Tuesday, July 31, 2007

Equal to

ညီမျှခြင်း

လူသား ။ ကလေးမွေးကင်းစလေး အူဝဲအော်ခဲ့တယ် ။ ဆရာဝန် ၊ ဆရာမ ကျောပုတ်နှိုးလို့ ဖြစ်စေပေါ့ ။ ကျောင်းနေစ ကျောင်းမသွားချင်တာ ၊ စာမကြည့်ချင်တာ ။ ကျောင်းပျော်စ ကျောင်းကို ခင်တွယ်မိတယ် ။ အလုပ်ခွင် နဲ့ ပညာရေး ရောထွေးနေတဲ့ လူလတ်အရွယ် ပျင်းရိခြင်းတွေ တွယ်ကပ်နေတယ် ။ လေးဆယ်ကျော် ငါးဆယ်အတွင်းမှာ ပြန်ဆုံကြတယ် ငယ်ချစ်ဦးရယ် … မင်းမှာလည်း အကြွေးတွေနဲ့ … ကိုယ်မှာလည်း ကလေးတွေနဲ့ ။ သူနာဆောင်တက်နေလို့ မပျော်နိုင်သလို ၊ တရားမွေ့လျော် ပျော်ပိုက်တာလည်း အရွယ်တရားပဲ ။ မှန်မှားမကွဲပြားချိန် သေဆုံးခဲ့ပြီ ။ *သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။*
ကဗျာဆရာဇော်ဂျီ ရေးခဲ့သော ကဗျာ တစ်ပုဒ်ဖတ်ဖူးပါ၏ ။

ညီမျှခြင်း ။ တူညီသည် ။ သင်္ချာတွက်ချက်ခြင်း၌ အလွန်အသုံးဝင်သည် ။ ၁ = ၁ ။ သို့သော် ၅ သည် ၆ မဟုတ်ပါ ။ ၅ မညီမျှခြင်း ၆ ဟု ရေးသည် ။

လက်တွေ့ လုပ်ဆောင်ချက် ။ သူ့ကို ကျွန်တော်ကြည့်မရပါ ။ ကျွန်တော်မကြိုက်သော အရာများစွာ သူလုပ်ဆောင်သောကြောင့် ဖြစ်သည် ။ သူကလည်း ကျွန်တော်ကို မကြည်ဖြူပါ ။ သူ မနှစ်သက်သော အရာများစွာ ကျွန်တော်လုပ်ဆောင်သောကြောင့် ဖြစ်သည် ။ သူ ညီမျှခြင်း ကျွန်တော် ဟု မရေးဖြစ်ပါ ။ သူ့ဆန္ဒ မညီမျှခြင်း ကျွန်တော့်ဆန္ဒ ဟု ပြောဆို သုံးနှုန်းဖြစ်သည် ။ ဒါလည်း ညှိနှိုင်းမရနိုင်သော ညီမျှခြင်းပါ ။

*****

လိုချင် လောဘ

ထိန်းမဲ့ ဒေါသ

ထွေပြား မောဟ

ဤသုံးဝတို့

တည်ဆဲ လူ့စိတ်

ရှင်စော ဘုရင်

ဘယ်ကမ္ဘာတိုင်မှ ရှုံးပါအံ့ ။

Thank a lot! Ma Melodymaung

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်