Showing posts with label Expression of mind. Show all posts
Showing posts with label Expression of mind. Show all posts

Thursday, January 31, 2008

Bye!

နှုတ်ဆက်ပါတယ်

သံယောဇဉ် အမျှင်မျိုး

ခိုးလို့ ရစ်နှောင်

မရုန်းပေါင်

ခိုကိုးမယ့်မောင် ။

သို့ပေငြား

ရက်အားပို

လိုလိုအင်အား

စိတ်အားမပြို

ထူထောင်စွမ်းအောင်

နှုတ်ဆက်ခဲ့ဗျား

ကြားပါစေသား ကြားစေသား ။

***

လောကတို့ ဘ၀တို့ကို မင်းတွေ ၊ ခင်ဗျားတွေ ပြောကြကြေးဆိုရင် ပိုင်ဆိုင်မှုဖြစ်တည်နေဆဲ ငါ့ကို သုညပြန်ပေးပါ ။ ငါ့ကို သုညပေးပါ ။ နောက်ဆုံးတော့လည်း သံသရာ လည်ဦးမှာပါ ။ ကြည့်ခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့ ၊ နားထောင်ခဲ့ ၊ သင်ကြားခဲ့ ၊ လုပ်ဆောင်ခဲ့သော အရာအားလုံး ကျေးဇူးတင်လို့မဆုံး …..

***

စိတ် အားပို

လိုချင်သော်ငြား

ပြောကြမယ်

ကမ္ဘာသုံး စကား

အ ဘာ ဘား အဘား ။

***

စာကြွင်း ။ စာတွေ လိုက်ဖတ်ရတာ ပျော်တယ် ခင်ဗျာ ။

Read More...

Sunday, January 27, 2008

Elephant's Legs


မအားလို့ ခင်ဗျ ။

Elephant's Legs

Read More...

Tuesday, January 22, 2008

Poor human

သိပ် သနားစရာကောင်းတာပဲ အမေ ။ သူတို့က ထင်ကြတယ် ။ ကျွန်တော် က လူလားမြောက်တဲ့လူသားတစ်ယောက် ။ ဘာလို့ပါလိမ့် ။ အမေပြောတဲ့ ခေါင်းမီးတောက်နေပြီ ၊ ရင်ပူတယ် ၊ ရေတွင်းထဲက ငွေထွက်တာမဟုတ်ဘူး ။ ဒီလိုပြောတာတွေ ကြားနေကျ ကျွန်တော် ။ ကျွန်တော် ဘာပြောရမလဲ အမေ ။ သိပ် သနားတာပဲ ။ သူတပါးကို နှိမ်တဲ့ စိတ်တွေ ၀င်နေပြီ ။ ကျွန်တော် လူလားမြောက်ကရောလား အမေ ။ နှိုင်းယှဉ်သိမှုကနေ ဖြည့်စွက်တွေးတောခြင်းပါ အမေ ။ ကျွန်တော် မှားတာပေါ့ ။ နားမလည်တာကို နားလည်သလိုလို နားလည်ချင်ယောင်ဆောင်နေတာပါ ။ လက်ညှိုးထိုးတာတောင် မရဲတော့ဘူး ။ ဂဏန်းသင်္ချာတောင် အတော်မေ့နေပြီ အမေ ။ တခါတခါတော့ လွမ်းတာပေါ့ ။ အမေ ကျွေးတဲ့ မုန်တီသုတ် ။ အန်ထွက်အောင် စားမယ့် အစ်ကိုကြီးကိုလည်း သတိရမိပါရဲ့။ အကြော်နဲ့ပဲ စားမယ် လုပ်တဲ့ အငယ်ကောင်လည်း ဘာတွေလုပ်နေပါလိမ့် ။ ကိုကြီးက ပြောမှာပေါ့ ။ မင်း ကြပ်ကြပ်သတိထား ။ လူကြီးကပြောရင် နားမထောင်ချင်ဘူး ။ အတွန့် တက် ဆင်ခြေလေးတွေ ပေးလိုက်ရမှ ။ အဖေတို့ ဘာသိလို့လည်း ။ အမေကလည်း ဗျာ ။ အင်း ပြောရင်းတောင် သတ္တ၀ါတွေ သူ့ထိုက်နဲ့သူ့ကံပေါ့ အမေရယ် ။ တခြား စဉ်းစားမနေပါနဲ့ ။ နားနားနေနေနဲ့ ဘုရား ၊ တရားသာ အာရုံပြုနေပေါ့ အမေရာ ။ အမြဲတမ်းဆိုတာကြီးကို အမေ့ကို ပြောရင်လည်း … သားရယ် … ။

