Monday, July 09, 2007

Suu

ဆူး

နှင်းဆီပင် အမြင်မရိုးဖို့

ဆူးချိုးပြီးမှ ပန်းအိုးထိုးရအောင်

မင်းက ဆူးကို ရန်စတာ

နေကြောင့် ကြွေ

လေကြောင့် ဝေ

ကြောင်းကြောင့် ခြေ

ပြားကာမှ ပြား

ရနံ့ ဖြစ်စေ အနံ့ ဖြစ်ဦး

အယဉ်ဖြစ်စေ ရိုင်းခဲ့ဦးတော့

မိုးမပါ သြဇာမှာ မပေါက်

ရိုးတံခြောက်ခြောက်

ဆူးပါမှဖြင့်

ကြောက်ဝံ့မဖဲ

ရဲစွာဆုပ်ကြည့်

ဆူးထိမှ အမိ မတကြေး ။


(နှင်းဆီမယ် မြင်မရိုးဖို့)

(ဆူးချိုးလို့ ပန်းထိုးရအောင်)

(ရန်စကို ရှည်တာလား ။)

(ဝေခဲ့သည် လေပြေညှင်းကြောင့်)

(ကြွေနွမ်းလောင် နေပူပြင်းမှာ)

(ခြေဖျက်လို့ ကျေပြားရဘ၀တွေ ။)

( ကြိုက်တော့ ရှူရှိုက် ၊ မုန်းပြန်လျှင် နှင်းဆီဘုန်းကို )

( နှာခေါင်းကွယ် လူမလေးတယ် ၊ လေ့ကျမှာပေါက် ။)

( ချစ်ပျိုမေ ယဉ်မြူးစေဖို့ ၊ ခြံဦးမှာ ပျိုး ။)

( ရေမပါ သြဇာမရောက်လို့ )

( နှင်းဆီငို ရိုးတံခြောက်ကိုဖြင့် )

( ပစ်ပယ်လျှင် သတိမတိုးလို့ )

( ညစ်ကျယ်ကျယ် ဆုပ်ကိုင်မှဖြစ် )

( မေလေးရယ် မကူနိုင်ပါ )

( စူးမယ်တဲ့ဗျိုး )


စူးမယ်တဲ့ စူးမယ်

နှင်းဆီ ၊ ဇီးမျိုး

ကန္တာရပင်တိုးလို့

ဒို့မျိုးနွယ် ဆူးမှန်းသိအောင်

စူးမယ်တဲ့ဗျိုး ။


စူးစေတဲ့ ဆူး လေ

ရှောင်ဝေးလေ သတိမထိန်းရင်

လွတ်ကယ်မမြင်

သံသရာသားကို

တစိမ့်စိမ့် စူးစေမဲ့

အဇ္ဈတ္တ မျိုး ။

5 comments:

နိုင်းနိုင်းစနေ said...

ကဗျာလေးတွေ ဖတ်ပြီး တော်တော်လေး စူးသွားတယ်..
ရင်ထဲကိုး)

AZURE said...

u r great in poems..,thanks Bro..,keep on posting..! Поздравляю..!

naing said...

သံစဉ်ကောင်းလို့ သင်္ကေတတွေ မြင်ရတာပါ ။ မနိုင်းနိုင်းစနေ ခင်ဗျာ ။ စူးမှာစိုးကာ မှ စူး ရှာတယ် ။

azure ( slow go go , go go slow ! )

Layma said...

အိမ်မရောက်တာ တရက် နှစ်ရက်ပဲ ရှိသေး…..နှင်းဆီတွေတောင်ပျိုးလို့ ….ပွင့်လို့ …ဆူးချိုးလို့ …..ပန်းအိုးတောင် ထိုးပြီးကုန်ပါပေါ့လား…….

naing said...

ပျောက်နေတဲ့ လေးမတစ်ယောက် ရောက်လာပါပေါ့လား ... ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်