားလာကြသည်လည်း ရှိပြန်သည်။ မိုးရွာသောကြောင့် ရေအိုင်ထွန်းရသည်။ မိုးမရွာသော်လည်း လမ်းသန့်ရှင်းသူများက ရေကို အသုံးပြုသောအခါ ရေအိုင်ခြင်း ဖြစ်ပေါ်သည်။ မြေ နိမ့်ခြင်း ၊ ချိုင့်ခြင်းကြောင့် ရေအိုင် ဖြစ်ရသည်။ သွားမြဲသွားကာ ပြန်လည်း ပြန်ဆဲ ။ ဥဒဟိုသွားလာနေကြသည်။ ပတ်ဝန်းကျင်ကို မြင်ရသည်။ မှတ်သားထားခဲ့သည်။

***

အကြောင်းလမ်း ဖြူး

မြေပြင်က လူး(လွန့်)

ပေါ်ထွန်းလာရေအိုင်ကြီးငယ်ကြောင့်

ဘယ်လယ်ညာ ခွဲဖြာသလို

ရှေ့နောက်စီရရီဖြင့်

လှမ်းကာလေသွားပြန်မြဲ

မှတ်ပါသည်

မိုးရွာထဲ

ဒီနေ့ မြင်သည့် ၀န်းကျင်ပဲ။

Read More...

Wednesday, September 19, 2007

Way!!!!!

လမ်း

မိုးသောက်လို့အလင်းရောက်လျှင် အသံမျိုးစုံကြားလာရပြီ ။ မိုးမလင်းခင်က ပြင်ဆင်ခြင်းများလည်း ရှိသည် ။ ညမအိပ်ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ မည်သို့ဆိုစေကာမူ မိုးကား လင်းခဲ့ပြီ ။ စိတ် ပျော်ရွှင်ချမ်းမြေ့ပြီး ကြည်လင်စွာ နိုးထလာသလို ၊ ထုံထိုင်း အုံ့မှိုင်းကာ ဦးခေါင်းကြီးလေးလံနေသလို စိတ်ကသိကအောက်ဖြစ်ခြင်း တို့နှင့်အတူ မျက်နှာသစ်ခဲ့သည် ။ လှုပ်ရှားမှုများလာသောအခါ ခန္ဓာကိုယ် ပူနွေးလာတော့သည် ။ သို့သော် ၀မ်းမီးကား မငြိမ်းနိုင်သေး ။ ဆာလောင်ခြင်းသည် ပျင်းရိခြင်းတွင် ပါသော်လည်း လိုအပ်သည် ။ အစာအိမ်က အသစ်ကိုချေခြင်းရှိသလို အဟောင်းကိုသက်ခြင်းလည်း ရှိပြန်သည် ။ မိုးလင်းလျှင် ကိုယ်ခန္ဓာက မရပ်မနား တစ်ခုပြီး တစ်ခု လုပ်ဆောင်နေတော့သည် ။

သွားလာရန်အတွက် ၀ယ်ယူခြင်းလည်း လိုအပ်သည် ။ ၀ယ်ယူရာတွင် သုံးသော ငွေကြေးလည်း လုံလောက်စွာ ရှိနေနှင့်ရမည် ။ သွားလာရန် လမ်းများစွာကို ရွေးချယ်ကြရသည် ။ ထို့အတူ ၀ယ်ယူခြင်းအမြောက်အမြားလည်း လိုအပ်ပြန်သည် ။ ငွေကြေး ပြည့်စုံခြင်းသည် ဤအခြေအနေတွင် အသုံးဝင်သည် ။ ထို့ကြောင့် လမ်းရွေးရန် ငွေလိုပြီ ။ ငွေမလိုသော လမ်းများလည်း ရှိတတ်သေးသည် ။ ယခုကား ငွေနှင့် ရွေးရသော လမ်း ။ သွားလာရေးအတွက် အဖိုးအနည်း၊အများ မျှသာ ကွာခြားပြီး လမ်းသည် လမ်းသာဖြစ်သည် ။

