Thursday, January 31, 2008

Bye!

နှုတ်ဆက်ပါတယ်

သံယောဇဉ် အမျှင်မျိုး

ခိုးလို့ ရစ်နှောင်

မရုန်းပေါင်

ခိုကိုးမယ့်မောင် ။

သို့ပေငြား

ရက်အားပို

လိုလိုအင်အား

စိတ်အားမပြို

ထူထောင်စွမ်းအောင်

နှုတ်ဆက်ခဲ့ဗျား

ကြားပါစေသား ကြားစေသား ။

***

လောကတို့ ဘ၀တို့ကို မင်းတွေ ၊ ခင်ဗျားတွေ ပြောကြကြေးဆိုရင် ပိုင်ဆိုင်မှုဖြစ်တည်နေဆဲ ငါ့ကို သုညပြန်ပေးပါ ။ ငါ့ကို သုညပေးပါ ။ နောက်ဆုံးတော့လည်း သံသရာ လည်ဦးမှာပါ ။ ကြည့်ခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့ ၊ နားထောင်ခဲ့ ၊ သင်ကြားခဲ့ ၊ လုပ်ဆောင်ခဲ့သော အရာအားလုံး ကျေးဇူးတင်လို့မဆုံး …..

***

စိတ် အားပို

လိုချင်သော်ငြား

ပြောကြမယ်

ကမ္ဘာသုံး စကား

အ ဘာ ဘား အဘား ။

***

စာကြွင်း ။ စာတွေ လိုက်ဖတ်ရတာ ပျော်တယ် ခင်ဗျာ ။

Read More...

Sunday, January 27, 2008

Elephant's Legs


မအားလို့ ခင်ဗျ ။

Elephant's Legs

Read More...

Tuesday, January 22, 2008

Poor human

သိပ် သနားစရာကောင်းတာပဲ အမေ ။ သူတို့က ထင်ကြတယ် ။ ကျွန်တော် က လူလားမြောက်တဲ့လူသားတစ်ယောက် ။ ဘာလို့ပါလိမ့် ။ အမေပြောတဲ့ ခေါင်းမီးတောက်နေပြီ ၊ ရင်ပူတယ် ၊ ရေတွင်းထဲက ငွေထွက်တာမဟုတ်ဘူး ။ ဒီလိုပြောတာတွေ ကြားနေကျ ကျွန်တော် ။ ကျွန်တော် ဘာပြောရမလဲ အမေ ။ သိပ် သနားတာပဲ ။ သူတပါးကို နှိမ်တဲ့ စိတ်တွေ ၀င်နေပြီ ။ ကျွန်တော် လူလားမြောက်ကရောလား အမေ ။ နှိုင်းယှဉ်သိမှုကနေ ဖြည့်စွက်တွေးတောခြင်းပါ အမေ ။ ကျွန်တော် မှားတာပေါ့ ။ နားမလည်တာကို နားလည်သလိုလို နားလည်ချင်ယောင်ဆောင်နေတာပါ ။ လက်ညှိုးထိုးတာတောင် မရဲတော့ဘူး ။ ဂဏန်းသင်္ချာတောင် အတော်မေ့နေပြီ အမေ ။ တခါတခါတော့ လွမ်းတာပေါ့ ။ အမေ ကျွေးတဲ့ မုန်တီသုတ် ။ အန်ထွက်အောင် စားမယ့် အစ်ကိုကြီးကိုလည်း သတိရမိပါရဲ့။ အကြော်နဲ့ပဲ စားမယ် လုပ်တဲ့ အငယ်ကောင်လည်း ဘာတွေလုပ်နေပါလိမ့် ။ ကိုကြီးက ပြောမှာပေါ့ ။ မင်း ကြပ်ကြပ်သတိထား ။ လူကြီးကပြောရင် နားမထောင်ချင်ဘူး ။ အတွန့် တက် ဆင်ခြေလေးတွေ ပေးလိုက်ရမှ ။ အဖေတို့ ဘာသိလို့လည်း ။ အမေကလည်း ဗျာ ။ အင်း ပြောရင်းတောင် သတ္တ၀ါတွေ သူ့ထိုက်နဲ့သူ့ကံပေါ့ အမေရယ် ။ တခြား စဉ်းစားမနေပါနဲ့ ။ နားနားနေနေနဲ့ ဘုရား ၊ တရားသာ အာရုံပြုနေပေါ့ အမေရာ ။ အမြဲတမ်းဆိုတာကြီးကို အမေ့ကို ပြောရင်လည်း … သားရယ် … ။

အဖေ့လည်း ဂရုစိုက်ရ ။ သားတွေလည်း စိတ်မချဆိုတာမျိုး အမေလည်း ပင်ပန်းနေရောပေါ့ ။ ရှက်ပါတယ် အမေရယ် ။ စကားတွေပဲ ပြောနိုင်တာ ။ လက်တွေ ခြေထောက်တွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး ။ ကျွန်တော် ဘာလဲ လို့များ အမေ့မေးရင် အမေ မျက်ရည်ဝေ့လာတော့မှာပဲ ။ ဘယ်အချိန် ၊ ဘယ်နေရာ ချွင်းချက်တွေ အမေ မပေးခဲ့ဘူး ။ သတိ ၊ ၀ီရိယတွေနဲ့ ကျန်းမာအောင်နေ။ ကြိုးစား ၊ မပျင်းနဲ့ ။ *ပျင်းရင် ဖျင်းတတ်တယ် သား* ။ *ဟုတ် ၊ အမေ* ။

လွမ်းတိုင်းသာ တမ်းရလျှင် …

နေ့တွေမှ လွမ်းမလား

နေရာပြောင်းမှ ဆုတောင်းမလို့လား

ချိန်ရွေ့မှ နေရာရွေးမှာလား

ကုန်ဆုံး ပျက်ပြုန်း

မမြဲမှန်း သိသော်ငြား

လွမ်းမြဲ အစွဲကို တတ်သလောက်

ဖျောက်မိလျှက်သား ။

ပညာရှာ ကျောင်းတော်သား

လက်ဦးဆရာ မိဘကို

လက်စုံမိုးလို့ ရှေ့မျက်မြင်

ရှိမခိုးရတာ ကြာပါပကောလား ။

ကိုယ်စိတ် ကျန်းမာချမ်းသာပါစေလို့

ဆုတောင်းမေတ္တာပို့သပေးလျက်

သား

နိုင်

Read More...

Mother MOTHER mother'

အမေ အမေ အမေ့

Read More...

