Showing posts with label လွမ်းတိုင်း...တမ်းရလျှင်. Show all posts
Showing posts with label လွမ်းတိုင်း...တမ်းရလျှင်. Show all posts

Saturday, June 09, 2007

To father and mother

သို့ ဖေဖေ နှင့် မေမေ

လွမ်းတိုင်း စေ ၊ နွမ်းလျှင် ကျေ

ပန်းတိုင် ဝေ ၊ မောပမ်း စေ

မနား နေ ၊ ကြားပါ့ မေ

သားမောင် အော်လို့နေ။

ချိန်ခါ မဲ့ ၊ ကြင်နာ ခဲ့

မေ့ထက် ပို ၊ မဆို ခဲ့

ရံခါ မဲ့ ၊ မမာန် ခဲ့

တွဲလို ခို ၊ ဘချို ရဲ့

မေတ္တာ ကို

သားမောင် လွမ်းလို့ ဆို။

Read More...

Tuesday, May 01, 2007

To Youngest Brother. ( ညီထွေးသို့)

ညီထွေးရေ

သတိတရရှိနေတယ်ကွာ။ ညီထွေး ပူပြင်းတဲ့နွေရက်တွေကို အေးချမ်းစွာ ကျော်ဖြတ်နေမယ်ဆိုတာကို သိနေတယ်။ မင်းကပူတာကို မကြိုက်ဘူး။အေးတာမိုးရွာတာလည်း တခါ တလေညစ်တယ်လို့ ပြောတတ်ပြန်သေးတယ်။ တစ်နေ့ မိုးကဗြုန်းစားကြီး ရွာခဲ့တယ်။ မင်းကပြောတယ် ဒီလိုတော့လည်း နေလို့ကောင်းသားတဲ့။ တခါကလည်း အပျင်းကြီးလိုက်ပုံများ… နောက်နေ့လုပ်ရမယ့်အလုပ်ကို နောက်နေ့မှလုပ်တာကောင်းတယ်တဲ့။ညီထွေးက ထူးချွန်ထက်မြက်၊ နားလည်လွယ်တဲ့ဦးနှောက်ဥာဏ်ကလည်း ရှိသေးတယ်။ အမေပြောတဲ့ *အရိပ်ပြရင်…အကောင်မြင်* *ချက်ဆို…နားခွက်ကမီးတောက်*ပဲ။ ငယ်ငယ်ကချူချာတယ်။နေမကောင်းဖြစ်ရင်တော်တော်နဲ့မပျောက်ဘူး။အခုမင်းက..လူကောင်ကြီးထွားပြီးကိုယ်စိတ်ချမ်းသာကျန်းမာနေတယ်။ ဘောလုံးတောင် ကစားလိုက်သေးတယ်။ လူငယ်တွေဆိုးသွမ်းတယ်လို့မဆိုပါဘူး။ ဒါပေမယ့် စည်းလွတ်ကမ်းပျက် လုပ်နေတာကိုတော့ မကောင်းဘူးလို့ပြောရမယ်။ညီထွေးလည်း သူတို့နဲ့တပြေးညီကြီးပြင်းနေတဲ့လူ၊ တနည်းပြောရင် ခေတ်လူငယ်တစ်ယောက်ပဲ ။ ကိုယ်လုပ်ကိုင်မှုမှန်သမျှကို ကိုယ်တိုင်နားလည် မှတ်သိထားမှဖြစ်မယ်။ ငယ်စဉ်က ဟင်းအမျိုးအစုံကိုရွေးချယ်စားတတ်ခဲ့သမျှ အခု ရှိတာနဲ့ ၀လင်စွာ၊ အားရှိအောင် စားသောက်တတ်နေပြီ။ နေ့တိုင်းလုပ်ကိုင်မှုတွေက မင်းရဲ့ကြိုးစားမှုကိုပြနေတာပဲလေ။

မင်းအတွက် ကြိုးစားမှုတိုင်းက အရာထင်လာမှာပါ။ ရည်မှန်းမျှော်လင့်မှုတွေထားရှိရမယ်လို့ပြောလေ့ ရှိတယ်။ မျှော်လင့်တိုင်းဖြစ်မလာတဲ့ သဘာဝဖြစ်ပျက်စဉ်ကိုလည်း တွေးတော့ချင့်ချိန်တတ်ရမယ်။ ခဏရပ်ထားမယ်ကွာ။

ဆက်ရေးမယ်ဆိုတော့ ညီထွေး မင်းလုပ်ချင်တာတစ်ခုကို ငယ်ငယ်ကတည်းက တဇွတ်ထိုးလုပ်တယ်။ ဒါပေမယ့် အခုမင်းက ကျွန်တော်နားလည်ပါပြီဆိုပြီး တစ်ခုချင်းအစီအစဉ်တကျ စဉ်းစားလုပ်ဆောင်နေ တတ်ပြီ။ အဖေအမေတို့ ဆုံးမစကားတွေကို တခါတရံ ချစ်ဖို့ကောင်းအောင် ဂျစ်တိုက်တတ်တယ်။ မိဘကခွင့်လွှတ်တယ်။ တဖြည်းဖြည်းအသက်အရွယ်နဲ့ ရင့်ကျက်မှုသဘောကို ညီထွေး တွေ့လာရပြီ။ အချိန်တစ်ခုကဖန်တီးနိုင်မှုကို နားလည်တတ်ပြီ။ ဘယ်အရာကိုလုပ်လုပ် မှန်ကန်မှုတွေ၊ အကောင်းဆုံး လုပ်ဆောင်မှုတွေ ရရှိနေပြီ။ ကောင်းအောင်ကြိုးလို့ ကောင်းကျိုးကိုယ့်မှာတည်အောင် စွမ်းနေပြီ။ ညီထွေး အခုဘာတွေလုပ်ချင်နေပါလိမ့် …..။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်