ဂျကား
သူတို့ ပြောတဲ့ မူကြိုဂျကား
ပြောကြည့်ပါလား
အသူသူ သွဲသွား
တူလည်းတူ ဘဲနဲ့ပါလား
သူသူရေ ၀ါး ။
:-D
ဂျကား
သူတို့ ပြောတဲ့ မူကြိုဂျကား
ပြောကြည့်ပါလား
အသူသူ သွဲသွား
တူလည်းတူ ဘဲနဲ့ပါလား
သူသူရေ ၀ါး ။
:-D
Posted by
naing
at
7:07 PM
2
comments
Labels: စာစပ်
ရွှတ် ဘီ ဒိုင်း
* ရွှတ် *
အဲမှာ စကြားတာပဲ ။ ဘယ်က အသံပါလိမ့် ။ လူတစ်ယောက်ကို အသံတိုလေးပေးပြီး လှမ်းခေါ်တာပဲ ။ ဒီမှာ လူတွေ အများကြီးပါ။ ငါ တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘယ်သူ့ကို ခေါ်မှန်းလည်း မသိဘူး။ ဟော ထပ်ကြားပြန်ပြီ ။
* ရွှတ် *
ငါ ကိုခေါ်နေတာပဲ ။ ဘယ်နေရာက ခေါ်ပါလိမ့် ။ အသံလှိုင်းတိုတိုလေးပဲ ။ သေချာပါပြီ ။ ငါ ခေါ်တာပါ ။ ဘာပြောချင်လို့ပါလိမ့် ။ အသံဖြစ်ပေါ်ပုံ သဒ္ဒါ ပြန်သင်ရမလို ဖြစ်နေပြီ ။ ဟုတ်ပါတယ်။ ကြားနေရတာပဲ ။
* ရွှတ် *
ပြောသာပြောတော့ ၊ ကြားတယ် ဗျို့ ။ ငါမသိ ၊ ငါမမြင်နိုင်သော အသံလှိုင်းများစွာ ရှိနေတယ်။ ခေတ်ကို မီအောင် မနည်းလိုက်နေရသော နားတချို့ကြောင့် အသံတွေ ပျောက်ဆုံးသွားရပြန်ပြီ ။ လိုချင်ရဲ့လား မသိ။
* ရွှတ် *
ဘာတုန်း ။ ရွာထူး ထူးလည်း ပြန်ထူးတာပဲ ။ ပြောပါ ခင်ဗျာ ။ ငါရေ…ရေ။ မနည်း နားစိုက်ထောင်ရတယ် ။ ကြားတယ် မပြောချင်လည်းနေတော့ဗျာ ။ ကျွန်ုပ် ခေါ်တာမှန်းတော့သိပါတယ် ။ နားလည်အောင် နားအာရုံခံပြီးနားထောင်ပါတယ် ။ အင်းမလိုက် အဲမလိုက်ဖြစ်နေလား မသိဘူး ။ ဘာတုန်း ပြော ။
* ရွှတ် *
မြန်မာ ရာသီသက္ကရာဇ် မမှတ်မိသော ဇန်န၀ါရီရေ ။ ကြားတယ်ဟ ။ ဖြူစင်တွယ်တာသော အသံဟောင်းတွေ ပေါ်ပြူလာ ဖြစ်ပါတော့မလား ။ ငါ ဒီတိုင်းကြားတယ် ။ အသံတည်တည်ငြိမ်ငြိမ်နဲ့ ဘကြီးဘုန်းကြီးမိန့်တာတောင် မေ့နေတာ ကြာပေါ့ ။ * ကြိုးစား ။ … တင်ပါ့ ဘုရား *
-----
လှချင်လှချည်ရဲ့ဆို ။ ငါတောင် မမီနိုင်သော အလှအပတွေ ။ ငါဘေးဘီဝဲယာမှာလည်း လှပါတယ်။ ဖန်တီးရှင်က ပိုလို့တောင် လှနေသေးတယ် ။ အသွေးအသားထဲက မာန်တွေလည်း လှနေလေရဲ့ ။ အမှတ်မထင် လမ်းမှာ ခလုတ်တိုက်ဖြစ်ခဲ့လျှင် လှတပတလေး လဲဖြစ်ဦးမလားပဲ ။
* အမိတော့ နောက်မှ တကြတာပေါ့ ။ *
ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တယ် ။ ငယ်တယ် ၊ နုနယ်တယ် ။ အင်္ဂလိပ်စာ တတ်ကြောင်းလည်း ကြွားလိုက်ချင်သေးတယ် ။ အဲတော့ ဘိုဆန်ဆန် နာမည် ခေါ်တာပေါ့ ။ ဘေဘီ ။ ချစ်စနိုးလေးနဲ့ အဖျားဆွတ် ခေါ်တာပါ ။ * ဘီ * ။
-----
တိရစ္ဆာန်လို မပြောပါဘူး ။ လူ့စိတ်ဖြင့် ခံစား သိမှတ်မိတော့ လူသံကြားရတာပဲ ။ အနိုင်အရှုံးတော့ ရှိမပေါ့။ မှန် ၊ မှားတော့ မြင်မိတယ်ဆို ကောင်းတာပေါ့ ။ ငါ့ကို ငါက ပြောတာ အသံအကျယ်ကြီး ကြားတယ် ။ ခေါ်မကြား အော်မကြား ။ နားကန်းနေလား ။ မြင်ခဲ့သားနဲ့ မကြည့်ချင်ဘူး မလုပ်နဲ့ ။ နှာခေါင်းရှုံ့ကြမှာ စိတ်နဲ့ ခံစားသိလိမ့်မယ် ။ အဲအချိန်ကျမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဖြစ်နေမယ်။ ငါ ငယ်ငယ်က ကစားပွဲမှာ ရှုံး ထွက် အတွက် ဗိုလ် ၊ ကျား ၊ သေနတ် ။ ခပ်မြန်မြန် လက်ကမ်း ခံရမယ် ။ လူတွင်ကျယ် လူစွာလုပ် ကျား ရုပ်ထုတ်မှ သေနတ်ပြမယ့် လက်ညိုး ၊ လက်မ က အသံထွက်လာမှာ မြင်ယောင်မိတယ်။
* ဒိုင်း *
Posted by
naing
at
11:58 AM
0
comments
Labels: စာတို၊ပေစ၊စာစပ်
ကမ္ဘာတစ်ခု လှုပ်ခတ်သွားခြင်း
မောပမ်းသော ဘ၀မှာ နားနေရဖို့ ကြိုးစားခဲ့၏ ၊ အောင်၏လော၊ မှန်၏လော။
ဖြေဆိုသူမြောက်မြားစွာမှ လူသားတစ်ယောက်သည် လူလားမြောက်သော် … ။
အကောင်းကိုခင်တွယ် အပျက်ပျက်ဖြစ်မှာ မလိုလားဘူး ။ နှာခေါင်းမှ မဟုတ်သော သွေးတွေက ထွက်လို့ ပြိုပျက်သွားခဲ့သည်။ ရည်ရွယ်လမ်းကို တန်းတန်းမလျှောက်ချင်သော အလေ့တချို့က ရယ်သွမ်းနေလေရဲ့ ။ အဟောင်းတွေကို ကောင်းသေးတယ် ပြောဆိုပြီး လက်၊ပါးစပ်ဖြင့် စားခဲ့တာတွေတောင် မေ့ကုန်ကြလေရဲ့ ။ ဓလေ့ပါဆိုနေမှ ။ သတ်မှတ်ထားသည်။ သတ်မှတ်နေသည်။
တင်းနေပြီ ။ ချုပ်တည်းမှုအချို့ကို ထိန်းသိမ်းထားချိန်၌ အသံ ထွက်ပေါ်လာတော့သည် ။ စကားကတိုသွားသည် ။ လွယ်သွားသည် ။ စိတ်ကို အမြန်လွှတ်ပေးလိုက်လို့ ထင်ပါရဲ့။ ပြောပါများတော့ တိုသောစကားက တာသွားသည် ။ ခပ်ရှင်းရှင်းဖြစ်လျှင်ပိုကောင်းမည် ။ သို့သော် ရှုပ်တုန်း ။ တင်းကြပ်လာသော အခြေအနေများမှ သတင်းတွေ ၊ အတင်းတွေ ပေါ်လာနိုင်သည်။ လိုချင်တောင့်တမှု ၊ လုပ်ငန်းဆောင်တာများကို မှတ်သားထားနိုင်သည် ။ ဥပမာ ဆိုကြပါစို့ ။
ကမ္ဘာလုံးအပြင်မှာ စကြ၀ဠာ ။ စကြ၀ဠာ အပြင်ကကော ။ ရောက်ချင်လိုက်သာ ။ သွားသေလိုက်ပါလား ဆိုခဲ့သော် မဖြစ်ပြန် ။ ရှင်ခြင်းကို ချစ်တုန်း ။ သေဖို့ကို မုန်းတတ်တုန်း ။ ခမ်းနားကြီးကျယ်မြင့်မြတ်သော ကြမ်းပိုးဟု ဆိုပါစေ လိပ်မျိုးဆက်ဟုတ်မဟုတ် မသေချာပါ ။ အခွံပါပုံ ၊ ခုံးသော သဏ္ဌာန်ကြောင့် ခိုင်းနှိုင်းပြောဆိုခြင်း ဖြစ်မည် ။ ဥပမေယျတွေ များပြားလာတော့သည် ။