အဖေ့လည်း ဂရုစိုက်ရ ။ သားတွေလည်း စိတ်မချဆိုတာမျိုး အမေလည်း ပင်ပန်းနေရောပေါ့ ။ ရှက်ပါတယ် အမေရယ် ။ စကားတွေပဲ ပြောနိုင်တာ ။ လက်တွေ ခြေထောက်တွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး ။ ကျွန်တော် ဘာလဲ လို့များ အမေ့မေးရင် အမေ မျက်ရည်ဝေ့လာတော့မှာပဲ ။ ဘယ်အချိန် ၊ ဘယ်နေရာ ချွင်းချက်တွေ အမေ မပေးခဲ့ဘူး ။ သတိ ၊ ၀ီရိယတွေနဲ့ ကျန်းမာအောင်နေ။ ကြိုးစား ၊ မပျင်းနဲ့ ။ *ပျင်းရင် ဖျင်းတတ်တယ် သား* ။ *ဟုတ် ၊ အမေ* ။

လွမ်းတိုင်းသာ တမ်းရလျှင် …

နေ့တွေမှ လွမ်းမလား

နေရာပြောင်းမှ ဆုတောင်းမလို့လား

ချိန်ရွေ့မှ နေရာရွေးမှာလား

ကုန်ဆုံး ပျက်ပြုန်း

မမြဲမှန်း သိသော်ငြား

လွမ်းမြဲ အစွဲကို တတ်သလောက်

ဖျောက်မိလျှက်သား ။

ပညာရှာ ကျောင်းတော်သား

လက်ဦးဆရာ မိဘကို

လက်စုံမိုးလို့ ရှေ့မျက်မြင်

ရှိမခိုးရတာ ကြာပါပကောလား ။

ကိုယ်စိတ် ကျန်းမာချမ်းသာပါစေလို့

ဆုတောင်းမေတ္တာပို့သပေးလျက်

သား

နိုင်

Read More...

Mother MOTHER mother'

အမေ အမေ အမေ့

Read More...

Thursday, January 03, 2008

I move my world. A little shake!

ကမ္ဘာတစ်ခု လှုပ်ခတ်သွားခြင်း

မောပမ်းသော ဘ၀မှာ နားနေရဖို့ ကြိုးစားခဲ့၏ ၊ အောင်၏လော၊ မှန်၏လော။

ဖြေဆိုသူမြောက်မြားစွာမှ လူသားတစ်ယောက်သည် လူလားမြောက်သော် … ။

အကောင်းကိုခင်တွယ် အပျက်ပျက်ဖြစ်မှာ မလိုလားဘူး ။ နှာခေါင်းမှ မဟုတ်သော သွေးတွေက ထွက်လို့ ပြိုပျက်သွားခဲ့သည်။ ရည်ရွယ်လမ်းကို တန်းတန်းမလျှောက်ချင်သော အလေ့တချို့က ရယ်သွမ်းနေလေရဲ့ ။ အဟောင်းတွေကို ကောင်းသေးတယ် ပြောဆိုပြီး လက်၊ပါးစပ်ဖြင့် စားခဲ့တာတွေတောင် မေ့ကုန်ကြလေရဲ့ ။ ဓလေ့ပါဆိုနေမှ ။ သတ်မှတ်ထားသည်။ သတ်မှတ်နေသည်။

