Showing posts with label စားခဲ့သည်။. Show all posts
Showing posts with label စားခဲ့သည်။. Show all posts

Sunday, August 26, 2007

Taste it!

မြည်းပါဦး

အစကတော့ ဆန်မှုန့် (၂)ခွက် ၊ ဂျုံမှုန့် တစ်ခွက်ပဲ ။ ဆန်မှုန့်လည်း ဈေးကြီးတယ် ။လိုနေမှာစိုးလို့ ပြောင်းပြန်လုပ်လိုက်တယ် ။ ဆန်(၁) ၊ ဂျုံ(၂) ပေါ့ ။ နီအောင် ငရုတ်သီးအရောင်တင်မှုန့်လေး လက်ဖက်ရည်ဇွန်း(၁) ၊ ဆား (၁) ၊ ဟင်းချိုမှုန့်(၁)ပေါ့ ။ ရေထည့် ပြီး ပြစ်ပြစ်လေး မုန့်နှစ်ဖျော်ထားတယ် ။ ဘူးသီးက (၁)လက်မခွဲလောက်လေးတွေ အရွယ်ညီလှီးပြီး ရေဆေးထားပေါ့ ။ ဆီဆူထည့် ၊ ရဲရင်ချ ။အချဉ်က မန်ကျည်းသီးနှစ်အရည်၊ ဂေါ်ဖီသေးသေးပါးပါး၊ကြက်သွန်မြိတ်ရယ်၊ကြက်သွန်ဖြူတစ်စိတ်၊အနီတစ်လုံး ။အချဉ်ရသာလေးအောင် ဆားလေး ဟင်းချိုမှုန့်လေး ထည့် ၊ အပေါ်ကနေ ငရုတ်သီး အကြမ်းမှုန့်လေး ဖြူး … ဂျင်းနံ့လေး စားတတ်ရင် နည်းနည်းလောက် အစိတ်ပိစိလေးတွေ လှီးပြီးထည့် ။ ဒီတိုင်းစားရင် ဆာနေမယ် ၊ ထမင်းဆီဆမ်းဆားဖြူးလေးနဲ့ စားပေါ့ ။ ဗိုက်ဝပြီး ဂျုံနဲ့ လေထ ၊လေပွ နေမယ် ။ ရေနွေးကြမ်းသောက် ။

စားပါဦး …

Read More...

Tuesday, July 24, 2007

Pork

ဝက်သား

ကိုသာဝ ပုထိုက်ထိုက်

အသား သူ မကြိုက် ။

မသူဇာ ပိန်ပါးပါး

အဆီ သူ မစား ။

ကိုသာဝ နဲ့ မသူဇာ

အိမ်ထောင်ကျသောအခါ ။

တနေ့ခါ ၀က်သားချက်

ဝိုင်းအလယ်မှ တခွက် ။

ကြိုက်သူရွေးစား

ထိုဝက်သား

ဆီတစ်စက်မှ မကျန်ဗျား ။

ဆွမ်းဟင်းချိုင့်ပို့သောအခါ ၊ ၀က်သားဟင်းချက်သောအခါ ပြောပြပြီး ချက်ကျွေးသော မွေးသမိခင်သို့ ။

ယနေ့ ၀က်သားသုံးထပ်သားဟင်းကို အဆီအနှစ်များများဖြင့် ချက်ကျွေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည် ။

Read More...