လမ်းလျှောက်သင်စ ကလေးတစ်ယောက်သည် ဂျောင်းဂျောင်းပြေးရန် မဖြစ်နိုင်ပေ ။ ကိုယ်ဟန်အထိန်း ကောင်းမွန်စွာ တတ်ကျွမ်းမှ ဖြစ်မည် ။ လူလားမြောက်သော် … ။
***
* အမေ သား တီဗီ သွားကြည့်မလို့ *
* စာကြည့်ဦး ၊ မသွားရဘူး *
* ကလေးအကြိုက် ကာတွန်းကားအစီအစဉ် လာနေပြီ အမေရ *
* သွား ၊ ပြီးရင် အမေ့ကို စာပြန်ပြီးမှ ထမင်းစားရမယ် *
***
* သား စာကျက်လေ *
* ဗိုက်ဆာပြီ အမေရ *
* အမေ ထမင်းပွဲ ပြင်လိုက်မယ် *
* သားလည်း ၀ိုင်းကူမယ် အမေ *
***
* စားပြီး အိပ်ငိုက်မနေနဲ့ သား *
* သား စာကြည့်ပြီးမှ အိပ်ရမယ် *
* သင်ခန်းစာတွေ မှတ်မိလား ၊ မနက်ဖြန်အတွက် အိမ်စာတွေ ဖြေပြီးပြီလား *
* စောစောကတည်းက ပြီးသွားပြီ အမေ *
* ဒါဆိုလည်း ဘုရားရှိခိုးပြီး အိပ်တော့လေ သား *
***
+ ဆရာမက စာ(၁၀)ကြောင်းရေးခိုင်းတာ သား အရင်ပြီးတယ် အမေ +
* ဘာအကြောင်းလဲ သားရဲ့ *
+ သင်သည် ကျောင်းဆင်းပြီးချိန်တွင် မည်သည့်အရာများကို လုပ်ဆောင်သနည်း တဲ့ အမေ +
* သားရေးထားတာ ပြပါဦး *
ကျောင်းဆင်းပြီးချိန်
ကျွန်တော်သည် ကျောင်းဆင်းချိန်တွင် ကျောင်းပေါက်ဝသို့ ပြေး၍ သွားပါသည်။ အိမ်သို့ အမြန်ဆုံး ပြန်ရောက်ချင်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်သည် အိမ်အနီးတွင် သူငယ်ချင်းများနှင့် ကစားလေ့ရှိသည်။ ကျွန်တော်သည် အမေနှင့်အတူ ကျောင်းဆင်းပြီးချိန်တွင် ဈေးသို့သွားလေ့ရှိသည်။ ကျွန်တော်၏ အမေသည် ညစ်ပေသော အ၀တ်များကို ကျောင်းဆင်းပြီးချိန် ညနေပိုင်းတွင် လျှော်ဖွပ်လေ့ရှိပါသည်။ ကျွန်တော်သည် အမေ့လျှော်ပြီးသော အ၀တ်များကို ကြိုးတန်းတွင် ဖြန့်လှန်းပါသည်။ မီးဖိုချောင်၌ အမေအား ၀ိုင်းဝန်းကူညီပါသည်။ ကျွန်တော်သည် ရုပ်မြင်သံကြားမှ ပြသသော ကလေးများ အစီအစဉ်ကို ကြည့်ရှုပါသည်။ ထမင်းစားပြီးမှ အိမ်စာများကို လုပ်လေ့ရှိပါသည်။ ကျွန်တော်သည် သွားတိုက်၊ဘုရားရှိခိုးပြီးမှ အိပ်ယာဝင်ပါသည်။
***
ဒီစာသားတွေ အမေသာ ဖတ်ဖြစ်ရင် ဘာများပြောဦးမလဲ မသိ။ ဖြစ်နိုင်ချေကတော့
* သားရယ် *
……
……
……
Posted by
naing
at
7:07 PM
0
comments
Labels: Expression of mind
မူရင်း သီချင်း
***
ချစ်ကံဆိုး
တေးရေး ထွဏ်းခမ်
တေးဆို ညီရဲ ၊ ကြိုးကြာ
သရုပ်ဆောင် ဇေယျ ၊ မုန်း
ဒါရိုက်တာ ခင်စန္ဒာမြင့်
တည်းဖြတ် ဝေယံလင်း
* ချွေးစက်များနဲ့ ဘ၀ဟာ မောပန်းနေလည်း ….. အားပေးတတ်တဲ့ချစ်သူ နားမှာရှိတယ် *
* နူးညံ့ခြင်းနဲ့ အချစ်တွေ ရှေ့ဆက်နိုင်ဖို့ ..... နှလုံးသားများနဲ့ ဘ၀ကိုတည်ဆောက်ကြမယ် *
* စိတ်ကူးများ ရှေ့ဆက်ကာ အိပ်မက်နေဆဲ ….. ရက်စက်တဲ့ စကားလုံးတွေငါခံစားမယ် *
* လမ်းခွဲမယ့် စကားလုံးတွေ မကြားချင်ဘူး ..... အရိုးသားအချစ်ကိုးကွယ်နိုင်မလား အချစ်ရယ် *
(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)
(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)
(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)
* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *
* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *
* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *
* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *
(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)
(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)
(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)
* ဆူးခင်းထားတဲ့ လမ်းပေါ် ထားခဲ့ပါတော့ ….. ပန်းခင်းထားတဲ့ လမ်းကို ယူပါ အချစ်ရယ် *
* မင်းအသိုင်းအ၀ိုင်းများကြားမှာ မင်းပျော်မလား ….. စွန့်လွှတ်ခြင်းနဲ့ မင်းကို ဆက်ပြီးချစ်မယ် *
* တို့နှစ်ယောက်အချစ် ခရီးလမ်းဟာ ပြီးဆုံးပြီပဲ ….. မစဉ်းစားနဲ့တော့ အချစ်ရေ မငိုပါနဲ့တော့ *
* ပညတ်ချက်နဲ့ ဓလေ့တွေ ကြီးမားနေတဲ့ … အသိုင်းအ၀ိုင်းများကြား အချစ်တွေ ပြိုလဲခဲ့ပြီ *
(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)
(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)
(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)
(မလွမ်းနဲ့ အချစ်ရေ မငိုနဲ့တော့ … တို့နှစ်ယောက် အချစ်ကံဆိုးတယ်)
(မဆွေးနဲ့ အချစ်ရေ မငိုနဲ့တော့ … အမှတ်တရနေ့တွေ သတိရ)
(အနမ်းများ အချစ်ရေ ခံစားလိုက် … နှုတ်ဆက် အနမ်းတွေသိမ်းထား)
Posted by
naing
at
2:00 AM
4
comments
Labels: Expression of mind
* လူတူ အိပ်စက်ခြင်းမှာ အတော်ကြာခဲ့ပြီ ။ အသိတရား ဆိုသောအရာက လှပဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့သည်၊ လှလိုက်တာ ။ လှနေလိုက်တာ ။ လှလွန်း၏ ။ သို့သော် လှပခြင်း၌သာ အချိန်ကုန် ကြာညောင်းခဲ့သည်။ လူတူ လှလှ ထိန်းမရ ဖြစ်နေတော့သည် *
