Wednesday, September 05, 2007

Mingalarpar September!

မင်္ဂလာရှိသော စက်တင်ဘာရေ

နိုးခဲ့တဖန် ကြားရပြန်ပြီ

စက်တင်ဘာမှာ ဝေမယ့်နှင်းရေ

နင်ပြန်မလာခင် ပုန်းလျှိုးလိုက်ဦး

ဆဌကမ္ဘာကြီးမှ ဟယ်ရီလင်းကကြိုလိုက်တယ်။

ခြေလှမ်းတွေ ၊ ရေချိုးရင်း

အခန်းတွင်း ပဲ့တင်သံဖြင့်

*ယုံကြည်နေသူ ရှေ့ဆက်လျှောက်ဖို့*

*အဆိုးကြုံရင် ဂရုမစိုက် … လူ့ဘ၀ရနေခိုက်*

သီဆိုပြီး ကြိုလိုက်တယ်။

ကိုယ်တိုင်ကုတ် (quote) တဲ့ ယားနာ

အမှန်တရားက ခါးသီးသဗျာ

အမှန်တကယ်တော့ နားမလည်ပါ။

လောလောဆယ်တော့ အေးသဗျာ

အနွေးလက်ရှည် ၀တ်ထားတာ။

***

လွန်ခဲ့သော တပတ်ခန့်က နွေးထွေးသော ကမ္ဘာငယ်လေးတစ်ခု ယခု မိုးဖြူတိမ်လိပ်တချို့ဖြင့် အေးချမ်းလာသည် ။ ရွာရန် ရွာနှုန်း မသေချာသော ခန့်မှန်းချက်တစ်ခုဖြစ်သည်။ သေချာမှုက အေးလာခြင်းဖြစ်သည်။ အေးပြန်တော့ နွေးတာကို တောင့်တချေပြီ။ နွေးပါသည်။ နွေးခဲ့ပါသည် ။ နေ့တချို့ကြောင့် ၊ တေးတချို့ကြောင့် ။ လူသားတွေက တေးတို့ဖြင့် နေ့အချို့ ဖန်တီးခဲ့ကြသည် ။ ဤအကြောင်းက တရားသော အကျိုးများလာခဲ့သည်။ ကောင်းကျိုးကိုယ်၌ တည်စေခဲ့သည် ။ နေမင်းက နွေးသလို ၊ လေညှင်းကလည်း အေးစေသည်။ ပျင်းရိခြင်းခြောက်ပါး မှ အေးသည့်အကြောင်း ထည့်ပေးထားသည်။ အေးသည် ၊ ပျင်းသည်။ သွေး၊လေကို ပူနွေးစေသော အစားအသောက်ဖြည့်တင်းပြီး လုပ်ငန်းဆောင်တာ အ၀၀ကို ကိုယ်စီ ထမ်းဆောင်နေကြပြီ ။

---

မမေ့လျော့သော ၀ီရိယတို့က အချိန်ကို မြန်ဆန်စွာကုန်ဆုံးစေခဲ့သည် ။ သူပျင်းလည်း သွားရမယ့် လမ်းဆုံးက သေခြင်းပါပဲ။ ပျင်းရင်းသေမလား ၊ ခြေလှမ်းတွေ အားတင်းနင်းပြီး ကြိုးစားမလား။ ရာသီဥတုက သဘာဝပဲ။ လူသားဘ၀ကလည်း သဘာဝပဲ ။ ပဲတွေ၊ပဲတွေ ပြောရင်း အားတက်လာပြီဘဲလို့ ပြောင်းရေးရမလိုလို ။