ပမာဆိုသော် ရထားအတွက် ရထားခသည် အဓိက ။ ရထားသွားလာချိန်ပေါ်မူတည်ပြီး ငွေကြေးနှုန်းတား ပြောင်းလဲသွားနိုင်သည် ။ ထို့အပြင် ရထားပေါ်၌ ခုံနေရာ အမျိုးအစားကြောင့်လည်း ဈေးနှုန်း ကွာခြားသွားခဲ့သည် ။ အိပ်ရင်းလိုက်ပါနိုင်သလို ၊ ထိုင်လျှက်ဖြင့် သွားလာကြသည်လည်း တဖုံ ရှိချေသည် ။ အကြောင်းစုံခင်းလျှင် ငွေရင်းစိုက်မှ သက်သာခြင်းမျိုး ကြုံရတတ်သည် ။ ထို့ကြောင့် ငွေလိုနေသည် ။ *ရတာမလို ၊ လိုတာမရ* ဖြစ်ရသည် ။ လမ်းခရီးအတွက် ပြင်ဆင်စရာများ ပြင်ဆင်ရသည် ။ အစားအသောက် ၊ ဆေးဝါး စသည်ဖြင့် လိုတာလည်း ပါမည် ။ ပိုတာလည်း ရှိမည် ။ လိုနေတာ ငွေကြေး ၊ ငွေကြေး ။ ဒီတော့ အော်မြည်ခဲ့သည် … အော်ခဲ့သည် ။

***

ရှာပါတဲ့ ရှာပါ ၊ လမ်းတွေ့ပါပြီ

သွားကြစို့ အစီအရီ

လမ်းရွေးဖို့ ငွေလိုသည်

နှုန်းတားမျိုးစုံလို့ ကြုံဖူးလျှင် သိလိမ့်မည်

ထိုကြောင့် လိုပါသည်

ချေးငှားရန် လိုပါသည် ။

Read More...

Tuesday, September 18, 2007

To afraID

ကြောက်ရန်

ကြောက်တာမှ တအားပဲ ။ မွေးစမှ သေဆုံးသည်အထိ ကြောက်ရွံ့စွာ နေထိုင်နေကြသည် ။ သို့သော် အကြောက်တရားသည် မတည်ငြိမ်သလို ဆန့်ကျင်ဘက်ဖြစ်သော ကြောက်ရွံ့မှုကင်းခြင်းလည်း ရှိပြန်သည် ။ အကြောင်းအကျိုးစဉ်းစားခြင်းသာ ဖြစ်သည် ။ နိမိတ်ဖတ်ခြင်းလည်း မဟုတ် ။ ဖတ်မှတ်ဖူးသည်က နိမိတ်ဖတ်လျှင် နိမိတ်သာဖတ်ရန် ဖြစ်သည် ။ အကြောင်းအကျိုးကို မစဉ်းစားဘဲ နိမိတ်ဖတ်ခြင်းအဖြစ်နှင့်သာ နားလည်ရမည် ဟု မှတ်သားဖူးသည် ။ ဘယ်အကြောင်းဖြစ်ဖြစ် စာရေးချင်သည်က ရှိသည် ။ မရေးဖြစ်သည် လည်း များစွာကျန်ရစ်ခဲ့သည် ။ ဘာရွေ့ဘယ်မျှ စကာ ဘယ်ပုံဘယ်နည်း ပြီးစီးမည်ဟု မျှော်လင့်ခဲ့သည်လည်း ရှိ၏ ။ မမျှော်လင့်သော ဖြစ်ရပ်များလည်း ပေါ်ပေါက်လာနိုင်သည် ။ ထိုအခါ မမျှော်လင့်သော အခြေအနေများကို သတိထား မှတ်သား လုပ်ကိုင်ရန်သာ ရှိတော့သည် ။ မျှော်လင့်သလို ဖြစ်မလာသောအခါ ဖြစ်သလိုလည်း လုပ်ကိုင်ရပြန်သည် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသောအခါ -

***

တစ်ရက် ။ အပြင်သို့ထွက်ခဲ့သော တစ်ရက် ။ မိုးကောင်းကင်ကို ရှင်းလင်းစွာမြင်နိုင်သော နေရာတစ်နေရာ ။ သို့သော် အညိုရင့်ကို အမည်းသန်းသော အရောင်နှင့် ပြည့်စုံနေသည့် ကောင်းကင်ဖြစ်နေသည် ။ မိုးလုံးမှိုင်းနေသည်ကို သဲကွဲစွာ မြင်ရသည် ။ မိုးသားတိမ်ဟု ခေါ်ဆိုသော်ရကောင်း၏ ။ မိုးကားမရွာ ။ ဖွဲဖွဲမျှကျနေသော ရေမှုန်များရှိနေသည် ။ မိုးစက်မိုးပေါက်အဖြစ်မရောက် ။ မိုးအပွင့်လေး ၊ အမှုန်လေးများအဖြစ်သာ ပြည့်နှက်နေသည် ။ လေလည်း တိုက်နေသည် ။ လေတိုက်သဖြင့် မိုးကာထားသော ထီးအရွက်ရိုး၏ အဆစ်များလန်ထွက်ကုန်သည် ။ ထီးရိုးဆစ်များကို ပြန်ချိုးချနေရသည် ။ သွားလာမှုကိုကား မရပ်တန့် ။ ဆက်လက် သွားလာခဲ့သည်။