* လူတူ ဖြတ်ခနဲ မျက်လုံး ပွင့်လာသည် ။ စကြ၀ဠာကိုမသိ ။ နေ့နေလား ညနေလား မသိ ။ တဂျီဂျီသံ ခပ်ဖွဖွ ၊ ချောက် ၊ ရရပ် ၊ ရှပ် ၊ ကျီ ၊ ဝေါ ။ ခပ်မှန်မှန် ပေါ်ပေါက်လာသော အသံတို့က အအေးအနွေး ထိန်းသောစက်မှ နားစည်သို့ လှုပ်ခတ်လာသည် ။ ကြားခြင်းဖြစ်မည် ။ သို့သော် အရင်ထိပြီးမှ ကြားရသည် ။ အနီးအနားမှာ အဝေးထိန်းသော ခလုတ်တစ်ခုကို ဖိမိနေ၏ ။ ဒါကြောင့် ဒီအသံ ဖြစ်ပေါ်နေတာ ဖြစ်မည် ။ *
* မကြာမီ ဆတ်ခနဲ လှုပ်ရှားမှုများ တရစပ်ဖြစ်ပေါ်လာတော့သည် ။ မျက်တောင်ခတ်ခြင်းလည်း ပါ၏ ။ အသက်ရှိမှု ကျန်မကျန် ၊ ကိုယ့်အသံဖြင့် တကိုယ်တည်း ပြောဆိုလိုက်သံဖြစ်သည် ။ နိုးပြီလား … လား ။ အနံ့ကင်းသော နေရာဖြစ်ပါလျှက် အနံ့တစ်ချို့ သင်းနေသည် ။ ကိုယ်သင်းနံ့များ ဖြစ်နေသည်။ ဒါကို ဂရုမထားပါဘဲ လစ်လျူရှုနေလိုက်၏ ။ *
* အာရုံခံများ၏ လှုပ်ရှားမှု မြန်ဆန်ခြင်းကြောင့်ဖြစ်မည် ၊ ခံစားမှုအများအပြား ဖြစ်ပေါ်နေတော့သည် ။ ပူလာ အေးလာ ကျင်လာ ကိုက်ခဲနာကျင်လာတော့သည် ။ အချိန် အနည်းငယ်မျှကြာသော်လည်း တိုး၍သာ လာနေသည်။ ရပ်တန့်ရန် မဖြစ်နိုင်ပေ။ *
* လှည်းမောင်း ၊ မြင်းမောင်းသလို နှေးတခါ ၊ မြန်တလှည့် တရစပ်ကို ပြုမူနေတော့သည် ။ ရပ်ခြင်း ၊ တုန့်ခြင်း အလျင်းမျှ မရှိသလို ခံစားရပြန်သည်။ သို့သော် ရပ်တန့်နေသည်။ ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရပ်သည်ဆိုရုံကလေးမျှသာ ။ *
* စစ်ကနဲမြည် ပြီး အရွေးများသော လမ်းကို ခပ်သွက်သွက် လျှောက်လှမ်းကြသလို အဆောတလျင် ခြေလှမ်းတို့ဖြင့် လှမ်းပြီးရင်း လှမ်းရင်း ၊ ရောက်ပြီးရင်း လှမ်းရင်း ကျန်ခဲ့သည်လည်း ရှိကြသည် ။ တည်နေရာ အရွေ့များစွာ ပေါ်ပေါက်နေတော့သည် ။ *
* ဆက်လှမ်းရန် မဖြစ်နိုင်ခြင်းများ ပေါ်လာသည် ။ ကွေ့ကောက်သော သွားလာလှုပ်ရှားခြင်းလည်း ပြုလုပ်လျက်ရှိ၏။ ရှေးရိုးရာ စကားပုံများကို ပြန်လည်ဆန်းသစ်စေသော အနေအထိုင် ပြုမူခြင်းတို့ ကျူးလွန်မိ၏ ။ လွန်တာရှိ တောင်းပန်ပါ၏ ။ ခံစားချက် ၊ ခံစားချက် ဖြစ်ပျက် ၊ ဖြစ်ပျက် သတ်မှတ်ချက်ကို သတ်မှတ်ပြီးရင်း သတ်မှတ်ပြန်၏ ။ မှတ်ခြင်းသာစွ လူတူ လှလှ ဖြစ်နေတော့သည် ။ *
* သို့သော် လူတူ လှုပ်လှုပ် အကျိုးမယုတ် ခပ်သုတ်သုတ်တော့ သွားနေလေရဲ့ ။ *
* တရံတခုတ် အကျွန်ုပ်လို့လည်း သုံးတတ်ပါရဲ့ ။ *
* ပျားရည်ချိုစေလို သကြားခပ်ရောရော ဈေးပေါပေါရောင်းတယ် ထင်မှာလည်း စိုးတယ်ကွယ် ။ *
* အမှန်က ဖန်တီးမှုလုပ်ဆောင်ခြင်းသည် လူတူဖြစ်လာရပေ၏ ။ *
* လူတူအောင် လူလုပ်မှတော့ လူနဲ့တူလာပြီပေါ့ ။ *
* လူစိတ် ဖြစ်ပေါ်မပေါ် ၊ လူစိတ် ရှိမရှိ ခံစားမိ သတိရှိခဲ့လေပြီ ။ *
* သင် ဖတ်ပြီး၍ ဖန်တီးမှုပေါ် အကျွန့်အား ခေါ်ပါအံ့ ။ *
* ကောင်းချီးလည်း ပေးပါအံ့ ၊ အဆိုးအကောင်း အမျိုးပေါင်းလည်း စုစည်းထားမည် အမှန်လာလတ္တံ့ ။ *
-----
ရေးသားပြီးစီးချိန် နံနက်ချိန်သာ ၃ နာရီ အခါ ။
ခံစားသိမှု ပြတ်တောက်ချိန်ပေါင်း ကွန်ပြူတာမှတ်စက်ဖြင့် ချိန်စက်သော် ဖိုင်များစွာကို ရယူပြီးချိန် ပုံပါအတိုင်း
သာမန်မှတ်သားမှု
Tuesday, December 25, 2007
ဖွဲ့တည်ခြင်းအစ (Start: Man , Woman )
အဆုံးသတ် ဖိတ်ခေါ်မှု (/End: writing )
ရက်စွဲနှင့် ခွင့်ပြုချက် အထက်နှင့်အောက်ပါ အတိုင်း
အခြေခံအုတ်မြစ် Creation of presentdummy
Posted by
naing
at
3:04 AM
0
comments
Labels: ဖန်တီးမှု
ပုံပြင်
* ဟိုးရှေးရှေးတုန်းက * ဒီစကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပုံပြင်ပြောဆိုချိန်မှာ သုံးလေ့သုံးထရှိကြသည်။ ဒီကလိုနဲ့ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်ဟာ မိုးပြိုပြီဆိုပြီး ထွက်ပြေးခဲ့တယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ယုန်များစွာထဲမတော့ မိုးပြိုမှာကို တွေးကြောက်သော ယုန်တွေရှိခဲ့ကြတယ်။
တစ်တောင်ပေါ်တစ်တောင်ဆင့် ပေမယ့်
တောင်ကြီးဖ၀ါးအောက်
ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်
ပင်လယ်ကူးခတ်တယ်
ကျယ်ပြောပင်လယ် မြောက်မြား ပေမယ့်
လှိုင်းကြီးလှေအောက်
ဖ၀ါးတွေ လှေတွေ
အားကျလို့
ခပ်ဖွဖွတူးမိကြ
မြေဆွေးတွေပုံ နေရာအကျယ်ဆုံးရ (၇)ပေလှလှပေါ့ ။
မိုးဖြိုမယ် မိုးဖြိုမယ်နဲ့
ပြိုပြိုသွားတဲ့ စိတ်ထည်တွေ
လာထား ။
ကျနာမစိုးလို့ ဖေးမကူ
ရိရွဲစုတ်ပြတ် အထည်ပျက်မှာမို့
ဇကာကွက်လှလှတပ်ဖို့
အပ်ချုပ်ကြဦးစို့ ။
* အပ်ချုပ်သည် *
သွေးကြတုန်း
သေးကြတုန်း
ကြီးငယ်ဆိုဒ်စုံ သုံးကြတုန်း
ဒီနဖားကို အဘွားလည်း အမြင်ကပ်တုန်း
သို့သော်လေ သူတို့က ပျော်မဆုံး
ရွှင်ရွှင်ကြီးခံသုံး
အပ်ပေါက်ထိုးတုန်း
ချုပ်နေကြတုန်း
လက်ချုပ်စက်ချုပ်တွေ တွင်ကျယ်မဆုံး ။
အပြောကျယ်လောင် ဆာသယောင်မို့
တစ်ထွာမျှဝမ်း
ကျဉ်းကျုံ့လှုပ်လှုပ်
အပူငြိမ်းဖို့
ထမင်းစားကြဦးစို့ရယ် ။
Posted by
naing
at
9:52 PM
2
comments
Labels: စာတို၊ပေစ၊စာစပ်
Posted by
naing
at
