Wednesday, May 09, 2007

Home

အိမ်

အိမ်တစ်လုံးပိုင်ဆိုင်မှု၊ အိမ်ဖွဲ့စည်းမှု၊အိမ်လိုအပ်ချက်ဖြည့်တင်းနိုင်မှု၊အိမ်၏ ပတ်ဝန်းကျင်၊ အိမ်ဖြစ်ပေါ်လာခြင်းအကြောင်း၊ ဘာကြောင့်အိမ်ဟု ခေါ်ဆိုသည်။ အမျိုးမျိုးသော အတွေးများစွာဖြင့် ဒီအိမ်အမည်နာမကို သုံးစွဲလိုက်သည်။ ကျွန်တော် အိမ်အတွက် စိတ်ခံစားမှုဖြစ်တည်လာခြင်းမှာ အချိန်ကာလအတန်ကြာမျှပင်ရှိခဲ့သည်။ ပြုလုပ်ခဲ့သည်။ပြုပြင်ဆဲလည်းဖြစ်သည်။ ပြုလုပ်ဦးမည်မှာလည်း မလွဲဧကန်။ တစ်ဦးတည်း မွေးဖွားလာကြသည်။ သေဆုံးကြဦးမည်။ ဤအိမ်ကိုလည်း တစ်ဦးတည်းပြုလုပ်ခဲ့သည်။ မိမိအတွက်ဟု ဆိုသော်ရ၏ ၊ မဆိုပါရစေ၊ဆိုလိုခြင်းမှာ တစ်ဦးတည်း အိမ်တွင်ကြီးပြင်းရခြင်းကို လူအများနှစ်ခြိုက်သည်ရှိသော် မကောင်း။ ယခု သြကာသလောကကြီးတွင်ပိုပြီး မကောင်းနိုင်ပေ။ ဘယ်သို့ကောင်းအောင်ကြိုးစားရမည် ကိုလည်း မသိနိုင်၊ထိုထက်ပို ဆိုရလျှင် အိမ်သည် ချမ်းမြေ့မှုကို ပေးနိုင်မည်မဟုတ်ပေ။ လူအများစုနေထိုင်ရာ အိမ်လုံးကြီးတွင် အင့်အုအူဝဲအော်မွေးဖွားခဲ့ကြသည်။ လူအားလုံးမွေးဖွားပြီးချိန်မှစတင်ကာ ကစားခုန်စား ၊ ပညာသင်၊ အိမ်သူအိမ်သားများ အတူတကွပျော်ရွှင်ငြင်းခုန်၊ရန်ဖြစ်ပြန်ခေါ်၊ သူငယ်ချင်း၊မိတ်ဆွေ၊ သေဆုံးခြင်း စသည့် ပတ်ဝန်းကျင် အရောင်များစွာနှင့် ထိတွေ့မှုရှိနေသည်။ လူအပါအ၀င် အခြားသော အကြောင်းအရာများကြောင့် ထိုအိမ်လုံးကြီးသည် ပျက်စီးခြင်းများစွာလည်း ကြုံတွေ့ခဲ့ရသည်။ ကြုံတွေ့ဆဲလည်း ဖြစ်သည်။ ယခု ပြန်လည်ဆန်းသစ်မှုများစွာဖြင့် တည်ဆောက်နေသည်။ အချိန်၊နေရာ ပြောင်းလဲခြင်းများရှိခဲ့သည်။ *ပြောင်းလဲခြင်းသာ တည်နေသည်။* အိမ်လုံးကြီးအတွက် ဆက်သွယ်မှုများစွာ အသုံးပြုနေကြသည်။ အင်တာနက်ဟုခေါ်ဆိုသော ဆက်သွယ်မှုလည်း ပါဝင်သည်။ အိမ်လုံးကြီးတွင် အိမ်မည်မျှ တည်နေ၊ပြောင်းလဲနေသည်ကို အတိအကျ မည်သူမျှ မသိနိုင်ပေ။ ထိုအိမ်ပေါင်းများစွာမှ အိမ်တစ်လုံး ဖြစ်သည်။ အိမ်အမည်သုံးစွဲခြင်းဖြင့် ကြိုဆိုခြင်းကို လက်ခံကြမည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အိမ်တည်ရှိပုံမှာ ဗလာနတ္ထိဖြစ်သည်။ ပိုင်ဆိုင်ခြင်းမှာ မေတ္တာသာဖြစ်သည်။ လာရောက်လည်ပတ်သူများစွာအား လှိုက်လှဲစွာ ကြိုဆိုပါသည်။



No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်