ရပ်တန့်မှုအများအပြားလည်း တွေ့နိုင်သည် ။ လမ်းဆုံလမ်းခွများတွင် သွားလာမှု လွယ်ကူစေရန် မီး (နီ၊၀ါ၊စိမ်း) သုံးရောင်ခြယ်လေးများ ထားပေးသည် ။ သို့သော် ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေသည် ။ ထို့ကြောင့် ရပ်တန့်မှုများ ဖြစ်ရသည် ။ ၀ါတုန်း သတိထားကူးရန်သာ ဖြစ်သည် ။ မီးနီဖြတ်သန်းမှုများလည်း မြင်ရသည် ။ လူ့စိတ်က အလျင်လိုထားလို့ ဖြစ်ရသည် ။ *အလျင်လို အနှေးဖြစ်* ရသည် ။ မြန်ဆန်စေချင်ကာမှ တော်တော်နှင့် မရောက်နိုင် ။ ရှောင်တိမ်းမှု ၊ စောင့်ဆိုင်းမှုများဖြင့် ကျော်ဖြတ်ရသည် ။ လူရော ၊ ယာဉ်ရော အားလုံး ရောနှောနေသည် ။ အချိန်ကျန့်ကြာခဲ့သည် ။ အကြောင်းက အပေါ်မှ ဖြစ်ရပ်များကြောင့်ဟု ပြန်လည်ပြောဆိုဖြစ်ကြသည် ။ နှောင့်နှေးကျန့်ကြာခဲ့သည် ။ သို့သော် သွားလိုသော နေရာသို့ ရောက်ခဲ့သည် ။ ရောက်ခဲ့သည် ။

***

ထသွားပြန်ကြည့် ၊ သွားလာသတိ

ရှေ့ကားမီးနီ ၊ လယ်မှာဝါ၍

ဘယ်ခါ စိမ်းလိမ့်မတုန်း …။

မျှော်မှန်းမရှိ ၊ ဖြစ်တတ်ရံခါ

လျင်လိုကြောက်တတ်ရန်ကော …။

Read More...

Friday, September 14, 2007

Not for sale

ရောင်းရန်မဟုတ်

တစ်ရက် ဘာမှန်းမသိသော တစ်ရက် ။ ညာရမ်းဖြီးချင်သော တစ်ရက်မဟုတ် ။ စိတ်ထွေလေလွင့်ကာ လုံးချာလည်နေသည်။ စိတ်ကစင့်ကလျားဖြစ်ခြင်းမဟုတ် ။ စိတ်ကသိကအောက်ဖြစ်ခြင်းသာ ။ သိမှုများပြားရန်လိုအပ်သော လူသားဘ၀တွင် သိခြင်းတွေ ထမ်းပိုးထားရသည် ။ သိခြင်းများပြားလာလျှင် လုပ်ကိုင်မှုများ အထိုက်အလျောက် လုပ်ကြသည်။ အသုံးချခြင်းလည်း ဖြစ်သည်။ အသုံးပြုခံရခြင်းလည်း ဖြစ်သည်။ ပြောဆိုခြင်းများလည်း ပါဝင်လာသည် ။ လုပ်ကိုင်ရရှိခြင်းမှ အသိများကို ပြောကြခြင်း ဖြစ်သည်။ မလုပ်ဘဲနှင့် ပြောကြခြင်းလည်း ဖြစ်သည်။ ဘာသာစကားတစ်မျိုးမျိုးဖြင့် ပြောကြားကြသည်။ နားလည်တာလည်း ရှိ၏ ။ နားမလည်တာလည်း အပုံအပင်။ အသံအဖြစ်ပေါ်ပေါက်လာသည်။ မကြားရခြင်းလည်း ပါသေးသည် ။ ကြားရတာလည်း ရှိ၏ ။ ဆူညံမှုလည်း ပါ၏ ။ နားမခံနိုင်သည်လည်း မကြွင်း ။ နားဝင်ပီယံ သူ့အသံလည်း ဖြစ်ပြန်ပြီ ။ ကိုယ့်အသံကိုယ် ပြန်ကြားရသည် ။ တုန့်ပြန်မှု ရခြင်းသည်လည်း မင်္ဂလာတစ်ပါး ပါပဲ ။ တန်ပြန်သက်ရောက်မှုက သတိကို ဖြစ်ပေါ်စေနိုင်သည်ဟု ထင်မိ၏ ။ လျှော်ဖွပ်ခြင်းအကြိမ်များလာလျှင် ရိဆွေးသွားတတ်သည် ။ အ၀တ်မဟုတ်သော စိတ်ညစ်ထည်များ လျှော်မိသော် …

