Sunday, May 13, 2007

Burmese Tofu




တို့ဟူးကြော်

ကနဦး ပဲ ပြောင်းခဲ့မှုန့်ဆီ

ဒီမှုန့်တွေ ရေစပ်ပါလို့

မီးနွေးမှာ ပြုတ် ။

တို့ဟူးစည်းလို လက်မောင်းပြုတ်မှာမို့

တင်ကြိုသတိ အားရှိဖို့

မွှေအားကိုထုတ် ။

မြင်အာရုံစွဲ ထူထဲလျှင်

ရေအနေအကျဲမှာ ပုံစံကိုထုတ် ။

စံထုတ်ဖို့ အောက်မပြဲအောင်

ဆီပါးပါးကို သုတ် ။

အကြော်တဲလို လေးထောင့်ဆွဲ

အလယ်မှာ ဆီတွဲဖို့

လှအောင် နှစ်ကြောင်းခွဲစို့ ။

မေဆဲမည့် စီစဉ်

ဆီရွဲမှာ ပေါလောပေါ်အောင်

ဆီဗုံးကိုဆွဲ ။

ကြော်တော့မယ် ရပ်ကတို့ရယ်

နာနာရှိလျှင် ဘေးကိုရှဲမယ်

အိမ်က ညော်တဲ ။





တနေ့ အိမ်ကို မောင်သိန်းရောက်လာသည်။ သူ အမြဲဆော့တကာဝဲလ်တွေနှင့် အလုပ်ရှုပ်နေတတ်သည်။ အိမ်သားမရှိချိန်ဖြစ်သည်။ တို့ဟူးကြော်စားမယ်ဟု အော်သွားခဲ့သည်။ သူသည် အိမ်သားနှင့်ရင်းနှီးပြီး ငယ်ရွယ်သူ အိမ်နီးချင်းတစ်ယောက်လည်း ဖြစ်သည်။ သူ၏အိပ်ပျက်ရက်များစွာကို ဆော့ဝဲလ်ပေါင်းများစွာဖြင့် အတူပျော်ရွှင်နေခဲ့သည်။ တခါတရံ အိမ်သား၊မောင်သိန်းတို့ မီးဖိုချောင်ဝင်ခြင်း အလုပ်ကို နေ့စဉ်ပြုလုပ်နေကျ ချက်ပြုတ်မှုများစွာမှ ဆန်းသစ်မှုတချို့ကို ဖန်တီးတတ်ကြမြဲပင်။ ယနေ့ မောင်သိန်းနှင့်အတူ တို့ဟူးကျိုနေချိန်ဖြစ်သည်။ ထမင်းပေါင်းအိုး အသေးဆိုဒ်တစ်လုံး၊ ပဲမှုန့်နှင့်ရေ အချိုး ( ၂း၎ ) ထည့်တယ်။ စထည့်တာက ပဲမှုန့် (၂) ခွက်၊ရေ(၂)ခွက်။ ပဲမှုန့်ကို ဆန်သည် ဆန်ချင့်သလို အတိအကျတော့ မလုပ်နဲ့ပေါ့။ နည်းနည်းပိုပိုလေး။ ဇွန်းနဲ့မွှေရင် အခဲအစေ့လေးတွေ ကျန်နေတတ်တယ်။ လက်နဲ့ချေလိုက်၊ မွှေလိုက် လုပ်တာအကောင်းဆုံးပဲ။ပြီးရင် ဆားလက်ဖက်ရည်ဇွန်းသေးနဲ့ (၃)ဇွန်းပါးပါးထည့် ၊ ဟင်းချိုမှုန့်ကြိုက် တတ်လျှင် (၂)ဇွန်း၊ ထည့်တုန်းမှာ မွှေပေးထားရတယ်။ အခဲလေးတွေ ဖြစ်တတ်လို့။ ရေ(၁)ခွက်ထပ်ထည့်။ပြီးရင် အ၀ါရောင်နှင့်အနံ့အတွက် ဆနွင်းမှုန့် (၃)ဇွန်းထည့်။ကိုယ်စိတ်ကြိုက် အမှုန့်ဖြစ်ဖြစ် တခြားအဆာပလာဖြစ်ဖြစ် ထည့်တိုင်းမွှေပေးရတယ်။ ခဲမှာစိုးလို့။ မဆိုစလောက်ကလေး မြည်းကြည့်။ အရသာ အလောတော်ဖြစ်ရင် ရေနောက် (၁)ခွက်ထည့်။ ထပ်ချေ၊ထပ်မွှေ။ အမြုပ်ထွက်တာက ပဲကိုပိုပြီးမြန်မြန်ရေထဲပျော်ဝင်စေတယ်။ မွှေနိုင်လေ မီးဖိုပေါ်မှာမွှေရတာ ပိုပြီး သက်သာတယ်။ မီးသွေးမီးဖိုဖြစ်နေရင် ပြာတို့အမှုန့်တို့ မ၀င်နိုင်အောင် တခြားနေရာမှာလုပ်တာ ကောင်းတယ်။ ပြီးရင် တို့ဟူးထည့်ဖို့ ခွက်၊ပုဂံကို အောက်ခြေပိုင်း၊ဘေးနားကို ဆီလေးအနည်းငယ် သုတ်ထားပေးရမယ်။ မီးဖိုက မီးမပြင်းဖို့အရေးကြီးတယ်။ မီးပြင်းရင်မြန်မြန်ပူ၊ မြန်မြန်ကျက်တယ်။ လက်လည်း ပိုညောင်းတယ်။ အိုးအောက်မှာလည်း တူးပြီးကပ်နေတတ်လို့။ မီးကို ပူတယ်ဆိုပြီး လျှော့တာ ဘာမှမဖြစ်ပေမယ့် မွှေတာမရပ်နဲ့ ဘေး၊ဘယ်ညာ အ၀ိုင်းမွှေလိုက်၊ အသာဘေးဖယ်မွှေလိုက် လက်မောင်းမအောင့်ဘူးပေါ့။ အရည်ပျစ်ပျစ် ထည့်လို့လည်းရမယ်၊ ရေလည်းမကျန်တော့ဘူး၊ အနံ့ကလည်း တို့ဟူးအနံ့လေး မွှေးလာရင် မီးဖိုပေါ်ကချ ။ မြန်မြန်အေးလိုလျှင် ရေခဲသေတ္တာရှိပါက အပေါ်ထပ်ကို ခဏထည့်ထားလိုက်ပါ ။