Friday, July 13, 2007

Always of in the kitchen

မီးဖိုချောင်ထဲမှာ

ထမင်းကကြိုချက်ထားလိုက်တယ် ။ မနေ့က ငါးသေတ္တာချက်တာ အရသာမပေါ်တာနဲ့ ငံပြာရည်ချက်ရော ပြီး အငံချက်ဟင်းတစ်ခွက်ရပြီ ။ ဘာကြာတာမှတ်လို့ ။ ကြက်သွန်နီ၊ဖြူ နဲ့ ငရုတ်သီးမှုန့်လေး ဆီသတ် ။ ငံပြာရည် သုံးဇွန်းလောက် ။ ဟင်းချိုမှုန့် (၁)ဇွန်းလောက်ထည့် ။ တို့စရာ သခွားသီးကြွတ်ဆတ်လေး ၀ယ်ထားတာရှိတယ် ။ ရေနွေးအိုးတည်ထားတုန်း ကြက်သွန်နီဆီသတ် ။ ပျော့ရင် အဖြူနဲ့ ဆနွင်းမှုန့်ထည့် ။ အရောင်နီလေးနဲ့ လိပ်လာရင် ပဲနီလေးထည့် နည်းနည်းထပ်မွှေတယ် ။ ရေနွေးလည်းအကျက် ။ အိုးထဲထည့်ပြီး ဆား ထမင်းစားဇွန်း (၁)ဇွန်းစာလောက်ထည့် ။ (၁၅) ငါးမိနစ်ဆို ရေ ကျသွားပြီ ။ စားလို့ရပြီ ။ လက်ကျန်ရှင်းတမ်း တစ်ခွက်ပဲ ကျန်တော့တယ် ။ ၀က်သားက မနေ့က ခရမ်းချဉ်သီးနဲ့ ချက်ထားတာဆိုတော့ ကြက်သွန်နီဖြူ အပျော့လေး ဆီထဲမှာမွှေပေးထားတယ်။ ခရမ်းသီးထည့် မွှေပေါ့ ။ ဆား နည်းနည်းထပ်ထည့် ၊ ၀က်သားဟင်းရောမွှေတယ် ။ ပြီးတော့ ရေလေးမြုပ်တယ် ဆိုရုံလေး ထည့်ပြီး မီးအေးနဲ့ နှပ်ထားလိုက် ။ အားလုံးကျက်ပြီ ။ ရေချိုးပြီးတာနဲ့ စားမယ် ။ ထမင်းစားမယ် ဗျို့ ။




Read More...

Sunday, July 08, 2007

Fire rice

ထမင်းကြော်

ဆီကို ထမင်းစားဇွန်းပြားနဲ့ ( ၃ ) ဇွန်း ။ ဆီအိုးပူတော့ ကြက်သွန်ဖြူထည့် ။ နောက် ချက်ချင်း ပြောင်းဖူးစေ့လေးတွေထည့် ။ အသင့်စားနိုင်တဲ့ဗူး ဆိုတော့ မကြာပါဘူး ။ ကြော်ရတာခဏပဲ။

ထမင်းထည့် ၊ ပဲငံပြာရည်(ကြာညို့ ) အရောင်လေး ပြောင်းတယ်ဆိုရုံထည့် ။ ကလေး နို့ဆီ (၂)(၃)ခါ စား ပမာဏလောက်ထည့်တယ် ။ ဆား လက်ဖက်ရည်ဖျော်ဇွန်း အသေးနဲ့ (၂)ဇွန်း။

အချို့ ကြိုက်ရင် အချိုမှုန့် (၁)ဇွန်းခွဲထည့် ။ ကြော်ပေရော့ပဲ ။ သွားမကောင်းရင် ၊ အစာအိမ်က အစာမာ မတည့်ရင် ထမင်းပျော့ပျော့အနေတော်မှာ အရောင် အရသာ သမအောင် မွှေပြီး ချလို့ရတယ် ။ ထမင်းကြော် ချိုးလေးတွေက စားလို့ကောင်းတယ်ထင်ရင် အိုးအောက်ပိုင်း ကပ်ရင် ခွာလိုက် ၊ မွှေလိုက် ။ ကြာကြာလေးကြော်တယ် ။ ပြန်ဆေးရရင်လည်း ကိုယ့်အိုး ကိုယ်ဆေးတာပဲ ။ ဘယ်လောက်ကပ်ကပ် ။ ခွာပေါ့ ။






ပြီးတာနဲ့ သံပုရာသီးလေး ပါးပါး(၃)ချပ်လောက်လှီး ။ ခရမ်းချဉ်သီးဆော့စ်ချဉ်ထည့်တယ် ( အချဉ်ကြိုက်တတ် မှပါ ) ။ ကြက်သွန်ဖြူအစိမ်းလေးတွေ (၃)(၄) မွှာထည့်တယ် ။ ကြက်ဥလေး(၁)လုံးလောက် မကျတ်တကျတ်ကြော် လိုက်တယ် ။ သံပုရာနံ့ရယ် ၊ အချဉ်ရယ် ၊ ကြက်သွန်ဖြူ ပူစပ်ရယ် ၊ ထမင်းကြော်ပူပူရယ် ။ ကုန်မှာစိုးတယ် ကွယ် ။ တူနဲ့စားခဲ့တယ် ။

Read More...