တင်းနေပြီ ။ ချုပ်တည်းမှုအချို့ကို ထိန်းသိမ်းထားချိန်၌ အသံ ထွက်ပေါ်လာတော့သည် ။ စကားကတိုသွားသည် ။ လွယ်သွားသည် ။ စိတ်ကို အမြန်လွှတ်ပေးလိုက်လို့ ထင်ပါရဲ့။ ပြောပါများတော့ တိုသောစကားက တာသွားသည် ။ ခပ်ရှင်းရှင်းဖြစ်လျှင်ပိုကောင်းမည် ။ သို့သော် ရှုပ်တုန်း ။ တင်းကြပ်လာသော အခြေအနေများမှ သတင်းတွေ ၊ အတင်းတွေ ပေါ်လာနိုင်သည်။ လိုချင်တောင့်တမှု ၊ လုပ်ငန်းဆောင်တာများကို မှတ်သားထားနိုင်သည် ။ ဥပမာ ဆိုကြပါစို့ ။

ကမ္ဘာလုံးအပြင်မှာ စကြ၀ဠာ ။ စကြ၀ဠာ အပြင်ကကော ။ ရောက်ချင်လိုက်သာ ။ သွားသေလိုက်ပါလား ဆိုခဲ့သော် မဖြစ်ပြန် ။ ရှင်ခြင်းကို ချစ်တုန်း ။ သေဖို့ကို မုန်းတတ်တုန်း ။ ခမ်းနားကြီးကျယ်မြင့်မြတ်သော ကြမ်းပိုးဟု ဆိုပါစေ လိပ်မျိုးဆက်ဟုတ်မဟုတ် မသေချာပါ ။ အခွံပါပုံ ၊ ခုံးသော သဏ္ဌာန်ကြောင့် ခိုင်းနှိုင်းပြောဆိုခြင်း ဖြစ်မည် ။ ဥပမေယျတွေ များပြားလာတော့သည် ။

လမ်းလျှောက်သင်စ ကလေးတစ်ယောက်သည် ဂျောင်းဂျောင်းပြေးရန် မဖြစ်နိုင်ပေ ။ ကိုယ်ဟန်အထိန်း ကောင်းမွန်စွာ တတ်ကျွမ်းမှ ဖြစ်မည် ။ လူလားမြောက်သော် … ။

