Showing posts with label ဖန်တီးမှု. Show all posts
Showing posts with label ဖန်တီးမှု. Show all posts

Tuesday, December 25, 2007

Creation of presentdummy 2

လူတူ-၂

* လူတူ အိပ်စက်ခြင်းမှာ အတော်ကြာခဲ့ပြီ ။ အသိတရား ဆိုသောအရာက လှပဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့သည်၊ လှလိုက်တာ ။ လှနေလိုက်တာ ။ လှလွန်း၏ ။ သို့သော် လှပခြင်း၌သာ အချိန်ကုန် ကြာညောင်းခဲ့သည်။ လူတူ လှလှ ထိန်းမရ ဖြစ်နေတော့သည် *

* လူတူ ဖြတ်ခနဲ မျက်လုံး ပွင့်လာသည် ။ စကြ၀ဠာကိုမသိ ။ နေ့နေလား ညနေလား မသိ ။ တဂျီဂျီသံ ခပ်ဖွဖွ ၊ ချောက် ၊ ရရပ် ၊ ရှပ် ၊ ကျီ ၊ ဝေါ ။ ခပ်မှန်မှန် ပေါ်ပေါက်လာသော အသံတို့က အအေးအနွေး ထိန်းသောစက်မှ နားစည်သို့ လှုပ်ခတ်လာသည် ။ ကြားခြင်းဖြစ်မည် ။ သို့သော် အရင်ထိပြီးမှ ကြားရသည် ။ အနီးအနားမှာ အဝေးထိန်းသော ခလုတ်တစ်ခုကို ဖိမိနေ၏ ။ ဒါကြောင့် ဒီအသံ ဖြစ်ပေါ်နေတာ ဖြစ်မည် ။ *

* မကြာမီ ဆတ်ခနဲ လှုပ်ရှားမှုများ တရစပ်ဖြစ်ပေါ်လာတော့သည် ။ မျက်တောင်ခတ်ခြင်းလည်း ပါ၏ ။ အသက်ရှိမှု ကျန်မကျန် ၊ ကိုယ့်အသံဖြင့် တကိုယ်တည်း ပြောဆိုလိုက်သံဖြစ်သည် ။ နိုးပြီလား … လား ။ အနံ့ကင်းသော နေရာဖြစ်ပါလျှက် အနံ့တစ်ချို့ သင်းနေသည် ။ ကိုယ်သင်းနံ့များ ဖြစ်နေသည်။ ဒါကို ဂရုမထားပါဘဲ လစ်လျူရှုနေလိုက်၏ ။ *

* အာရုံခံများ၏ လှုပ်ရှားမှု မြန်ဆန်ခြင်းကြောင့်ဖြစ်မည် ၊ ခံစားမှုအများအပြား ဖြစ်ပေါ်နေတော့သည် ။ ပူလာ အေးလာ ကျင်လာ ကိုက်ခဲနာကျင်လာတော့သည် ။ အချိန် အနည်းငယ်မျှကြာသော်လည်း တိုး၍သာ လာနေသည်။ ရပ်တန့်ရန် မဖြစ်နိုင်ပေ။ *

* လှည်းမောင်း ၊ မြင်းမောင်းသလို နှေးတခါ ၊ မြန်တလှည့် တရစပ်ကို ပြုမူနေတော့သည် ။ ရပ်ခြင်း ၊ တုန့်ခြင်း အလျင်းမျှ မရှိသလို ခံစားရပြန်သည်။ သို့သော် ရပ်တန့်နေသည်။ ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရပ်သည်ဆိုရုံကလေးမျှသာ ။ *

* စစ်ကနဲမြည် ပြီး အရွေးများသော လမ်းကို ခပ်သွက်သွက် လျှောက်လှမ်းကြသလို အဆောတလျင် ခြေလှမ်းတို့ဖြင့် လှမ်းပြီးရင်း လှမ်းရင်း ၊ ရောက်ပြီးရင်း လှမ်းရင်း ကျန်ခဲ့သည်လည်း ရှိကြသည် ။ တည်နေရာ အရွေ့များစွာ ပေါ်ပေါက်နေတော့သည် ။ *

* ဆက်လှမ်းရန် မဖြစ်နိုင်ခြင်းများ ပေါ်လာသည် ။ ကွေ့ကောက်သော သွားလာလှုပ်ရှားခြင်းလည်း ပြုလုပ်လျက်ရှိ၏။ ရှေးရိုးရာ စကားပုံများကို ပြန်လည်ဆန်းသစ်စေသော အနေအထိုင် ပြုမူခြင်းတို့ ကျူးလွန်မိ၏ ။ လွန်တာရှိ တောင်းပန်ပါ၏ ။ ခံစားချက် ၊ ခံစားချက် ဖြစ်ပျက် ၊ ဖြစ်ပျက် သတ်မှတ်ချက်ကို သတ်မှတ်ပြီးရင်း သတ်မှတ်ပြန်၏ ။ မှတ်ခြင်းသာစွ လူတူ လှလှ ဖြစ်နေတော့သည် ။ *