Thursday, July 05, 2007

Eat it!




ဝက်အူချောင်းပေါင်းနည်း သင်ကြားသူအား အထူးကျေးဇူးတင်ပါသည် ။

Read More...

Saturday, June 23, 2007

Noddle2











ဆီချက်ခေါက်ဆွဲ ကျွေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည်။

Read More...

Tuesday, June 19, 2007

Noddle


အုန်းနို့ခေါက်ဆွဲ ချက်ကျွေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည်။

Read More...

Monday, June 18, 2007

To eat


အကြော် ကြော်သည်။ ညော်မည် ။


Read More...

Friday, June 15, 2007

Art of cooking






Read More...

Thursday, June 14, 2007

Lunch

နေ့လည်စာ

နိုးထခြင်းက ပုံမှန် အလုပ်တစ်ခု ။ စားသောက်ခြင်းက ကိုယ်ခန္ဓာလုပ်ဆောင်မှုများ ပုံမှန် ဖြစ်စေသည် ။ ပြင်ဆင်ခြင်းက လိုအပ်ချက်တစ်ခု ဖြစ်သည် ။ ပြင်ဆင်ကြစို့။ စားသုံးလေ့ရှိသော ဆန်မှ ထမင်းကို ပြင်ဆင်ခြင်းဖြစ်သည် ။ သာမာန် နနွင်းနံ့လေးနှင့် မနက်စာ စားသုံးဖူးသည်။ ယခု ကြက်သွန်နီအလတ်စား တစ်လုံး ကို လေးထောင့်ဆန်ဆန် အတုံးလေးတွေ လှီး ။ မုန်လာဉနီ ကို အတုံးတွေ ထပ်လှီးသည် ။ စားနိုင်မယ့် အိုးပမာဏ နှင့် ချင့်ချိန်ပြီး ဆီထည့်ပါ ။ ထမင်းများလျှင် ဆီများမှ အဆင်ပြေသည် ။ အိုးက ကျယ်ကျယ် ဇောက်နက်လျှင် ပိုကောင်းသည် ။ မွှေရတာ အဆင်ပြေသည် ။ ဆီကျက်လျှင် ကြက်သွန်နီ နှင့် မုန်လာဉနီ ထည့် ၊ တော်တော်လေး ပျော့အောင် ဆီနှင့် သမအောင် မွှေပေးရသည်။ ကြက်ဉတစ်လုံး ကို ဖောက်ထည့် ပေးသည် ။ အသားကြိုက်သူက ကြိုက်နှစ်သက်သော အသားကို အတုံးလေးတွေ လှီး ထည့်လို့ရသည် ။ ကြက်ဉက ခဏလေးနှင့် ကျက်သည် ။ အသားဆိုလျှင် ဆီထဲမှာ ကြာကြာလှိမ့်မှ ကျက်သည် ။ *အဓိက ကျက်ဖို့ ။ အစိမ်းစား သတ္တ၀ါ မဖြစ်ဖို့* ။ အနံ့ ။ မဆလာကြိုက်လျှင် မဆလာ ၊ နနွင်းကြိုက်..နနွင်း ၊ ပူစပ်လေးကြိုက်… ငရုတ်ကောင်း မှုန့် ။ အားလုံးရောထည့်လည်း အဆင်ပြေသည် ။ စိတ်ကြိုက် အနံ့ထည့်သည် ။ အနီရောင်လေး ဖြစ်ချင်လျှင် အရောင်တင်မှုန့်ပေါ့ ။ ညိုမှဆိုလျှင် ကြာညှိ့( ပဲငံပြာရည် ပျစ်၊ကျဲ ရရာ)သာ ထည့်တော့ ။ ဆီ၊ကြက်သွန်နီ၊မုန်လာဉနီ၊ အနံ့ နှင့် အရောင် အဆင်ပြေသွားလျှင် ဆက်သွားမည် ။ ကန်တော်ကြီးဆီ မဟုတ် ၊ ဆက်ဆွဲမယ် … ကိုမျိုးကြီးလို မဆို ။ ထမင်းကို ကြို ချေ ထားလျှင် အဆင်ပြေသွားမည် ။ ထမင်းထည့်…မွှေတော့ပဲ ။ နည်းမျိုးစုံ နှင့် မွှေနိုင်သည် ။ ထမင်းများ အိုးအပြင် ထွက်မကျလျှင် အားလုံး အဆင်ပြေသည် ။ မွှေသည်။ ထမင်း ပျော့ပျော့ နှင့် ဆီ၊အသား၊ကြက်ဉ တသားတည်း ဖြစ်နေချိန် ဆား ၊ အချိုမှုန့် ၊ သကြား အပေါ့၊ငံ ၊ ချို မြည်း ထည့် သည် ။ အရသာလည်း အဆင်သင့်သလို ချိုတတ်ရင် ချို ၊ လေးတတ်လျှင် လေး ။ အိပ်မက်မပေး ခဏနေ စားတော့လေး ။ အောက်၌ ပုံပါသည် ။ ကြည့်ပါတော့ မနှေး ချိုစပ်ကြော်မွှေးမွှေးလေး ။








