Tuesday, September 18, 2007

To afraID

ကြောက်ရန်

ကြောက်တာမှ တအားပဲ ။ မွေးစမှ သေဆုံးသည်အထိ ကြောက်ရွံ့စွာ နေထိုင်နေကြသည် ။ သို့သော် အကြောက်တရားသည် မတည်ငြိမ်သလို ဆန့်ကျင်ဘက်ဖြစ်သော ကြောက်ရွံ့မှုကင်းခြင်းလည်း ရှိပြန်သည် ။ အကြောင်းအကျိုးစဉ်းစားခြင်းသာ ဖြစ်သည် ။ နိမိတ်ဖတ်ခြင်းလည်း မဟုတ် ။ ဖတ်မှတ်ဖူးသည်က နိမိတ်ဖတ်လျှင် နိမိတ်သာဖတ်ရန် ဖြစ်သည် ။ အကြောင်းအကျိုးကို မစဉ်းစားဘဲ နိမိတ်ဖတ်ခြင်းအဖြစ်နှင့်သာ နားလည်ရမည် ဟု မှတ်သားဖူးသည် ။ ဘယ်အကြောင်းဖြစ်ဖြစ် စာရေးချင်သည်က ရှိသည် ။ မရေးဖြစ်သည် လည်း များစွာကျန်ရစ်ခဲ့သည် ။ ဘာရွေ့ဘယ်မျှ စကာ ဘယ်ပုံဘယ်နည်း ပြီးစီးမည်ဟု မျှော်လင့်ခဲ့သည်လည်း ရှိ၏ ။ မမျှော်လင့်သော ဖြစ်ရပ်များလည်း ပေါ်ပေါက်လာနိုင်သည် ။ ထိုအခါ မမျှော်လင့်သော အခြေအနေများကို သတိထား မှတ်သား လုပ်ကိုင်ရန်သာ ရှိတော့သည် ။ မျှော်လင့်သလို ဖြစ်မလာသောအခါ ဖြစ်သလိုလည်း လုပ်ကိုင်ရပြန်သည် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသောအခါ -

***

တစ်ရက် ။ အပြင်သို့ထွက်ခဲ့သော တစ်ရက် ။ မိုးကောင်းကင်ကို ရှင်းလင်းစွာမြင်နိုင်သော နေရာတစ်နေရာ ။ သို့သော် အညိုရင့်ကို အမည်းသန်းသော အရောင်နှင့် ပြည့်စုံနေသည့် ကောင်းကင်ဖြစ်နေသည် ။ မိုးလုံးမှိုင်းနေသည်ကို သဲကွဲစွာ မြင်ရသည် ။ မိုးသားတိမ်ဟု ခေါ်ဆိုသော်ရကောင်း၏ ။ မိုးကားမရွာ ။ ဖွဲဖွဲမျှကျနေသော ရေမှုန်များရှိနေသည် ။ မိုးစက်မိုးပေါက်အဖြစ်မရောက် ။ မိုးအပွင့်လေး ၊ အမှုန်လေးများအဖြစ်သာ ပြည့်နှက်နေသည် ။ လေလည်း တိုက်နေသည် ။ လေတိုက်သဖြင့် မိုးကာထားသော ထီးအရွက်ရိုး၏ အဆစ်များလန်ထွက်ကုန်သည် ။ ထီးရိုးဆစ်များကို ပြန်ချိုးချနေရသည် ။ သွားလာမှုကိုကား မရပ်တန့် ။ ဆက်လက် သွားလာခဲ့သည်။

ရပ်တန့်မှုအများအပြားလည်း တွေ့နိုင်သည် ။ လမ်းဆုံလမ်းခွများတွင် သွားလာမှု လွယ်ကူစေရန် မီး (နီ၊၀ါ၊စိမ်း) သုံးရောင်ခြယ်လေးများ ထားပေးသည် ။ သို့သော် ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေသည် ။ ထို့ကြောင့် ရပ်တန့်မှုများ ဖြစ်ရသည် ။ ၀ါတုန်း သတိထားကူးရန်သာ ဖြစ်သည် ။ မီးနီဖြတ်သန်းမှုများလည်း မြင်ရသည် ။ လူ့စိတ်က အလျင်လိုထားလို့ ဖြစ်ရသည် ။ *အလျင်လို အနှေးဖြစ်* ရသည် ။ မြန်ဆန်စေချင်ကာမှ တော်တော်နှင့် မရောက်နိုင် ။ ရှောင်တိမ်းမှု ၊ စောင့်ဆိုင်းမှုများဖြင့် ကျော်ဖြတ်ရသည် ။ လူရော ၊ ယာဉ်ရော အားလုံး ရောနှောနေသည် ။ အချိန်ကျန့်ကြာခဲ့သည် ။ အကြောင်းက အပေါ်မှ ဖြစ်ရပ်များကြောင့်ဟု ပြန်လည်ပြောဆိုဖြစ်ကြသည် ။ နှောင့်နှေးကျန့်ကြာခဲ့သည် ။ သို့သော် သွားလိုသော နေရာသို့ ရောက်ခဲ့သည် ။ ရောက်ခဲ့သည် ။

***

ထသွားပြန်ကြည့် ၊ သွားလာသတိ

ရှေ့ကားမီးနီ ၊ လယ်မှာဝါ၍

ဘယ်ခါ စိမ်းလိမ့်မတုန်း …။

မျှော်မှန်းမရှိ ၊ ဖြစ်တတ်ရံခါ

လျင်လိုကြောက်တတ်ရန်ကော …။

4 comments:

Layma said...

တခါတလေ ကြောက်လွန်းလို့ ...ဒုက္ခရောက်ရတယ်...
တခါတလေ မကြောက်လို့  .. ပြသနာတက်ရတယ်...
ဘာကိုကြောက်သင့်ပြီး ဘာကို မကြောက်သင့်ဘူးလဲလို့  အကြိမ်၂ သုံးသပ်နေတုန်း မီးနီသွားတယ်...။ ဒီလိုနဲ့ ပဲ ..တရက်ပြီးတရက်...။

hnin said...

ကို အိမ် ရေးတဲ့အကြောင်းအရာလေးတွေ ဖတ်ပါများလို့လားတော့ မသိဘူး နည်းနည်း သိလာပြီ။ ဘ၀နဲ့ပတ်သက်လို့ အတွေ့အကြုံ တော်တော်ရင့်ကျက်တယ်ထင်တယ်။ အရေးအသားတွေ ကောင်းတယ်။ အားကျတယ်။ အားပေးနေပါတယ်။

naing said...

မ layma မီးပွိုင့် မီးနီလျှင် မဖြတ်ပါနှင့် ။

naing said...

မ hninhnin အိမ်မှာ ခေါင်မိုး ရှိတယ် ။ တအား မမြှောက်ရဘူးလေ ။ ခေါင်းနဲ့ ခေါင်မိုး ဆောင့် နေလိမ့်မယ် ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်