***

* အမေ သား တီဗီ သွားကြည့်မလို့ *

* စာကြည့်ဦး ၊ မသွားရဘူး *

* ကလေးအကြိုက် ကာတွန်းကားအစီအစဉ် လာနေပြီ အမေရ *

* သွား ၊ ပြီးရင် အမေ့ကို စာပြန်ပြီးမှ ထမင်းစားရမယ် *

***

* သား စာကျက်လေ *

* ဗိုက်ဆာပြီ အမေရ *

* အမေ ထမင်းပွဲ ပြင်လိုက်မယ် *

* သားလည်း ၀ိုင်းကူမယ် အမေ *

***

* စားပြီး အိပ်ငိုက်မနေနဲ့ သား *

* သား စာကြည့်ပြီးမှ အိပ်ရမယ် *

* သင်ခန်းစာတွေ မှတ်မိလား ၊ မနက်ဖြန်အတွက် အိမ်စာတွေ ဖြေပြီးပြီလား *

* စောစောကတည်းက ပြီးသွားပြီ အမေ *

* ဒါဆိုလည်း ဘုရားရှိခိုးပြီး အိပ်တော့လေ သား *

***

+ ဆရာမက စာ(၁၀)ကြောင်းရေးခိုင်းတာ သား အရင်ပြီးတယ် အမေ +

* ဘာအကြောင်းလဲ သားရဲ့ *

+ သင်သည် ကျောင်းဆင်းပြီးချိန်တွင် မည်သည့်အရာများကို လုပ်ဆောင်သနည်း တဲ့ အမေ +

* သားရေးထားတာ ပြပါဦး *

ကျောင်းဆင်းပြီးချိန်

ကျွန်တော်သည် ကျောင်းဆင်းချိန်တွင် ကျောင်းပေါက်ဝသို့ ပြေး၍ သွားပါသည်။ အိမ်သို့ အမြန်ဆုံး ပြန်ရောက်ချင်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်သည် အိမ်အနီးတွင် သူငယ်ချင်းများနှင့် ကစားလေ့ရှိသည်။ ကျွန်တော်သည် အမေနှင့်အတူ ကျောင်းဆင်းပြီးချိန်တွင် ဈေးသို့သွားလေ့ရှိသည်။ ကျွန်တော်၏ အမေသည် ညစ်ပေသော အ၀တ်များကို ကျောင်းဆင်းပြီးချိန် ညနေပိုင်းတွင် လျှော်ဖွပ်လေ့ရှိပါသည်။ ကျွန်တော်သည် အမေ့လျှော်ပြီးသော အ၀တ်များကို ကြိုးတန်းတွင် ဖြန့်လှန်းပါသည်။ မီးဖိုချောင်၌ အမေအား ၀ိုင်းဝန်းကူညီပါသည်။ ကျွန်တော်သည် ရုပ်မြင်သံကြားမှ ပြသသော ကလေးများ အစီအစဉ်ကို ကြည့်ရှုပါသည်။ ထမင်းစားပြီးမှ အိမ်စာများကို လုပ်လေ့ရှိပါသည်။ ကျွန်တော်သည် သွားတိုက်၊ဘုရားရှိခိုးပြီးမှ အိပ်ယာဝင်ပါသည်။

***

ဒီစာသားတွေ အမေသာ ဖတ်ဖြစ်ရင် ဘာများပြောဦးမလဲ မသိ။ ဖြစ်နိုင်ချေကတော့

* သားရယ် *

……

……

……

Read More...

Saturday, December 29, 2007

I sung a song at 2007



*****

မူရင်း သီချင်း

***

ချစ်ကံဆိုး

တေးရေး ထွဏ်းခမ်

တေးဆို ညီရဲ ၊ ကြိုးကြာ

သရုပ်ဆောင် ဇေယျ ၊ မုန်း

ဒါရိုက်တာ ခင်စန္ဒာမြင့်

တည်းဖြတ် ဝေယံလင်း

* ချွေးစက်များနဲ့ ဘ၀ဟာ မောပန်းနေလည်း ….. အားပေးတတ်တဲ့ချစ်သူ နားမှာရှိတယ် *

* နူးညံ့ခြင်းနဲ့ အချစ်တွေ ရှေ့ဆက်နိုင်ဖို့ ..... နှလုံးသားများနဲ့ ဘ၀ကိုတည်ဆောက်ကြမယ် *

* စိတ်ကူးများ ရှေ့ဆက်ကာ အိပ်မက်နေဆဲ ….. ရက်စက်တဲ့ စကားလုံးတွေငါခံစားမယ် *

* လမ်းခွဲမယ့် စကားလုံးတွေ မကြားချင်ဘူး ..... အရိုးသားအချစ်ကိုးကွယ်နိုင်မလား အချစ်ရယ် *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)


Read More...

Sunday, October 28, 2007

Smile what i don't know



Read More...

Wednesday, October 24, 2007

Owner of smile

အပြုံးပိုင်ရှင်

ပြုံးတုံ့ပိုင်ရှင် မျက်နှာထားကို

နှစ်ရှည်လများ မစောင့်စားခဲ့ ။

သူလည်းလေ လောကီသားပေမို့

လှစ်ခနဲတွေ့

ဖြတ်ခနဲကြည့်

ရုတ်တရက်မြင်မိ

ပြုံးသွား၏

Read More...

Thursday, August 09, 2007

Header

ဒီအိမ်အမိုး
ပြတင်းတံခါးပေါက်က ၀င်ထွက်တော့ ကျားကန်ပြီးထွက်ရတယ် ။
မှန်မှန်အိပ်ရမည့် ကုတင်တစ်လုံး ရှိလေရဲ့ ။
လမ်းလျှောက်တော့ ခြေရာထင်တာပေါ့ ၊ လောလောဆယ်တော့ (၁)လှမ်းခွဲ ၊ (၃)စက်တည်း ။
ဘယ်အလုပ်ကို စတင် လုပ်ဆောင်သည် ဖြစ်ဖြစ် ကျွန်တော်တို့ စတင်ခြင်း ကို ခြေလှမ်းတစ်လှမ်းလို့ ယူပါတယ် ။ စပြီးသွားပြီ ။ နောက် တစ်လှမ်း လှမ်းဖို့ တစ်ဝက်ပဲ ၊ ခြေ တစ်ချောင်းပဲ ထုတ်ရသေးပါတယ် ။
ခေါင်းစဉ် အိမ်
ရေးတာက ဘလော့ဂ်လေးပါလား ။
ကောင်းကင်ပြာလျှင် ရေပြာတယ် လို့ ကြားဖူးတယ် ။
ရေကြည်တစ်ပေါက် သောက်ပါရစေလေ ။ BLOGGER.COMရေ .....

