Showing posts with label ပြောခဲ့သည်။. Show all posts
Showing posts with label ပြောခဲ့သည်။. Show all posts

Friday, May 25, 2007

For me

မိမိ ကိုယ်ကို ဆုံးမမှု တစ်ခု ဖြစ်ပါတယ် ။ ဒီလို စကားသုံးနှုန်းမှုမျိုး… ရေးလေ့ရှိမယ် မထင်ဘူး။ သုံးနှုန်းမှုမှာ ပါဝင်ပါတယ်။ *မရေးတော့ဘူး ဆိုပြီးမှ အတွေးလေးတစ်ခု ကြောင့် ရေးလိုက်ပါတယ်*။ ဘာအတွေးလဲ။ ကျွန်တော် ထမ်းရွက်ထားသော မောဟ တစ်ခုကြောင့်ပါပဲ ။ လောဘ ၊ ဒေါသ ၊ မောဟ တွေ ကင်းဝေးနိုင်ကြ ပါစေ ခင်ဗျာ ။

တိုက်ပွဲ

စက်ကွင်းမလွတ် ၊ ဒီကိုင်းညွတ်ပဲ

ပြန်ကာမလွဲ ၊ ဒီဝဲထဲမယ် ။

လမ်းသွယ်များမြောင် ၊ လူ့ဘ၀ဘောင်

မရှောင်ကြုံသေး ၊ မောဟရန်ဘေး ။

သိမှတ်ပညာ ၊ နုံနဲ့ကာဖြင့်

မယ်လာမကူ ၊ ကိုယ်ဒူးချွန်မှ ။

ဝန်းကျင်ပတ်ချာ ၊ ပျံကာရှာစဲ

တွေ့ပါပြီဗျာ ၊ ကိုယ့် ကိုယ်ထဲမှ ။

ဘယ် ကာ ကိုသုံး ၊ မရှူံးလူလှ

နိုင်ရစေဖို့ ၊ ကာကွယ်မလို့

တိုက်ကြစို့ ။


လွှတ်ချဦးမည် ၊ ဆန်းသစ်မှုဆီ

လွန်တာ မနှေး ၊ ပြန်ခါ ရေးပါ

ဖတ်သူငှာတို့

အကျွန် တောင်းပန်ပါ၏ ။


နောက်ကျခြင်း

လှေနှင့် လာခဲ့သည်။ မိုးကလည်း သည်းလိုက်တာ။ ရေလျှံတာ မကျသေးဘူး။ ထမ်းထားသော မောဟ လွှတ်ချ ချင်ခဲ့သည်။ လေးလံပါဘိ။ မောဟပွဲက ပြီးသွားပြီတဲ့။ ကိုယ်လို သူလို နောက်ကျတဲ့ လူတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း ရေကူးသွားပြီ။

---

အိန္ဒြာကျော်ဇင် အသက်ကြီးလာရင် ကိုရီးယားမင်းသမီးတွေ ပြောင်းကြိုက်မယ် ။ မှိုင်းမိထားတဲ့ လူငယ်တစ်ယောက် ။ သူလည်း လာခဲ့သည်။ ဒီပွဲကို စက်လှေနှင့် တက်သွားခဲ့သည်။ မိုးကလည်း သည်းလွန်းသည် ထင်၏ ။ သူ၏ ယဉ်ကျေးမှုက မြန်မာ့ယဉ်ကျေးမှု ဟု မောဟပွဲမှာ ထုတ်ဖော် သွားခဲ့သည် ။

---

*ရှေးလူကြီးစကား သက်ကြီးစကား သက်ငယ်ကြား* ယဉ်ကျေးမှု အစဉ်အလာ မပျက်အောင် ထိန်းသိမ်းရမယ် ။ ခေတ်လူငယ် မော်ဒန် ပို့စ် တွေ ဖတ်ပြီး ဂျပန်နည်းပညာ ထုတ် ခါးကိုင်း ဟိုက်တွေ အလျှံပယ်သုံးသွားတယ် တဲ့ ။ ထီးပါ သူရော ၊ မပါသူရော မောဟပွဲ တက်သူတွေကို ဂျပန်ထီးတွေ လက်ဆောင် ပေးသတဲ့ ။ နာမည်က အဆန်း ၊ မေတ္တာ ထီး။