---

ဆက်သွယ်မှုတိုးတက်နေသော ကမ္ဘာကြီးတွင် ဆက်သွယ်မှု ကိရိယာတချို့ ချို့ယွင်းပျက်စီးခဲ့သည်။ မကောင်းသောဆက်သွယ်ရေးလိုင်းကြောင့်လည်း ဖြစ်နိုင်သည်။ ပစ္စည်းပျက်ယွင်းသောအခါ ပြင်ဆင်ကြသည် ။ ရှေးထုံးထားသော ကြားနေကြစကား * ပျက်အစဉ် ပြင်ခဏ * ။ ထားသိုမှုအချို့ရောထွေးနေကြသည် ။ တခါတခါ ကိုယ်စီးသော မြင်း အထီးမှန်း ၊ အမမှန်း မသိခဲ့ပေ။ စနစ်တကျ ရှင်းလင်းပြီး သိမ်းဆည်းခဲ့သည် ။ ပြင်ဆင်ပြီးချိန်တွင် အစသို့ပြန်လည်ရောက်ရှိခြင်းမျိုး ခံစားရတတ်သည် ။ သို့အတွက်ကြောင့် မွေးသမိခင် ကို ကျေးဇူးတင်သည် ။ မွေးကျွေးခဲ့ကြသည့် ဖခင် နှင့် မိခင် အား ကျေးဇူးတင်ပါသည် ။ အသက်တွေ ပြန်ငယ်သွားသလိုပဲ ဟု ပြောဆိုသုံးနှုန်းကြသည် ။ လိုချင်တာ ပြောတာပဲ ။ အသက်တွေ ကြီးလာကြသည် ။ ဒါကတော့ အမှန်ပါ ။ အမှတ်တရ နေ့ အချို့ထဲတွင် မွေးသောနေ့ကို မှတ်သားထားခဲ့သည်။ အော် အူဝဲအော်မြည် လူဖြစ်ခဲ့ပြီ။ လူလားမြောက်အောင် သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များစွာက ဆိုဆုံးမခဲ့ကြသည်။ လူသားမြောက်သော တပည့် တလှည့် ၊ ဆရာ တဖုံ ဖြစ်ကြပြန်သည် ။ ကံတရား ဘီးစက်ဝန်းက လုံးခဲ့သည် ။ တစ်ပတ်ပြည့် ၊ နှစ်ပတ် ၊ အလှည့်အပတ်ပေါင်းများစွာဖြင့် လည်နေတော့သည် ။

---

မင်္ဂလာရှိသော နေ့သစ်များစွာဖြင့် လင်းတစ်ခါ မှောင်တလှည့် ကြိုဆိုနေကြသည် ။ ရာသီအသစ်များစွာကို ဖြတ်သန်းကြသည်။ ကိုယ်စိတ်ကျန်းမာချမ်းသာ ကြပါစေ …

3 comments:

hnin said...

ကိုအိမ်ရေ... ဒီမှာတော့ ပူလွန်းလို့ ဖြစ်နိုင်ရင် ယောက်ျားလေးတွေလို စွပ်ကျယ်ချိုင်းပြတ်တောင် ၀တ်ချင်စိတ်ပေါက်တဲ့အထိ။ ပူချက်က ကမ်းကုန်ရော။ အေးလိုက်တာ ဆိုတာလေးကို ခံစားကြည့်ချင်သေးတယ်။ ဒီမှာက စက်တင်ဘာလည်း အေးမယ်မဟုတ်ဘူးလေ။ မိဘကို ကျေးဇူးတင်ရင် ကျေးဇူးဆပ်ဖို့ ပြင်ပေါ့။ မင်္ဂလာရှိသော နေ့သစ်များစွာဖြင့် ရာသီအသစ်များစွာကို ကိုအိမ်လည်း ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အရေးအသားကိုတော့ တကယ်ကြိုက်တယ်။
အားပေးလျက်...

hnin said...

ကိုအိမ်ရေ... ဒီမှာတော့ ပူလွန်းလို့ ဖြစ်နိုင်ရင် ယောက်ျားလေးတွေလို စွပ်ကျယ်ချိုင်းပြတ်တောင် ၀တ်ချင်စိတ်ပေါက်တဲ့အထိ။ ပူချက်က ကမ်းကုန်ရော။ အေးလိုက်တာ ဆိုတာလေးကို ခံစားကြည့်ချင်သေးတယ်။ ဒီမှာက စက်တင်ဘာလည်း အေးမယ်မဟုတ်ဘူးလေ။ မိဘကို ကျေးဇူးတင်ရင် ကျေးဇူးဆပ်ဖို့ ပြင်ပေါ့။ မင်္ဂလာရှိသော နေ့သစ်များစွာဖြင့် ရာသီအသစ်များစွာကို ကိုအိမ်လည်း ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အရေးအသားကိုတော့ တကယ်ကြိုက်တယ်။
အားပေးလျက်...

naing said...

ပူတယ်လား ၊ အခုလို ဆိုဆုံးမတာ တ အား ပဲ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်