Read More...

Monday, July 02, 2007

Recover

When computer opened and closed , Delay time had many . So I recover it .
What time will you recover for mind , if you have many delay time .
I hope that May be (or) Back up

Read More...

Saturday, June 30, 2007

I praying

ဆုတောင်း
ကိုယ်စိတ်ကျန်းမာချမ်းသာပါစေလို့
ဆုတောင်းမေတ္တာပို့သပေးလျက်
နိုင်

Read More...

Monday, June 25, 2007

Mind

မနောဝိညာဉ်


တောင်အရပ် နှင့် မြောက်အရပ် ဆန့်ကျင်သလို ဖြစ်နေတယ် ။ ပေါင်းဆုံ ထိစပ်မှု ဆုံမှတ်တော့ ရှိနေဆဲပါ ။ မင်းမြင်တဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် ။ အရပ်မျက်နှာဆိုတဲ့ သတ်မှတ်ချက်အဖြစ်နဲ့ တွယ်ကပ်နေဆဲပါ ။ ဘယ်လောက်ဝေးဝေး ဘယ်လောက်ပြေးပြေး တွယ်ကပ်နေဆဲပါ ။ ဆုံမှတ်တစ်ခုမှာပေါ့ ။ စိတ်စေရာပေါ့ ။

-----

စိတ်ခံစားမှုက တက်လိုက်ကျလိုက် ဖြစ်နေတယ် ။ ဘ၀ဆိုတာ ဒီလိုပါပဲ ။ တက်ခြင်း ၊ ကျခြင်း မတူညီဘဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် ။ ဖြစ်လိုက် ၊ ပျက်လိုက် သတ်မှတ်ချက်တွေ အဖြစ်နဲ့ တွယ်ကပ်ပြီး တွေးတောနေဆဲပါ ။ အဆုံးအစမရှိ ( အင်ဖနတီ ) တွယ်ကပ်နေဆဲပါ ။ ဆုံမှတ်တစ်ခုဖြစ်စေတဲ့ မနောဝိညာဉ်မှာပေါ့ ။

-----

ခံစားရတယ်ကွာ ။ ဒီလိုပါပဲ ။ တူမှမတူတာကိုး ။ အေးကွာ ဒီတိုင်းပါပဲ ။ နောက်ဆုံးတော့ ဘာမှ မဟုတ်ပါဘူးကွာ ။ ခံစားရတာပဲပေါ့ ။




Read More...

Friday, June 22, 2007

Not Real

အစစ်မဟုတ်


ဒီမိုး

လွမ်းတယ်

စိတ်ဆိုးချင်ယောင်ဆောင်မိတယ်

Read More...

R , r

အာ

စက်ဝိုင်းတစ်ခု၏ အချင်းကို သတ်မှတ် (R) အဖြစ် သုံးစွဲသည် ။ အချင်းဝက် (r) သတ်မှတ်သောအခါ တန်ဖိုးတ၀က် ငယ်သွားသည်။

---

အီလက်ထရောနစ်ဆိုင်ရာ တွက်ချက်မှုများတွင် (R) ရီစစ်စတန့် ခုခံအားအဖြစ် သတ်မှတ်သည် ။ (r) ကို အတွင်းပိုင်း ခုခံအားအဖြစ် သတ်မှတ်သည် ။