Read More...

Sunday, May 27, 2007

Lemons


အ၀ါရောင် အခွံလေး နှင့် သံပုရိုသီးလေးတွေ

အချဉ်ကြိုက်သူက အချဉ်သီး။ အမောပြေ အအေးဖျော်ရည် လုပ်သောက်နိုင်သည်။ ပြားပြားပါးပါး လှီး အငံလေးနှင့် ရောစား ကောင်းပြန်၏ ၊ ငါးပြား၊အကြော်တွေ ပန်းကန် အလယ်မှာထားပြီး ၀ိုင်းပတ် ပြင်ဆင်ထားလျှင် စားကောင်းသော တရုတ်ဟင်းလေး ဖြစ်ပြန်၏။ အချဉ်မစားတတ်သူ တချို့ သကြား များများရော၍ ထုပ်ပိုးပစ္စည်း အကောင်းစား သီးစုံပေါင်းလေး တဖြစ်လည်း စားနိုင်၏။ အမေတို့ လက်စွမ်းနှင့် ပုလင်း တချို့တွင် ဆားနယ်ကာ သံပုရာချဉ်သိပ်လေး ဖြစ်ရပြန်သည်။ အချဉ်ဓာတ်သည် လိုအပ်သည် ။ အရသာ ချို ၊ ချဉ် ၊ စပ် ၊ ဖန် ၊ ငံ ၊ ခါး ၊ စိမ့် ။ သူ့ အရသာ နှင့် သူ လိုအပ်နေကြသည်။ ကြိုက်သည်လည်း ရှိ၏။ မစားနိုင်သူလည်း ပါ၏။ အနံ့ပင် ကြိုက်သူ ရှိပြန်သေးသည်။ မူးမောပြေသည် ဟု ဆိုကြသည်။ အနံ့ကိုပင် စားသုံးသူ အကြိုက် နေရာများစွာ ၊ ပစ္စည်းမျိုးစုံစွာ ထုတ်လုပ်နေကြသည်။ အိမ်သားက ဘာလုပ်မည်နည်း ။ ယခု မီးဖိုးချောင်တွင် အသင့်စားသုံးနိုင်သော ငပိတုံးလေးများ ရှိသည်။ မြေပဲဆံ ကျန်သေးသည်။ ပုစွန်ခြောက် မရှိလျှင် ၀ယ်မည်။ ကြက်သွန်နီက အောတိုက် ၀ယ်ထားသည်။ ငရုတ်သီး ဈေးကြီးတယ် ၊ အစပ်လည်း မစားချင်။ ဆီရှိသည်။ ဆားထုပ် မနေ့ကမှ အသစ်စက်စက်။ ဟင်းချိုမှုန့်ဘူး အလတ်ဘူးတစ်ဘူး တွေ့ထားတယ် ။ အားလုံးက အဆင်သင့် ။ ဒီတော့ ဘာလုပ်မည်နည်း ။ သုပ် စား ပါ သည် ။