Tuesday, January 15, 2008

Picture THREE-FOUR

အမြင်ချင်းကွာမယ် ထင်ပါတယ် ။

ထင်တာလဲ ကွာမှာပါ ။

Read More...

Wednesday, January 09, 2008

Yam ( 1998 - 99 )

လွမ်းတယ်ကွာ ။

မင်းနဲ့ ခင်မင်ခွင့်ရတဲ့ ပထမဆုံးနေ့ကို မမှတ်မိဘူး ။ ပထမဆုံးရဲ့ အရသာကို အဲဒီအချိန်မှာ စတင်ခံစား တတ်ခဲ့ရတယ် ။ မင်းရဲ့ အရောင်အဆင်း တင့်တယ်လှပမှုကို မဖွဲ့နွဲ့ဖြစ်ခဲ့ဘူး ။ မင်းရဲ့ ပူလောင်မှုက ရင်ကို အေးချမ်းစေခဲ့တယ် ။ မင်းရဲ့ အပြင်အဆင် ခမ်းနားမှုတွေ တန်ဖိုးတက်လာမယ် ဆိုတာလည်း သတိမပြု ဖြစ်ခဲ့ဘူး ။

---

အဲဒီအချိန်က မင်းကို သပ်ရပ်မှုအနည်းအကျဉ်းဖြင့် ခင်းကျင်းပြသခဲ့တယ် ။ မှတ်မိတယ် ။ ပ၀ါစက အရောင်မတူ ။ အစွန်းနှစ်ဖက်က လွတ်တာလည်း ရှိခဲ့တယ် ။ နေရာထိုင်ခင်း ကျဉ်းကြပ်နေလို့လည်း ဖြစ်မယ် ။ လွမ်းမိတယ် ဟိုတုန်းက မန်းလေးညရေ လို့ အဆိုတော် အငဲ သုံးခွေဆက် လွမ်းသလို လွမ်းမိခဲ့ပါရဲ့ ။

---

မင်းကို စွဲမက်စေလိမ့်မယ်။ တခါတရံ မင်းရဲ့တန်ဖိုးတွေနှင့်အတူ ထပ်တူညီကျတဲ့ ပေးဆပ်ခြင်းတွေ လိုအပ်လိမ့်မယ်။ ခံစားချက်ပြင်းပြင်းတွေ မင်းနဲ့အတူ အရည်ဖျော်ပစ်နိုင်လိမ့်မယ်။ မင်းရဲ့ ဘေးဥပဒ်တွေ ဘယ်လို ဘယ်ပုံ ခံစားရလိမ့်မယ်။ အဲဒီအကြောင်းအရာတွေကို တွေ့ဆုံပေးသူက သတိပေးမသွားခဲ့ဘူး ။

---

မင်း ခွင့်လွှတ်တန်ကောင်းပါရဲ့။ ဖန်တီးမှုတွေ သိပ်ကြီးကျယ်တဲ့ ခေတ်က စိုးမိုးအနိုင်ယူခဲ့တယ်။ အရောင်အဆင်း ပြောင်းခဲ့တယ်။ အေးမြမှုတွေ နဲ့ ဇွတ်မှိတ် မြိုသိပ်ခဲ့ရတယ်။ အစိုင်အခဲကို ထုမခွဲနိုင်သလိုပေါ့ ။ အရောအနှောတွေ မြောက်မြားစွာနဲ့ မင်းကို တွယ်တာခဲ့တယ်။ မင်း ကဏ္ဍက ရေးကြီးခွင်ကျယ် ခပ်စွာစွာ ဖြစ်ခဲ့တယ်။

---

မင်းကို မေ့ပစ်နိုင်ခဲ့တယ်။ အမျိုးအနွယ်စောင့်ရှောက်ခြင်းလို့ ခေါင်းစဉ်ပေးရင် စိတ်မဆိုးဘူး ထင်တယ်ကွာ။ မင်းနဲ့တူတဲ့ ပုံစံ၊အရည်အချင်း၊အရောင်အဆင်း ။ ဒီအရာတွေနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့မိတယ်။ ခွင့်လွှတ်ပါကွာ။ အချိန်၊နေရာ၊ရာသီဉတု၊စိတ်၊အာဟာရ ဒါတွေလည်း ပါကောင်းပါလိမ့်မယ်။

---

သတင်းတွေကြားတယ်။ မင်းဘ၀နဲ့ မင်း အခြေတကျ ရပ်တည်နေပြီတဲ့။ တချို့နေရာတွေမှာ အရည်အချင်း မီတယ်၊ တချို့အချိန်မှာ မင်းက အသုံးမကျစွာ ခပ်နွမ်းနွမ်း ဖုန်တွေနဲ့ ရှိနေတယ်။ ကမ္ဘာချီ လွမ်းရအောင် မင်းကလည်း စွမ်းခဲ့တာကိုး။ ကမ္ဘာကလည်း သင်္ကေတတွေနဲ့ အသိအမှတ်ပြုခဲ့တာပဲ။ မင်းပျော်နေမှာပါ ။

---

ကိုးရှစ် ကိုးကိုး ပညာသင်နှစ်က ယမ်ယမ်ရေ …

လွမ်းတယ်ကွာ ။

---

Title word Yan. Yam ရသာမှန် ယမ်ယမ် ။ အမှန်ပြင်ပေးသူ E m 0 t i o n

Read More...

Sunday, January 06, 2008

Our speaking

ဂျကား

သူတို့ ပြောတဲ့ မူကြိုဂျကား

ပြောကြည့်ပါလား

အသူသူ သွဲသွား

တူလည်းတူ ဘဲနဲ့ပါလား

သူသူရေ ၀ါး ။

:-D

Read More...