***

၁၉၉၆-၁၉၉၇ ခုနှစ် တစ်နေ့သော စနေ တစ်ရက် ။ ရာသီမှာ မျှ၏ ။ ဥတုမှာ သတ်မှတ်တိုင်း ဖြစ်ချင်မှဖြစ်သည် ။ ကိုယ်လက်သန့်စင်ပြီး ထမင်းကြမ်းကို ဆီဆမ်းဆားဖြူး၊ အကြော်အမျိုးစုံမှ တစ်ခုဖြင့် စားသောက်နေသည် ။ ခဏအကြာ …

*ဈေးရောက်မှ နေမြင့်နေမယ် ၊ ဈေးစာရင်းတွေ သေချာမှတ်ခဲ့*

*ဟုတ်ကဲ့*

*သရက်ချဉ် ၀ယ်ခဲ့ဦး*

*ဟုတ်ကဲ့*

ဈေးကြီးက ရှုပ်မြဲ ၊ ရှုပ်ဆဲ ။ နေကလည်း မြင့်လာသည် ။ ဈေးနှုန်းတွေ ၊ စာရင်းတွေ မှတ်သားကာ ၀ယ်ခဲ့သော သစ်သားသေတ္တာကို တင်ပြီး ထွက်လာသည် ။ -

*လမ်းနည်းနည်းလောက်*

*အော် … အေး*

*သရက်ချဉ်က ဘယ်ဈေးလဲ*

*ဒီတစ်ချိန်စာပဲ (၅၀)ကျပ်တော့ ပေးခဲ့*

အင်း … (၆*၁၄) တစ်အိတ်ပြည့်လုလုပဲ ။ တန်တယ် ။ ရောင်းသူ ၀ယ်သူ အသံတူပဲ ။ ရောင်းသူက ရောင်းသည် ။ ၀ယ်သူက ကြိုက်နှစ်သက်လျှင် ၀ယ်သည် ။ ပစ္စည်းတန်ဖိုးအလိုက် ကွာခြားသွားသည်သာ ရှိသည် ။ သယ်ယူလျှင် သယ်ခပေးရပြန်သည် ။ မလောက်ဘူးထင်တယ် ။ ထပ်ဝယ်ခဲ့ဦးမှ ။ ဈေးငယ်က နေရာတစ်နေရာ ။

*သရက်ချဉ် (၅၀)ကျပ်ဖိုးပေးပါ*

ဟင် … နည်းနည်းလေး ။ (၅*၉) အိတ် တစ်အိတ်စာပဲရတယ် ။ နေရာကွာသွားလို့ဖြစ်မယ် ။ အော် … တော်သေးတယ် ။ ချဉ်လို့ ။

---

နေကလည်း ပူတယ် ။ မောတာ ရေသောက်ဦးမှ ။

ခဏနားနေတုန်း …

*ခေါင်းလျှော်ဦးမှ ၊ တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ရည်ပဲ ၀ယ်တော့မယ်*

*စောစောလေးတင် (၁၀)ကျပ်တန် တစ်ရွက်ရှိပါသေးတယ်*

(၁၅)ကျပ် တဲ့ ၊ လိုက်ရှာဦးမှ ။ အော် တန်ဆောင်တိုင်တုန်းက အကြွေစေ့ကျဲတာ ကောက်ထားတဲ့ ဗူးရှိတယ် ။ ကျပ်စေ့ (၅)စေ့ ၊ (၁၀)တန် တစ်ရွက်ရယ် ။ ရပြီ ။ လောက်ပြီ ။

***

ဒီနေ့ ကုတ် (quote)

လူ နှင့် နာမည် တွဲခေါ်သောအခါ လူနာမည် ဟုခေါ်သည် ။


ဒီနေ့ ရယ်မိသော စာ
ဒီမှာ

ညစ်တယ်ကွယ်

လျှော်မိသည်

ကြိမ်ဖန်များလို့ ရိရတယ်

လုံးဝမပြဲ ။

ကိုယ်ထည်ဝတ် မမည်တယ်

စိတ်မှာ ရိရွဲ ၊ လျော့တိ လျော့ရဲ ။

နွမ်းလျပေမဲ့ ၊ အားတင်းကာ ၀တ်ရတယ်

(စိတ်)၀တ်စုံကတစ်စုံတည်း ။

ကိုယ်စိတ်ကျန်းမာချမ်းသာခြင်း ပြည့်စုံကြပါစေ။


Read More...

Wednesday, September 05, 2007

Mingalarpar September!