အိမ်သား။ ရေများရင် လက်ပိုညောင်းတယ်။

မောင်သိန်း။ ကြော်မယ်ဆိုရင် မမာမပျော့လေးချတာ ကောင်းတယ်။ ရေများလည်းမွှေနိုင်ရင် ရတယ်။ မီးပြင်းနဲ့ သတိထားမွှေတာ မြန်တယ်။

အိမ်သား။ လက်မောင်းတော့အောင့်သွားတာပဲ။ ဒါတောင် အိုးသေးလို့။

မောင်သိန်း။ စားချင်ပြီ။ ခွက်ကို ရေအေးလေးနဲ့ အအေးခံတာ ကြာလိုက်တာ။

အိမ်သား။ လေးထောင့်အတုံးလေးတွေ လှီးရဦးမယ်လေ။ အရသာ ဘယ်လိုလဲ။

မောင်သိန်း။ နည်းနည်းသုတ်စားမယ်။ မန်ကျည်းချဉ်ရည် လုပ်ထားတယ်။ ဆီဝါချက်ထားတယ်။ ကြက်သွန်ဖြူနံ့လေးကို မွှေးနေတာပဲ။ ကြာဇံဖတ်လေး နည်းနည်းပြုတ်ထားတယ်။

အိမ်သား။ ဆီအိုးတည်ထားလိုက်ပြီ။ အိုးတ၀က်အောက် မြုပ်အောင်ထည့်ထားတယ်။ ဆီများရင် တို့ဟူး ပိုပွတယ်။

မောင်သိန်း။ ဆီပူပြီး အရောင်လည်းထွက် မွှေးနေပြီ။

အိမ်သား။ ညော်တော့ညော်တယ်။ ပတ်ဝန်းကျင်တော့ အော်ထားသေးတယ်။

မောင်သိန်း။ အချဉ်ရည်လည်း ရယ်ဒီ။ ပါးစပ်လည်း ရယ်ဒီ။ အိုးပေါ်ကချ ။ စားပြီ ။






http://en.wikipedia.org/wiki/Burmese_tofu

3 comments:

AZURE said...

အစ် ကို ရေ ..၊ မြန် မာ တို့ဟူး လုပ် လိုက် ရ တာ တ ကယ် ကို မော လှ ပါ တယ်..။
ရေး ထား တာ လေး တွေ အ ရမ်း ကောင်း တယ် အစ် ကို ရေ..။
ဘယ် နေ့ လောက် များ အစ် ကို လက်ရာ ကို ထပ် စား ရ မ လဲ ဗျ..။
လုပ် မယ် ဆို ရင် လည်း ခေါ် လိုက် ပါ ဦး..။
ဖတ်ရ တဲ့ လူ တွေ လည်း တကယ့် ကို အ ဆင် ပြေ မယ့် ပို့စ် လေး လို့ ယုံကြည် ပါ တယ်..။

နိုင်းနိုင်းစနေ said...

:)ငတ်နေတာကို သွားရည်ကျအောင် လုပ်ပြီ

naing said...

နောက်ကျသွားသူတွေများ နောက်တစ်ကြိမ် ညော်ရင် ခေါ်မယ်ခင်ဗျာ

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်