Tuesday, August 07, 2007

07.08.07

၇-ဂ-၂၀၀၇

မနက်ပိုင်း လင်းခါနီး ၀မ်းဗိုက်အောင့်တာကို ဖြေရှင်းခဲ့ရတယ်။ ပြန်အိပ်ပျော်လို့ တော်သေးတယ်။ နိုးတော့ (၁၀)နာရီခွဲ။ နောက်ကျတာလည်း မဖြစ်အောင် စောစော ကျောင်းသွားခဲ့တယ်။ တကိုယ်ရေ သန့်ရှင်းမှု တစ်ခုတိုးလာတာက ဂျိုင်းအဆီမွှေးလေး လူးခဲ့တယ်။ (၁၁)နာရီ မထိုးခင် ကျောင်းရှေ့ က မုန့်ဆိုင်မှာ ဟော့ဒေါ့ တစ်ခု ၀ယ်စားခဲ့တယ်။ ကျောင်းပိတ်ရက်မှာ အစောင့်တွေ ၊ ကျောင်းပြင်ဆင်နေတဲ့လူတွေနဲ့ မဖြစ်မနေလာ နေကြလူတွေ က လွဲရင် ကျောင်းကြီး တိတ်ဆိတ်နေသံကို မုန့်စားရင်း ရေသောက်ပြီး ထိုင်ကြည့်ခဲ့တယ်။ တချို့ နေရာတွေ မီးတောင် မဖွင့်ထားသေးဘူး ။ မှောင်နေတဲ့ စင်္ကြန်ကို လျှောက်ခဲ့တယ်။ ဆရာက ကြိုးတွေတတ်နေပြီ။ အပြီးစမ်းသပ်မယ်ထင်တယ် ။ လုပ်စရာရှိတာ ဆက်တိုက်လုပ်နေခဲ့တယ်။ ရသွားပြီ ။ အဲဒီပုံစံအတိုင်း နောက်တစ်ခု ကြိုးတွေ ခဲတို့ခဲ့တယ်။ ကျစ်ခဲ့တယ်။ ထိုင်ခဲ့တယ်။ အချိန်တောင် ဘယ်နာရီရောက်နေမှန်းမသိခဲ့ဘူး။ ဆရာက သူ့ကို စောင့်ပါတဲ့ ။ စောင့်စရာမလိုအောင်ကို ဆရာပြန်လာမှ ကြိုးတွေဆက်တာ ပြီးခဲ့တယ်၊ (၂)ချောင်း ကျန်နေလို့ အသစ်ရော ၊ အဟောင်းမှာပါ ထပ်တပ်ခဲ့တယ်။ မိုးတွေခြိမ်းနေခဲ့တယ်။ ထီးမပါတာ သတိရနေခဲ့တယ်။ မိုးကာတော့ပါသား ။ ညနေ(၇)နာရီထိုးတော့မယ်။ ကဲ ပြန်ကြမယ် ။ မိုးတွေရွာတုန်းမှာ… ၊