မင်္ဂလာရှိသော စက်တင်ဘာရေ

နိုးခဲ့တဖန် ကြားရပြန်ပြီ

စက်တင်ဘာမှာ ဝေမယ့်နှင်းရေ

နင်ပြန်မလာခင် ပုန်းလျှိုးလိုက်ဦး

ဆဌကမ္ဘာကြီးမှ ဟယ်ရီလင်းကကြိုလိုက်တယ်။

ခြေလှမ်းတွေ ၊ ရေချိုးရင်း

အခန်းတွင်း ပဲ့တင်သံဖြင့်

*ယုံကြည်နေသူ ရှေ့ဆက်လျှောက်ဖို့*

*အဆိုးကြုံရင် ဂရုမစိုက် … လူ့ဘ၀ရနေခိုက်*

သီဆိုပြီး ကြိုလိုက်တယ်။

ကိုယ်တိုင်ကုတ် (quote) တဲ့ ယားနာ

အမှန်တရားက ခါးသီးသဗျာ

အမှန်တကယ်တော့ နားမလည်ပါ။

လောလောဆယ်တော့ အေးသဗျာ

အနွေးလက်ရှည် ၀တ်ထားတာ။

***

လွန်ခဲ့သော တပတ်ခန့်က နွေးထွေးသော ကမ္ဘာငယ်လေးတစ်ခု ယခု မိုးဖြူတိမ်လိပ်တချို့ဖြင့် အေးချမ်းလာသည် ။ ရွာရန် ရွာနှုန်း မသေချာသော ခန့်မှန်းချက်တစ်ခုဖြစ်သည်။ သေချာမှုက အေးလာခြင်းဖြစ်သည်။ အေးပြန်တော့ နွေးတာကို တောင့်တချေပြီ။ နွေးပါသည်။ နွေးခဲ့ပါသည် ။ နေ့တချို့ကြောင့် ၊ တေးတချို့ကြောင့် ။ လူသားတွေက တေးတို့ဖြင့် နေ့အချို့ ဖန်တီးခဲ့ကြသည် ။ ဤအကြောင်းက တရားသော အကျိုးများလာခဲ့သည်။ ကောင်းကျိုးကိုယ်၌ တည်စေခဲ့သည် ။ နေမင်းက နွေးသလို ၊ လေညှင်းကလည်း အေးစေသည်။ ပျင်းရိခြင်းခြောက်ပါး မှ အေးသည့်အကြောင်း ထည့်ပေးထားသည်။ အေးသည် ၊ ပျင်းသည်။ သွေး၊လေကို ပူနွေးစေသော အစားအသောက်ဖြည့်တင်းပြီး လုပ်ငန်းဆောင်တာ အ၀၀ကို ကိုယ်စီ ထမ်းဆောင်နေကြပြီ ။

---

မမေ့လျော့သော ၀ီရိယတို့က အချိန်ကို မြန်ဆန်စွာကုန်ဆုံးစေခဲ့သည် ။ သူပျင်းလည်း သွားရမယ့် လမ်းဆုံးက သေခြင်းပါပဲ။ ပျင်းရင်းသေမလား ၊ ခြေလှမ်းတွေ အားတင်းနင်းပြီး ကြိုးစားမလား။ ရာသီဥတုက သဘာဝပဲ။ လူသားဘ၀ကလည်း သဘာဝပဲ ။ ပဲတွေ၊ပဲတွေ ပြောရင်း အားတက်လာပြီဘဲလို့ ပြောင်းရေးရမလိုလို ။

---

ဆက်သွယ်မှုတိုးတက်နေသော ကမ္ဘာကြီးတွင် ဆက်သွယ်မှု ကိရိယာတချို့ ချို့ယွင်းပျက်စီးခဲ့သည်။ မကောင်းသောဆက်သွယ်ရေးလိုင်းကြောင့်လည်း ဖြစ်နိုင်သည်။ ပစ္စည်းပျက်ယွင်းသောအခါ ပြင်ဆင်ကြသည် ။ ရှေးထုံးထားသော ကြားနေကြစကား * ပျက်အစဉ် ပြင်ခဏ * ။ ထားသိုမှုအချို့ရောထွေးနေကြသည် ။ တခါတခါ ကိုယ်စီးသော မြင်း အထီးမှန်း ၊ အမမှန်း မသိခဲ့ပေ။ စနစ်တကျ ရှင်းလင်းပြီး သိမ်းဆည်းခဲ့သည် ။ ပြင်ဆင်ပြီးချိန်တွင် အစသို့ပြန်လည်ရောက်ရှိခြင်းမျိုး ခံစားရတတ်သည် ။ သို့အတွက်ကြောင့် မွေးသမိခင် ကို ကျေးဇူးတင်သည် ။ မွေးကျွေးခဲ့ကြသည့် ဖခင် နှင့် မိခင် အား ကျေးဇူးတင်ပါသည် ။ အသက်တွေ ပြန်ငယ်သွားသလိုပဲ ဟု ပြောဆိုသုံးနှုန်းကြသည် ။ လိုချင်တာ ပြောတာပဲ ။ အသက်တွေ ကြီးလာကြသည် ။ ဒါကတော့ အမှန်ပါ ။ အမှတ်တရ နေ့ အချို့ထဲတွင် မွေးသောနေ့ကို မှတ်သားထားခဲ့သည်။ အော် အူဝဲအော်မြည် လူဖြစ်ခဲ့ပြီ။ လူလားမြောက်အောင် သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များစွာက ဆိုဆုံးမခဲ့ကြသည်။ လူသားမြောက်သော တပည့် တလှည့် ၊ ဆရာ တဖုံ ဖြစ်ကြပြန်သည် ။ ကံတရား ဘီးစက်ဝန်းက လုံးခဲ့သည် ။ တစ်ပတ်ပြည့် ၊ နှစ်ပတ် ၊ အလှည့်အပတ်ပေါင်းများစွာဖြင့် လည်နေတော့သည် ။