အိမ်သား ။ စလှီးတာ ထိပ် နှစ်ဖက်ကို လှီးချလိုက် ။ လေး ၊ ငါး စိပ် အခွံပေါ်မှာ အရာပေးထားတယ် ။ လက်နှင့် ဖယ်ခွာလိုက်ရုံ အလွယ်ပေါ့ ။ အခွံခွာပြီး အလုံးလိုက်လေး ထားလိုက်တယ်။ အော် ကူသူမဲ့ ဘ၀။ ကြက်သွန်နီ ပါးပါးလှီး ။ သံပုရို တစ်လုံးကို ကြက်သွန် အကြီးဆိုဒ် တစ်လုံးခွဲ ။ကြိုက်တတ်ရင် နှစ်လုံး ထည့်တယ် ။ လှီးပြီးသား ကြက်သွန် ရေစိမ်ထားလိုက်တယ် ။ ဆီအိုးက ပူနေပြီ ။ မြေပဲဆံ လက်တစ်ဆုပ်လောက် ထည့် ။ မြေပဲဆံ ကျော်လေ့ရှိတယ်။ ဆီပူ နှင့် မြေပဲထိတာနဲ့ မွှေတယ်။ အနံထွက် ၊ အရောင် အပြောင်း အမြန်ချ ၊ ပန်းကန်ပြားတစ်ချပ် မှာ ဆီစစ်ထည့် ။ ဆား နည်းနည်း ဖြူးထားလိုက်တယ် ။ အကျက်လွန်ပြီး တူးနံ့လေး ပါရင် အနံ့လေး ပျက်သွားမယ် ။ အခွံခွာ ထားတဲ့ အလုံးလေးကို အစေ့လေးတွေ ဖယ် ၊ ဘေးဘယ်ညာ အစိပ်သေးလေးတွေ စိပ်တယ်။ သုပ်စားမယ့် ပန်းကန်ယူ ထည့် ။ ပြီးတော့ ရေစိမ်ကြက်သွန်ပါးကို ထည့်။ ငပိလေး လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းလောက် ထည့်တယ်။ ပုစွန်ခြောက် ထမင်းစားဇွန်း တစ်ဇွန်း ခပ်တယ်။ ထောင်းလို့ ရသလို ထောင်းထည့်တယ် ။ ဘယ်လို ထောင်းလဲ ။ စတီးခွက်ကြီးကြီးမှာ သစ်သား ကျည်ပွေ့နှင့် ထောင်းတယ်။ မှုန့်တာလည်းမှုန့် ပုစွန်ခြောက် ကြေတယ်ဆိုရုံလေးက ကြေပေါ့ ။ လာထား နောက်တစ်ဆုံ။ မြေပဲဆံ ညက်တာလည်း ရှိတယ်။ ကျော်ပြီးစ မွှေးပူလေး ။ လေးစိပ်ကွဲလည်း ပါသေးတယ် ။ ဆီလေးဆမ်း ။ ဆားက လက်ဖက်ရည်ဇွန်း တစ်ဇွန်း ။ မငံဘူး ။ စိတ်သာချ ။ ပြီးမှ ပါးကြိမ်းမယ် ။ ဟင်းချိုမှုန့်က ဇွန်းတစ်ဝက် ။ ကိုသားစိုး ၊ ဒီဂျေ ဂျေး၊ ရွာစားစိန်လှငွေ အဆင့်သင့် ။ အာယူ ရယ် ဒီ ။ ရီမစ် ။ ရောသမွှေ ။ ဇွန်းနဲ့မွှေရင် လက်ကို ငပိနံ့ မစွဲဘူး ။ လက်နဲ့မွှေရင် ပိုပြီး အရသာ ပေါ်လွင်တယ် ။ လက်တော့ ဆေး ပေရော့ပဲ ။ လက်တွေ့ ရောစပ် ။ သမအောင် ရောစပ်။ မျှအောင် ရော စပ် ။ *အော် လက်လှုပ်မှ ပါးစပ်လှုပ်တဲ့ ဘ၀ ပါလားနော်* ။

http://www.hort.purdue.edu/ext/senior/fruits/lemon1.htm

မှတ်ချက် ။ ငံပြာရည်ဖြင့် သုပ်စားနိုင်သည်။ အနံ့တော့ နည်းနည်းစွဲသည်။

Read More...

