ထင်တော့ထင်သား...ဂျီမေးကိုပြောင်းတော့မယ်လို့။ မလုပ်ဘူးနေတာကို မေးလ် အသစ်ရှာနေတာ၊ကြာတာနဲ့ အဟောင်းကို ကောက်ရိုက်လိုက်တာ မှန်လိုက်တဲ့ ဘလော့ကာ တီးမ်း သူ့တို့ဆာဗာကနေနောက်တစ်ခုကိုပြောင်းပေးရတော့ အေးချမ်းသွားပုံရတယ်...လှစ်ကနဲနေတာပဲ။ နောက်ပြန်သွားတော့လည်း မမှီတော့ဘူး ၊ ကွန်ဂလက်ကျူလေးရှင်းဆိုတာက ရောက်နေပြီ။ မြန်တိုင်းလည်း လွှတ်မကောင်းပါလား နော်။ ဘလော့ကာကနေ မေးလ်တွေမလာပါစေနဲ့ပဲဆုတောင်းရတော့မယ်။ သေချာတာကတော့ လတ်လတ်ဆတ်ဆတ် ဘလော့ကာလေးဖြစ်သွားတာသေချာတယ်။ လတ်ဆတ်လန်းဆန်းနေတော့လည်း တစ်မျိုးလေးကောင်းတာပါပဲ။ ပိုက်ပိုက်ကုန်ရင် စိတ်ချမ်းသာတယ်ဆိုတာ ဒါတော့မမှန်ဘူး။
Wednesday, February 14, 2007
Subscribe to:
Post Comments (Atom)
Links ဆိုဒ်တွေသွားကြည့်ရအောင်
- သိုးမလေး မနှင်းနှင်း
- ainmetdiary
- pandora-&-pandora
- ပုံလှလှ ၊ လှုပ်လှုပ်လေးတွေ ရမယ် ။
- ဓာတ်ပုံရိုက်ပြီး ပြန်လည်ပြင်ဆင်တင်ဆက်ထားသော ဆိုဒ်
- လေးမ၏ကမ္ဘာ
- တပြည်သူ အိမ့်ချမ်းမြေ့
- ကို၊ TESLA
- ယူဆဂိ၊ဓ မ္မ စ ကား နေ့ တိုင်း ကြားက၊ စိတ် ထား ဖွေး လက် သိ ဥာဏ် ထက် ၏
- ကို အောင်မော်ဟိန်း
- မိုးပြာ
- May Velous
- မေးလ်အစောင်ရေ အများဆုံးသိမ်းပေးနေသော နေရာ
- အီးစာအုပ်များ အများအပြားရှာဖွေနိုင်ပါတယ်
- အီတလီဖိနပ်လှလှလေးများ
- ကို ကရင်
- မြန်မာလို ရေးချင်ကြသူများနှင့် ရေးသားနေကြသူများ
- ကို၊ ကဒေါင်း
- ကို၊ မျက်လုံး
- ကို မျိုးကျော်ထွန်း
- မ နိုင်းနိုင်းစနေ
- မ မေဓာဝီ
- မသိလိ
- Sharing Books စာအုပ်ဆိုဒ်
- Google News
- Edit-Me
- As You Like ဈေးဝယ်ရအောင်
- GAMES ပေါ့ပေါ့ပါးပါးကစားရအောင်
- ဘောလုံးပွဲဇယား
1 comment:
Blogger စာအုပ်ထုတ်ရအောင်
လာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။
ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။
သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။
ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။
အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။
အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။
Post a Comment