Thursday, January 31, 2008

Bye!

နှုတ်ဆက်ပါတယ်

သံယောဇဉ် အမျှင်မျိုး

ခိုးလို့ ရစ်နှောင်

မရုန်းပေါင်

ခိုကိုးမယ့်မောင် ။

သို့ပေငြား

ရက်အားပို

လိုလိုအင်အား

စိတ်အားမပြို

ထူထောင်စွမ်းအောင်

နှုတ်ဆက်ခဲ့ဗျား

ကြားပါစေသား ကြားစေသား ။

***

လောကတို့ ဘ၀တို့ကို မင်းတွေ ၊ ခင်ဗျားတွေ ပြောကြကြေးဆိုရင် ပိုင်ဆိုင်မှုဖြစ်တည်နေဆဲ ငါ့ကို သုညပြန်ပေးပါ ။ ငါ့ကို သုညပေးပါ ။ နောက်ဆုံးတော့လည်း သံသရာ လည်ဦးမှာပါ ။ ကြည့်ခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့ ၊ နားထောင်ခဲ့ ၊ သင်ကြားခဲ့ ၊ လုပ်ဆောင်ခဲ့သော အရာအားလုံး ကျေးဇူးတင်လို့မဆုံး …..

***

စိတ် အားပို

လိုချင်သော်ငြား

ပြောကြမယ်

ကမ္ဘာသုံး စကား

အ ဘာ ဘား အဘား ။

***

စာကြွင်း ။ စာတွေ လိုက်ဖတ်ရတာ ပျော်တယ် ခင်ဗျာ ။

2 comments:

hnin said...

How about your learning? You are always at our side.

Layma said...

စာတွေရေးရတာ မပျော်တော့ဘူး..စာတွေ လိုက်ဖတ်ရတာပဲ ပျော်တော့တယ်လို့ ဆိုလိုတာလားဟင်..။ ပျော်ရွှင်ပါစေရှင်..။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်