-------------

အသက်ကြီးသူက ငယ်သူကို တွဲခေါ်သတဲ့ ။ နားကြားဆန်းသလား ။ အမြင်မှားတာ မဟုတ် ။ ထိုသူငယ်က မျက်မမြင်လေးကိုး ။ မြင်တာတွေ သိချင်လို့ မောဟပွဲမှာ လာနားထောင်သတဲ့ ။ ကိုယ်တိုင် ထမ်းထားသော မောဟလေးတွေ လွှတ်ချသွား သတဲ့ ။

---

လူတိုင်းကိုယ်စီ မှာစားနေကြ ဘာကာ တစ်လုံးစီကို သူက အသားလွတ်နှင့် စားခဲ့သည်။ နာမည်ကျော် မင်းသားတစ်ယောက်၏ မောဟနှင့် ဘာကာ တစ်လုံး။ သူစားသလို စားရင်ဖြင့် ကျော်ကြားခြင်းနောက် အသားသည်တွေ စိတ်ပျက် ၊ သတ္တ၀ါတွေ ပျော်ရွှင် ၊ ဟင်းရွက်သည်တွေ ရွှေဆိုင်မှာ တရုံးရုံး ဖြစ်ပြီပေါ့ ။

---

စာပေစီစစ် မေတ္တာစစ်နှင့် ဖွင့်ထုတ်ပြခဲ့သော ဆရာမတစ်ယောက် ပူလွန်းသော နွေကိုကျော် မိုးဉမျှော်ခဲ့တယ်။ အခု သည်းလွန်းတဲ့ မိုးထဲ လှေနဲ့လာခဲ့သတဲ့။ အော် သူလည်းပဲ ထီးပါယူခဲ့သည်။ စင်စစ်တော့ မောဟတွေ လွှတ်ရတာ ပျော်ရွှင်ခဲ့တယ်။

---

အရှုံး၊အမြတ် မတွက်သော ဆိုင်ရှင်၏ ခံစားမှုက ဒီနေ့ပွဲ လူတော်တော် စည်တယ်။ မိုးသည်းလေလာ ဒီဘေးနားမှာ လှေပါ ငှားစားခဲ့တယ်။ မောဟပွဲ လမ်းကြုံစီးပွားရေး လုပ်ခဲ့တယ်။ မောဟလွှတ်ကျသံ မကြားဘူး ။ လွတ်ကျတဲ့ ဖန်ခွက်သံတွေကြောင့် မောဟတွေ ကြုံတုန်း လွှတ်ချခဲ့တယ် ။

---

မောဟပွဲ ပိုင်ရှင် ကို ခွင့်မတောင်း နောက်ကျခြင်းအကြောင်း ။ မောဟတွေ ထမ်းထားသော လှေက မြုပ်လုလုနဲ့ ။ မိုးကလည်း သည်းလိုက်တာ ။ ညစာ လွဲတဲ့ လွတ်သွားသော မောဟလွှတ်ချပွဲ တစ်ပွဲ။

http://teslanetblog.blogspot.com/2007/05/diary.html

Read More...