---

ဆိုကြပါစို့ရဲ့။ လူတစ်ယောက် စိတ်ဖိစီးသောအခါ အသံမျိုးစုံထွက်၍ ခံစားချက်ကို ဖွင့်ထုတ်ကြသည်။ ထိုအခါ (အာ)ဟု မြန်မာစာ အသံထွက်လေး ပါဝင်သည်။ ရေး၊ရွတ်ဆို ဘယ်လိုပင် ခံစားရသည်ဖြစ်စေ အာ ဟု ပေါ်လာသည်။ ဒီတော့ အကြီးကြီးလား ၊ အသေးလေးလား ။ ရုတ်တရက်ချက်ချင်း ထွက်ပေါ်လာသော အာ သည် အကြီးကြီး ဖြစ်မည်ထင်ပါသည် ။ နောက် တွေဝေမှုများ ပါဝင်လာသော အာ သည် သေးငယ် သွားမည်ထင်ပါသည် ။

---

ကမ္ဘာသုံး ဘာသာ စကားမျိုးစုံ

ကြားနာ ဖတ်ရွတ် ရေးမှတ်သား

ရှည်တာလည်း ရှိမပေါ့ ။

တိုတာလည်း ရှိမပေါ့ ။

ဖွဲ့နွဲ့မှုလည်း တို ၊ ရှည်ပေါ့ ။

သတ်မှတ်မှုလည်း တူရင်တူ ၊ ကွဲရင်ကွဲ ပေါ့ ။

စိတ်ညစ်လို့များ မ အာ တတ်ရင်

နားလည်မှု သိတတ်မှုတွေ

ရှိခြင်း မရှိခြင်းတွေ

မေတ္တာတွေ (love)

သို့သော်

ဒီလူသား ကမ္ဘာအပြင်ဘက်မှာ နေထိုင်နေသည် ဟု စိတ်ခံစားနေလျှင် ဘယ်လို လုပ်ကြမလဲ ။

Read More...

Saturday, June 09, 2007

Afraid mind

ကြောက်စိတ်

အလင်းကို ကြောက်

အမှောင်ကို ကြောက်

မမြင်ခြင်း မြင်ခြင်းကို ကြောက်

မကြားခြင်း ကြားခြင်းကို ကြောက်

ရနံ့ကရောက် အနံ့ကို ကြောက်

အရသာကို ဖောက် ကြောက်ပြီးရင်း ကြောက်

သာယာမှု ထိ၊မထိမှာ မှောက် ထပ်ပြီးတော့ ကြောက်

အာရုံမှာစွဲ သဲမှုန့်ထပ်ဝါး ဆံမျှင်မျှသေး သော်ငြား ပြတ်သားပုံကထင်ရှား

ကြောက်စိတ်က ပိုကြီးမား

ကြောက်ရဲရင် ကြောက်ကြည့်ပါလား ။


ကျွန်တော်တော့ ကြောက်တတ်သား

( ၅ )ပါးသော ကာမဂုဏ်များ ။

ပို ကာ ဆို လိုမည့်စကား

သန္ဓေတည် မွေးသေသွား

သံသရာကို

အဆုံးမဲ့စွာ

ကြောက်ပြီးသား ။

Read More...

Tuesday, May 29, 2007

Did and wish

ကဗျာမဆန်တာလား။ ကာရံမပါတာလား ။ လုပ်ဖူးတာ နှင့် လုပ်ချင်တာတွေ ပြောမယ်ဆိုရင်…

နှစ်လွှာပေါင်းမှ တစ်ရွက် ၊ ငယ်က စာအုပ်ကြား ညှပ်ဖူးသူ ရှိချင်ရှိမယ် ။ တူနှစ်ကိုယ် တူတူပေါင်းဖို့ ဒီသဏ္ဌာန် ကာရံညှိလို့ သစ္စာတွေ တိုင်တယ်ပြီး စွယ်တော်ရွက်လေး ဖြစ်ချင်သူရှိမယ် ။ ကျွန်တော်လား ။ ဟင်းချိုတော့ ချက်သောက်ဖူးသည်။ အတော်ချိုသည် ၊ စိမ်းမြမြ အရည်၊ အရသာနှင့် ။ စမ်းချက်ကြည့်ပါလား ။