* သို့သော် လူတူ လှုပ်လှုပ် အကျိုးမယုတ် ခပ်သုတ်သုတ်တော့ သွားနေလေရဲ့ ။ *

* တရံတခုတ် အကျွန်ုပ်လို့လည်း သုံးတတ်ပါရဲ့ ။ *

* ပျားရည်ချိုစေလို သကြားခပ်ရောရော ဈေးပေါပေါရောင်းတယ် ထင်မှာလည်း စိုးတယ်ကွယ် ။ *

* အမှန်က ဖန်တီးမှုလုပ်ဆောင်ခြင်းသည် လူတူဖြစ်လာရပေ၏ ။ *

* လူတူအောင် လူလုပ်မှတော့ လူနဲ့တူလာပြီပေါ့ ။ *

* လူစိတ် ဖြစ်ပေါ်မပေါ် ၊ လူစိတ် ရှိမရှိ ခံစားမိ သတိရှိခဲ့လေပြီ ။ *

* သင် ဖတ်ပြီး၍ ဖန်တီးမှုပေါ် အကျွန့်အား ခေါ်ပါအံ့ ။ *

* ကောင်းချီးလည်း ပေးပါအံ့ ၊ အဆိုးအကောင်း အမျိုးပေါင်းလည်း စုစည်းထားမည် အမှန်လာလတ္တံ့ ။ *

-----

ရေးသားပြီးစီးချိန် နံနက်ချိန်သာ ၃ နာရီ အခါ ။

ခံစားသိမှု ပြတ်တောက်ချိန်ပေါင်း ကွန်ပြူတာမှတ်စက်ဖြင့် ချိန်စက်သော် ဖိုင်များစွာကို ရယူပြီးချိန် ပုံပါအတိုင်း



သာမန်မှတ်သားမှု

Tuesday, December 25, 2007

ဖွဲ့တည်ခြင်းအစ (Start: Man , Woman )

အဆုံးသတ် ဖိတ်ခေါ်မှု (/End: writing )

ရက်စွဲနှင့် ခွင့်ပြုချက် အထက်နှင့်အောက်ပါ အတိုင်း

အခြေခံအုတ်မြစ် Creation of presentdummy

Read More...

Monday, November 05, 2007

iDream

They write, they blog

They write on the blogs.

They see, they blog

They see blogs.

They hear, they blog

They hear from blogs.

They sing, they blog

They sing on the blogs.

They think, they blog

They think for blogs.

They share, they blog

They share from blogs.

I dream, I blog

I dream about blog.

Blood drop, blogdrug

I blog a blog on the blog.

* iT *


* iHope *

မြင်တယ်၊ကြားတယ် ဘလော့ဂ်

ပေးတယ်၊ယူတယ် ဘလော့ဂ်

ရေးတယ်၊ရတယ် ဘလော့ဂ်

တွေးတယ်၊ထင်တယ် ဘလော့ဂ်

ထကြွ သွေးဆူ၊ဘလော့ဂ်အပူ

ဆေးဝယ်သောက်ဖို့

ဘလော့ဂ်စို့ ။


အင်း ဘလော့ဂ်ဟာ ဘလော့ဂ်တော့ ဟုတ်နေတာပဲ ။

Read More...

Monday, October 29, 2007

3 smiles

@



Read More...

Tuesday, May 22, 2007

Creation of presentdummy

လူတူ

မျက်လုံးဖွင့်ပြီ ဆိုရုံလေး မြင်ရပြီ။ နိုးသည် ဆိုကာမျှဖြင့် အသိက ၀င်လာပြီ။ အသိနှင့် ယှဉ်တွဲကာ ကြားခြင်းသောတ ဆင်ရပြီ။ ရနံ့လိုလို ဖွဲ့နွဲ့မှုတစ်ခု လိုလိုနှင့် နှာဝကို တိုးဝေ့ ကလူကြည်စယ်သည်။ မွတ်သိပ်မှုဆန္ဒက ၀မ်းတစ်ထွာ အလိုကျ လုပ်ဆောင်နေပြီ။ ဒီအချိန် *လူတူ* နှိုးထခြင်း ဖြစ်လာပြီ။

