Friday, August 03, 2007

Shadow

အရိပ်


ကိုယ်တိုင်တွေ့နေရသော ကိုယ့်အရိပ်ကို ကြည့်ပြီး တော်တော် စိတ်ပျက်နေပါသည် ။ ဒီအရိပ်မှ ကင်းဝေးရန် အရိပ်ပျောက်အောင် လုပ်မှရမယ် ။ လမ်းလျှောက်လည်းပါ။ နေရာတကာ ခြေလှမ်းတိုင်းပါ။ အရိပ်က ထပ်ချပ်မကွာ လိုက်နေတယ် ။ ပြေးမလား ၊ လွတ်မယ်မထင် ။ အရိပ်က မထွက်အောင်တော့ လုပ်မရဘူး ။ ခဏပျောက်ချင်ရင်တော့ အရိပ်ကြီးကြီး သစ်ပင် ၊ အဆောက်အအုံမှာ ၀င်နားမှပဲ ရမယ် ။ အနားယူမယ် ။ အင်း … အရိပ်ပျောက်သွားတာပဲ ။ ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတွေ ထပ်ချပ်မကွာပါပဲ ။ အကျိုးတရားတွေ က လမ်းလျှောက်နေဆဲပါ။ ခြေလှမ်းတိုင်း အကြောင်းတရားတွေပါတယ် ။

ဖြည်းဖြည်း သွားလာ ၊ မြန်ဆန်ပါလည်း

လေလာရာပါ ၊ ကိုယ့်အရိပ်ဝဲ

နားမယ် … ဘယ်နေရာမှာလဲ ။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်