Thursday, May 31, 2007

Announcement

ကြော်ငြာ

ခံစားချက် ထုတ်ဖော်ခြင်း ။ ဘာကို ခံစားရပါသလဲ ။ ဘာက ခံစားပါသလဲ ။ ဘာကြောင့် ခံစားပါသလဲ ။ ခံစားမှု ဆိုသော စိတ် ပေါ်ပေါက်လာ ပုံလေးက အဆန်းပါ ။ ဆန်းပြားမှုကို သပ်ရပ်သော ၊ တိကျသော မှတ်သားဥာဏ်ဖြင့် မြင့်မားသော စိတ်ပိုင်ရှင်တွေ ၊ လူ ၊ သတ္တ၀ါတွေ က လေ့လာသည် ၊ တွေ့ရှိခဲ့သည် ။ ခံစားမှုကို သိလာသည် ၊ မှတ်သားသည် ၊ ဖော်ပြသည် ၊ ကြော်ငြာသည် ။ ကြော်ငြာရန် နည်းလမ်း မျိုးစုံ ရှာဖွေခဲ့ကြသည် ၊ ဖန်တီးခဲ့ကြသည် ။ ယနေ့ ခေတ်တွင်လည်း ဖန်တီးနေဆဲ ။ *ဘယ်အချိန် ကြော်ငြာပျောက်ဆုံးမလဲ* ။ လူ သတ္တ၀ါက သိချင်သည်။ သိအောင် ကြိုးစားသည် ၊ သိအောင် ဖန်တီးသည် ။ ဒီတော့ ကြော်ငြာ လိုလာပြီ ။ ကျွန်တော် ဘယ်လို ကြော်ငြာမလဲ ။ အခုချိန် လာဖတ် ခိုင်းလျှင် ကျေညာ ဟု အသံထွက် နေပါသည်။ ဘယ်လို ကျေညာ မလဲ ။ သိအောင် ကျေညာ မယ် ။ သိမှု ၊ ရှိမှု ၊ ဖြစ်မှု ၊ ဖန်တီးမှုကို ကျေညာ မယ် ။ ကျွန်တော် ကြော်ငြာ ထည့်ထားပါသည် ။ အိမ်တွင် ကျေညာ နိုင်ပါသည်။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်