အိပ်စက်ခြင်း
တစ်ခုသော နေ့လည်ခင်းမှာ သစ်ပင်တန်းတွေဖြတ်သွားခဲ့ရတယ် ။ သစ်ပင်တွေ လုံးဝန်း ဖြောင့်မတ်မြင့်မား နေဖို့ သန့်ရှင်းရေး အလုပ်သမားတစ်ဦးက ခုတ်ထွင် ရှင်းလင်းနေတယ် ။ သစ်ပင်တွေရဲ့ အောက်ခြေ နှင့် အလယ်နေရာတွေမှာ အကိုင်း သေးသေးလေးတွေ ဖြာထွက်နေလိုက်တာ ။ ဒါပေမဲ့ မြင်ကွင်းမှာ ရှုပ်နေတယ် လို့ ထင်ပုံရတယ် ။ ပုဆိန်တစ်လက်နဲ့ ခုတ်နေလိုက်တာ ။ အကိုင်းသေး စိမ်းစိမ်းလေးတွေ အများကြီး ။ ပုံလို့ ။ ဒီသစ်ပင်တန်းတွေ ကို အမြဲရှင်းလင်းနေရတယ် ။ တခါတည်း အပြီးသတ် *သေ အေးရော* စိတ်နဲ့ အကုန်ကို ပိုင်းနေတာ ။ ပုဆိန်သံ * ဒုတ် ၊ ဒုတ် ၊ ဒုတ် * ။ ခဏလေး ရပ်သွားတယ် ။ အသံလေးကြားလိုက်သလိုလို ။
***
အမြဲပိုင်ဆိုင်နေမယ် ။ တူတူနေရမယ် ထင်ထားတယ် ။ မိခင်ပင်စည်မကြီးကနေ ခွဲခွာမယ် ။ အခုတော့ ရှင်းလင်းခံ ဘ၀တွေ ရောက်နေပြီ ။ * သား ၊ သမီး ကိုင်းပျိုတို့ရေ * စိမ်းလန်းတာ အမြဲမဟုတ်ဘူး ။ ခြောက်တာလည်း ရှိမယ် ။ သွေ့သွေ့ခြောက်ရသလို စိမ်းလန်းတုန်း စိမ်းဖြစ်အောင် စိမ်းရမယ် ။ ရွက်ကျပင်မျိုး ၊ ကိုင်းထိုး လည်း ပျိုးဆိုသလို ကြိုးစားနိုင်သမျှ စိမ်းလန်းကြပေါ့ ။ စိမ်းပြီးရင် ခြောက်သွေ့ဦးမှာပေါ့ ။
***
ပင်စည်ဖြောင့်တန်း ၊ လူမြင်လမ်းမှာ
မျက်စိပသာဒ ၊ လှလှ ကြည့်ဖို့
အညွန့်ချိုးလို့ ၊ ကျိုးညွန့် တလဲ
ဒို့ ကိုင်းပျိုခွဲ ၊ ပင်စည်မ လည်း
သစ်လွင် စိမ်းလန်း ၊ ခြောက်သွေ့ တမ်း လည်း
ရှိလိမ့်မယ် တဲ့ ။
သဘာနိစ္စ
ဒို့ အိုကြားပင် ၊ မှာမြဲအစဉ်
ပုဆိန်ထက်ထက်
ဘယ်အချိန် သက်မလဲ
စဉ်မျှော်ဆဲ တဲ့ ။
အိပ်တန်းချိန်လည်း ရှိလာမှာပေါ့ ။
ငယ်ကြီး ထင်ပေါ် ၊ ရိုင်းမှား ရိုးရဲ
မခွဲခြားဘဲ ၊ အိပ်စက်ခြင်းလည်း
ရှိတတ်တယ် တဲ့ ။
No comments:
Post a Comment