Thursday, November 01, 2007

Seasonal ghost

ရာသီစာစားသော သရဲ

* ဟာ ….. *

မီးပျက်သွားပြီ ။

* ဟာ ….. *

အိမ်မှာ တစ်ယောက်မှ မရှိဘူး ။

* ဟာ ….. *

ဖယောင်းတိုင် ၊ မီးခြစ်က ကုန်နေပြီ ။

* ဟာ ….. *

ဘာသံလည်း… ။

* ဟာ ….. *

ဘယ်သူလဲ ။

* ဟာ ….. *

အမလေး …လေး ။

* ဟာ ….. *

ဒီနေရာ လင်းလှချီလား ။

* ဟာ ….. *

ဘာမှလည်း မရှိဘူး ။

* ဟာ ….. *

အလင်း အမှောင် တွဲမြင်ရတယ် ။

* ဟာ ….. *

* ဟေး ….. *

မီးပြန်လာပြီ ။

***

အကြင် သရဲ

စိတ်စွဲ မှတ်သား

ကိုယ်ခွဲမပါ

ဖ၀ါးထပ်ချပ်

ကပ်ကပ်လိုက်တမ်း

ပြေးလေပြီ

***

* ဒုန်း *

ဟာ တိုက်ပြီဟေ့ ။ ဟယ် သနားပါတယ် ။ ဟုတ်ပါရဲ့ ။ အမယ် ယောင်္ကျားလား မိန်းမလား မသိဘူး ။ ပါးကွက်လေးနဲ့ ပါလား ။ ကားကနှေးပါတယ် ။ လမ်းကျယ်ကြီး မှာ တိုက်တာကိုး ။ ယာဉ်ထိန်းရဲတွေ လာနေပြီ ။ ကားမောင်းသူလည်း သတိမေ့နေတယ် ။ အကြောက်လွန်သွားတာထင်တယ် ။ ဆေးရုံပို့မှ ဖြစ်မယ် ။ ဖယ်ပေးကြပါ ။ ထိုင်ထ လာတယ် ။ သက်သာပြီထင်တယ် ။ * သူများ အပြစ်ပါ * ။ စကားပြောနိုင်သေးတယ် ။

* ဘုံး *

ဟာ သေသွားပြီဟေ့ ။ ဟယ် သနားပါတယ် ။ ဟုတ်မယ် ။ ရောဂါ ရှိတယ်တဲ့ ။ ကုသိုလ်ကံ နည်းရှာတာပဲ ။ ကျွတ် ကျွတ် ကျွတ် ။ လူတွေ ဖယ်ပေးကြပါ ။ အမလေး သနပ်ခါးနံ့လေးကို မွှေးနေတာပဲ ။ အော် သနပ်ခါးခွက်လေး မှောက်နေတာကိုး ။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်