2:27 AM
0
comments
Labels: share
ကိုယ်တိုင်ရိုက်သော ဒီဗီဒီတစ်ချပ်
စီစဉ်ထုတ်လုပ်သူ နှင့် ဒါ ရိုက်တာ - ကျွန်တော် ခံစားတင်ပြသည် ။
ငယ်တုန်းက ကလေး။ အပြင်သွားလာလည်ပတ်မှု အမြဲနှစ်သက်သည်။ ထမင်းစားချိန်မှအပ ကျန်အချိန်သည် ကစားခုန်စားချိန်သာ ဖြစ်သင့်သည်ဟု ထင်သောကလေးတစ်ယောက် ဖြစ်ခဲ့သည်။ မြင်ရကြားရသည်။ သွားရင်းလာရင်း ငေးမောကြည့်ရှုနားထောင်ခဲ့သည်။ အမှန်တကယ်လိုအပ်မှုသည် နားမလည်မှုဖြစ်သည်။ အပြင်သွားရန် ဖိနပ်စီးသယ်။ဖော့ဖိနပ်ရယ်။ ရာဘာဖိနပ်ဖြစ်သည်။ အမေ့အသံက
* ဖနပ်စီးသွားနော် ၊ ဒီကလေးနဲ့ နေပူမိမယ် *
ညနေ နေ၀င်ခါနီး လမ်းသွားလမ်းလာရှုပ်ထွေးတတ်သည်။ ကလေးများသည်လည်း နေရှိတုန်းလေး ဆော့ကစားချင်သည်။ ညမိုးချုပ်လျှင် လူမစုံတတ်သောကြောင့် ဖြစ်သည်။ လူစုံပြီ ။ စုံမပေါ့ ။ ထိုနေရာကား ပွဲဈေးခင်းတစ်ခု ဖြစ်နေသည်။ ခင်းကျင်းမှု အမျိုးစုံလင်စွာဖြင့် ဆိုင်များတွင် လူစည်ကားနေ၏။ ကလေးအတွက်လည်း ရှိသလို လူကြီးများအကြိုက်လည်းပါ၏။
မိုးကားချုပ်ပြီ။ အချိန်ရာသီက ပွဲတော်လရာသီ။ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ တန်ဆောင်တိုင်ပြီးချိန်မို့ ပွဲတော်သာက နေရာမလပ် ထပ်သည်လည်း ရှိ၏။ တိုးတိုးကြိတ်ကြိတ် စည်ကားသည်လည်း ရှိ၏။ အငြိမ့်၊ဇာတ်၊ရုပ်ရှင်ပိတ်ကားထောင် အစုံစုံက သူ့နေရာနှင့်သူ ။ ကိုယ်မြင်ရာကြည့်သလို ကိုယ်ဝါသနာပါရာလည်း ကြည့်ကြသည်။
အမေ သေသေချာချာမှာလို့ စီးလာသော ဖိနပ်က အခုမှ အသုံးဝင်သည်။ အသစ်မဟုတ်သော်ငြား ထိုင်လို့ကောင်းသည်။ ကတ္တီပါဖိနပ်မစီးဘူး ။ မိုးတွင်းတုန်းကလည်း ထီးမကိုင်ချင်လို့ မိုးကာပဲခြုံသည်။ ဒါပေမယ့် ပွဲခင်းကဆိုသံကြားနေ၏။
* ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းသူများ *
ပွဲပြီးတော့ ဖိနပ်လေး အသာစီးပြန်လာခဲ့သည်။ ခပ်နွေးနွေးလေး ဖြစ်နေသည်။
***
အချိန်ရေစီးခိုင်းနှိုင်းနေကြမို့ဖြစ်မည်။ ဒီတော့ စီးသည်ပေါ့ ။ ရပ်နေသော နာရီများမြင်ဖူးသည်။ လည်ပတ်ရန် အားကုန်နေခြင်း ဖြစ်သည်။ လူလုပ်ကိုး ။ ရေစီးရေလာကောင်းသော မြောင်းမှ ရေစီးသည် ချောင်း ၊ မြစ် ဖြစ်လာသည်။ ထို့နောက် ကျယ်ပြောသော ပင်လယ်ပြင်ထဲသို့ စီးဝင်၏ ။
လူ့ဝန်းကျင် အသိုက်အ၀န်းကား ကျယ်ပြောလှ၏။ စတင်စီးဆင်းလာသော ရေသည် ဘယ်နေရာ ဒေသသို့ ရောက်ရောက် ရေသာဖြစ်သလို လူသားသည် လူငယ် မှ လူကြီး ဖြစ်လာသည်။ စီးဆင်းလာသော နေရာ ဒေသအမျိုးစုံကြောင့် ရေပြောင်းလဲမှုဖြစ်ပေါ်သည်။
* ပြောင်းလဲသွားတယ်နော် ၊ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့ *
***
ငယ်စဉ်က ဖိနပ်ဖင်ခု ကြည့်ရှုရသော ပွဲတော်များစွာကလည်း ပြောင်းလဲလာသည်။ အသံသွင်း ဓာတ်ပြားများ ၊ ကက်ဆက်ခွေများ ဖြင့် နားသောတဆင်နိုင်သည်။ ဂီတပြောင်းလဲလာခြင်းဖြင့် နားသောကလည်း ဖြစ်နိုင်သေးသည်။
* မကြောက်ပါနဲ့ မမြ၀င်း ၊ ဗိုလ်အောင်ဒင် …. ပြန်လာပြီ *
* အသံသာသာ တေးကိုသာ … *
* ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာပြီ … ဘယ်သူတွေ ရမယ် ထင်လဲ *
***
လူသည် စိတ်၊ခန္ဓာဖြင့် ခံစားတတ်ကြသည်။ မနေ့များစွာသော အတိတ်တွေကို နားလည်ကြသည်။ ခံစားကြသည်။ ရုပ်ရှင် ၊ ဂီတ ၊ ပန်းချီ စသော အနုပညာပစ္စည်းများစွာကို တိုးချဲ့ဖန်တီးလာသည်။ စာတင်မယ် ။ ခံစားမှုရင်ခွင်သစ်များစွာဖြင့် ရာဇ၀င်မှာ စာတင်မယ် ။
***
တီထွင် ဖန်တီးကြသည်။ ခေါင်းစဉ်များစွာဖြင့် မှတ်သားထားသည်။ လိုအပ်သည်များကို သိမ်းဆည်းသည်လည် ရှိ၏။ မြန်ဆန်သော လျှပ်စစ်ဖြင့် သတ်မှတ် စုစည်းလိုက်၏။ ဒီဗီဒီဟု ဆိုထားသော လေဆာဓာတ်ပြားတစ်ချပ် ထွက်လာသည်။
ဇာတ်ဝင်ခန်းတစ်ခန်း စတင်လာသည်။ ကင်မရာမြင်ကွင်းသည် ခန္ဓာကိုယ်မှ မျက်နှာဆီသို့ ဦးတည်သွားသည်။ မင်းသား ၊ မင်းသမီး ပြုံးသွားသည်။ ပြီးပြီ ။ အားလုံး ပြီးဆုံးသွားပြီ ။
* ဒီဇာတ်ဝင်ခန်းက ရုပ်ရှင်အကယ်ဒမီ ရသွားသည် *တဲ့ ။ လူတွေအားလုံး ပြုံးတာကို သဘောကျသည်ပဲ ။
p.s: List of my DVD
1. Start-Human age
2. Rosé owner
3. (95) U_BA_THEIN_A_NYEINT
4. 16_year song from movie
5. A_Chit_Kan_Soe
6. NOTHING ELSE MATTERS-1991< http://naing1.blogspot.com/2007/08/staind-nothing-else-matters.html#comments>
7. What time finish war< http://naing1.blogspot.com/2007/07/when-war-finished.html>
8. Avril Lavigne - The Best Damn Thing (2007)
9. Lay Phyu (New songs)
10. Necessary_software <http://en-us.www.mozilla.com/en-US/firefox/about/> KLCODEEXE
11. NESTOPIA and Games of Nintendo
12. Sone_Si_Na_Phar_Media
13. Andalasia
14. Ratatouille
Posted by
naing
at
3:12 AM
0
comments
Labels: စာတို၊ပေစ၊စာစပ်
အရိပ်ပြရင် အကောင်ထင်တယ်တဲ့ ။ ဘာကောင်တွေလဲ မသိဘူး ။
Thank presenter and meta cafe .
