သိပ် သနားစရာကောင်းတာပဲ အမေ ။ သူတို့က ထင်ကြတယ် ။ ကျွန်တော် က လူလားမြောက်တဲ့လူသားတစ်ယောက် ။ ဘာလို့ပါလိမ့် ။ အမေပြောတဲ့ ခေါင်းမီးတောက်နေပြီ ၊ ရင်ပူတယ် ၊ ရေတွင်းထဲက ငွေထွက်တာမဟုတ်ဘူး ။ ဒီလိုပြောတာတွေ ကြားနေကျ ကျွန်တော် ။ ကျွန်တော် ဘာပြောရမလဲ အမေ ။ သိပ် သနားတာပဲ ။ သူတပါးကို နှိမ်တဲ့ စိတ်တွေ ၀င်နေပြီ ။ ကျွန်တော် လူလားမြောက်ကရောလား အမေ ။ နှိုင်းယှဉ်သိမှုကနေ ဖြည့်စွက်တွေးတောခြင်းပါ အမေ ။ ကျွန်တော် မှားတာပေါ့ ။ နားမလည်တာကို နားလည်သလိုလို နားလည်ချင်ယောင်ဆောင်နေတာပါ ။ လက်ညှိုးထိုးတာတောင် မရဲတော့ဘူး ။ ဂဏန်းသင်္ချာတောင် အတော်မေ့နေပြီ အမေ ။ တခါတခါတော့ လွမ်းတာပေါ့ ။ အမေ ကျွေးတဲ့ မုန်တီသုတ် ။ အန်ထွက်အောင် စားမယ့် အစ်ကိုကြီးကိုလည်း သတိရမိပါရဲ့။ အကြော်နဲ့ပဲ စားမယ် လုပ်တဲ့ အငယ်ကောင်လည်း ဘာတွေလုပ်နေပါလိမ့် ။ ကိုကြီးက ပြောမှာပေါ့ ။ မင်း ကြပ်ကြပ်သတိထား ။ လူကြီးကပြောရင် နားမထောင်ချင်ဘူး ။ အတွန့် တက် ဆင်ခြေလေးတွေ ပေးလိုက်ရမှ ။ အဖေတို့ ဘာသိလို့လည်း ။ အမေကလည်း ဗျာ ။ အင်း ပြောရင်းတောင် သတ္တ၀ါတွေ သူ့ထိုက်နဲ့သူ့ကံပေါ့ အမေရယ် ။ တခြား စဉ်းစားမနေပါနဲ့ ။ နားနားနေနေနဲ့ ဘုရား ၊ တရားသာ အာရုံပြုနေပေါ့ အမေရာ ။ အမြဲတမ်းဆိုတာကြီးကို အမေ့ကို ပြောရင်လည်း … သားရယ် … ။
အဖေ့လည်း ဂရုစိုက်ရ ။ သားတွေလည်း စိတ်မချဆိုတာမျိုး အမေလည်း ပင်ပန်းနေရောပေါ့ ။ ရှက်ပါတယ် အမေရယ် ။ စကားတွေပဲ ပြောနိုင်တာ ။ လက်တွေ ခြေထောက်တွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး ။ ကျွန်တော် ဘာလဲ လို့များ အမေ့မေးရင် အမေ မျက်ရည်ဝေ့လာတော့မှာပဲ ။ ဘယ်အချိန် ၊ ဘယ်နေရာ ချွင်းချက်တွေ အမေ မပေးခဲ့ဘူး ။ သတိ ၊ ၀ီရိယတွေနဲ့ ကျန်းမာအောင်နေ။ ကြိုးစား ၊ မပျင်းနဲ့ ။ *ပျင်းရင် ဖျင်းတတ်တယ် သား* ။ *ဟုတ် ၊ အမေ* ။
လွမ်းတိုင်းသာ တမ်းရလျှင် …
နေ့တွေမှ လွမ်းမလား
နေရာပြောင်းမှ ဆုတောင်းမလို့လား
ချိန်ရွေ့မှ နေရာရွေးမှာလား
ကုန်ဆုံး ပျက်ပြုန်း
မမြဲမှန်း သိသော်ငြား
လွမ်းမြဲ အစွဲကို တတ်သလောက်
ဖျောက်မိလျှက်သား ။
ပညာရှာ ကျောင်းတော်သား
လက်ဦးဆရာ မိဘကို
လက်စုံမိုးလို့ ရှေ့မျက်မြင်
ရှိမခိုးရတာ ကြာပါပကောလား ။
ကိုယ်စိတ် ကျန်းမာချမ်းသာပါစေလို့
ဆုတောင်းမေတ္တာပို့သပေးလျက်
သား
နိုင်
3 comments:
အခုတလော အမေနေ့ ပို့စ်တွေ ဖတ်ရတော့ မြန်မာပြည်ကအမေ့ကို ပြန်လွမ်းတယ်ဗျာ။
အမေ့ရဲ့သား ... လှပါတယ်။
ကို myo kyaw htun လွမ်းကောင်းတုန်း ။
မ hninhnin ကျေးဇူး ။
Post a Comment