Wednesday, January 09, 2008

Yam ( 1998 - 99 )

လွမ်းတယ်ကွာ ။

မင်းနဲ့ ခင်မင်ခွင့်ရတဲ့ ပထမဆုံးနေ့ကို မမှတ်မိဘူး ။ ပထမဆုံးရဲ့ အရသာကို အဲဒီအချိန်မှာ စတင်ခံစား တတ်ခဲ့ရတယ် ။ မင်းရဲ့ အရောင်အဆင်း တင့်တယ်လှပမှုကို မဖွဲ့နွဲ့ဖြစ်ခဲ့ဘူး ။ မင်းရဲ့ ပူလောင်မှုက ရင်ကို အေးချမ်းစေခဲ့တယ် ။ မင်းရဲ့ အပြင်အဆင် ခမ်းနားမှုတွေ တန်ဖိုးတက်လာမယ် ဆိုတာလည်း သတိမပြု ဖြစ်ခဲ့ဘူး ။

---

အဲဒီအချိန်က မင်းကို သပ်ရပ်မှုအနည်းအကျဉ်းဖြင့် ခင်းကျင်းပြသခဲ့တယ် ။ မှတ်မိတယ် ။ ပ၀ါစက အရောင်မတူ ။ အစွန်းနှစ်ဖက်က လွတ်တာလည်း ရှိခဲ့တယ် ။ နေရာထိုင်ခင်း ကျဉ်းကြပ်နေလို့လည်း ဖြစ်မယ် ။ လွမ်းမိတယ် ဟိုတုန်းက မန်းလေးညရေ လို့ အဆိုတော် အငဲ သုံးခွေဆက် လွမ်းသလို လွမ်းမိခဲ့ပါရဲ့ ။

---

မင်းကို စွဲမက်စေလိမ့်မယ်။ တခါတရံ မင်းရဲ့တန်ဖိုးတွေနှင့်အတူ ထပ်တူညီကျတဲ့ ပေးဆပ်ခြင်းတွေ လိုအပ်လိမ့်မယ်။ ခံစားချက်ပြင်းပြင်းတွေ မင်းနဲ့အတူ အရည်ဖျော်ပစ်နိုင်လိမ့်မယ်။ မင်းရဲ့ ဘေးဥပဒ်တွေ ဘယ်လို ဘယ်ပုံ ခံစားရလိမ့်မယ်။ အဲဒီအကြောင်းအရာတွေကို တွေ့ဆုံပေးသူက သတိပေးမသွားခဲ့ဘူး ။

---

မင်း ခွင့်လွှတ်တန်ကောင်းပါရဲ့။ ဖန်တီးမှုတွေ သိပ်ကြီးကျယ်တဲ့ ခေတ်က စိုးမိုးအနိုင်ယူခဲ့တယ်။ အရောင်အဆင်း ပြောင်းခဲ့တယ်။ အေးမြမှုတွေ နဲ့ ဇွတ်မှိတ် မြိုသိပ်ခဲ့ရတယ်။ အစိုင်အခဲကို ထုမခွဲနိုင်သလိုပေါ့ ။ အရောအနှောတွေ မြောက်မြားစွာနဲ့ မင်းကို တွယ်တာခဲ့တယ်။ မင်း ကဏ္ဍက ရေးကြီးခွင်ကျယ် ခပ်စွာစွာ ဖြစ်ခဲ့တယ်။

---

မင်းကို မေ့ပစ်နိုင်ခဲ့တယ်။ အမျိုးအနွယ်စောင့်ရှောက်ခြင်းလို့ ခေါင်းစဉ်ပေးရင် စိတ်မဆိုးဘူး ထင်တယ်ကွာ။ မင်းနဲ့တူတဲ့ ပုံစံ၊အရည်အချင်း၊အရောင်အဆင်း ။ ဒီအရာတွေနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့မိတယ်။ ခွင့်လွှတ်ပါကွာ။ အချိန်၊နေရာ၊ရာသီဉတု၊စိတ်၊အာဟာရ ဒါတွေလည်း ပါကောင်းပါလိမ့်မယ်။

---

သတင်းတွေကြားတယ်။ မင်းဘ၀နဲ့ မင်း အခြေတကျ ရပ်တည်နေပြီတဲ့။ တချို့နေရာတွေမှာ အရည်အချင်း မီတယ်၊ တချို့အချိန်မှာ မင်းက အသုံးမကျစွာ ခပ်နွမ်းနွမ်း ဖုန်တွေနဲ့ ရှိနေတယ်။ ကမ္ဘာချီ လွမ်းရအောင် မင်းကလည်း စွမ်းခဲ့တာကိုး။ ကမ္ဘာကလည်း သင်္ကေတတွေနဲ့ အသိအမှတ်ပြုခဲ့တာပဲ။ မင်းပျော်နေမှာပါ ။

---

ကိုးရှစ် ကိုးကိုး ပညာသင်နှစ်က ယမ်ယမ်ရေ …

လွမ်းတယ်ကွာ ။

---

Title word Yan. Yam ရသာမှန် ယမ်ယမ် ။ အမှန်ပြင်ပေးသူ E m 0 t i o n

2 comments:

hnin said...

အလဲ့.. ဂွတ်တယ်... ဝေဖန်လိုက်ဦးမယ်။ ရသာမှန် ယမ်ယမ်တော့ ဟုတ်ဟန်မတူဘူး။ ရန်ကုန်မြို့ကြီးကို ပြောတာလို့ ထင်တာပဲ။ မဟုတ်ရင်တော့လည်း ဘွာတေး ပေါ့။ ကိုးရှစ် ကိုးကိုး မှာ ကိုအိမ်က အဲဒီမှာ ပညာသင်ခဲ့ရတာလား။ မဲခေါင်... ငါလာပြီ မင်းဆီကို... အဲဒီကဗျာလေးကိုတောင် သွားသတိရတယ်။ အရေးအဖွဲ့တွေကြိုက်တယ်။ နှင်းတွေလည်း ကျနေဆဲပဲ။ ကောင်းပါ့။

naing said...

ရသာမှန် ယမ်ယမ် ။ အဲဒါလေး နဲ့ ပညာသင် ခဲ့တယ် ။ ဘာတဲ့ မဲခေါင်... ငါလာပြီ မင်းဆီကို... . နာမည်ကို အခုမှ ကြားဖူးတယ် ။ မဖတ်ဖူးဘူး ။ Yam Yam . I made wrong words.

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်