Posted by
naing
at
7:50 PM
0
comments
Labels: share
* ကိုကို လမင်း *
* ပြော ကြယ်လေး *
* ကိုကို လမင်းကို သိပ်ချစ်တယ် သိလား *
* ဘယ်လောက်တောင် ချစ်တာလဲ ကြယ်လေး *
* ဟောဒီ စကြာဝဠာကြီးလောက် ချစ်တယ် *
* ယုံလိုက်ပြီ *
* ကိုကို ကိုသာမယုံတာ *
* ဘာလို့ မယုံတာလဲ *
* ကြယ်လေး ကြယ်လေးနဲ့ ဘယ်လောက်တောင် များများခေါ်ခဲ့ပြီလဲ *
* အော် ကြယ်လေးရယ် *
* အခုမှ ကြယ်လေးရယ်တဲ့ … ပြော…ဆို *
* သိပ်များများစားစားမဟုတ်ပါဘူး *
* မရဘူး … မရဘူး အတိအကျကို မှတ်ထားရမယ် ပြော… ဆို *
* ကြယ်လေးကလည်းကွာ *
* ကိုကို လမင်းကိုကျ သိပ်ချစ်တာ ပြောပြသားပဲ *
* ကြယ်လေးရယ် *
* မရဘူးကွာ ပြော … ပြ *
* ကြယ်လေး ဘေးနားကနေ မဆိုးရဘူးလေ *
* ကိုကို လမင်း ပြောမှာလား မပြောဘူးလား *
* ကဲ ကဲ ပြောပြမယ် နားထောင် ကြယ်လေး *
* ပြောပါဆိုမှ *
* ကြယ်လေးက ငယ်သေးတော့ နားမလည်သေးပါဘူး *
* ဘာပုလည်း ငယ်တော့ *
* လောကမှာလို့ အစချီတာနဲ့ ကြယ်လေး ပျင်းနေပြီမလား *
* မပျင်းပါဘူး နားထောင်နေတယ် ကိုကိုရဲ့ *
* သံယောဇဉ်ဆိုတာ အလင်းလိုပဲ … ခဏတာ မြန်မြန်ကြီးမြင်လိုက်ရပေမယ့် အချိန်ကြာကြာလင်းပြန်တော့ လင်းလှချီလား လင်းလိုက်တာလို့ တသသ ညည်းညူမိတယ် *
* အင် … ကိုကို လမင်းကလည်း လင်းလက်တောက်ပတယ် လို့ ပြောစမ်းပါ *
* မြန်နှုန်းနိမ့်မြင့်တွေ အကွာအဝေးတွေ ကြယ်လေး နားမလည်ပါဘူး *
* အင်း … နားမလည်ဘူး … ကိုကို ပြောပြ *
* အလင်းရောင် များများ မလိုချင်ဘူးလား ကြယ်လေး *
* အိုး … လိုချင်တာပေါ့ *
* အခု ကြယ်လေးက လင်းနေတယ်နော် *
* သိသားပဲ ကိုကိုလမင်းကြောင့် လင်းနေတာလေ *
* လမင်းကြောင့် ကြယ်လေးတွေ မဆုံးရှုံးစေချင်ဘူး *
* အာ … ကိုကိုကလည်း *
* အချစ်ကြောင်းမပြောခင် ကြယ်လေး အချစ်ကို ဘယ်လိုနားလည်သလဲ *
* ကြယ်လေးကတော့ ကိုကို လမင်းကို ချစ်ကြောင်း သက်သေပြမယ် *
* ကြယ်လေးက ဘယ်လို သက်သေပြမလို့လဲ *
* ကြွေပြမယ်လေ ၊ ကြယ်ကြွေလေးပေါ့ *
* ယုံပါတယ် *
* အမယ် ကိုကို လမင်းအသံက မယုံသလိုပဲ *
* မဟုတ်ပါဘူး တခါတလေ ကြယ်လေးတွေ မကြွေတာကောင်းပါတယ် *
* ဘာလဲ ကြယ်လေးကို မယုံတာလား … ခုချက်ချင်း ကြွေပြမယ် လေ*
* လင်းပါ တောက်ပစွာ နံဘေးက လင်းနေလိုက်စမ်းပါ ကြယ်လေးရယ် *
* ကိုကို အဲဒီလိုမျိုး ဘယ်နှစ်ကြိမ်မြောက် ပြောခဲ့ပြီးပြီလဲ *
* မဖြေပါရစေနဲ့ ကြယ်လေးရယ် *
* ကိုကို မညာနဲ့နော် *
* ဟောဒီ စကြာဝဠာကြီးက သက်သေပါကွယ် *
* ဒါဆိုပြောပြလေ ၊ ဘယ်လောက်တောင် များများပြောခဲ့လဲ *
* ဟောဒီ လောက စကြာဝဠာကြီးလောက် ပြောခဲ့ပါတယ် ကြယ်လေးရယ် *
* ဟင် … အများကြီးပေါ့ *
* ဟုတ်တယ် ကြယ်လေး ၊ အများကြီး အများကြီး *
* ကိုကို လမင်း *
* ကြယ်လေး ပြောလေ *
* ကြယ်လေးလင်းပါတယ်နော် *
* လင်းပါတယ် ၊ လင်းလက်တောက်ပနေပါတယ် *
* ကိုကို လမင်း ဒီထက်ပိုပြီး လင်းလက်အောင်လုပ်လို့ရလား *
* မလုပ်ချင်ပါဘူး ကြယ်လေးရယ် *
* အာ ….. မရဘူး ဒီထက်လင်းအောင် လုပ်ပြ *
* ကြယ်လေးရယ် ….. မလုပ်ပါရစေနဲ့ *
* ဟောဒီ စကြ၀ဠာကြီး တစ်ခုလုံး လင်းအောင်လုပ်ပြ *
* ကိုကိုလမင်း လင်းလွန်းရင် ကြယ်လေး ကြွေသွားလိမ့်မယ် *
* ကြွေကြွေ … လင်းပြ ၊ လင်းလက်တောက်ပနေအောင် လုပ်ပြ ၊ နေပြ *
* ကြယ်လေးရယ် *
လူ့လောက ကမ္ဘာသားတွေက လမင်းကြီးထိန်ထိန်သာနေတာကို မြင်တွေ့နေရပြီ ။
ကြယ်ရောင်ပျောက်သောကောင်းကင်မှာ လမင်းတစင်းတည်း လင်းလက်နေသော ကြယ်ကြွေညတွေ။
လင်းလက်တဲ့ လမင်းရဲ့ချစ်ခြင်းတီးတိုးစကားတွေကို ကြယ်လေးကြားပါစ။
* လင်းနေပါတယ် ကြယ်လေးရယ် *
Posted by
naing
at
9:52 PM
2
comments
Labels: စာတို၊ပေစ၊စာစပ်
မီးသံ
ဟိုဘက်က တဒိန်းဒိန်း
ဘာသံလဲမေး
မေးပါနဲ့လေ
ပျော်ပွဲတွေ မီးရှူးလွှတ်တယ်
ဗျောက်သံပါကြား ။
ကြားရတဲ့မီးသံ
အိမ်လွမ်းသူ ဆွေဖော်အပေါင်း
ကြည့် ကြည့်ကာ ချောင်း။
ပျော်ပွဲလာ ရွှင်မော်ကြွား
စု စုကာသွား။
ပမာလေ ထလျှင်ဖြင့်
ရွာပွဲတွေ စီချိန်
Day တက်ရ ကျောင်းသူ၊သားက
ပြန်ချင်လှလှ။
မတတ်သာ ရွာလွမ်းရုံပ
မီးသံလှ ညိမ့်ညောင်းကို
တိုးတိုးဖော် တူတူစု
အသာကြည့်ရှု ။
Posted by
naing
at
8:17 PM
2
comments
Labels: စာစပ်
မှတ်သားမှုများ
ကျွန်တော်သည် မှတ်သားမှုများစွာကို အမှတ်တရရှိနေသည်။ နည်းမျိုးစုံမှတ်သားခဲ့သည်။ နေရာပေါင်းစုံမှ မှတ်သားမှုများစုပုံလာကြသည်။ ခေါင်းထဲမှတ်သားဖန် များလာသောအခါ တချို့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။ တခါတရံ မှတ်မှန်းမသိ မှတ်မိနေတော့သည်။
