ပုံပြင်
* ဟိုးရှေးရှေးတုန်းက * ဒီစကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပုံပြင်ပြောဆိုချိန်မှာ သုံးလေ့သုံးထရှိကြသည်။ ဒီကလိုနဲ့ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်ဟာ မိုးပြိုပြီဆိုပြီး ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ယုန်များစွာထဲမတော့ မိုးပြိုမှာကို တွေးကြောက်သော ယုန်တွေရှိခဲ့ကြတယ်။
တစ်တောင်ပေါ်တစ်တောင်ဆင့် ပေမယ့်
တောင်ကြီးဖ၀ါးအောက်
ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်
ပင်လယ်ကူးခတ်တယ်
ကျယ်ပြောပင်လယ် မြောက်မြား ပေမယ့်
လှိုင်းကြီးလှေအောက်
ဖ၀ါးတွေ လှေတွေ
အားကျလို့
ခပ်ဖွဖွတူးမိကြ
မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ (၇)ပေလှလှပေါ့ ။
မိုးဖြိုမယ် မိုးဖြိုမယ်နဲ့
ပြိုပြိုသွားတဲ့ စိတ်ထည်တွေ
လာထား ။
ကျနာမစိုးလို့ ဖေးမကူ
ရိရွဲစုတ်ပြတ် အထည်ပျက်မှာမို့
ဇကာကွက်လှလှတပ်ဖို့
အပ်ချုပ်ကြဦးစို့ ။
* အပ်ချုပ်သည် *
သွေးကြတုန်း
သေးကြတုန်း
ကြီးငယ်ဆိုဒ်စုံ သုံးကြတုန်း
ဒီနဖားကို အဘွားလည်း အမြင်ကပ်တုန်း
သို့သော်လေ သူတို့က ပျော်မဆုံး
ရွှင်ရွှင်ကြီးခံသုံး
အပ်ပေါက်ထိုးတုန်း
ချုပ်နေကြတုန်း
လက်ချုပ်စက်ချုပ်တွေ တွင်ကျယ်မဆုံး ။
အပြောကျယ်လောင် ဆာသယောင်မို့
တစ်ထွာမျှဝမ်း
ကျဉ်းကျုံ့လှုပ်လှုပ်
အပူငြိမ်းဖို့
ထမင်းစားကြဦးစို့ရယ် ။
2 comments:
ကို အိမ် ပြောတဲ့အထဲမှာ မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ 7 ပေ လှလှပေါ့ ဆိုတာလေး... သေဆုံးတဲ့အခါ ကို ရည်ရွယ်ပြီးပြောတာထင်တယ်။ ကို အိမ် ဒီလိုမရေးတာ ကြာပြီနော်။ အပူငြိမ်းအောင် ထမင်းစားနေတဲ့ကြားက ရင်တွင်းအပူက ဘယ်လိုမှ ငြှိမ်းမရဖြစ်နေတယ် ကို အိမ် ရေ။ ဒီနေ့မှ နှ်ငးတွေကလည်း မကျပါလား။ အဲဒီနက်ကြီးကိုလည်း ၀မ်းနည်းစွာနဲ့ပဲ တောင်းပန်နေရတယ်။ သူကလည်း ကြောက်တယ်ဆို ဖြဲခြောက်တတ်တယ်။ ခုတော့ တစ်ယောက်တည်း ပူနေဆဲ ပါပဲ။
ဟုတ်တယ် ။ ပူနေတယ် ဆိုတော့ ဆောင်းရာသီနဲ့ ကိုက်တာပေါ့ ။ အခုတော့ နှင်းကျပါတယ် ။
Post a Comment