Saturday, January 05, 2008

Should be die

ရွှတ် ဘီ ဒိုင်း

* ရွှတ် *

အဲမှာ စကြားတာပဲ ။ ဘယ်က အသံပါလိမ့် ။ လူတစ်ယောက်ကို အသံတိုလေးပေးပြီး လှမ်းခေါ်တာပဲ ။ ဒီမှာ လူတွေ အများကြီးပါ။ ငါ တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘယ်သူ့ကို ခေါ်မှန်းလည်း မသိဘူး။ ဟော ထပ်ကြားပြန်ပြီ ။

* ရွှတ် *

ငါ ကိုခေါ်နေတာပဲ ။ ဘယ်နေရာက ခေါ်ပါလိမ့် ။ အသံလှိုင်းတိုတိုလေးပဲ ။ သေချာပါပြီ ။ ငါ ခေါ်တာပါ ။ ဘာပြောချင်လို့ပါလိမ့် ။ အသံဖြစ်ပေါ်ပုံ သဒ္ဒါ ပြန်သင်ရမလို ဖြစ်နေပြီ ။ ဟုတ်ပါတယ်။ ကြားနေရတာပဲ ။

* ရွှတ် *

ပြောသာပြောတော့ ၊ ကြားတယ် ဗျို့ ။ ငါမသိ ၊ ငါမမြင်နိုင်သော အသံလှိုင်းများစွာ ရှိနေတယ်။ ခေတ်ကို မီအောင် မနည်းလိုက်နေရသော နားတချို့ကြောင့် အသံတွေ ပျောက်ဆုံးသွားရပြန်ပြီ ။ လိုချင်ရဲ့လား မသိ။

* ရွှတ် *

ဘာတုန်း ။ ရွာထူး ထူးလည်း ပြန်ထူးတာပဲ ။ ပြောပါ ခင်ဗျာ ။ ငါရေ…ရေ။ မနည်း နားစိုက်ထောင်ရတယ် ။ ကြားတယ် မပြောချင်လည်းနေတော့ဗျာ ။ ကျွန်ုပ် ခေါ်တာမှန်းတော့သိပါတယ် ။ နားလည်အောင် နားအာရုံခံပြီးနားထောင်ပါတယ် ။ အင်းမလိုက် အဲမလိုက်ဖြစ်နေလား မသိဘူး ။ ဘာတုန်း ပြော ။

* ရွှတ် *

မြန်မာ ရာသီသက္ကရာဇ် မမှတ်မိသော ဇန်န၀ါရီရေ ။ ကြားတယ်ဟ ။ ဖြူစင်တွယ်တာသော အသံဟောင်းတွေ ပေါ်ပြူလာ ဖြစ်ပါတော့မလား ။ ငါ ဒီတိုင်းကြားတယ် ။ အသံတည်တည်ငြိမ်ငြိမ်နဲ့ ဘကြီးဘုန်းကြီးမိန့်တာတောင် မေ့နေတာ ကြာပေါ့ ။ * ကြိုးစား ။ … တင်ပါ့ ဘုရား *

-----

လှချင်လှချည်ရဲ့ဆို ။ ငါတောင် မမီနိုင်သော အလှအပတွေ ။ ငါဘေးဘီဝဲယာမှာလည်း လှပါတယ်။ ဖန်တီးရှင်က ပိုလို့တောင် လှနေသေးတယ် ။ အသွေးအသားထဲက မာန်တွေလည်း လှနေလေရဲ့ ။ အမှတ်မထင် လမ်းမှာ ခလုတ်တိုက်ဖြစ်ခဲ့လျှင် လှတပတလေး လဲဖြစ်ဦးမလားပဲ ။

* အမိတော့ နောက်မှ တကြတာပေါ့ ။ *

ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တယ် ။ ငယ်တယ် ၊ နုနယ်တယ် ။ အင်္ဂလိပ်စာ တတ်ကြောင်းလည်း ကြွားလိုက်ချင်သေးတယ် ။ အဲတော့ ဘိုဆန်ဆန် နာမည် ခေါ်တာပေါ့ ။ ဘေဘီ ။ ချစ်စနိုးလေးနဲ့ အဖျားဆွတ် ခေါ်တာပါ ။ * ဘီ * ။

-----

တိရစ္ဆာန်လို မပြောပါဘူး ။ လူ့စိတ်ဖြင့် ခံစား သိမှတ်မိတော့ လူသံကြားရတာပဲ ။ အနိုင်အရှုံးတော့ ရှိမပေါ့။ မှန် ၊ မှားတော့ မြင်မိတယ်ဆို ကောင်းတာပေါ့ ။ ငါ့ကို ငါက ပြောတာ အသံအကျယ်ကြီး ကြားတယ် ။ ခေါ်မကြား အော်မကြား ။ နားကန်းနေလား ။ မြင်ခဲ့သားနဲ့ မကြည့်ချင်ဘူး မလုပ်နဲ့ ။ နှာခေါင်းရှုံ့ကြမှာ စိတ်နဲ့ ခံစားသိလိမ့်မယ် ။ အဲအချိန်ကျမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဖြစ်နေမယ်။ ငါ ငယ်ငယ်က ကစားပွဲမှာ ရှုံး ထွက် အတွက် ဗိုလ် ၊ ကျား ၊ သေနတ် ။ ခပ်မြန်မြန် လက်ကမ်း ခံရမယ် ။ လူတွင်ကျယ် လူစွာလုပ် ကျား ရုပ်ထုတ်မှ သေနတ်ပြမယ့် လက်ညိုး ၊ လက်မ က အသံထွက်လာမှာ မြင်ယောင်မိတယ်။

* ဒိုင်း *

Read More...

Thursday, January 03, 2008

I move my world. A little shake!

ကမ္ဘာတစ်ခု လှုပ်ခတ်သွားခြင်း

မောပမ်းသော ဘ၀မှာ နားနေရဖို့ ကြိုးစားခဲ့၏ ၊ အောင်၏လော၊ မှန်၏လော။

ဖြေဆိုသူမြောက်မြားစွာမှ လူသားတစ်ယောက်သည် လူလားမြောက်သော် … ။

အကောင်းကိုခင်တွယ် အပျက်ပျက်ဖြစ်မှာ မလိုလားဘူး ။ နှာခေါင်းမှ မဟုတ်သော သွေးတွေက ထွက်လို့ ပြိုပျက်သွားခဲ့သည်။ ရည်ရွယ်လမ်းကို တန်းတန်းမလျှောက်ချင်သော အလေ့တချို့က ရယ်သွမ်းနေလေရဲ့ ။ အဟောင်းတွေကို ကောင်းသေးတယ် ပြောဆိုပြီး လက်၊ပါးစပ်ဖြင့် စားခဲ့တာတွေတောင် မေ့ကုန်ကြလေရဲ့ ။ ဓလေ့ပါဆိုနေမှ ။ သတ်မှတ်ထားသည်။ သတ်မှတ်နေသည်။

တင်းနေပြီ ။ ချုပ်တည်းမှုအချို့ကို ထိန်းသိမ်းထားချိန်၌ အသံ ထွက်ပေါ်လာတော့သည် ။ စကားကတိုသွားသည် ။ လွယ်သွားသည် ။ စိတ်ကို အမြန်လွှတ်ပေးလိုက်လို့ ထင်ပါရဲ့။ ပြောပါများတော့ တိုသောစကားက တာသွားသည် ။ ခပ်ရှင်းရှင်းဖြစ်လျှင်ပိုကောင်းမည် ။ သို့သော် ရှုပ်တုန်း ။ တင်းကြပ်လာသော အခြေအနေများမှ သတင်းတွေ ၊ အတင်းတွေ ပေါ်လာနိုင်သည်။ လိုချင်တောင့်တမှု ၊ လုပ်ငန်းဆောင်တာများကို မှတ်သားထားနိုင်သည် ။ ဥပမာ ဆိုကြပါစို့ ။