Sunday, May 13, 2007

Burmese Tofu




တို့ဟူးကြော်

ကနဦး ပဲ ပြောင်းခဲ့မှုန့်ဆီ

ဒီမှုန့်တွေ ရေစပ်ပါလို့

မီးနွေးမှာ ပြုတ် ။

တို့ဟူးစည်းလို လက်မောင်းပြုတ်မှာမို့

တင်ကြိုသတိ အားရှိဖို့

မွှေအားကိုထုတ် ။

မြင်အာရုံစွဲ ထူထဲလျှင်

ရေအနေအကျဲမှာ ပုံစံကိုထုတ် ။

စံထုတ်ဖို့ အောက်မပြဲအောင်

ဆီပါးပါးကို သုတ် ။

အကြော်တဲလို လေးထောင့်ဆွဲ

အလယ်မှာ ဆီတွဲဖို့

လှအောင် နှစ်ကြောင်းခွဲစို့ ။

မေဆဲမည့် စီစဉ်

ဆီရွဲမှာ ပေါလောပေါ်အောင်

ဆီဗုံးကိုဆွဲ ။

ကြော်တော့မယ် ရပ်ကတို့ရယ်

နာနာရှိလျှင် ဘေးကိုရှဲမယ်

အိမ်က ညော်တဲ ။





တနေ့ အိမ်ကို မောင်သိန်းရောက်လာသည်။ သူ အမြဲဆော့တကာဝဲလ်တွေနှင့် အလုပ်ရှုပ်နေတတ်သည်။ အိမ်သားမရှိချိန်ဖြစ်သည်။ တို့ဟူးကြော်စားမယ်ဟု အော်သွားခဲ့သည်။ သူသည် အိမ်သားနှင့်ရင်းနှီးပြီး ငယ်ရွယ်သူ အိမ်နီးချင်းတစ်ယောက်လည်း ဖြစ်သည်။ သူ၏အိပ်ပျက်ရက်များစွာကို ဆော့ဝဲလ်ပေါင်းများစွာဖြင့် အတူပျော်ရွှင်နေခဲ့သည်။ တခါတရံ အိမ်သား၊မောင်သိန်းတို့ မီးဖိုချောင်ဝင်ခြင်း အလုပ်ကို နေ့စဉ်ပြုလုပ်နေကျ ချက်ပြုတ်မှုများစွာမှ ဆန်းသစ်မှုတချို့ကို ဖန်တီးတတ်ကြမြဲပင်။ ယနေ့ မောင်သိန်းနှင့်အတူ တို့ဟူးကျိုနေချိန်ဖြစ်သည်။ ထမင်းပေါင်းအိုး အသေးဆိုဒ်တစ်လုံး၊ ပဲမှုန့်နှင့်ရေ အချိုး ( ၂း၎ ) ထည့်တယ်။ စထည့်တာက ပဲမှုန့် (၂) ခွက်၊ရေ(၂)ခွက်။ ပဲမှုန့်ကို ဆန်သည် ဆန်ချင့်သလို အတိအကျတော့ မလုပ်နဲ့ပေါ့။ နည်းနည်းပိုပိုလေး။ ဇွန်းနဲ့မွှေရင် အခဲအစေ့လေးတွေ ကျန်နေတတ်တယ်။ လက်နဲ့ချေလိုက်၊ မွှေလိုက် လုပ်တာအကောင်းဆုံးပဲ။ပြီးရင် ဆားလက်ဖက်ရည်ဇွန်းသေးနဲ့ (၃)ဇွန်းပါးပါးထည့် ၊ ဟင်းချိုမှုန့်ကြိုက် တတ်လျှင် (၂)ဇွန်း၊ ထည့်တုန်းမှာ မွှေပေးထားရတယ်။ အခဲလေးတွေ ဖြစ်တတ်လို့။ ရေ(၁)ခွက်ထပ်ထည့်။ပြီးရင် အ၀ါရောင်နှင့်အနံ့အတွက် ဆနွင်းမှုန့် (၃)ဇွန်းထည့်။ကိုယ်စိတ်ကြိုက် အမှုန့်ဖြစ်ဖြစ် တခြားအဆာပလာဖြစ်ဖြစ် ထည့်တိုင်းမွှေပေးရတယ်။ ခဲမှာစိုးလို့။ မဆိုစလောက်ကလေး မြည်းကြည့်။ အရသာ အလောတော်ဖြစ်ရင် ရေနောက် (၁)ခွက်ထည့်။ ထပ်ချေ၊ထပ်မွှေ။ အမြုပ်ထွက်တာက ပဲကိုပိုပြီးမြန်မြန်ရေထဲပျော်ဝင်စေတယ်။ မွှေနိုင်လေ မီးဖိုပေါ်မှာမွှေရတာ ပိုပြီး သက်သာတယ်။ မီးသွေးမီးဖိုဖြစ်နေရင် ပြာတို့အမှုန့်တို့ မ၀င်နိုင်အောင် တခြားနေရာမှာလုပ်တာ ကောင်းတယ်။ ပြီးရင် တို့ဟူးထည့်ဖို့ ခွက်၊ပုဂံကို အောက်ခြေပိုင်း၊ဘေးနားကို ဆီလေးအနည်းငယ် သုတ်ထားပေးရမယ်။ မီးဖိုက မီးမပြင်းဖို့အရေးကြီးတယ်။ မီးပြင်းရင်မြန်မြန်ပူ၊ မြန်မြန်ကျက်တယ်။ လက်လည်း ပိုညောင်းတယ်။ အိုးအောက်မှာလည်း တူးပြီးကပ်နေတတ်လို့။ မီးကို ပူတယ်ဆိုပြီး လျှော့တာ ဘာမှမဖြစ်ပေမယ့် မွှေတာမရပ်နဲ့ ဘေး၊ဘယ်ညာ အ၀ိုင်းမွှေလိုက်၊ အသာဘေးဖယ်မွှေလိုက် လက်မောင်းမအောင့်ဘူးပေါ့။ အရည်ပျစ်ပျစ် ထည့်လို့လည်းရမယ်၊ ရေလည်းမကျန်တော့ဘူး၊ အနံ့ကလည်း တို့ဟူးအနံ့လေး မွှေးလာရင် မီးဖိုပေါ်ကချ ။ မြန်မြန်အေးလိုလျှင် ရေခဲသေတ္တာရှိပါက အပေါ်ထပ်ကို ခဏထည့်ထားလိုက်ပါ ။