----

နေထွက်စချိန်ပေမယ့် ပူပြင်းလွန်းသည်ဟု သာမိုမီတာက အော်မြည်နေသည်။ လှုပ်ရှားမှု နှေးကွေးကာ အလိုအလျောက် စက်ပစ္စည်းများ ပြောင်းရွေ့နေပုံကို မြင်ရသည်။ သွားလာရဦးမည့် ခရီးတစ်ခုကို သတိရနေသည်။ စံတော်ချိန်မှန်ကန်မှု နာရီနှင့်အတူ ဘေးနားမှ လွင့်ပျံ့လာသော ရေဒီယိုတေးသံစဉ် လှိုင်းသံကို ကြားရပြီ။ လန်းဆန်းလတ်ဆတ်သော မွှေးရနံ့က မြင်ခြင်းကို ပိုမိုကြည်လင်စေသည်။ အော် ပန်းပွင့်ပေကိုး။ စွမ်းအားပြည့်ရန် လိုအပ်သောစားသုံးမှု လိုအပ်ကြောင်း သိနေပြီ။ ဒီအချိန် *လူတူ* လှုပ်ရှားခြင်း ဖြစ်လာပြီ။

---

မြင်တွေ့နေကြ သတင်းများစွာကို ထူးခြားဆန်းသစ်စွာ တင်ပြထားသော ကမ္ဘာသုံးသတင်းစာ။ ပြောင်းလဲခြင်းတွေ မရပ်တန့်သေးပါလား။ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသော အချိန်ကိုက် အော်ဒီယို တစ်လုံးမှ စာသားတချို့ ကြားရပြီ။ လူးလွန့်စွာ ရွေ့လျားလာပြီး အရသာကောင်းမည့် ပုံပေါ်သော အစားအသောက်တချို့၏ ရနံ့များ။ ဒီအချိန် *လူတူ* ပြုလုပ်ခြင်း ဖြစ်လာပြီ။

---

ရေးသားပြီးစီးသွားသော စာတိုပေစ တစ်စောင်ကို ကြည့်ရှူနေသည်။ အတူပူးတွဲ ကျင်းပမည်ဟု ဖိတ်ခေါ်မှုတစ်ခုသို့ သွားရောက်ရန် သတိရနေသည်။ ပတ်ဝန်းကျင်ကို ခေတ္တခဏ မေ့ပျောက်နိုင် စွမ်းသော အော်ဒီယိုကိရိယာလေး တစ်ခု နားမှာ တပ်ဆင်ပြီးပြီ။ အာရုံတစ်ပါးကို ကမောက်ကမ ဖြစ်စေတတ်သော ရနံ့တစ်ခု ကိုယ်ပေါ်မှာပျံ့နှံ့ နေသည်။ စားသုံးခြင်းမှ ဖြစ်တည်လာသော စွမ်းအင်တို့ ထုတ်နှုတ် သုံးစွဲစပြုနေကြပြီ။ ဒီအချိန် *လူတူ* ဖြစ်တည်ခြင်း ပေါ်ပေါက်လာပြီ။

---

ကြည်ရှူမခံ၊ မြင်ကာမျှဖြင့် ပျောက်ပျက်သွားသော မြင်ကွင်းများစွာ။ သတိဥာဏ်ယှဉ်တွဲ လုပ်ဆောင်ပါ လျှက်ကယ်နဲ့ လွဲမှားသွားသော သိခြင်းများစွာ။ ငြိမ့်ညောင်း၊မူးရစ်၊ရိုင်းကြမ်း သံစုံဆိုင်း လှိုင်းတွေကြား ပျက်ပြယ်သွားသော အသံလှိုင်းများစွာ။ ပျံသန်းမှု အကူအညီလိုအပ်မြဲ ယိုယွင်းသွားသော အနံ့များစွာ။ ပူ၊အေး တူယှဉ်တွဲကာ ပျော်ဝင်ခြင်းများစွာ၏ အဆုံးသတ် ပေါင်းစပ်ခြင်း စွမ်းအင်များစွာ။ ဒီအချိန် *လူတူ* ပျက်စီးခြင်းနှင့် ပျောက်ကွယ်သွားလေပြီ။

---

စတင်ချိန် ၁ နာရီမတ်တင်း၊ ပြီးပြီဟု မှတ်ယူချိန် ၁ နာရီ ၁၅။ ကမ္ဘာစက်က မနက်၊ မေ ၂၀။ ပြောင်းလဲချိန်သတ်မှတ်မှုက ၂၀၀၇။

အကြောင်းအရာက တည်မြဲခြင်း၏ ပြောင်းလဲမှု။

ဖွဲ့တည်မှုအစက {PresentDummy}

အဆုံးသတ်က {/Annata}

ရေးသားသူက လူ ဟူသော သတ္တ၀ါ။

ရက်သတ်မှတ်ခေါ်စွဲမှု နာမည် Sunday.တနင်္ဂနွေ(ခေါ်) သတ်မှတ်ရက်သတ္တပတ်၏အစ။

ခွင့်ပြုချက်အမှတ် မှတပါးအခြားမရှိ။

အခြေခံအုတ်မြစ် ဗုဒ္ဓဘာသာ

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်