---

မင်္ဂလာရှိသော နေ့သစ်များစွာဖြင့် လင်းတစ်ခါ မှောင်တလှည့် ကြိုဆိုနေကြသည် ။ ရာသီအသစ်များစွာကို ဖြတ်သန်းကြသည်။ ကိုယ်စိတ်ကျန်းမာချမ်းသာ ကြပါစေ …

Read More...

Monday, August 27, 2007

Talk to me

ငါ့ကို ပြောပါ

မင်းရဲ့ ဘေးမှာ မင်းမပါဘဲ

လက်တွဲခေါ်မယ့် (၃)ဖော်ပဲ။

ဆွဲထားတယ် ခြောက်ရောင်စုံနဲ့။

မြို့ အပြင်ဘက်

ဒဿနတော

သံသယဝေး

ငါနေထိုင်တာ

တန်ဖိုးရှိသလား

ဒီလိုမေးခွန်းများ

အဆိုတော် ချစ်ကောင်း ၊ ဇော်ဝင်းထွဋ် တို့ မြန်မာလို ဆိုခဲ့ကြတယ် ။

စာရေးဆရာ စာရေးသူ ။

စာတွေဖတ်တော့ စာဖတ်သူ ။

စားစရာရေးတော့ အိမ်ရှင်မလမ်းညွှန် ၊ စားဖိုမှူး ။ ရွာကခေါ်တော့ ထမင်းချက် ။

တီဗွီက ပြတော့ စားကြမယ်ဟေ့ ကောင်းကောင်း ။

အတွေးအမြင်ရေးတော့ ဒဿနခေါ်တယ် ။

ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်သိတော့

နည်းနည်း ရှုပ်သွားတယ် ။

အခေါ်ကတော့ ဟုတ်ပါပြီ

အဝေါ်ကရော

အခေါ်အဝေါ် ၊ မြည်သံစွဲ ၊ အော် ကာရန်ထင်ပေါ့ ။

အဝေါ်အခေါ်

/|\ /|\ /|\

ပေါက်ပေါက်ရှာရှာ ဆွဲတွေးတတ်တယ် ။ ကောင်းသလို မကောင်းသလို

အမေဆုံးမတာ ပြန်ကြားတယ်

*ဈေးသုံးလည်း မလွယ်နဲ့ ၊ ရှေးထုံးလည်း မပယ်နဲ့*

ညီထွေးက အစ်ကိုသို့ ဆုံးမစာ

*စိတ်ညစ်ညူးနေချိန် လူတွေ့ရင် ပြုံးမပြနိုင်ဘဲ ဖြစ်နေမယ် ။ ဂရုစိုက် ။*

ဆေးလိပ်သောက်ရင် အတိုက စွဲသတဲ့ ။

စာပြုံးလေး တစ်တိုလောက် … မီးညှိပေးမယ့် အဖော် မျှော်မိတယ်လာ့ ။

တစ်ရက် ယောင်္ကျားကပြောတယ် ။ * ရှင် စာဖတ်နေတယ် ။*

မကြာပါဘူး မိန်းမကပြောတယ် ။ * ဗျာ ထူးတတ်ပါ့ ။*

(မှတ်သားမှု မှားယွင်းနိုင်ပါသည်)

Read More...