အဖေပြောတဲ့ Looping
အကယ်၍သာ ကိုယ်စိတ်ကျန်းမာချမ်းသာပါက အရာများစွာကို စွမ်းဆောင်နိုင်ပေမည်။ ထို့နောက် သတိ၊၀ီရိယနှင့် ကြိုးစားစေချင်သည်။ ကိုယ်တိုင်ကျင့်သုံးသော တည်ကြည်မှုကို အသုံးချရန် မကြာခဏပြောဆိုစေသည်။ ယုံကြည်ကိုးကွယ်မှုကိုလည်း မမေ့ရာ။ ထိုသို့မဟုတ်ပါက စိတ်၏ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းလည်း ကင်းဝေးရာ၏။ ထိုအခါ အထပ်ထပ် အဖန်ဖန် သံသရာ လည်နေတော့သည်။
မျက်မြင်မှတ်စားခြင်း
ငယ်စဉ်က အစာကို ငမ်းငမ်းတက် စားသောက်ခဲ့သည်။ ပျော်ရွှင်ကြည်နူးအရသာထူးလည်း လိုချင်တပ်မက်ခဲ့သည်။ လှတာလေးမှ လိုချင်ခဲ့သည်။ ၀လင်စွာစားသုံးပြီး အရသာပြည့်စုံသော မျက်မြင်သက်သေတချို့ ကျန်ရစ်စွဲထင်နေသည်။ ထိုအကျိုးဆက်ကား ဤသို့ဖြစ်ရာ၏။
ကြက်တောင်ပံကြီးများကို ၀ယ်ကာ လေးပိုင်းပိုင်းလိုက်၏။ တစ်ပုံက အဖျားရှူးနေသည်။ ထိုအဖျားများကို ရေနွေးနှင့် ပွက်ပွက်ဆူစေပြန်သည်။ ရေနွေးဆူသော် မက်ခေါက် အခြောက်ဖတ်များဖြင့် ချဉ်စေ ၊ ချိုစေ ၊ အပေါ့အငံလည်း မှန်စေ။ ကြက်သွန်နီဖတ်ဖြင့်လည်း လှစေ ၊ ပစေ။ ကျန် သုံးပိုင်းကို အနီရောင်ဆိုးသည်။ အရသာ ထပ်ပိုးသည်။ လက်ဖြင့်နယ်သည်။ လက်လည်းနီလေပြီ။ ဆီအိုးလည်း ဆူနေပြီ။ ညော်နံ့လည်း ထွက်သည်။ မွှေးတယ် ၊ မွှေးတယ် ဆိုပြီး ကိုယ်တိုင်လည်း တစ်အိုးကျက်တိုင်း တစ်ပိုင်းမြည်းလေသည်။ မြည်း ကြည့်ပါဦး၊ လှမှာပါ ။
ရနံ့လော အနံ့လော
သစ်သီးများ စားသုံးလျှင် အနံ့ပြင်းပြင်း မွှေးခြင်း ၊ ရွေးခြင်း လုပ်လေ့ရှိသည်။ သီသီး၊ ဒူးရင်းသီး၊ မင်းကွက်သီး အမျိုးတော့စုံစုံရှိမပေါ့ ။ ကိုယ်ကြိုက်ရာ ကိုယ်တိုင်ရွေး စားလေလေ့လေး ။
ရေမချိုးဖြစ်လျှင် ဖြစ်ဖြစ် အစားအသောက် သောင်းကျန်းလို့ဖြစ်ဖြစ် ခန္ဓာပုတ်လေသည်။ ချိုင်းကြားမှ အမွှေးများရှည်နေလျှင် ချွေးစို့ပြီး အနံ့အောင်းတတ်သည်။ ၀မ်းမသက် လေမထွက် လှုပ်လှုပ်ရှားရှား နည်းလျှင် အတော်ကြီး ဆိုးလေပြီ။
ရေမိုးချိုး အရည်ရွှမ်းသော သစ်သီးစား သွားသွားလာလာ လုပ်သောအခါ After shave (DENIM) ရနံ့က မွှေးပျံ့နေတော့သည်။
စကားတောင်လိုပုံ
တောင်စဉ် ရေမရ အကျိုးမဲ့ စကားတို့ ဆိုသည်။ အိုးဖုံး ၊ စလောင်းဖုံး တီး၍ ကျားခေါ်ပြန်သည်။ သင်အံလေ့ကျက် များများမှတ်သည်။ မေ့လျော့ပေါ့ဆ ဂူကြီးကိုလည်း တိုက်မိသည်ကား အခါခါ။ သိဉာဏ်ထက်သော တရားကိုလည်း နာကြားရာ၏။ ဒေါသလည်း ထွက်သည်။ လောဘလည်းရှိ၏။ တွေဝေငိုင်ခြင်း ဝေးဝေးမနေ အနီး၌လည်း နေကုန်ကြသည်။ စောင်းသံကြား၍ သာယာ၏။ ပိုးကြိုးလည်း ကုန်ပြီ ။ မောင်ပုံလည်း ရွာမှာ လယ်စိုက်နေသည်။ သူရင်းငှားအဆင့်မဟုတ် လယ်ရှင် ဖြစ်သည်။ သို့သော် *လူဘ၀ကို မင်းရခဲ့တယ်…* ၊ *တောင်စဉ်များ ကျော်လွန်ဖြတ်သန်းရင်း ရှေ့ဆက်ရမယ့် လမ်း …* ၊ *အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ် … စဉ်းစား…ဒါ ဟာ အိပ်မက်တဲ့လား* ၊ *ခိုး ခိုး ခိုးသွားပြီလေ ….* ၊ *နာမည် တစ်ခု … ကိုယ်အကြောင်းကိုယ်ပဲသိတယ်* ၊ *E=mc2 ရှာတဲ့သူကြီးကို ချစ်တယ်… ၊ လေဆိပ်ကြမ်းပြင်ကြီးကို လွမ်းတယ်… ဟုတ်လား * ။ သည်လိုနှင့် စကားတွေပုံ တောကြီးတွေ တောင်ကြီးတွေက ဖ၀ါးအောက် ၊ လူကကြမ်းပေါ် ပျင်းတိုင်းကျောခင်း ခြေဆင်းနေကြသည်။ *အတိတ်ကို တူးဆွမိသည်။ အနာဂတ်တက်လှမ်းရန် လှေကားထောင်သည်။ တူးရင်း နက်ရှိုင်း ကျယ်ဝန်းလာသည်။ လှေကားလည်း တိုတောင်းလာသည်။ ပစ္စုပ္ပန်ကို မရောက်သေး။* သိခေါက်ခက် အ၀င်နက် ၊ လှေအလူးမှာ ရူးချေပြီ။
ကိုယ်တိုင်ရေးတဲ့ အိပ်မက်
ချမ်းအေးသည်။ ပျင်းရိခြင်း ခြောက်ပါးမှ တစ်ပါးဖြစ်သည်။ အေးသောအခါ ဖောင်းပွမှုက သေးငယ်လာသည်။ ဆန့်တမ်းမှုများသည် ကွေးကောက်လာသည်။ နွေးထွေးအောင် လုပ်ယူကြသည်။ အပူအအေးမျှတသော် အိပ်ပျော်သွားလေတော့သည်။
*ဂီး ဂစ်*
*E If*
_ဟုတ်တယ်_
_ဟုတ်_
_သိလား_
*တိဝူး*
ကြက်တူရွေးကို ငရုတ်သီးစပ်စပ်ကျွေးပြီး စကားသံလေ့ကျင်နေသော ကောင်မလေးတစ်ယောက်။
ထမင်းဆာပြီ ၊ ထမင်းစားမယ် ။ ဆားထည့်စားဦး။
*အသံထွက်ကမမှန်ဘူး*
*ဒီကလေး တွေစာလုံးပေါင်းပဲ ပြောနေရတာ*
တွေးတောဆင်ခြင်တတ်သော အစ်မကြီး တစ်ယောက်။
* အမေဟာ အမေပါပဲ အမေ *
* သစ်ရွက်ကြွေတာ လေတိုးလို့ပါ *
ဘောလ်ပင်တွေ ချေးငှားရေးပြီး မင်ထွက်များလို့ စာရွက်ကုန်သော အစ်မကြီးတစ်ယောက်။
