Sunday, August 26, 2007

Taste it!

မြည်းပါဦး

အစကတော့ ဆန်မှုန့် (၂)ခွက် ၊ ဂျုံမှုန့် တစ်ခွက်ပဲ ။ ဆန်မှုန့်လည်း ဈေးကြီးတယ် ။လိုနေမှာစိုးလို့ ပြောင်းပြန်လုပ်လိုက်တယ် ။ ဆန်(၁) ၊ ဂျုံ(၂) ပေါ့ ။ နီအောင် ငရုတ်သီးအရောင်တင်မှုန့်လေး လက်ဖက်ရည်ဇွန်း(၁) ၊ ဆား (၁) ၊ ဟင်းချိုမှုန့်(၁)ပေါ့ ။ ရေထည့် ပြီး ပြစ်ပြစ်လေး မုန့်နှစ်ဖျော်ထားတယ် ။ ဘူးသီးက (၁)လက်မခွဲလောက်လေးတွေ အရွယ်ညီလှီးပြီး ရေဆေးထားပေါ့ ။ ဆီဆူထည့် ၊ ရဲရင်ချ ။အချဉ်က မန်ကျည်းသီးနှစ်အရည်၊ ဂေါ်ဖီသေးသေးပါးပါး၊ကြက်သွန်မြိတ်ရယ်၊ကြက်သွန်ဖြူတစ်စိတ်၊အနီတစ်လုံး ။အချဉ်ရသာလေးအောင် ဆားလေး ဟင်းချိုမှုန့်လေး ထည့် ၊ အပေါ်ကနေ ငရုတ်သီး အကြမ်းမှုန့်လေး ဖြူး … ဂျင်းနံ့လေး စားတတ်ရင် နည်းနည်းလောက် အစိတ်ပိစိလေးတွေ လှီးပြီးထည့် ။ ဒီတိုင်းစားရင် ဆာနေမယ် ၊ ထမင်းဆီဆမ်းဆားဖြူးလေးနဲ့ စားပေါ့ ။ ဗိုက်ဝပြီး ဂျုံနဲ့ လေထ ၊လေပွ နေမယ် ။ ရေနွေးကြမ်းသောက် ။

စားပါဦး …

4 comments:

hnin said...

အိမ်ရေ... တစ်ခါမှ ကိုယ်တိုင်မချက်ဖူးတော့ သွားရည်ပဲယိုတော့မယ်။ အလကား ... ကျွေးတာလည်းမဟုတ်ဘဲနဲ့ သူများ သွားရည်ကျအောင်...

naing said...

ရှိတာလေးနဲ့ ဧည့်ခံတာပါ ခင်ဗျာ ။

Layma said...

မုန့် နှစ်ထဲမှာ ငါးကြင်းပြုတ် …(အဲဒီမှာရလားမသိဘူး) … အရိုးထွင် ပြီးထည့်ရင်ပိုစားကောင်းတယ် … ဘူးသီးကိုသေး၂လေးတွေလှီးပြီးတော့ကြော် ….ရှမ်းငပေါင်းကြော်လို့ ခေါ်တယ်….။

naing said...

ငါးဈေးကြီးပါတယ် ခင်ဗျာ ။ ငါးလည်း သိပ်မစားဖြစ်လို့ပါ ။ ဘူးသီးက လည်း ဈေးချိုတုန်းလေး ၀ယ်စားတာပါ ။ မှတ်ထားမယ် ၊ ရှမ်းငပေါင်းကြော် ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်