ကမ္ဘာလုံးအပြင်မှာ စကြ၀ဠာ ။ စကြ၀ဠာ အပြင်ကကော ။ ရောက်ချင်လိုက်သာ ။ သွားသေလိုက်ပါလား ဆိုခဲ့သော် မဖြစ်ပြန် ။ ရှင်ခြင်းကို ချစ်တုန်း ။ သေဖို့ကို မုန်းတတ်တုန်း ။ ခမ်းနားကြီးကျယ်မြင့်မြတ်သော ကြမ်းပိုးဟု ဆိုပါစေ လိပ်မျိုးဆက်ဟုတ်မဟုတ် မသေချာပါ ။ အခွံပါပုံ ၊ ခုံးသော သဏ္ဌာန်ကြောင့် ခိုင်းနှိုင်းပြောဆိုခြင်း ဖြစ်မည် ။ ဥပမေယျတွေ များပြားလာတော့သည် ။

လမ်းလျှောက်သင်စ ကလေးတစ်ယောက်သည် ဂျောင်းဂျောင်းပြေးရန် မဖြစ်နိုင်ပေ ။ ကိုယ်ဟန်အထိန်း ကောင်းမွန်စွာ တတ်ကျွမ်းမှ ဖြစ်မည် ။ လူလားမြောက်သော် … ။

***

* အမေ သား တီဗီ သွားကြည့်မလို့ *

* စာကြည့်ဦး ၊ မသွားရဘူး *

* ကလေးအကြိုက် ကာတွန်းကားအစီအစဉ် လာနေပြီ အမေရ *

* သွား ၊ ပြီးရင် အမေ့ကို စာပြန်ပြီးမှ ထမင်းစားရမယ် *

***

* သား စာကျက်လေ *

* ဗိုက်ဆာပြီ အမေရ *

* အမေ ထမင်းပွဲ ပြင်လိုက်မယ် *

* သားလည်း ၀ိုင်းကူမယ် အမေ *

***

* စားပြီး အိပ်ငိုက်မနေနဲ့ သား *

* သား စာကြည့်ပြီးမှ အိပ်ရမယ် *

* သင်ခန်းစာတွေ မှတ်မိလား ၊ မနက်ဖြန်အတွက် အိမ်စာတွေ ဖြေပြီးပြီလား *

* စောစောကတည်းက ပြီးသွားပြီ အမေ *

* ဒါဆိုလည်း ဘုရားရှိခိုးပြီး အိပ်တော့လေ သား *

***

+ ဆရာမက စာ(၁၀)ကြောင်းရေးခိုင်းတာ သား အရင်ပြီးတယ် အမေ +

* ဘာအကြောင်းလဲ သားရဲ့ *

+ သင်သည် ကျောင်းဆင်းပြီးချိန်တွင် မည်သည့်အရာများကို လုပ်ဆောင်သနည်း တဲ့ အမေ +

* သားရေးထားတာ ပြပါဦး *

ကျောင်းဆင်းပြီးချိန်

ကျွန်တော်သည် ကျောင်းဆင်းချိန်တွင် ကျောင်းပေါက်ဝသို့ ပြေး၍ သွားပါသည်။ အိမ်သို့ အမြန်ဆုံး ပြန်ရောက်ချင်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်သည် အိမ်အနီးတွင် သူငယ်ချင်းများနှင့် ကစားလေ့ရှိသည်။ ကျွန်တော်သည် အမေနှင့်အတူ ကျောင်းဆင်းပြီးချိန်တွင် ဈေးသို့သွားလေ့ရှိသည်။ ကျွန်တော်၏ အမေသည် ညစ်ပေသော အ၀တ်များကို ကျောင်းဆင်းပြီးချိန် ညနေပိုင်းတွင် လျှော်ဖွပ်လေ့ရှိပါသည်။ ကျွန်တော်သည် အမေ့လျှော်ပြီးသော အ၀တ်များကို ကြိုးတန်းတွင် ဖြန့်လှန်းပါသည်။ မီးဖိုချောင်၌ အမေအား ၀ိုင်းဝန်းကူညီပါသည်။ ကျွန်တော်သည် ရုပ်မြင်သံကြားမှ ပြသသော ကလေးများ အစီအစဉ်ကို ကြည့်ရှုပါသည်။ ထမင်းစားပြီးမှ အိမ်စာများကို လုပ်လေ့ရှိပါသည်။ ကျွန်တော်သည် သွားတိုက်၊ဘုရားရှိခိုးပြီးမှ အိပ်ယာဝင်ပါသည်။

***

ဒီစာသားတွေ အမေသာ ဖတ်ဖြစ်ရင် ဘာများပြောဦးမလဲ မသိ။ ဖြစ်နိုင်ချေကတော့

* သားရယ် *

……

……

……

Read More...

Saturday, December 29, 2007

I sung a song at 2007



*****

မူရင်း သီချင်း

***

ချစ်ကံဆိုး

တေးရေး ထွဏ်းခမ်

တေးဆို ညီရဲ ၊ ကြိုးကြာ

သရုပ်ဆောင် ဇေယျ ၊ မုန်း

ဒါရိုက်တာ ခင်စန္ဒာမြင့်

တည်းဖြတ် ဝေယံလင်း

* ချွေးစက်များနဲ့ ဘ၀ဟာ မောပန်းနေလည်း ….. အားပေးတတ်တဲ့ချစ်သူ နားမှာရှိတယ် *

* နူးညံ့ခြင်းနဲ့ အချစ်တွေ ရှေ့ဆက်နိုင်ဖို့ ..... နှလုံးသားများနဲ့ ဘ၀ကိုတည်ဆောက်ကြမယ် *

* စိတ်ကူးများ ရှေ့ဆက်ကာ အိပ်မက်နေဆဲ ….. ရက်စက်တဲ့ စကားလုံးတွေငါခံစားမယ် *

* လမ်းခွဲမယ့် စကားလုံးတွေ မကြားချင်ဘူး ..... အရိုးသားအချစ်ကိုးကွယ်နိုင်မလား အချစ်ရယ် *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *

* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *

* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *

* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)

(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)

(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)

(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)


Read More...

