Saturday, September 08, 2007

O

ဒီကြိုးထုံးဖြည်ချင်လျှင် အစရှာရတယ် ၊ စိတ်ဖြည်မလို့ အစနှင့်အတူ လည်ပတ်နေပါတော့တယ်။
လှည့်လည်ကျက်စား ၊ စိတ်ထွေများပြား
ဘယ်ချိန်တမ်းသာ လေသောရယ်လို့
လှမ်းကာလေ မေးမိတော့
တမ်းသာဖြေ စိတ်ရှင်စော
လည်ပြန်ပြီ တစ်ပတ်ကယ်နှင့်
နောက်ကြောင်းပြန် ချိန်ထိုးတော့
ကောင်းကံမ နှောင်းသေမယ်
ပြောကြပေစတောင်း။
ကောင်းကံကို ကိုယ်တိုင်ကြိုးကြိုး
နှောင်းကံက သူ့ဖြစ်မျိုးမို့
အကြောင်းရယ်ဖန်မှဖြင့် အကျိုးစာကိုးပါလိမ့်
နင်ပဲလေ စိတ်သူပိုင်ဖြင့်
ဘာမှာချင်သေးသတုန်း ၊ သေဆုံးချင်တုန်း ... တုန်း ။

3 comments:

hnin said...

တကယ်တကယ်... ကိုအိမ်ရဲ့စာတွေက ခုံခုပြီး ဖတ်တာတောင် မမီနိုင်ဘူးဖြစ်နေတယ်။ ၀ လုံးကို အစရှာတာကနေ.... ဟာဟ... တော်တော်ကို ရှုပ်သွားပြီ။ သေဆုံးချင်တုန်း... ဘာမှာချင်ချင်သေးသတုန်း ဆိုတော့ နောက်ကြောင်းပြန်လှည့်လို့ ဖြေရှင်းချက်လေး ပေးခဲ့ပါဦးလို့...

naing said...

မင်းကြိုးအထုံးတွေ အထွေးတွေဖြည်ဖူးလား ၊ စိတ်ရှုပ်ထွေးနေဖူးလား။
ကိုယ်စိတ်ကိုဖြေရှင်းနိုင်ဖို့ ကောင်းမှု၊မကောင်းမှုကံတရားက ကိုယ်တိုင်ဖန်တီးမှုပဲ။
အကြောင်းအကျိုးဆိုတာ ဖြစ်ပေါ်လာမှာပါ။
ကိုယ့်အတ္တနဲ့လို့ မပြောပါဘူး ။ အဲဒီအတ္တကိုယ်တိုင်က ပိုင်ဆိုင်မှုမှမဟုတ်တာ။
ဒါကြောင့် သွားတော့မယ် ။ သေတော့မယ်၊သေဆုံးတော့မယ်။

မ hninhnin ဘ၀သံသရာမှာ စိတ်အခက်အခဲတွေ ၊ အထုံးဖုထစ်လေးတွေ တွေ့တတ်ပါတယ်။
ဖြည်တယ် ၊ ရှင်းတယ်။

hnin said...

ဟုတ်တယ်။ အခုလို ရှင်းပြလိုက်တော့မှ နားလည်သွားတယ်။ အဲဒီလိုပဲ ပိန်းတဲ့လူဆိုတော့ ရေးတဲ့သူကိုတောင် အားနာတယ်။ သိုးလေး မီအောင် လိုက်ဖတ်နေပါတယ်။ အထုံးတွေကလေ ကိုယ်တိုင်ပဲ ထုံးလို့သာ ကိုယ်ဖြေနေရတာပဲမဟုတ်လား။ အထုံးကို သိပ်မရှုပ်ဖို့ ကိုယ်ပဲ ကြိုးစားရမှာပေါ့။ နော်။ သေတော့ မသေချင်သေးဘူး။ ဟဲဟဲ...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်