Thursday, August 16, 2007

Want to contact

ဆက်သွယ်ခဲ့သည်

၁။ ကြီးကြပ်စောင့်ရှောက်သူ ကိုယ်စိတ် ကျန်းမာချမ်းသာစေခြင်း ။

၂။ ထိန်းချုပ်သော ခလုတ်ကောင်းစွာ အလုပ်လုပ်စေခြင်း ။

၃။ အပေါ်တက်မှု မြန်ဆန်စေခြင်း ၊ အောက်ဆင်းသောအခါ ခွဲဝေမှု မျှတစေခြင်း ။

၎။ သုံးစွဲရန် အချိန်အားလပ်စေခြင်း ။

၅။ ဆက်သွယ်ရန် အားထုတ်ကြိုးပမ်းခြင်း ။

သို့သော် လူကြီးမင်း၏ ဆက်သွယ်ရေးစက် ကောင်းမွန်သော်လည်း ဆက်သွယ်ရေး လမ်းကြောင်း မကောင်းပါသဖြင့် (သို့) ထိန်းချုပ်စက် ပျက်နေပါသဖြင့် အပေါ်သို့ပေးမတက်ပါ။ အောက်လည်း ပေးမဆင်းပါ ။ ပြန်လည်ဆက်သွယ်မည်လား ။ အကူအညီလိုပါက F1 နှိပ်ပါ။

ဟာ… ကွာ … လိုင်းကလည်း မကောင်းဘူး ။

---

လှေနံဓါးဒစ်သူ

တခါသော် ရေစီးသောချောင်းအတွင်း ငါးဖမ်းထွက်လာသော လှေငယ်တစ်စီး ရှိခဲ့သည် ။ ငါးများစွာ ဖမ်းမိပြီး နေရာမှတ်သားရန် လှေနံအား ဓါးဖြင့် မှတ်သားခဲ့သည် ။ ပြန်ခဲ့လေသည် ။ ပြန်လည် ရှာဖွေသောအခါ နေရာမှားယွင်းမှု မရှိပေ ။ သို့သော် ငါးမရခဲ့ပါ ။

ဆရာသင်ပြသော လှုပ်ရှားမှု ပုံစံငယ်သည် မှန်ကန်နေ၏ ။ မှတ်သားခဲ့သည် ။ ဒီလိုလှုပ်ရမယ် ။ ပြန်လည် လှုပ်ရှားစေသောအခါ ထိုပုံစံငယ် အဘယ်သို့ ထွက်ရပ်ပေါက်သွား သည် မသိ။ ပျောက်သွားရှာသည် ။ ပုံစံကို မှတ်သားခြင်းသာ တတ်မြောက်ခဲ့သည် ။ ဘာကြောင့် လှုပ်သွားသလဲ မသိလိုက်ပေ ။ ခေတ်မီစွာ ငါးဖမ်းခဲ့သည် ။ ရေတောင် မချိုးခဲ့ရ။

---

ဟာသ

ကာတွန်းတစ်ပုဒ် ဖတ်ဖူး၏ ။ မီးသီးအလင်းရောင် အမြဲရစေရန် စက်ဘီးအား နင်း၍ ဒိုင်နမိုကိုလည်စေသည် ။ ထိုစက်ဘီးလည်စေရန် မော်တာတပ်ပေးခဲ့သည် ။ အမြဲလင်းနေ၏။ မော်တာကို ဘက်ထရီအိုးဖြင့် လည်စေခဲ့သည် ။ ဘက်ထရီအိုး အားသွင်းရန် လျှပ်စစ်မီးသုံးမှပဲ ။ သို့သော် ဒီနေ့ မီးမလာပါ ။

---

ဆက်သွယ်မရသောကြောင့် မှတ်သားမှု မှားတာပါလို့ ရယ်မော ဖြေသိမ့်ခဲ့တယ် ။ ရပ်လိုက် ၊ ရယ်လိုက်ပေါ့ ။ မရပ်သောအခါ …

When we stop, we have fun as joke. Non-stop our thought, it’s not joke. It will be True. Never the less we need pleasure. So we must be stop. Let me stop here. Funny, Am I Right?

(မှတ်သားမှု မှားယွင်းနိုင်ပါသည်)

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်