ပြတင်းတံခါးတွေ ပိတ်ပြီးမှ ဆရာက အင်တာနက်ဈေးဝယ်ဆိုဒ်တစ်ခုကို ကြည့်နေခဲ့တယ် ။ ယောင်ဝါးဝါးနဲ့ ထိုင်စောင့်နေခဲ့တယ် ။ ဗိုက်ဆာလာပြီ ။ မနက်ဖြန်တွေ့မယ်လို့ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ စင်္ကြန်ကြီးက အလာအတိုင်းပဲ ၊ မီးပိတ်သွားတာ ထင်တယ် ။ မှောင်နေခဲ့တယ်။ မိုးတွေရွာနေတယ် ။ ဖွားဖွားလေးပဲ ကျနေလို့ ။ မိုးကာအ၀တ် ၊ ကျောပိုးအိတ်လွယ်ထားတာနဲ့ ညှိပြီး အောက်ပိုင်းနားက ဇစ်လေး ချုပ်ရိုးပြေခဲ့တယ် ။ မိုးရွာထဲမှာ လမ်းလျှောက်ခဲ့တယ်။ မြေသင်းနံ့ ကုန်နေပြီး ရေညစ်ညစ်စီးနေတဲ့ လမ်းပေါ်မှာ တစ်ယောက်စ နှစ်ယောက်စနဲ့ အတူ လမ်းဖြတ်ကူးခဲ့တယ်။ မှတ်တိုင်မှာတော့ ထီးရောင်စုံနဲ့ အသွေးစုံတဲ့ လူတွေ ကားစောင့်နေကြတယ်။ အသားကင်ရောင်းတဲ့ ဆိုင်ဘေးက ဖြတ်လာလို့ ဗိုက်က ပိုမြည်လာတယ်။ သီချင်းတစ်ပုဒ်ကို အသံထွက်ဆိုရင်း လက်လေး အနည်းငယ် ကားကားလေး လျှောက်ခဲ့တယ်။ မိုးစက်တွေနဲ့အတူ … ။ ~~~*အကောင်းဆုံး စိတ်ဓာတ်များရဲ့ အင်အား… ရှင်သန်အောင် ပြုလုပ်ပြီးထား …. အကောင်းဆုံး လူ့ဘ၀ထဲက အမှန်တရား … * *လူ့ဘ၀ကို မင်းရခဲ့တယ် … … …* ~~~ ပြန်ရောက်တော့ ရေသောက်လိုက်တာ အားရှိလာတယ် ။ ထမင်းကြမ်းလေးနဲ့ ရယ်ဒီမိတ် ထမင်းကြော်အထုပ်ကို ရောကြော်ခဲ့တယ်။ လမ်းဘေးကို လွမ်းသလို ငေး ၊ တမ်းတေးတွေဆိုရင်း မိုးတွေရွာနေခဲ့တယ်။ စားဖို့ပြင်ပြီးတာနဲ့ ရေချိုးမယ်။ လွမ်းကူလို့ မစဲအောင် ထမင်းကြော်ပူပူကို သူငယ်ချင်း ချက်ထားတဲ့ ၀မ်းတွင်းသား ပြုတ်တစ်ခွက်နဲ့ လွေးခဲ့တယ်။ အေးတယ်။ မနက်ဖြန် ကျောင်းသွားရမှာ သေချာတယ်။ စာရေးပြီး အိပ်တော့မယ် ။ မိုးတွေရွာနေတယ်။

4 comments:

hnin said...

ဒါ ကျောင်းတက်ရက် တစ်နေ့တာ လှုပ်ရှားမှုလားပဲ။ ဂျိုင်းများ အဆီမွှေးလူနေသေးတယ်။ ပိုက်ပိုက်ကုန်တာပေါ့။ မြန်မာ့ရိုးရာ ကျောက်ချဉ်သွေးလိမ်း။ ဘာအနံ့မှ မရတော့ဘူး။ အိမ် ဆိုပြီး အိမ်မှာ ဘယ်သူမှမရှိတဲ့ပုံပဲ။ တစ်ယောက်တည်းဖြစ်သလိုနေရသလိုပဲ။ ဘာတွေလဲဟ...

naing said...

မ hninhnin တစ်နေ့တာပါ ။ ဟီး အနံ့ ထွက်တယ် ထင်လို့ လိမ်း မိပါတယ် ခင်ဗျာ ။ ရှိကြပါတယ် ။ တစ်ယောက်တည်း မဟုတ်ပါဘူး ။ ဒါကတော့ မိုးရွာနေတာပါ ။

hnin said...

မ hninhnin တစ်နေ့တာ မဟုတ်ပါ။ ကို အိမ် ရဲ့ တစ်နေ့တာပါ။ ဟဲဟဲ... နောက်တာနော်။ မြန်မာစကားက အဲဒီလိုပဲ။ အမျိုးမျိုး တွေးလို့ရတယ်။ စတာနော်။ ဆုံးတာမဟုတ်ဘူး။ ခွိခွိ...

naing said...

မ hninhnin ။ ကျွန်တော်၏ တစ်နေ့တာပါ ။ ဒါက အ တည် ။ အဟုတ်က တော့ ၀က်သားခုတ်နေတယ် ။ ဟိဟိ...

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်