Friday, August 24, 2007

Story

ပုံပြင်

တရံသရော တောတစ်တောဝယ်

သစ်ပင်ပန်းမန်စုံလင်စွာဖြင့်

နေပြောက်လည်းရောက် ရေကြည်လည်းသောက်နိုင်သတဲ့ ။

ထိုထို တောနား သစ်ကောင်းအိမ်နှင့်

လေးသမားလည်း ရှိလေသတဲ့ ။

သစ်ခက်ရိပ်ငြိမ် အေးချမ်းတဲငယ် တောစပ်နားဝယ်

ရသေ့သူတော် သတင်းသုံးသတဲ့ ။

ရွာထဲဆူညံ အစွန်ဖျားနား

အိမ်တန်းကျဲကျဲ လူနေတဲဝယ်

တောင်သူ လယ်လုပ် မောင်နှံတစ်စုံလည်း ရှိကြသတဲ့ ။

ချောမောဂုဏ်မောက် ဇနီးလှပိုင်

ဖိန့်ဖိန့်ကြောက်ရ သူကြီး တစ်ဦးလည်း အုပ်ချုပ်သတဲ့ ။

ကာတွန်းဆွေမင်း ဓနုဖြူဖွား ရေးသားဇာတ်ဖော်

တွတ်ပီကျော်ကြား မုဆိုးသားတို့ နေထိုင်ရာမှန်

ကြုံတိုင်းရွာလို ရွာတန်းမျိုးလည်း ဖြစ်ချိမ့်၏ ။

တရောသရံ ဟင်းမျိုးမည်ရ အတောင်ကိုးဖြာ

ဝါနက်စင်းကျား ဟင်းမျိုးတစ်သားလည်း

စားကျက် သစ်ရာ တောသာယာသို့ ပြောင်းခဲ့တမုံ့

လူးလာခေါက်တုံ့ ကျက်စားခဲ့သတဲ့ ။

လယ်လုပ်မောင်နှံ ပေါင်းသင်းရက်ကြာ

သန္ဓေသားဖွား သားတစ်ပါးလည်း ဖွားမြင်ခဲ့သတဲ့ ။

ရသေ့သူတော် ဥာဏ်ဖြင့်ရှုမျှော်

ဖွားမြင်လူသား အတတ်မကျူး

ထူးခြားစိတ်ထား အေးချမ်းစေလိမ့်

ဟောမြွက် မိန့်၏ ။

လေးသမားကျော် နီးရာဆွေစပ်

သူ့အတတ်ဖြင့် လူလားမြောက်သော်

ပေးဝေးနှီးရင်း သင်ကြားခြင်းဖြင့် ထိုလူငယ်အား ကြီးပြင်းစေသတဲ့ ။

တဖက်လေးမြှား တရားပေါင်းဖော်

ထိုသူသားလည်း ကြီးပြင်းရွယ်ရောက်

လူလားမြောက်သော် မွေးကျွေးမိဘ

လုပ်ကျွေးသမှု ဆရာဖို့လည်း မချွင်း၏ ။

ချိန်မခြားနား တူတူငယ်ဖွား

သူကြီးချစ်မငြီး မယ်လှ မှည့်ခေါ်

သမီးကညာလည်း ရွယ်ရောက်ခဲ့သတဲ့ ။

ရောရောရံရံ မကြာမတင်

လုလင်လုံမ ချစ်ရည်မျှ၍

သူကြီးကတော် အလိုမကျ

အမျက်ဒေါသ သေစေလိုကြောင်း

သူကြီးမောင်းထု ဟင်းမျိုးနှိမ်နင်းစေခဲ့သော် ။

လေးအတတ်ကျွမ်း ဆရာ့မှာတမ်း

မှတ်သားပြုကျင့် မုဆိုးဝတ်ဖြင့်

အများထိတ်လန့် ဟင်းမျိုးရန်လည်း ရှင်းစေလိုကြောင်း

အမောင်လုလင် သွားပါချေဟု သင်ကာကြားကာ လွှတ်လိုက်သတဲ့ ။

ဖျတ်လတ်သန်မာ လုလင်ငယ်သွေး

လေးသည်တော်သား ရန်စွယ်ကျားကို

ချိန်သားမလွဲ မြှားချက်ထဲဝယ်

တုံးလုံးပက်လက် ကားခနဲကျအောင် ပစ်ခတ်ခဲ့သတဲ့ ။

ကျားရေကိုဆုပ် ကျားစွယ်ကိုလွယ်

ကျားသားကိုသယ်လို့ ရွာဝင်လမ်းမှာ

ရသေ့ကို ကျားရေလှူ ၊ ဆရာကို ကျားစွယ်အပ်လို့

ကျားသားကို အိမ်တွက်ခွဲကာ

ရွာထဲကို ထုတ် ။

မောင်းမလို သူကြီးမစုရ ၊ အားပေးတဲ့ ရွာလူထုက