Tuesday, December 25, 2007

Creation of presentdummy 2

လူတူ-၂

* လူတူ အိပ်စက်ခြင်းမှာ အတော်ကြာခဲ့ပြီ ။ အသိတရား ဆိုသောအရာက လှပဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့သည်၊ လှလိုက်တာ ။ လှနေလိုက်တာ ။ လှလွန်း၏ ။ သို့သော် လှပခြင်း၌သာ အချိန်ကုန် ကြာညောင်းခဲ့သည်။ လူတူ လှလှ ထိန်းမရ ဖြစ်နေတော့သည် *

* လူတူ ဖြတ်ခနဲ မျက်လုံး ပွင့်လာသည် ။ စကြ၀ဠာကိုမသိ ။ နေ့နေလား ညနေလား မသိ ။ တဂျီဂျီသံ ခပ်ဖွဖွ ၊ ချောက် ၊ ရရပ် ၊ ရှပ် ၊ ကျီ ၊ ဝေါ ။ ခပ်မှန်မှန် ပေါ်ပေါက်လာသော အသံတို့က အအေးအနွေး ထိန်းသောစက်မှ နားစည်သို့ လှုပ်ခတ်လာသည် ။ ကြားခြင်းဖြစ်မည် ။ သို့သော် အရင်ထိပြီးမှ ကြားရသည် ။ အနီးအနားမှာ အဝေးထိန်းသော ခလုတ်တစ်ခုကို ဖိမိနေ၏ ။ ဒါကြောင့် ဒီအသံ ဖြစ်ပေါ်နေတာ ဖြစ်မည် ။ *

* မကြာမီ ဆတ်ခနဲ လှုပ်ရှားမှုများ တရစပ်ဖြစ်ပေါ်လာတော့သည် ။ မျက်တောင်ခတ်ခြင်းလည်း ပါ၏ ။ အသက်ရှိမှု ကျန်မကျန် ၊ ကိုယ့်အသံဖြင့် တကိုယ်တည်း ပြောဆိုလိုက်သံဖြစ်သည် ။ နိုးပြီလား … လား ။ အနံ့ကင်းသော နေရာဖြစ်ပါလျှက် အနံ့တစ်ချို့ သင်းနေသည် ။ ကိုယ်သင်းနံ့များ ဖြစ်နေသည်။ ဒါကို ဂရုမထားပါဘဲ လစ်လျူရှုနေလိုက်၏ ။ *

* အာရုံခံများ၏ လှုပ်ရှားမှု မြန်ဆန်ခြင်းကြောင့်ဖြစ်မည် ၊ ခံစားမှုအများအပြား ဖြစ်ပေါ်နေတော့သည် ။ ပူလာ အေးလာ ကျင်လာ ကိုက်ခဲနာကျင်လာတော့သည် ။ အချိန် အနည်းငယ်မျှကြာသော်လည်း တိုး၍သာ လာနေသည်။ ရပ်တန့်ရန် မဖြစ်နိုင်ပေ။ *

* လှည်းမောင်း ၊ မြင်းမောင်းသလို နှေးတခါ ၊ မြန်တလှည့် တရစပ်ကို ပြုမူနေတော့သည် ။ ရပ်ခြင်း ၊ တုန့်ခြင်း အလျင်းမျှ မရှိသလို ခံစားရပြန်သည်။ သို့သော် ရပ်တန့်နေသည်။ ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရပ်သည်ဆိုရုံကလေးမျှသာ ။ *

* စစ်ကနဲမြည် ပြီး အရွေးများသော လမ်းကို ခပ်သွက်သွက် လျှောက်လှမ်းကြသလို အဆောတလျင် ခြေလှမ်းတို့ဖြင့် လှမ်းပြီးရင်း လှမ်းရင်း ၊ ရောက်ပြီးရင်း လှမ်းရင်း ကျန်ခဲ့သည်လည်း ရှိကြသည် ။ တည်နေရာ အရွေ့များစွာ ပေါ်ပေါက်နေတော့သည် ။ *

* ဆက်လှမ်းရန် မဖြစ်နိုင်ခြင်းများ ပေါ်လာသည် ။ ကွေ့ကောက်သော သွားလာလှုပ်ရှားခြင်းလည်း ပြုလုပ်လျက်ရှိ၏။ ရှေးရိုးရာ စကားပုံများကို ပြန်လည်ဆန်းသစ်စေသော အနေအထိုင် ပြုမူခြင်းတို့ ကျူးလွန်မိ၏ ။ လွန်တာရှိ တောင်းပန်ပါ၏ ။ ခံစားချက် ၊ ခံစားချက် ဖြစ်ပျက် ၊ ဖြစ်ပျက် သတ်မှတ်ချက်ကို သတ်မှတ်ပြီးရင်း သတ်မှတ်ပြန်၏ ။ မှတ်ခြင်းသာစွ လူတူ လှလှ ဖြစ်နေတော့သည် ။ *

* သို့သော် လူတူ လှုပ်လှုပ် အကျိုးမယုတ် ခပ်သုတ်သုတ်တော့ သွားနေလေရဲ့ ။ *

* တရံတခုတ် အကျွန်ုပ်လို့လည်း သုံးတတ်ပါရဲ့ ။ *

* ပျားရည်ချိုစေလို သကြားခပ်ရောရော ဈေးပေါပေါရောင်းတယ် ထင်မှာလည်း စိုးတယ်ကွယ် ။ *

* အမှန်က ဖန်တီးမှုလုပ်ဆောင်ခြင်းသည် လူတူဖြစ်လာရပေ၏ ။ *

* လူတူအောင် လူလုပ်မှတော့ လူနဲ့တူလာပြီပေါ့ ။ *

* လူစိတ် ဖြစ်ပေါ်မပေါ် ၊ လူစိတ် ရှိမရှိ ခံစားမိ သတိရှိခဲ့လေပြီ ။ *

* သင် ဖတ်ပြီး၍ ဖန်တီးမှုပေါ် အကျွန့်အား ခေါ်ပါအံ့ ။ *

* ကောင်းချီးလည်း ပေးပါအံ့ ၊ အဆိုးအကောင်း အမျိုးပေါင်းလည်း စုစည်းထားမည် အမှန်လာလတ္တံ့ ။ *

-----

ရေးသားပြီးစီးချိန် နံနက်ချိန်သာ ၃ နာရီ အခါ ။

ခံစားသိမှု ပြတ်တောက်ချိန်ပေါင်း ကွန်ပြူတာမှတ်စက်ဖြင့် ချိန်စက်သော် ဖိုင်များစွာကို ရယူပြီးချိန် ပုံပါအတိုင်း



သာမန်မှတ်သားမှု

Tuesday, December 25, 2007

ဖွဲ့တည်ခြင်းအစ (Start: Man , Woman )

အဆုံးသတ် ဖိတ်ခေါ်မှု (/End: writing )

ရက်စွဲနှင့် ခွင့်ပြုချက် အထက်နှင့်အောက်ပါ အတိုင်း

အခြေခံအုတ်မြစ် Creation of presentdummy

Read More...