တူနှစ်ကိုယ် ညောင်ညိုရိပ် မှေးစက်လို့အိပ်မယ်။ တရားသံပါ သလိုလို ၊ စကားသံ ကြားတာကတော့ ညောင်ရွက်သုပ် တော်တော်ကောင်းဆိုပဲ။

ပင်လယ်ပြာ သောင်ခြေမှာ ပုံတွေကို ရေးဆွဲသလို ၊ ပုဇွန်ကင်တော့ စားဖူးချင်သား။

လက်ပံပွင့်ချိန် လေတိုက် ကြွေလိုက်တဲ့အခါ တ၀ဲဝဲ ဝေ့လို့ နေရင် ပမာ ။ လွမ်းသလိုလို နမ်းသလိုလို ၊ လက်ပံပင်အောက် အပွင့်လေးတွေ ကောက် ပြုတ်ကာ တို့လိုက်ရရင်…။

တောင်တောရယ်သာ မာလာက ငုံဖူး ။ အငုံအဖူး ၊ ကြုံတုန်းမှာ အသာချွတ်လို့ ဟင်းလုပ်ကယ် မမည် ၊ တင်းစကားဆိုချင် ဆိုပ ၊ ဆားနယ်ကာ အငုံသုပ်ပြီး ရေနွေးကြမ်းနှင့် မြည်းတော့မည်။

သီးကင်းတွေ မိုးဦးကျမှာ လွယ်မယောင် ဆွတ်ချင်သပါ့ ၊ ထမင်းမြိန် ရေချိုငပိရည် ဖြင့် ယူခဲ့သူ မောင် မယ် ကျေးဇူးတင် ၊ စားပြီးရင် ကွေးအောင် အိပ်မည်။

မောင်နှံနှစ်ဖြာ ခုနှစ်ရက်ခြား လို့ ငိုအားတွေ ပိုခဲ့ပေမယ့် ၊ ကိုယ်ဝမ်းစာတော့ ကိုယ်တိုင် ရှာစားခဲ့ရတယ်။

တူနှစ်ကိုယ် တဲအိုပျက် မှာ မနေရ ။ မောင်မယ် စုံ ထမင်းဆိုင် တူတူဖွင့်မယ် ၊ အိမ်ထဲ မှာရောင်း ။

အမျိုးဆွေ သာတကာ အပေါင်းရယ် အိုကွယ် လာခဲ့ပါ ဖိတ်ခေါ်တယ် ၊ အ၀စား မေတ္တာဖိုးငွေ ပေးရမည် ဖြစ်ကြောင်း ။

Read More...

Thursday, May 10, 2007

Special guest

အထူးဧည့်သည်

မခေါ်ဘဲလာ

ပေါ်ချိန်မသိ

ဖြစ်မိဒေါသ၊နားချိန်မရှိ

နှင်ရန်မတတ်

အရပ်မကယ်

လူတွင်တည်သည့်

အထူးဧည့်သည်။…။

ဘာသာစကားမျိုးစုံ သင်္ကေတများစွာဖြင့် စကားများစွာပြောဆိုကြသည်။ ထွက်ပေါ်လာသောအသံသည် ပါးစပ်ပေါက် ၊ အသံဖြစ်ပေါ်အင်္ဂါတို့၏ ပြောင်းလဲမှုများမှဖြစ်သည်။ တည်ရာနေရာ ဦးနှောက်လား၊စိတ်ခံစားမှုလား။ စိတ်ဖြစ်ပေါ်ပြောင်းလဲမှုဆိုလျှင် မည်မျှမြန်သည်ကို ခဏချက်ချင်းသိလိုက်သူ အလွန်နည်းမည်ထင်မိပါသည်။ ထိုနောက်ကျခြင်းသည်ပင် အထူးဧည့်သည် ရောက်ရှိနိုင်ချိန်ဖြစ်သည်။ သိပြီးနောက်ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်စွာ လက်ခံထားရှိသည်။ လူအပေါင်းကယ်ပါယူပါ အော်သည့်တိုင် အထူးဝိသေသနှင့်လျော်ညီစွာ အိမ်သည်လက်ခံမှုကိုမူတည်၍ ဧည့်သည်မှာ မပြန်တော့ချေ။

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်