အိမ်သား။ ရေများရင် လက်ပိုညောင်းတယ်။

မောင်သိန်း။ ကြော်မယ်ဆိုရင် မမာမပျော့လေးချတာ ကောင်းတယ်။ ရေများလည်းမွှေနိုင်ရင် ရတယ်။ မီးပြင်းနဲ့ သတိထားမွှေတာ မြန်တယ်။

အိမ်သား။ လက်မောင်းတော့အောင့်သွားတာပဲ။ ဒါတောင် အိုးသေးလို့။

မောင်သိန်း။ စားချင်ပြီ။ ခွက်ကို ရေအေးလေးနဲ့ အအေးခံတာ ကြာလိုက်တာ။

အိမ်သား။ လေးထောင့်အတုံးလေးတွေ လှီးရဦးမယ်လေ။ အရသာ ဘယ်လိုလဲ။

မောင်သိန်း။ နည်းနည်းသုတ်စားမယ်။ မန်ကျည်းချဉ်ရည် လုပ်ထားတယ်။ ဆီဝါချက်ထားတယ်။ ကြက်သွန်ဖြူနံ့လေးကို မွှေးနေတာပဲ။ ကြာဇံဖတ်လေး နည်းနည်းပြုတ်ထားတယ်။

အိမ်သား။ ဆီအိုးတည်ထားလိုက်ပြီ။ အိုးတ၀က်အောက် မြုပ်အောင်ထည့်ထားတယ်။ ဆီများရင် တို့ဟူး ပိုပွတယ်။

မောင်သိန်း။ ဆီပူပြီး အရောင်လည်းထွက် မွှေးနေပြီ။

အိမ်သား။ ညော်တော့ညော်တယ်။ ပတ်ဝန်းကျင်တော့ အော်ထားသေးတယ်။

မောင်သိန်း။ အချဉ်ရည်လည်း ရယ်ဒီ။ ပါးစပ်လည်း ရယ်ဒီ။ အိုးပေါ်ကချ ။ စားပြီ ။






http://en.wikipedia.org/wiki/Burmese_tofu

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်