Friday, November 23, 2007

Fire' sound

မီးသံ

ဟိုဘက်က တဒိန်းဒိန်း

ဘာသံလဲမေး

မေးပါနဲ့လေ

ပျော်ပွဲတွေ မီးရှူးလွှတ်တယ်

ဗျောက်သံပါကြား ။

ကြားရတဲ့မီးသံ

အိမ်လွမ်းသူ ဆွေဖော်အပေါင်း

ကြည့် ကြည့်ကာ ချောင်း။

ပျော်ပွဲလာ ရွှင်မော်ကြွား

စု စုကာသွား။

ပမာလေ ထလျှင်ဖြင့်

ရွာပွဲတွေ စီချိန်

Day တက်ရ ကျောင်းသူ၊သားက

ပြန်ချင်လှလှ။

မတတ်သာ ရွာလွမ်းရုံပ

မီးသံလှ ညိမ့်ညောင်းကို

တိုးတိုးဖော် တူတူစု

အသာကြည့်ရှု ။

2 comments:

hnin said...

ိကုအိမ်တို့ဆီမှာတော့ သံစုံပျော်နေကြတဲ့ အသံတွေကြားကြရမယ်နော်။ သိုးလေးတို့ဆီမှာက အဲဒီထက်ပိုဆိုးတယ်။ ဗျောက်အိုးမဖောက်ရတဲ့၊ ရပ်ကွက်လူကြီးက ဆိုက်ကားနဲ့ လိုက်အေယ်တယ်။ သူတို့အော်ပြီး ရှေ့ တစ်လှမ်း နှစ်လှမ်ဲး ရောက်၊ နောက်က အုန်း ဒုန်းဆို ချပြီ။ အရမ်းရယ်ရတယ်။ သိုးလေးတို့လည်း ပါတာပေါ့။ ဗျောက်အိုးလေးတွေ လက်မှာကိုင်ပြီး ချောင်းနေတာ။ နည်းနည်းလစ်တာနဲ့ လမ်းမပေါ် ပစ်တင်ပစ်လိုက်တာ။ ပြီးရင် မသိသလိုနဲ့ ခပ်တည်တည် ခုံမှာထိုင်နေတာပေါ့။ ရွာလွမ်းတယ်ဆိုတော့ ရွာမှာက အဲလို ပျော်ကြလို့လား။ ရွာမှာတော့ သိမ်သိမ်မွေ့မွေ့ ပျော်ကြမှာပေါ့နော်။ ခု ရိုက်သာ ရိုက်နေရတာ။ မြန်မာလို မြင်ရတာဟုတ်ဘူး။ ပြီးမှ စာလုံးပေါင်းတွေ ပေါက်သောက်ဖြစ်နေမှာ မြင်ယောင်သေးတော့။ ကိုအိမ်ကြီး ရွာလွမ်းရင်းနဲ့ပဲ ပျော်ရွှင်နိုင်ပါစေ။

naing said...

လက်မီးအပူလောင်ဦးမယ် ။ ပျော်ပါတယ်ခင်ဗျာ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်