Friday, July 27, 2007

To middle age

လူလတ်ပိုင်းအရွယ်သို့

စာမေးပွဲအောင်သတင်းကို ရင်ဝယ်ပိုက်ပြီး အိမ်ကို ပြန်လာခဲ့သည် ။ ဒီကနေ့ တမျိုးကြီးပဲ ။ အရာအားလုံး ရွှင်ပြုံးနေကြတယ် ။ အိမ်မှာ ကြိုနေတဲ့ မိဘတွေ မျက်နှာဟာ အသာယာဆုံးပဲ ။

*ဟင်း … ကျော်ထက်က ကျတယ်*

လေပွေလေးမွှေသွားခဲ့တယ်။ လွမ်းစရာ ရှမ်းတောင်တန်းတွေ မျှော်ပြီးကြည့်တော့ ထိုင်းထိုင်းမှိုင်းမှိုင်း ။ စိတ်လေတယ်ကွာ ဆိုတာ ဒါမျိုးပဲလား ။ သူငယ်ချင်းတွေ အားလုံးလည်း ဂုဏ်ထူးတွေ ၊ ရွှင်ပြုံးတဲ့ မျက်နှာတွေ ကိုယ်စီနဲ့ပါ ။

ဘာဖြစ်ဖြစ် အမှတ်စာရင်းရတဲ့အခါ အမှတ်များမှာပါ ။ အောင်မှာသိပါတယ် ။ သေချာချင်ကြတဲ့လူတွေအများကြီးပါ ။ အားပါး ဂုဏ်ထူးတွေ အများကြီးပါတဲ့လူက ငိုနေတယ်။ ဘာသာစုံမထွက်လို့တဲ့ ။ ကျွန်တော်မျိုးကြီး သေသင့်တယ် ။

စာသင်ခန်းတွေဘက် ခဏလျှောက်ကြည့်တယ် ။ အပြန်မှာ လူရှင်းသွားပြီ ။ သေချာအောင်ထပ်ကြည့်တယ် ။ အော် လူတူမရှား နာမည်တူမရှားပါလား ။ ကိုယ့်နာမည်နဲ့ လူတွေ နည်းတာမဟုတ်ဘူး ။ အဲ (၄)ယောက်လောက်ရှိမယ် ။ ခုံနံပါတ်တွေလည်း ကြီးတာတွေရော ၊ ကိုယ်နောက်က ခုံနံပါတ်ရော ၊ အပြင်ဖြေတွေဖြစ်မယ်ထင်ပါရဲ့ ။

အိမ်ရောက်ပြီးမှ အပြင်ပြန်ထွက်တော့မယ်။ မောပမ်းပြီး ခဏမှေးခနဲဖြစ်သွားတယ် ။ ကိုယ်သိတဲ့ ကိစ္စကို မှန်မမှန် သေချာ စုံစမ်းချင်သေးတယ် ။ စာမေးပွဲအတွင်းမှာ ကူညီခဲ့တဲ့ အစ်မတွေ ၊ အစ်ကိုတွေ ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်ဖြစ်တယ် ။ အောင်စာရင်း ထွက်ချိန်မှာ ကြားချင်တဲ့ သတင်းစကားက *အောင်တယ်* ဆိုတာပဲလေ။

ဘာပဲဖြစ်ဖြစ် လူဆိုတာ ကဏ္ဍခြားတတ်ရတယ် ။ ချစ်သူအတွက် လာကြည့်တဲ့လူ ရှိသလို ၊ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်တွေလည်း လာကြည့်ကြမှာပဲ ။ အောင်ရင် ပျော်ပြုံး ၊ ရှုံးတော့ မှိုင်တွေငေးတုန်းပေါ့ ။ တနေ့လုံး ဟိုဒီက လူတွေအကြားမှာ (၁၀)တန်းအောင်စာရင်းထွက်ပြီဟေ့ ဆိုတဲ့ သတင်းက လူးလာခေါက်တုံ့ သွားလာနေတယ် ။

