Sunday, February 18, 2007

တရုတ်နှစ်သစ်ကူးအတွက် စိတ်ကူးလေးပါ

ပပ၀တီဆိုတာ ကြားဖူးတာပေါ့။ ခုနှစ်ဆောင်တိုက်ခန်းကို မီးမထွန်းဘဲလင်းတယ်၊ တွေးမိတာပါ။မီးမှောင်သွားတဲ့အချိန်မှာ ချက်ချင်းလက်ငင်းမျက်စိကျင့်သားရမှာမဟုတ်ဘူး။
ဒါပေမယ့်.....
အသားအရည်ဝင်းတဲ့သူတွေ၊အသားဖြူတဲ့လူတွေကို အမှောင်ထဲမှာ မျက်စိကျင့်သားရလာခဲ့ရင် မြင်လာမှာပဲ။ရှေးတုန်းက မီးဒုတ်၊ကညင်ဆီမီး၊မီးခွက်မီးအိမ်စတဲ့ အလင်းရအောင် သုံးစွဲမှုတွေ
အများကြီးရှိခဲ့တယ်။
သဘာဝညအလှရဲ့ အလင်းက ဖိုးရွှေလမင်းကြီးနဲ့ ကြယ်စင်လေးတွေပဲ။
ဒီအလင်းတွေပျောက်ကွယ်ချိန်မှာ မျက်စိအကျင့်ဝမ်းအချင့်တဲ့။
(စကားပုံမှားယွင်းနိုင်သည်)
သေချာပါတယ်။ပြောနေကြတဲ့ ညိုပြာညက်၊ညိုချော၊အသားမည်းတယ်
ဆိုတဲ့လူတွေကိုတော့ ချက်ချင်းကြီး မြင်ရမယ်မထင်ဘူး။ ဖြူဝင်းတဲ့ အသားအရည်၊နို့နှစ်ရောင်ဝင်းတဲ့အသားအရည်၊စိမ်းမြအရည်လဲ့
ဖြူမယောင်ဝင်းတဲ့အသားအရည်၊ နောက်ဖြူဖွေးတဲ့အသားရေ
ဒီလူတွေကိုမျက်စိကျင့်သားရလာချိန်မှာ မှောင်နေခဲ့ရင်တောင်မှ မြင်နိုင်ပါမယ်။ နောက်ပြီး ကိုယ်တိုင်ကအသားညို၊အသားမည်း မီးသွေးခဲများဖြစ်နေရင် မီးမထွန်းပဲလင်းမယ်ဆိုတာကိုယုံကြည်စွာ
တွေ့ရပါလိမ့်မယ်။ကိုယ်တိုင်မျက်စိနဲ့ တွေ့ကိုတွေ့ရမယ်။
မှောင်နေပြီဆိုရင်ပဲ အနားဝန်းကျင်ကို စူးစိုက်စွာကြည့်မိကြမှာပါ။
တွေ့ရပါလိမ့်မယ်။ ပပ၀တီပေါင်းများစွာပေါ့။
ကိုယ့်စိတ်ကူးရဲ့ မင်းသမီး၊မင်းသားတွေ။.....
ဒီအချိန် နေရာပေါင်းများစွာမှာ တရုတ်လူမျိုးပေါင်းများစွာ နှစ်ကူးနေကြပြီလေ။
အသားမည်းတဲ့တရုတ် တွေ့တဲ့လူ မှား၊မြင်ဖူးတဲ့လူများရှိရင် ပြောကြပါ။.....။
ဒီ.....ပပါဘယ်မှာမွေး လူမည်းကြားမှာမွေးလို့ပဲဖြစ်လိမ့်မယ်။
နေလောင်လို့မည်းမယ်ဆိုရင် မန်းလေးမြို့မှာများမွေးလို့လား။
(ချွင်းစေစကား တို့တိုင်းသူရင်းသား
မျိုးဆွေရင်းများ သိသားကြားစေ
ဝင်းပသားရည် မယ်ပလိုများ
ဖြစ်လေမလား.....တွေးမိပါသည်
သင်မြင်ပါလျှင်.....မှန်ကာမနှေး
သင်ထင်ပါလျှင်.....တွေးကာချရေး
ကျွန်ထင်ပါသည်.....မယ်ဝတီသို့.....။
မင်းကုချွင်းထား.....ကြားစေသား။ ။)

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်