Sunday, July 29, 2007

Wishes

ဆန္ဒများစွာ

အချိန်တွေ တရွေ့ ရွေ့ ကုန်ဆုံးသွားသည် ။ မနေ့ကဖြစ်ခဲ့တာ ၊ မနက်ကဖြစ်ခဲ့တာ အားလုံး ပျက်စီးသွားကြပြီ ။ ဆန္ဒတွေ ပြီးဆုံးခဲ့သည် ။ အသစ်တွေ ထပ်ဖြစ်လာပြန်ပြီ ။ အသစ်။ ဟုတ်ပါတယ် ၊ အသစ်ပါပဲ ။ ဒီနေ့အတွက် ၊ ဒီမနက်အတွက် အသစ်ပါပဲ ။ ယနေ့တွေ လတ်ဆတ်နေဆဲပါ ။ ယခုတွေ အားသစ် လောင်းနေဆဲပါ ။

· * ဖြစ်ချင်တိုင်းလည်း မဖြစ်ရပါ ၊ အဲဒါ … အဲဒါ … ဘ၀သံသရာ * သီချင်းဆိုတာလား၊ ညည်းချင်းဟစ်ကြွေးသွားတာလား ။ မသိလိုက်ပါ လို့ ပြောပြဖြစ်တာက သတိလေး ထားမိသွားတာပါ ။ ပေါက်ကွဲပစ်လိုက်ပါ ။ လူသိသလို ၊ လူမသိအောင် ဟစ်ကြွေးလို့လည်း ရပါတယ် ။ ရိုင်းစိုင်းတာလည်း ရှိမပေါ့ ။ ရိုင်းနေမကျရင် မရိုင်းဖြစ်ပါဘူး ။ ဒေါသ နဲ့ သတိ ကွဲသွားရင်တော့ မပြောတတ်ဘူး ။

· တွေးတာက ထမင်းဝလို့တဲ့ ပြင်ဆင်နေသော ၀ီရိယကပြောသွားတယ် ။ ထမင်းမ၀လည်း တွေးလို့ရပါတယ် ။ ဘာတွေတွေးလို့ ဘာတွေထမင်းဝဖို့လိုတာလဲ။ မောဟကြောင့် တွေးတာလား ။ လောဘကြောင့် ရမ္မက်တွေ လျှံတက်လာတာလား ။

· အတ္တသမ္မာ ကုန်သောလေ တဲ့ ။ သီချင်းသံတော့ ကြားဖူးတယ် ။ ထားပါ ။ ဒါလည်း ဆန္ဒ ။ ဖြစ်နေတာကို ဖြစ်နေတယ် ။ ပျက်သွားတာကို ပျက်သွားတယ် ။ တရားသံ ပါတာလား ။ ဘ၀ဆန်တာလား ။ အတ္တတွေများ ကြီးသွားသလား ။ ကိုယ်တိုင်က ဘာတွေ လိုချင်နေလို့လဲ ။ ပြန်မေးရင်တောင် မလောက်ငှသော မေးခွန်းများစွာ…။

· ဖြစ်သင့်ဖြစ်ထိုက်တာကို လက်သင့်ခံတာလည်း မင်္ဂလာရှိမှာပါ ။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတာပဲ ။ သံဝေဂရတာလား ။ သံယောဇဉ်ပြတ်တောက်သော လစ်လျူရှုထားခြင်းပဲ။

· ဒီဘ၀ ဒီမျှသာ လို့ ဘ၀ရုပ်ရှင်၏ နောက်ဆုံးရိုက်ချက်လား ။ အကယ်၍သာ ….. ။

မှတ်ချက် ။ လူသားတွေ ညီမျှစွာ လုပ်ဆောင်နေသော ဆန္ဒများစွာ မျှတခဲ့သော် ။ ကောင်းလေစွ ။

***

ဆန္ဒများစွာ

ဖြစ်ပျက်ကြောင်းက

မှန်မှာမသွေ

လာပါချေလည်း

လိုတမရ အမွှေးတိုင်မဆောင်

ဆုတောင်းကြရအောင် ။

2 comments:

MELODYMAUNG said...

မှတ်ချက် ။ လူသားတွေ ညီမျှစွာ လုပ်ဆောင်နေသော ဆန္ဒများစွာ မျှတခဲ့သော် ။ ကောင်းလေစွ ။
ဘယ်လိုမျှတစေချင်တာပါလိမ့်
တယောက်နှင့်တယောက် ဆန္ဒပြင်းပြမှုအနည်းအများ အကြီးအသေးကတော့ မတူနိုင်ဘူးနော်
အားလုံးက သူဌေးကြီးဖြစ်ချင်ဖြစ်ချင်ပေမဲ့ အဲဒီ ဆန္ဒပြင်းပြမှုအပေါ်မှာ ကြိုးစားအားထုတ်မှု လုံ့လ၊ ၀ိရိယတွေတူမှာမဟုတ်သလို ကံအကျိုးပေးလဲတူမှာမဟုတ်ဘူး။ ဒါကြောင့် လူတိုင်းတော့ တူညီစွာဖြစ်နိုင်မှာမဟုတ်ပေမဲ့ ဆန္ဒပြင်းပြလို့ ကြိုးစားမယ်ဆိုရင်လဲ ဘုရားတောင်ဖြစ်နိုင်တာပါပဲ။ နိုင်ရဲ့ မှတ်ချက်က ဘာကိုဆိုလိုချင်ပါလိမ့်နော်

naing said...

မ melodymaung ပြောတာ မှန်ပါတယ် ။ အခုလို ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါ တယ် ခင်ဗျာ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်