Thursday, May 03, 2007

Discussion

ဆွေးနွေးကြသည်ဆိုရာဝယ်

နှောင့်နှေးမှုတွေရှိနိုင်သည်။ စားသောက်မှုအချိန်နှင့် ကူညီမှုစသည့် လူမှုရေးများလည်းရှိနိုင်သည်။ ပျင်းရိခြင်းကလည်း မလွှဲမသွေပါသေးသည်။ စိတ်ဝင်စားသောအရာတစ်ခုကို လုပ်နေနိုင်မှဖြစ်မည်။ ဘာလုပ်ကြမည်နည်း။ ချစ်ခြင်းတွေရေးဖွဲ့ချင်သည်။ ချစ်ပါမှအရာတိုင်းအကောင်းမြင်နိုင်မည်။ သို့သော် ရယ်မောကြလျှင်ရော...။ လူတိုင်းက အလုပ်ရရှိရန် အကောင်းဆုံးလုပ်ဆောင်နေထိုင်နေကြသည်။ ဘ၀၏အဓိပ္ပာယ်ကိုလက်လှမ်းမှီသလောက်သာ နားလည်နိုင်ကြသေးသည်။ နားလည်သည်ဟု ပြောခဲ့ ၊ ပြောဆိုနေသူများမှာလည်း သေဆုံးသူများနှင့် လူအနည်းစုသာဖြစ်သည်။ ရှာဖွေလေတွေ့ရှိလေဟု ဆိုခဲပြောခဲပါဘိ။ တွေ့ပြီ၊ရပြီဟု သာ ကြွေးကြော်ချင်ကြသည်။ စာအုပ်စာပေများဖတ်မှတ်လေ့လာခြင်း၊ ပြုစုရေးသားကြခြင်းဖြင့် သိနားလည်နေကြသည်။ဘ၀ဆိုသည်မှာ…။ ပြီးဆုံးသွားသူများရှိသလို ဆက်လက်ဖတ်ရှုနေသူများလည်း အမြောက်အများ ရှိသည်။ လုပ်နည်းကိုင်နည်း၊ ဖြစ်ပျက်ပုံများကို လေ့လာသိရှိလာကြသည်။ မှတ်သားထားနိုင်ခဲ့ကြသည်။ မှန်ကန်မှုတစ်ခုမှာ *မိမိလက်ခံမှသာ မိမိထံတွင်ရှိနေမည်* ။ ပျင်းရိသူပြောဆိုပုံမှာ ပျင်းရိငြီးငွေ့ဖွယ်မရှိ၊မကျန်လောက်အောင် ပျင်းရိခြင်း ဖြစ်နေပါသည်။မည်သို့ ပျင်းရမည်ကို မသိနိုင်တော့ချေ။ လုပ်ဆောင်နိုင်မှုစွမ်းရည်များ ပျောက်ဆုံးချိန်၊ မိမိဆိုးသွမ်းသော အကျင့်များဖြစ်ပေါ်ချိန်တွင် ပျင်းရိခြင်းများက အလျှိုလျှိုထွက်လာကြတော့သည်။ ကမ္ဘာကို မထိန်းချုပ်နိုင်စေကာမူ မိမိ၏စွမ်းရည်ကား ထိန်းသိမ်းနိုင်ကြသည်။ ထိန်းသိမ်းနိုင်ခြင်းစိတ်ကို သတိရှိစွာ စဉ်းစားချင့်ချိန်နိုင်ကြပြန်သည်။ လေးစားမှု၊အပြန်အလှန်နားလည်ပေးမှုများဖြင့် နေထိုင်၊ လုပ်ကိုင်ပြောဆိုနေကြသည်။ မိမိ၏ မေတ္တာသဘောကို အခြားသောသူတို့မြင်သာအောင် ပြသနိုင်မည် ဆိုလျှင် အေးချမ်းသော ကမ္ဘာတစ်ခု ဖြစ်နေပါပြီ။ ယုံကြည်ချက်မြင့်မားမှုကို အကောင်းဆုံးပဲ့ကိုင်နိုင်ရန် သတိရှိစွာ ဖျတ်လတ်စွာ ရိုးသားစွာ တွေးတောကြပါသည်။ အခြေအနေပြောင်းလဲမှုများကြောင့် မသိနိုင်သော အကြောင်းအရာများမှ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပေသည်။ ထိန်းသိမ်းပြုပြင်ခြင်း အကြောင်းကြောင့် ပြန်လည်ရှင်သန်နိုးထလာသူများ ၊တန်ဖိုးရှိသော လူသားဘ၀ကို အကျိုးရှိစွာ ခွဲဝေ အသုံးပြုနိုင်သူများ ဖြစ်လာကြမည် ။.....။

ကျေးဇူးတင်စွာဖြင့် တီပီ

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်