* တင်ပလိပ်တွေ အရည်ဖျော်နေတဲ့ နေကောင်းပြီးစ လူတစ်ယောက် * ခြေထောက်သုံးချောင်းနဲ့ သွားနေတယ်။ ပုံတွေရေးဆွဲနေတယ်။
လေတိုက်ရင် လွင့်ပါလာတဲ့ ဖုံတွေ သဲတွေကို ကြောက်တဲ့လူကြီးတစ်ယောက်။ သူ့ပြူတင်းတံခါးဖွင့်မှ လေ၀င်တော့တယ်။
အကသင်တန်းဆရာက အင်္ဂလိပ်စာ စာတမ်းရှည်ကြီးတွေ ဝေနေလေရဲ့။
မြန်မာစကားတတ်တဲ့ တိုင်းရင်းသားကြီးတစ်ယောက် ခရီးရှည်ပွဲကို ပျော်ပျော်ကြီးဝင်နွဲ ၊ ၀င်ဆဲ။
သံသာချို ခွန်းတုံ့ဆိုတဲ့ ပညာရှင် မေပျိုတစ်ယောက်။
မိုးပေါ်က အပြာရောင်နောက်ခံကို ခံစားပြီး ဝေးလွင့်သူ တစ်ယောက်အကြောင်း စဉ်းစားရင်း နှုတ်ဆက်ထွက်ခွာခဲ့တယ်။
လူကသန်မာထွားကြိုင်းသလောက် ကြွက်ကြောက်တဲ့ မြေအောက်မှာနေထိုင် ပညာရှာသူတစ်ယောက်။
ဝပ်တွားခယ ရိုကျိုးလိုက်ပုံများ ဘုရားတောင်ပြားအောင်ဖူးမြော်တဲ့ ယုန်တစ်ကောင်။
အာကာသတက်မဲ့ ကိုရင်တက်တုံးး အိုး အော်တုံးး
ကောင်းကင်အရောင်ကို ဖြူပြီ ၊ နုပြီ ဟု တရားမှတ်နေသော အေးချမ်းစွာနေထိုင်သူ အစ်မကြီးတစ်ယောက်။
သစ်ပင်စိုက်ပြီး ကြီးပွားနေသူတစ်ယောက် အလေးမပြိုင်ပွဲဝင်သောအခါ သူမ၏ကမ္ဘာ့ဆောင်ပုဒ်တစ်ခု ရွတ်ဆိုနေသည်။
ကမ္ဘာပိုင်ကို တစ်ဦးတည်းပိုင် မှတ်ပုံတင်သုံးစွဲပြီး မော်ဒယ်ကျကျ မီးထွန်းရှာသူ ပညာရှင် အစ်မကြီးတစ်ယောက်။
ဝက်အူချောင်းပေါင်းစားတဲ့ အသက်မကြီးတော့သော ပပ၀တီမျိုးနွယ်စု သခင်မတစ်ပါး။
သံစဉ်တွေ စီရရီဖြင့် ယဉ်ကျေးစွာ နှုတ်ခွန်းဆက်သသော အစ်မကြီးတစ်ယောက်။
ဖုန်းပြောသော အမေကို ကြည်စားနေသော သမီးပျိုလေးတစ်ယောက်။
စီပုံးကို ရေစည်လှည်းလုပ်ထားသော လူတစ်စု။
အမည်မသိ စာဆိုရှင် ဆရာ၊ ဆရာမများစွာကို တွေ့ကြုံရသည်။
အိပ်မက်မှ နိုးထလာသည်။ အမှန်တကယ် ၀န်းကျင်က သစ်လွင်မှုနှင့်အတူ ညှိုးရင့်လာသည်။ လူတွေသွားလာနေကြသည်။ အဝေးမှ မြင်နိုင်သည်။ မသိသူ ၊ သိသူ နှုတ်ခွန်းဆက်သမှုများ ရှိသလို ။ ရင်းနှီးကျွမ်းဝင်ပြောဆိုနေသည်လည်း ရှိ၏။ နှုတ်ဆိတ်၍ ခပ်မဆိပ် နေသူများလည်း ရှိသည်။ ဒီကနေ့ အိပ်မက်က ရှည်လိုက်တာ ။ အိပ်ပျက်သူ၏ ညတာသည် ရှည်လျားလှပေသည် ဟူသော စာသားတစ်ကြောင်း ခေါင်းထဲပေါ်လာတော့သည်။
Posted by
naing
at
3:41 PM
2
comments
Labels: စာတို၊ပေစ၊စာစပ်
လျှပ်စစ်ကြိုးတစ်ချောင်း
အဲဒီညက အုတ်၊ထုံး၊သဲ၊ကျောက်နှင့် ရေနံချေးဝနေသော သစ်သားအဆွေးများ၏ အနံ့ပေါင်းစုံဖြင့် အတော်ကြီး မွှေးပျံ့နေသည်။ မြေကွက်လပ်ရှေ့မှ လမ်းမီးတိုင်၏မီးချောင်းက လင်းလွန်းလှသည်။ မျက်နှာကို ရောင်ပြန်ဟပ်သဖြင့် လက်ကွယ်၍ ကြည့်မိသည်။
ညကောင်းကင်မှာ ကြယ်များစွာ လင်းလက်တောက်ပနေမြဲ။ ကြယ်တွေမော့ကြည့်ချင်သော ငယ်ကျင့်လေးက စွဲနေပြီ။ ကိုယ့်ရင်က ကြယ်လည်း ထွန်းလင်းတောက်ပနေသည်။ ပြတင်းတံခါးမှတဆင့် လင်းသောကြယ်က ဒီနေ့ည ထိုင်ခုံမှာ ထိုင်နေသည်။ ညကိုးနာရီခွဲနောက်ပိုင်း စံတော်ချိန်မှန်စွာလာသော ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ကြည့်နေသည်။
ကြယ်ကြွေတွေရေတွက်ချင်မှ ရေတွက်မည်။ သို့သော် ကိုယ့်ရင်က ကြယ်ကိုကြည့်ရင်း စားသော ချိုချဉ်က ပိုချို၊ပိုချဉ်။ အသာနွှာပြီး ၀ါးသော နေကြာက ပိုစိမ့်သလိုလို။ လေတိုက်သောအခါ ယိမ်းနွဲ့သွားသော လျှပ်စစ်ကြိုးအချို့ တွဲရရဲ ကျနေသည်။
လေတိုက်လာသည်။ အနည်းငယ် အေးစိမ့်သလိုဖြစ်သွားသည်။ နေရာပြင်၍ မျှော်ကြည့်သည်။ အစီအစဉ်သည် ဆက်ရန်ရှိတတ်သည်။ အချိန်သည်လည်း သတ်မှတ်မှုအရ ပြောင်းလဲလာသည်။ လေတစ်ချက် အဝေ့တွင်
*ဒေါက်*
*ဟာ*
အမြင့်မှကျသော အသံတစ်ခု။ အစီအစဉ်အပြီး နေရာအရွေ့ ကံကြမ္မာပါ ရွေ့သွားလေသလား။ လမ်းမီးတိုင်မှ မီးချောင်းမှိတ်သွားခဲ့သည်။ ဘယ်ကပေါ်လာ၍ ကျလာသည်မသိ။ ကြယ်ကြွေတော့မဖြစ်နိုင်။ လေသင့်သလား၊ လူကြောင့်လား ခွဲခြမ်းစိတ်ဖြာမနေအား အနောက်ဘက် ဝေးဝေးသို့ အလျင်အမြန် နေရာပြောင်းခဲ့သည်။
မီးရောင်ပျောက်တဲ့ ကြယ့်ဒေါသ လှလှလေး အသော့နှင်ရင်း မြင်လိုက်ရသည်။ ညက၀ိုးတ၀ါး မီးရောင်ကပြောက်ကျား ။ လမ်းသွယ်ကို အသာချိုးပြီး အရှေ့နားကို ကဲကြည့်လိုက်သည်။
*ဒီကောင်ပဲ နေမှာ*
*ဟော ပြောရင်းဆိုရင်း ထွက်သွားပြီ*
*အကောင်စုတ်*
အသံတွေ ပေါ်လာသည်။ မလှပသော ဖြစ်စဉ်တွေ ဖြစ်လာတော့သည်။
>>>>>
|||||
<<<<<
အိမ်ပြန်အရောက် ကြယ်ရောင်တောက်ပနေသည်ကို ရင်ခုန်စွာ တွေ့လိုက်ရသည်။ အကြောင်းအရာနှင့် ခေါင်းစဉ်တွေက ရင်ခုန်သံမပါ။ ဖြစ်စဉ်ကို နားဆင်ရင်း အကျိုးသင့် အကြောင်းသင့်တွေ ရှင်းလင်းရတော့သည်။