Friday, December 21, 2007

Sleeping baby


Thank Metacafe!
Many styles of sleeping !_!

Read More...

Thursday, December 13, 2007

Real story

ပုံပြင်

* ဟိုးရှေးရှေးတုန်းက * ဒီစကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပုံပြင်ပြောဆိုချိန်မှာ သုံးလေ့သုံးထရှိကြသည်။ ဒီကလိုနဲ့ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်ဟာ မိုးပြိုပြီဆိုပြီး ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ယုန်များစွာထဲမတော့ မိုးပြိုမှာကို တွေးကြောက်သော ယုန်တွေရှိခဲ့ကြတယ်။

တစ်တောင်ပေါ်တစ်တောင်ဆင့် ပေမယ့်

တောင်ကြီးဖ၀ါးအောက်

ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်

ပင်လယ်ကူးခတ်တယ်

ကျယ်ပြောပင်လယ် မြောက်မြား ပေမယ့်

လှိုင်းကြီးလှေအောက်

ဖ၀ါးတွေ လှေတွေ

အားကျလို့

ခပ်ဖွဖွတူးမိကြ

မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ (၇)ပေလှလှပေါ့ ။

မိုးဖြိုမယ် မိုးဖြိုမယ်နဲ့

ပြိုပြိုသွားတဲ့ စိတ်ထည်တွေ

လာထား ။

ကျနာမစိုးလို့ ဖေးမကူ

ရိရွဲစုတ်ပြတ် အထည်ပျက်မှာမို့

ဇကာကွက်လှလှတပ်ဖို့

အပ်ချုပ်ကြဦးစို့ ။

* အပ်ချုပ်သည် *

သွေးကြတုန်း

သေးကြတုန်း

ကြီးငယ်ဆိုဒ်စုံ သုံးကြတုန်း

ဒီနဖားကို အဘွားလည်း အမြင်ကပ်တုန်း

သို့သော်လေ သူတို့က ပျော်မဆုံး

ရွှင်ရွှင်ကြီးခံသုံး

အပ်ပေါက်ထိုးတုန်း

ချုပ်နေကြတုန်း

လက်ချုပ်စက်ချုပ်တွေ တွင်ကျယ်မဆုံး ။

အပြောကျယ်လောင် ဆာသယောင်မို့

တစ်ထွာမျှဝမ်း

ကျဉ်းကျုံ့လှုပ်လှုပ်

အပူငြိမ်းဖို့

ထမင်းစားကြဦးစို့ရယ် ။

Read More...

Monday, December 10, 2007

I found snow. Copy that! You are welcome!

For You

Refer: A continuous deformation between a coffee mug and a donut illustrating that they are homeomorphic. But there does not need to be a continuous deformation for two spaces to be homeomorphic.

Read More...

Thursday, December 06, 2007

I write DVD with DVD-RAM

ကိုယ်တိုင်ရိုက်သော ဒီဗီဒီတစ်ချပ်

စီစဉ်ထုတ်လုပ်သူ နှင့် ဒါ ရိုက်တာ - ကျွန်တော် ခံစားတင်ပြသည် ။

ငယ်တုန်းက ကလေး။ အပြင်သွားလာလည်ပတ်မှု အမြဲနှစ်သက်သည်။ ထမင်းစားချိန်မှအပ ကျန်အချိန်သည် ကစားခုန်စားချိန်သာ ဖြစ်သင့်သည်ဟု ထင်သောကလေးတစ်ယောက် ဖြစ်ခဲ့သည်။ မြင်ရကြားရသည်။ သွားရင်းလာရင်း ငေးမောကြည့်ရှုနားထောင်ခဲ့သည်။ အမှန်တကယ်လိုအပ်မှုသည် နားမလည်မှုဖြစ်သည်။ အပြင်သွားရန် ဖိနပ်စီးသယ်။ဖော့ဖိနပ်ရယ်။ ရာဘာဖိနပ်ဖြစ်သည်။ အမေ့အသံက

* ဖနပ်စီးသွားနော် ၊ ဒီကလေးနဲ့ နေပူမိမယ် *

ညနေ နေ၀င်ခါနီး လမ်းသွားလမ်းလာရှုပ်ထွေးတတ်သည်။ ကလေးများသည်လည်း နေရှိတုန်းလေး ဆော့ကစားချင်သည်။ ညမိုးချုပ်လျှင် လူမစုံတတ်သောကြောင့် ဖြစ်သည်။ လူစုံပြီ ။ စုံမပေါ့ ။ ထိုနေရာကား ပွဲဈေးခင်းတစ်ခု ဖြစ်နေသည်။ ခင်းကျင်းမှု အမျိုးစုံလင်စွာဖြင့် ဆိုင်များတွင် လူစည်ကားနေ၏။ ကလေးအတွက်လည်း ရှိသလို လူကြီးများအကြိုက်လည်းပါ၏။

မိုးကားချုပ်ပြီ။ အချိန်ရာသီက ပွဲတော်လရာသီ။ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ တန်ဆောင်တိုင်ပြီးချိန်မို့ ပွဲတော်သာက နေရာမလပ် ထပ်သည်လည်း ရှိ၏။ တိုးတိုးကြိတ်ကြိတ် စည်ကားသည်လည်း ရှိ၏။ အငြိမ့်၊ဇာတ်၊ရုပ်ရှင်ပိတ်ကားထောင် အစုံစုံက သူ့နေရာနှင့်သူ ။ ကိုယ်မြင်ရာကြည့်သလို ကိုယ်ဝါသနာပါရာလည်း ကြည့်ကြသည်။

အမေ သေသေချာချာမှာလို့ စီးလာသော ဖိနပ်က အခုမှ အသုံးဝင်သည်။ အသစ်မဟုတ်သော်ငြား ထိုင်လို့ကောင်းသည်။ ကတ္တီပါဖိနပ်မစီးဘူး ။ မိုးတွင်းတုန်းကလည်း ထီးမကိုင်ချင်လို့ မိုးကာပဲခြုံသည်။ ဒါပေမယ့် ပွဲခင်းကဆိုသံကြားနေ၏။

* ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းသူများ *

ပွဲပြီးတော့ ဖိနပ်လေး အသာစီးပြန်လာခဲ့သည်။ ခပ်နွေးနွေးလေး ဖြစ်နေသည်။

***

အချိန်ရေစီးခိုင်းနှိုင်းနေကြမို့ဖြစ်မည်။ ဒီတော့ စီးသည်ပေါ့ ။ ရပ်နေသော နာရီများမြင်ဖူးသည်။ လည်ပတ်ရန် အားကုန်နေခြင်း ဖြစ်သည်။ လူလုပ်ကိုး ။ ရေစီးရေလာကောင်းသော မြောင်းမှ ရေစီးသည် ချောင်း ၊ မြစ် ဖြစ်လာသည်။ ထို့နောက် ကျယ်ပြောသော ပင်လယ်ပြင်ထဲသို့ စီးဝင်၏ ။

လူ့ဝန်းကျင် အသိုက်အ၀န်းကား ကျယ်ပြောလှ၏။ စတင်စီးဆင်းလာသော ရေသည် ဘယ်နေရာ ဒေသသို့ ရောက်ရောက် ရေသာဖြစ်သလို လူသားသည် လူငယ် မှ လူကြီး ဖြစ်လာသည်။ စီးဆင်းလာသော နေရာ ဒေသအမျိုးစုံကြောင့် ရေပြောင်းလဲမှုဖြစ်ပေါ်သည်။

* ပြောင်းလဲသွားတယ်နော် ၊ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့ *

***

ငယ်စဉ်က ဖိနပ်ဖင်ခု ကြည့်ရှုရသော ပွဲတော်များစွာကလည်း ပြောင်းလဲလာသည်။ အသံသွင်း ဓာတ်ပြားများ ၊ ကက်ဆက်ခွေများ ဖြင့် နားသောတဆင်နိုင်သည်။ ဂီတပြောင်းလဲလာခြင်းဖြင့် နားသောကလည်း ဖြစ်နိုင်သေးသည်။

* မကြောက်ပါနဲ့ မမြ၀င်း ၊ ဗိုလ်အောင်ဒင် …. ပြန်လာပြီ *

* အသံသာသာ တေးကိုသာ … *

* ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာပြီ … ဘယ်သူတွေ ရမယ် ထင်လဲ *

***

လူသည် စိတ်၊ခန္ဓာဖြင့် ခံစားတတ်ကြသည်။ မနေ့များစွာသော အတိတ်တွေကို နားလည်ကြသည်။ ခံစားကြသည်။ ရုပ်ရှင် ၊ ဂီတ ၊ ပန်းချီ စသော အနုပညာပစ္စည်းများစွာကို တိုးချဲ့ဖန်တီးလာသည်။ စာတင်မယ် ။ ခံစားမှုရင်ခွင်သစ်များစွာဖြင့် ရာဇ၀င်မှာ စာတင်မယ် ။

***

တီထွင် ဖန်တီးကြသည်။ ခေါင်းစဉ်များစွာဖြင့် မှတ်သားထားသည်။ လိုအပ်သည်များကို သိမ်းဆည်းသည်လည် ရှိ၏။ မြန်ဆန်သော လျှပ်စစ်ဖြင့် သတ်မှတ် စုစည်းလိုက်၏။ ဒီဗီဒီဟု ဆိုထားသော လေဆာဓာတ်ပြားတစ်ချပ် ထွက်လာသည်။

ဇာတ်ဝင်ခန်းတစ်ခန်း စတင်လာသည်။ ကင်မရာမြင်ကွင်းသည် ခန္ဓာကိုယ်မှ မျက်နှာဆီသို့ ဦးတည်သွားသည်။ မင်းသား ၊ မင်းသမီး ပြုံးသွားသည်။ ပြီးပြီ ။ အားလုံး ပြီးဆုံးသွားပြီ ။

* ဒီဇာတ်ဝင်ခန်းက ရုပ်ရှင်အကယ်ဒမီ ရသွားသည် *တဲ့ ။ လူတွေအားလုံး ပြုံးတာကို သဘောကျသည်ပဲ ။

p.s: List of my DVD

1. Start-Human age

2. Rosé owner

3. (95) U_BA_THEIN_A_NYEINT

4. 16_year song from movie

5. A_Chit_Kan_Soe

6. NOTHING ELSE MATTERS-1991< http://naing1.blogspot.com/2007/08/staind-nothing-else-matters.html#comments>

7. What time finish war< http://naing1.blogspot.com/2007/07/when-war-finished.html>

8. Avril Lavigne - The Best Damn Thing (2007)

9. Lay Phyu (New songs)

10. Necessary_software <http://en-us.www.mozilla.com/en-US/firefox/about/> KLCODEEXE

11. NESTOPIA and Games of Nintendo

12. Sone_Si_Na_Phar_Media

13. Andalasia

14. Ratatouille


Read More...

Friday, November 30, 2007

Nice Hand Shadow

အရိပ်ပြရင် အကောင်ထင်တယ်တဲ့ ။ ဘာကောင်တွေလဲ မသိဘူး ။



Thank presenter and meta cafe .

Read More...

Thursday, November 29, 2007

baby_meditation


Thank RealEnlightenment.org

Read More...

