Tuesday, July 24, 2007

Morning

မောနင်း

ညတွေဘယ်လောက်ပျက် ပျက်

မောနင်းပါ ။

အစာတွေဘယ်လောက်ကောင်း ကောင်း

မောနင်းပါ ။

လူဘယ်လောက်ဆိုး ဆိုး

မောနင်းပါ ။

စိတ်ဓာတ်တွေကျ ကျ

မောနင်းပါ ။

အ၀င်ကောင်းအထွက်ဆိုးရောဂါတိုး တိုး

မောနင်းပါ ။

ဆရာနှင့်တွေ့လို့ စာတွေကြိုး ကြိုး

မောနင်းပါ ။

ဘာမှမဟုတ် ဟုတ် ဟုတ် ဟုတ်

မောနင်းပါ ။

သံသရာတွေလည်တယ်လည်တယ်

မောနင်းပါ ။

ဝဋ်တွေလိုက်လိုက်

မောနင်းပါ ။

ပုံစံတွေပြောင်းပြောင်း

မောနင်းပါ ။

အိပ်ရက်ရှည်တိုးလို့ အိပ်မက်က မနိုး နိုး

မောနင်းပါ ။

လောလောဆယ်စားမကောင်း ကောင်း

မောနင်းပါ ။

ဒီမောလေး နင်းဖို့ကို နက်ပေါ်ရောက်လာရလို့ ကျေးဇူးပါ မောနင်း ရယ် ။

(မောနင်း = Morning) ဖိနပ်သစ် မှားစီးသွားတယ် ။

ခွင့်လွှတ်ပါ မောနင်း ရယ် … ။

2 comments:

hnin said...

မောနင်းလို့ နှုတ်ဆက်ချင်ပေမဲ့ အခု အီဗင်းနင်း ဖြစ်နေတယ်။ အဲဒီမောနင်းလေးကို အမြဲပြောနိုင်ဖို့ မောနင်းပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။

naing said...

ပေးတဲ့ ဆုနဲ့ ပြည့်စုံ ရပါစေ ခင်ဗျာ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်