ကျားရန်ပျောက်ကင်း ဘေးရှင်းပြီဟု

ကြွေးကြော်ဟစ်လား လုလင်ငယ်ကား ကျော်ကြားခဲ့သား ။

လုံမပျိုမေ မျက်နှာပွင့်လို့

သူကြီးကတော်လှ ပါးစပ်ဖျားမှ

သားတော်မောင်က တော်စွ တော်စွ ကောင်းချီးရသဗျ ။

ဒီနည်းနဲ့ဇာတ်ပေါင်း

လူငယ်စုံတွဲ ထိုရွာထဲမယ်

ရှိခဲ့ကြသတဲ့ ။

မှတ်ချက် ။ ရသေ့ ၊ မုဆိုး ၊ တောင်သူ ၊ သူကြီး ၊ ရွာသား၊သူ ၊ လင်မယားနဲ့ သမီးသား ။ လူသားတွေဗျား ။

ဂရုမထား ထိုသေသွားကျား တောကြား ချုံနား

သူဝှက်သွားသည် သားပေါက်တစ်အုပ် ကျန်ခဲ့သတဲ့ ။

ပုံပြင်ဆုံးတော့ ရေဆာတယ် … ရေတစ်ပေါက်လောက် သောက်ချင်တယ် ။ခွင့်ပြုပါဦးကွယ် ။

Read More...

Tuesday, July 31, 2007

Equal to

ညီမျှခြင်း

လူသား ။ ကလေးမွေးကင်းစလေး အူဝဲအော်ခဲ့တယ် ။ ဆရာဝန် ၊ ဆရာမ ကျောပုတ်နှိုးလို့ ဖြစ်စေပေါ့ ။ ကျောင်းနေစ ကျောင်းမသွားချင်တာ ၊ စာမကြည့်ချင်တာ ။ ကျောင်းပျော်စ ကျောင်းကို ခင်တွယ်မိတယ် ။ အလုပ်ခွင် နဲ့ ပညာရေး ရောထွေးနေတဲ့ လူလတ်အရွယ် ပျင်းရိခြင်းတွေ တွယ်ကပ်နေတယ် ။ လေးဆယ်ကျော် ငါးဆယ်အတွင်းမှာ ပြန်ဆုံကြတယ် ငယ်ချစ်ဦးရယ် … မင်းမှာလည်း အကြွေးတွေနဲ့ … ကိုယ်မှာလည်း ကလေးတွေနဲ့ ။ သူနာဆောင်တက်နေလို့ မပျော်နိုင်သလို ၊ တရားမွေ့လျော် ပျော်ပိုက်တာလည်း အရွယ်တရားပဲ ။ မှန်မှားမကွဲပြားချိန် သေဆုံးခဲ့ပြီ ။ *သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။*
ကဗျာဆရာဇော်ဂျီ ရေးခဲ့သော ကဗျာ တစ်ပုဒ်ဖတ်ဖူးပါ၏ ။

ညီမျှခြင်း ။ တူညီသည် ။ သင်္ချာတွက်ချက်ခြင်း၌ အလွန်အသုံးဝင်သည် ။ ၁ = ၁ ။ သို့သော် ၅ သည် ၆ မဟုတ်ပါ ။ ၅ မညီမျှခြင်း ၆ ဟု ရေးသည် ။

လက်တွေ့ လုပ်ဆောင်ချက် ။ သူ့ကို ကျွန်တော်ကြည့်မရပါ ။ ကျွန်တော်မကြိုက်သော အရာများစွာ သူလုပ်ဆောင်သောကြောင့် ဖြစ်သည် ။ သူကလည်း ကျွန်တော်ကို မကြည်ဖြူပါ ။ သူ မနှစ်သက်သော အရာများစွာ ကျွန်တော်လုပ်ဆောင်သောကြောင့် ဖြစ်သည် ။ သူ ညီမျှခြင်း ကျွန်တော် ဟု မရေးဖြစ်ပါ ။ သူ့ဆန္ဒ မညီမျှခြင်း ကျွန်တော့်ဆန္ဒ ဟု ပြောဆို သုံးနှုန်းဖြစ်သည် ။ ဒါလည်း ညှိနှိုင်းမရနိုင်သော ညီမျှခြင်းပါ ။

*****

လိုချင် လောဘ

ထိန်းမဲ့ ဒေါသ

ထွေပြား မောဟ

ဤသုံးဝတို့

တည်ဆဲ လူ့စိတ်

ရှင်စော ဘုရင်

ဘယ်ကမ္ဘာတိုင်မှ ရှုံးပါအံ့ ။

Thank a lot! Ma Melodymaung

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်