Friday, May 04, 2007

Trip

စိတ်ဝေမျှရာ

ဒီနေ့ကျောင်းပြန်မှာ ခရီးစဉ်လေးတစ်ခုနဲ့အဆင်သင့်လို့သွားခဲ့ရတယ်။သာမန်နေ့စဉ် သွားလာမှုတွေမှာ ဘတ်စ်ကားကြီးတွေပဲ စီးလေ့ရှိပါတယ်။ ဒီနေ့ ဘတ်စ် အသေးလေးနဲ့သွားခဲ့ရတယ်။ ဒီနေရာမှာ စိတ်သဘောထားပြည့်ဝတဲ့ ကားမောင်းသမားကိုတွေ့ခဲ့ရတယ်။ စကားပြောတာယဉ်ကျေးတယ်။ အပြန်အလှန် နွေးထွေးစွာဆက်ဆံပြောဆိုခဲ့ရတယ်။ ဆင်းမည့်မှတ်တိုင်ကို ပြောပြပြီး ရပ်ခိုင်းနိုင်တယ်။ လမ်းတလျှောက်မှာ မြင်ကွင်းအသစ်ကို ဒီလိုနွေးထွေးအေးချမ်းတဲ့စိတ်ပိုင်ရှင် ကားသမားနဲ့ ခရီးသွားရင်း ကြည်နူးစွာ မြင်တွေ့ခဲ့ရတယ်။ သူမှလားဆိုတော့..မဟုတ်ပြန်ဘူး။ ရောက်တဲ့နေရာသစ် ရှုခင်းကလည်း မျက်စိပသာဒပေးခဲ့တယ်။ သွားခဲ့တဲ့ခရီးစဉ်လေးရဲ့ရည်ရွယ်ချက်ကလည်း အောင်မြင်ခဲ့ ပြန်တယ်။ ဒီလိုနဲ့… အေးချမ်းတဲ့ ဘ၀ခရီးပန်းတိုင်ကို ဒီလိုနဲ့… ၊ လှပတဲ့ ပတ်ဝန်းကျင်သစ်တွေကို ဒီလိုနဲ့… ၊ နွေးထွေးအေးချမ်းတဲ့ ဘ၀ခရီးဖော်ကို ဒီလိုနဲ့… ၊ အောင်မြင်ပြီးဆုံးမှုများစွာကို ဒီလိုနဲ့… ၊

စိတ်တူကိုယ်ကူ ဘ၀ခရီးမှာ ပျော်ရွှင်စွာ ဆက်လျှောက်နိုင်ဖို့… ဒီလိုနဲ့… ။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်