Tuesday, October 23, 2007

iiiii

ကျွန်တော်

မမြင်တော့ ငေးတယ်
နားက ခဏခဏ ယားတယ်
အအေးမိပြီး ချောင်းဆိုးနှာချေတယ်
ထိုင်ဖန်များတော့ ညောင်းတယ်
တွေးရင်းနဲ့ ၀စ္စပေါက် ပျောက်သွားတယ်
မင်းလား ငါလားဆိုပြီး ရန်စနေတတ်တယ်
ငြိမ်အောင်ထိန်းဖို့ သဘာဝကရေပေးသောက်တယ်
အချို စားလို့ သွား မကောင်းဖြစ်ရတယ်
အစာမြန်မြန်စားဖို့ ဦးနှောက်နှင့် အစာအိမ်မှ မကြာခဏအချက်ပေးတယ်
အရိုးပေါ်အရေပြားဖုံး ၀န်ထမ်းဘ၀ကို ပျော်နေတယ်
ကြောက်တတ်လား ၊ ကြောက်ပါသည်။
မမွေးခင်ကကြောက်သလား ၊ ဟုတ်ကဲ့ အမေ ၀မ်းနာတာ သက်သေရှိတယ်
ခြေလှမ်းတိုင်းမှာ အားပါတယ် ။ လေးဖက်တွားကတည်းက ခြေထောက်ကိုအားကိုးခဲ့တယ်
ကျောင်းတော်သာမှာ အာရုံတွေများပြားတယ်
သီချင်းကျယ်ကျယ်ဖွင့်ပြီး နားထောင်လိုက်တယ်
အငြိမ့်ကြည့်ပြီး မျက်ရည်ထွက်အောင်ရယ်ဖြစ်တယ်
*ရယ်သောသူ အသက်ရှည်၏*လို့ ကြားဖူးတယ် ။ ရပ်ပြီး ရယ်တတ်လာတယ်
စစ်ကနဲ ကျဉ်သွားသော စိတ်
ငါ
သူ
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ
နာမ် ရုပ်ကို မခွဲတတ်ဘဲ သဒ္ဒါမှတ်တတ်လာပြီ ။
အသုံးတည့်သော *မြေ ၊ ရေ ၊ လေ ၊ နေ* အား ကျေးဇူးတင်ပါသည်။

2 comments:

Layma said...

ကိုနိုင်... ရဲ့စာတွေကိုဖတ်လိုက်တိုင်း ဦးနှောက်က တရစပ်အလုပ်လုပ်တယ်...။ တခါတလေ ဥာဏ်မမီဘူး..။ ရေးပဲရေးတတ်..တွေးပဲတွေးတတ်နိုင်လွန်းတယ်နော်...။ တခါတလေ..အဲလိုရေးကြည့်ချင်တယ်..။ ဒါပေမယ့် ဖတ်တတ်ဖို့ အရင်ကြိုးစားရဦးမယ်။။။ ဒါနဲ့  စိတ်မဆိုးရင် ၁ ခုမေးမယ်..။ ကိုနိုင်ရဲ့ အသက် ဘယ်လောက်ရှိပြီလဲ..။ လေးမ ထက်ငယ်သလားကြီးသလားသိချင်လို့ပါ...။

naing said...

လာဖတ်လို့ ကျေးဇူးပါ ခင်ဗျာ ။ ၂၇ ပြည့်ပြီးရုံလေးပါ ။ မ လေးမနဲ့ အသက်အရွယ် တူမယ် ထင်ပါတယ် ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်