သစ်ပင်
စာမကုန် ဖွဲ့ ချင်ပေမဲ့ ၊ အသံနဲ့ကိုယ် ပါတုန်
ဒေါသတွေ ထွက်တာကြောင့်
ဟေ… စိတ်ကိုတဲ့ လျော့ပါလေ ။
ကိုယ်မဟုတ် သူတပါးဖြစ်မယ်
ကိုယ်တိုင်းတော့ ရိုင်းလိမ့်မယ် ။
ဘယ်ပုံနှိုင်းနှိုင်း ကိုယ်မရိုးလို့ မှိုင်းခဲ့တယ် ။
ဒေါသမီး အခိုးဝေ ကျူကျူထွက်တာပါ့
မီးများရင် ရေရှုံး ၊ ဘ၀ပါ ဆုံးလိမ့်မယ် ။
လောဘတွေ တသီတန်း ၊ စိတ်ရမ်းကားမှုတဲ့ ။
မောဟမှောင် ညည့်နက်တော့
ရံရောခါ ၊ ရမ္မက်ဖုံးပါလို့
အော် … ငတုံးရေ ထ ထ ။
မဟုတ်ပြန်လေ ငြင်းရင်ကွယ်
ရှေးစကားတော့ ကြားဖူးတယ် ။
*ဘူးဆို ဖရုံမသီးဘူး*
ဒီဘူးစင် ညွန့်ခက်ဖြာလို့
ရေသောက်မြစ်ပုတ်အောင် ဘူးရတယ် ။
သားသမီးဆိုးလေလေ မိဘခေါင်းကြိမ်းစေ ။
ညွှန်းဆိုလို့ ကိုးရအောင်
လာထား သမ္မတ စကား ။
*လေးဆယ်ကျော် မျက်နှာထား
ထိုသူသာ ပိုင်စားတဲ့ ။*
ငယ်စွန်းတဲ့ လေးဆယ်အောက်
ဘယ်တွန်းမလဲ စဉ်းစား
မွေးကျွေးမိဘ ခလုတ်ထိတိုင်းတတဲ့ ။
*သတိမမူ ဂူမမြင်*
ဆရာတဆူ ဖြစ်စေ ၊ ကျောင်းသား ဖြစ်စေ
သတိ ပျက်ပြား ၊ ဘ၀ပါ မှား ။
တည်ငြိမ်ကိုယ် စိတ်မထွေပြားအောင် ဘုရားသာ ကိုး ။
တရားသာ ရှိခိုးလို့ ၊ သံဃာကို ဦးတင်
စိတ်သာလျှင် အရှင်စောမို့ ၊ ကိုယ်မှားတာ ကိုယ်ဆိုး ။ မှားလျှင်ကွယ် ပြင်ဗျိုး ။
ပါးစပ်တွေ မကြာပြင်ဆင်လို့
ခံတွင်းတွေ မလှိုင်အောင်နံပုတ်တယ်
ဆားနဲ့သာ ရှင်းစို့ ။
No comments:
Post a Comment