Wednesday, November 28, 2007

Love' melody

* ကိုကို လမင်း *

* ပြော ကြယ်လေး *

* ကိုကို လမင်းကို သိပ်ချစ်တယ် သိလား *

* ဘယ်လောက်တောင် ချစ်တာလဲ ကြယ်လေး *

* ဟောဒီ စကြာဝဠာကြီးလောက် ချစ်တယ် *

* ယုံလိုက်ပြီ *

* ကိုကို ကိုသာမယုံတာ *

* ဘာလို့ မယုံတာလဲ *

* ကြယ်လေး ကြယ်လေးနဲ့ ဘယ်လောက်တောင် များများခေါ်ခဲ့ပြီလဲ *

* အော် ကြယ်လေးရယ် *

* အခုမှ ကြယ်လေးရယ်တဲ့ … ပြော…ဆို *

* သိပ်များများစားစားမဟုတ်ပါဘူး *

* မရဘူး … မရဘူး အတိအကျကို မှတ်ထားရမယ် ပြော… ဆို *

* ကြယ်လေးကလည်းကွာ *

* ကိုကို လမင်းကိုကျ သိပ်ချစ်တာ ပြောပြသားပဲ *

* ကြယ်လေးရယ် *

* မရဘူးကွာ ပြော … ပြ *

* ကြယ်လေး ဘေးနားကနေ မဆိုးရဘူးလေ *

* ကိုကို လမင်း ပြောမှာလား မပြောဘူးလား *

* ကဲ ကဲ ပြောပြမယ် နားထောင် ကြယ်လေး *

* ပြောပါဆိုမှ *

* ကြယ်လေးက ငယ်သေးတော့ နားမလည်သေးပါဘူး *

* ဘာပုလည်း ငယ်တော့ *

* လောကမှာလို့ အစချီတာနဲ့ ကြယ်လေး ပျင်းနေပြီမလား *

* မပျင်းပါဘူး နားထောင်နေတယ် ကိုကိုရဲ့ *

* သံယောဇဉ်ဆိုတာ အလင်းလိုပဲ … ခဏတာ မြန်မြန်ကြီးမြင်လိုက်ရပေမယ့် အချိန်ကြာကြာလင်းပြန်တော့ လင်းလှချီလား လင်းလိုက်တာလို့ တသသ ညည်းညူမိတယ် *

* အင် … ကိုကို လမင်းကလည်း လင်းလက်တောက်ပတယ် လို့ ပြောစမ်းပါ *

* မြန်နှုန်းနိမ့်မြင့်တွေ အကွာအဝေးတွေ ကြယ်လေး နားမလည်ပါဘူး *

* အင်း … နားမလည်ဘူး … ကိုကို ပြောပြ *

* အလင်းရောင် များများ မလိုချင်ဘူးလား ကြယ်လေး *

* အိုး … လိုချင်တာပေါ့ *

* အခု ကြယ်လေးက လင်းနေတယ်နော် *

* သိသားပဲ ကိုကိုလမင်းကြောင့် လင်းနေတာလေ *

* လမင်းကြောင့် ကြယ်လေးတွေ မဆုံးရှုံးစေချင်ဘူး *

* အာ … ကိုကိုကလည်း *

* အချစ်ကြောင်းမပြောခင် ကြယ်လေး အချစ်ကို ဘယ်လိုနားလည်သလဲ *

* ကြယ်လေးကတော့ ကိုကို လမင်းကို ချစ်ကြောင်း သက်သေပြမယ် *

* ကြယ်လေးက ဘယ်လို သက်သေပြမလို့လဲ *

* ကြွေပြမယ်လေ ၊ ကြယ်ကြွေလေးပေါ့ *

* ယုံပါတယ် *

* အမယ် ကိုကို လမင်းအသံက မယုံသလိုပဲ *

* မဟုတ်ပါဘူး တခါတလေ ကြယ်လေးတွေ မကြွေတာကောင်းပါတယ် *

* ဘာလဲ ကြယ်လေးကို မယုံတာလား … ခုချက်ချင်း ကြွေပြမယ် လေ*

* လင်းပါ တောက်ပစွာ နံဘေးက လင်းနေလိုက်စမ်းပါ ကြယ်လေးရယ် *

* ကိုကို အဲဒီလိုမျိုး ဘယ်နှစ်ကြိမ်မြောက် ပြောခဲ့ပြီးပြီလဲ *

* မဖြေပါရစေနဲ့ ကြယ်လေးရယ် *

* ကိုကို မညာနဲ့နော် *

* ဟောဒီ စကြာဝဠာကြီးက သက်သေပါကွယ် *

* ဒါဆိုပြောပြလေ ၊ ဘယ်လောက်တောင် များများပြောခဲ့လဲ *

* ဟောဒီ လောက စကြာဝဠာကြီးလောက် ပြောခဲ့ပါတယ် ကြယ်လေးရယ် *

* ဟင် … အများကြီးပေါ့ *

* ဟုတ်တယ် ကြယ်လေး ၊ အများကြီး အများကြီး *

* ကိုကို လမင်း *

* ကြယ်လေး ပြောလေ *

* ကြယ်လေးလင်းပါတယ်နော် *

* လင်းပါတယ် ၊ လင်းလက်တောက်ပနေပါတယ် *

* ကိုကို လမင်း ဒီထက်ပိုပြီး လင်းလက်အောင်လုပ်လို့ရလား *

* မလုပ်ချင်ပါဘူး ကြယ်လေးရယ် *

* အာ ….. မရဘူး ဒီထက်လင်းအောင် လုပ်ပြ *

* ကြယ်လေးရယ် ….. မလုပ်ပါရစေနဲ့ *

* ဟောဒီ စကြ၀ဠာကြီး တစ်ခုလုံး လင်းအောင်လုပ်ပြ *

* ကိုကိုလမင်း လင်းလွန်းရင် ကြယ်လေး ကြွေသွားလိမ့်မယ် *

* ကြွေကြွေ … လင်းပြ ၊ လင်းလက်တောက်ပနေအောင် လုပ်ပြ ၊ နေပြ *

* ကြယ်လေးရယ် *

လူ့လောက ကမ္ဘာသားတွေက လမင်းကြီးထိန်ထိန်သာနေတာကို မြင်တွေ့နေရပြီ ။

ကြယ်ရောင်ပျောက်သောကောင်းကင်မှာ လမင်းတစင်းတည်း လင်းလက်နေသော ကြယ်ကြွေညတွေ။

လင်းလက်တဲ့ လမင်းရဲ့ချစ်ခြင်းတီးတိုးစကားတွေကို ကြယ်လေးကြားပါစ။

* လင်းနေပါတယ် ကြယ်လေးရယ် *

Read More...

Friday, November 23, 2007

Fire' sound

မီးသံ

ဟိုဘက်က တဒိန်းဒိန်း

ဘာသံလဲမေး

မေးပါနဲ့လေ

ပျော်ပွဲတွေ မီးရှူးလွှတ်တယ်

ဗျောက်သံပါကြား ။

ကြားရတဲ့မီးသံ

အိမ်လွမ်းသူ ဆွေဖော်အပေါင်း

ကြည့် ကြည့်ကာ ချောင်း။

ပျော်ပွဲလာ ရွှင်မော်ကြွား

စု စုကာသွား။

ပမာလေ ထလျှင်ဖြင့်

ရွာပွဲတွေ စီချိန်

Day တက်ရ ကျောင်းသူ၊သားက

ပြန်ချင်လှလှ။

မတတ်သာ ရွာလွမ်းရုံပ

မီးသံလှ ညိမ့်ညောင်းကို

တိုးတိုးဖော် တူတူစု

အသာကြည့်ရှု ။

Read More...

Tuesday, November 20, 2007

New slideshow

Test It!

Read More...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်