စာသင်သားသည် စာသင်ချိန်၌ စာကိုသာ ကြိုးစားသင်ယူရမည်။ လောကသဘာဝကို လေ့လာမှုသည်လည်း ရှိရမည်။ သို့သော် ၀န်းကျင်ပတ်ချာ လူ့ရွာအလည်တွင် လူအများနှင့် သင့်တင့်အောင်လည်း နေထိုင်တတ်ရမည်။ သူတပါးအား စိတ်လက်မကြည်သာအောင် နှောက်ယှက်ခြင်းလည်း မရှိသင့်ပေ။ နာခံမှုသည် ဆိုဆုံးမသူပေါ်တွင် မူတည်သည်။ တခါတရံ ဆိုးသွမ်းသူအား ရိုက်နှက်ဆုံးမသင့်သည်လည်း ရှိရာ၏။ သို့ကြောင့် ရိုက်နှက်ရန် သစ်သားချောင်းလေးများ အသင့်ပြုလုပ်ထားမိသည်။
မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့ပေ။ လေတဖြူးဖြူးတိုက်ခတ်နေပြီး အေးချမ်းသော ညချမ်းအချိန်လေးမှာ ကြယ်တွေမလင်းပါ။ (၆၀)၀ပ်အား မီးသီးတစ်လုံးထွန်းထားသော အိမ်တစ်လုံးအပေါ်ထပ် ၀ရန်တာတွင် အသံညှင်းညှင်းဖြင့် ကြယ်တွေအကြောင်းသိကောင်းစရာများ နာယူမှတ်သားရသည်။ တချက်တချက် လေအတိမ်း လူအယိမ်း မီးရောင်ဟပ်သဖြင့် မျက်နှာပြင်တွင် အဖြူရောင်အသီးလေးများ တွဲခိုနေသည်။
လေတိုက်၍ လျှပ်စစ်ကြိုးတစ်ချောင်း ပြတ်တောက်ခဲ့သည်။
Posted by
naing
at
2:07 AM
4
comments
Labels: စာတို
သူပြောလို့ သိရတယ်

ဒီလ ဆုံးဖြတ် စရာ
You can analyse the past
But you need to design the future.
Otherwise, it may be no better than the past.
Edward de Bono
ခင်ဗျားအနေနဲ့ အတိတ်ကို ခွဲခြမ်းစိတ်ဖြာလို့ရပါတယ်။
ဒါပေမယ့် အနာဂတ်ကို ပုံဖေါ်ကြည့်ဖို့တော့ လိုလိမ့်မယ်။
ဒီလိုမှမလုပ်ရင် အနာဂတ်ဟာ အတိတ်ထက်
ပိုကောင်းချင်မှ ကောင်းပါလိမ့်မယ်။
အက်ဒ၀ပ် ဒီဘိုးနိုး
စံပယ်ဖြူ မဂ္ဂဇင်း
အမှတ်(၆) ဇူလိုင်၊၂၀၀၁
မျက်နှာဖုံး
Posted by
naing
at
1:19 PM
0
comments
Labels: ပေစ
ဒီက ငါးရက်နေ့ လက်ကျန် h://naing1.blogspot.com/2007/11/end of 05.html
ဒါက ၆ရက်နေ့ အတွက် h://naing1.blogspot.com/2007/11/06.html
အိမ်အတွက်ဖုန်းနှင့်စာက ၇ရက်နေ့အတွက် h://naing1.blogspot.com/2007/11/phone&letterforhome07.html
ကိုယ်တိုင်မပါဝင်သလို ပျော်ရွှင်ခဲ့တာက ၈ရက်နေ့အတွက် h://naing1.blogspot.com/2007/11/without me.html
ဒီနေ့အတွက် For today
ဒီနေ့လက်ကျန် က h://naing1.blogspot.com/2007/11/end of 09.html
မနေ့နှင့်မနက်ဖြန်သည် လူကိုမစောင့်(မှားလို့)
*အချိန်နှင့်ဒီရေသည် လူကိုမစောင့်*(မှန်၏)
မနက်ဖြန်အတွက် လာပါလိမ့်မယ် ။
သဖက်ခါအတွက် လာပါလိမ့်မယ် ။
ဖိန်းနွှဲခါအတွက် စောင့်ရပါလိမ့်မယ် ။
where now ? အခုကော အခု .....
သြော် စစ်ကနဲ မြည်မှ ထိုင်နေတာကိုး ။
Posted by
naing
at
12:04 AM
2
comments
Labels: စာတို၊ပေစ၊စာစပ်
They write, they blog
They write on the blogs.
They see, they blog
They see blogs.
They hear, they blog
They hear from blogs.
They sing, they blog
They sing on the blogs.
They think, they blog
They think for blogs.
They share, they blog
They share from blogs.
I dream, I blog
I dream about blog.
Blood drop, blogdrug
I blog a blog on the blog.
* iT *
* iHope *
မြင်တယ်၊ကြားတယ် ဘလော့ဂ်
ပေးတယ်၊ယူတယ် ဘလော့ဂ်
ရေးတယ်၊ရတယ် ဘလော့ဂ်
တွေးတယ်၊ထင်တယ် ဘလော့ဂ်
ထကြွ သွေးဆူ၊ဘလော့ဂ်အပူ
ဆေးဝယ်သောက်ဖို့
ဘလော့ဂ်စို့ ။
အင်း ဘလော့ဂ်ဟာ ဘလော့ဂ်တော့ ဟုတ်နေတာပဲ ။
Posted by
naing
at
1:30 PM
2
comments
Labels: ဖန်တီးမှု
သော့
သော့တွေထိန်းသိမ်းရသော လုံခြုံရေးတစ်ယောက် အလုပ်ရှုပ်နေတယ် ။
*ဘာဖြစ်လို့လဲ*
*သော့ပျောက်နေလို့ပါ*
*ဘာသော့လဲ*
ရယ်အား ငိုအား ၊ ပိုစေတဲ့ သူစကား
*သော့တွေသိမ်းတဲ့ မီးခံသေတ္တာသော့ ပျောက်နေလို့ ပါခင်ဗျား*
မရှိဘူး
ကုမ္ပဏီတစ်ခုလုံး အလုပ်ကို ပျားပန်းခပ်မျှ လုပ်နေသည် ။
ကြီးကြပ်သူတစ်ယောက် ရောက်လာပြီး အလုပ်လုပ်သူများအား လိုအပ်ချက်များကို မေးမြန်းနေ၏ ။
မိမိတို့ လုပ်ငန်းဆောင်တာများ၊ လိုအပ်ချက်များကို ပြောပြနေကြသည် ။
လူများစွာ ပြောဆိုပြီးချိန်တွင် အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။
*ဒီကုမ္ပဏီမှာ ကျွန်တော်မဖြုတ်ဘူးတဲ့ သော့တွေ၊၀က်အူတွေ မရှိဘူး*
သော့ပြင်ဆရာထံမှ ဖြစ်သည် ။
Posted by
naing
at
2:20 AM
0
comments
Labels: စာတို၊ပေစ၊စာစပ်