ညပိုင်း ။ နားအေးပါးအေး စက်ဘီးလေးစီး ၊ အပျော်လွန်ပြီး အမြန်နင်း လမ်းအကူး…

---

*၀ုန်း ၊ ဂျိမ်း ၊ ခွပ် ၊ ချလွင်*

*ဟဲ့ အို တိုက်ကုန်ကြပြီ*

*တောင်းပန်ပါတယ်*

*ကျွန်တော် လမ်းမှားပြီး စီးလာတာပါ*

*ဘယ်နာသွားသေးလဲ ခင်ဗျာ*

*ခွက်တော့ ကွဲသွားပြီ*

*တော်သေးတယ် … လူဘာမှ မဖြစ်လို့*

စက်ဘီးချင်းတိုက်မိပြီး ထွက်လာခဲ့တယ် ။ အစ်မတစ်ယောက်ရဲ့ အိမ် ဒီနားမှာ ရှိတယ် ။ ခြေထောက်ဆေးဦးမှ ။ ဟာ… သွေးတွေ …. သွေးတွေ … ။

***

*နိုးပြီလား*

*ဒီနေ့ရော ကျောင်းသွားရဦးမှာလား*

*အေး*

ချစ်သူပျိုသာဆို ပြုံးနေလောက်ရဲ့ ။ အခုတော့ မိုးမည်းဖွဲဖွဲမှာ ကျောင်းရောက်ပြီး တစ်ယောက်တည်း ကျစ်ဆံမြှီးတွေ ကျစ်နေရတယ် ။ ဆံပင်လေးတွေဖြစ်လိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ ။ အခုတော့ ၀ါယာကြိုးတွေ ။ လက်လည်း ခဲပူတို့မိဦးမယ် ၊ သတိထားဦးမှ ။ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေ ထားသိုပုံ သင်နေရတဲ့ အတိုင်းပဲ ။ ဒီပုံးကို ဒီပေါ်တင် ။ ဒီစင်ကို ဒီနားထား ။ ဟိုဘက်က ပါဝါခလုတ်တွေဖြုတ် ၊ ဟိုနားက ကြိုးတွေ ဒီဘက်ရွေ့ ။ ကြိုးတွေ ဆက်ဖို့လိုတယ် ။ ကြိုးအတိုင်းအတာလေးနဲ့ ဖြတ် ၊ ခဲပူနဲ့ ထိပ်ပိုင်းလေးတွေ လုံးထားတယ် ။ အဖြူ နဲ့ အနက် ။ လှလိုက်တာ ၊ ကိုယ်တိုင်ကျစ်ထားလို့လား မသိဘူး ။ လက်တွေ ပူထူနေတာပဲ ။

***

အော် နောက်တောင်ကျနေပြီပဲ ။ မနက်ဖြန်မှ ပြန်လာဆက်ရမယ် ။ မိုးဖွဲကလည်း နေသာတလှည့် မိုးတလှည့်နဲ့ ရွာတုန်း ၊ ရွာကောင်းတုန်း ။ တစ်ခါလာ ဘူးသီးဟင်းခါး။ ငရုတ်ကောင်းမှုန့် အရည်ဖျော်သောက်နေရတဲ့အတိုင်းပဲ ။ အာလူး(၂)လုံး (၈)စိတ်ရတယ် ။ ဘူးသီးနဲ့ ရောမွှေပေးလိုက်တယ် ။ ဂျင်းလက်တစ်ဆစ်လောက် ရိုက်ထည့်တော့ မွှေးသွားပြီ ။ အဖြူထည်ကြီးသောက်နေရမယ် ၊ ငံပြာရည်လေး လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက် ၊ ဟော ညိုသွားပြီ ။ ဆား ၊ အချိုမှုန့်က အနေတော်ပဲ။ မီးပိတ်ထားမှ ။ မီးအပူ၊ ရေအကျ အနေတော်လောက်ပဲ ။ ဟီး ။ ၀က်သားကလည်း မနူးနိုင်ဘူး ။ ရေထပ်ထည့်ပြီး အိုးပါဖုံးထားလိုက်တယ် ။ ဆန်က အသစ်မို့ထင်တယ် ၊ ရေမှန်းထည့်တာ ပျော့သွားပြီ။ ရေချိုးပြီးရင် ကျက်ပြီ ၊ စားရုံပဲ ။ ခေါင်းနောက်သလိုဖြစ်နေတယ် ။ ရာသီဥတု အေးလို့နေမှာပါ ။ ရေချိုးပြီး အနွေးလက်ရှည်လေး ၀တ်ထားတယ် ။ ရေနွေးကြမ်းပူပူလေး သောက်ဦးမှ ။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်