Showing posts with label မေးခဲ့သည်. Show all posts
Showing posts with label မေးခဲ့သည်. Show all posts

Saturday, May 12, 2007

Asking question!

ကျွန်တော်၏အနည်းငယ်မျှသော ဖတ်မှတ်တတ်ခြင်း၊ အများအပြားလုပ်နေသော ပြောခြင်း။ အားငယ်မိပါတယ်။ ရေးထားလိုက်ကြတာ။ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တယ်။ဘလော့ ဆိုတာ ဘာလဲ။ ဘလော့ဆိုတာ ဘလော့ပေါ့။ သိချင်ဝယ်ဖတ်တစ်ကျပ်တော့မဟုတ်ဘူး။ ယခု အင်တာနက် ဆိုသော အရာရှိဖို့လိုပါတယ်။ဝီကီပီဒီယာ (ကျွန်တော်ဖတ်လိုက်တဲ့အသံ)

is a multilingual ဂျုံစိုက်သူက ဂျုံစိုက်နည်း၊ ပေါင်မုန့်ဖုတ်သူက ပေါင်မုန့်ဖုတ်နည်းအာလူးကြိုက်သူက အာလူးပြုတ်နည်း၊ စပါးစိုက်ချင်သူက စပါးစိုက်နည်း၊ ဆန်စားချင်သူက ဆန်စားနည်း စသည်တို့ မြောက်မြားစွာသော ရှင်းလင်းချက်တေဖတ်ရမယ်ဖတ်မယ်ဆိုတော့ ကိုယ်သိချင်တာက ဘလော့ဆိုတာ ဘာလဲ။ လူတစ်ယောက်က မေးလာရင် ဖြေဖို့ရှိရမယ်။ မဖြေရင်ရော ရတာပဲလေ။ သိချင်သူက ဖြေနိုင်မည့်သူကို ရှာမေးပါလိမ့်မယ်။ ဖြေသူမရှိရင်ရော... *အဖြေမရှိသော မေးခွန်းများစွာကြုံဖူးကြပါသည်* မိမိသိလိုသောအကြောင်းအရာမှာ မိမိနားလည်သော၊လက်ခံသော အခြေအနေ၊အချိန်အခါရောက်ပါမှ အဖြေထွက်ပါသည်။ ဘာကြောင့်လဲ... မိမိမေးမြန်းခြင်းသည်ပင် မိမိ၌ သိမ်းဆည်းလိုခြင်းဖြစ်သည်။ အဖြေတိကျခြင်းသည် အရေးကြီးပေသည်။ ဘလော့ဘာလဲ။ ဘလော့ဆိုသည်မှာ... အင်းသိပြီ။ ဘာလုပ်ကြမည်နည်း။ သိတော့ထပ်သိချင်သော အကြောင်းအရာမျာပေါ်လာသည်။ ဘာလုပ်ဖို့သိချင်တာလဲ။ စဉ်းစားရင်း မေးခွန်းလေးပေါ်လာ...စဉ်းစားရင်း မးခွန်းတွေဖြေပါ။ သိပြီးလို့ အလုပ်လုပ်ပြီ... လုပ်နေဆဲ အချိန်မှာပင် ဘာကြောင့်လုပ်တာလဲ။ ဒီလောက်မေးနေလျှင် မေးခွန်းက မဆုံးနိုင်တော့ပေ မေးခွန်းတွေ ဘယ်မှာရပ်တန့်မလဲ။ အဖြေမှာလား... ဟုတ်တယ် အဖြေရလျှင် မေးခွန်းကပြီးပြီ။ နားလည်မှုဆိုသော အဖြေသည်မေးခွန်းများစွာနှင့် အံဝင်ခွင်ကျဖြစ်သည်။

စာကြွင်း...စိတ်တစ်ခုက စိတ်တစ်ခုသို့ပြောင်းလဲတာကိုတော့ ဘာသာပြန်ဖွင့်ဆိုမှုရှိနိုင်မယ်မထင်ဘူး။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်