အဒေါ်အတွက်နာရီတစ်လုံး
နိုးတာကနောက်ကျတဲ့စနေနေ့မနက်ပိုင်း…။ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းဆိုမှုတစ်ခုကို ပျက်ကွက်ခဲ့ သောနေ့။ ဘလော့စမ်းသပ်မှုဒုတိယနေ့။ နိုင်ငံရပ်ခြားမှမြန်မာပြည်သို့သူငယ်ချင်းတစ်ယောက် လေဆိပ် ဆင်းခဲ့သောအချိန်။မီဒီယာရွင်းမှာဖုန်းခေါ်တာသိတဲနေ့၊ မိမိမှာကြားသလိုပြန်လည်ရောက်ရှိမလာသော အင်တာနက်ဈေးဝယ်ရာဌာနတစ်ခု၏ ချို့ယွင်းမှု။ အနီးဆုံးနေရာမှာရှိနေသော သူငယ်ချင်းများ၏ လတ်တလော နာရီဈေးသွားရောက်ရန် လောဆော်မှု … ဒီအကြောင်းရင်းတွေပေါင်းကာစုပြီး ကျွန်တော် သူငယ်ချင်းတွေနဲ့ အပြင်ကို ထွက်ခဲ့တယ်။ မှတ်တိုင်က ဘတ်စ်ကိုမှီအောင်ပြေးခဲ့ရတယ်။ သွားမယ့်ခရီးစဉ်ရဲ့မြေပုံလေးကိုကြည့်ရ၊ ကိုယ်မှားယွင်းမှုတစ်ခုခုဖြင့် နောက်ကျလူကွဲသွားမယ်ဆိုရင် ဘယ်လိုပြန်ဆုံစည်းမယ်…စသည်ဖြင့် စိတ်ကူးနေတုန်း နာရီများစွာ ရောင်းချတဲ့ဈေးကြီးကို ရောက်ခဲ့တယ်။ ရောက်ခဲ့ဖူးသောနေရာဖြစ်ပေမယ့် နွေရာသီစိမ်းလန်းမှုနဲ့ အားကစားကွင်းထဲက လှုပ်ရှားပြေးခုန်နေတဲ့အားကစားသမားများ၊ ခရီးရှည်ထွက်ခွာမည့် ဘတ်စ်ဂိတ်။ သွားပြန်ခွဲခွာနှုတ်ဆက်နေကြတဲ့ လူမျိုးတူစုများ၊ မွှေးပျံ့နေတဲ့ အသားကင်အနံ့များနှင့်အတူ ကားလမ်း အသေးလေးကိုလှမ်းကျော်ပြီး ဈေးကြီးထဲကိုဝင်ရောက်ခဲ့တယ်။ ၀ယ်မယ့်ဆိုင်နေရာက စနေ့နေ့ဖြစ်လို့ ပိတ်ပါသည်။ ကျန်သောဆိုင်များကိုလိုက်ကြည့်ဖြစ်တယ်။ နာရီပေါင်းမျိုးစုံကိုတွေ့ခဲ့ရတယ်။ ဈေးနှုန်းနဲ့ ပါလာတဲ့ပိုက်ဆံ မကိုက်ညီမှုကြောင့် ဆိုင်တိုင်းကနေ..ကြည့်ပြီးပြန်ထွက်လုပ်ခဲ့ကြတယ်။ နေ့လည်စာ အသားကင်တစ်ပွဲမှာစားပြီးဗိုက်ဖြည့်ခရီးဆက်တယ်။ နောက်တစ်နေရာအကူးမှာ တယောထိုးနေတဲ့ အလုပ်သမားကြီးတစ်ယောက်ရဲ့အသံကို အကြွေစေ့များနဲ့ ဒါနပြူခဲ့တယ်။ အနီရောင်မြှားလို့ ခေါ်ကြတဲ့ ရထားကြီးတစ်စင်းနဲ့ အီလက်ထရောနစ်ဈေးတစ်ခုကို ခရီးဆက်ခဲ့တယ်။ အနီရောင်ကိုယ်ထည်၊ အနီရောင်ထိုင်ခုံတွေမှာ အ၀ါရောင်ရေးချယ်မှုတွေနဲ့ စိတ်ကိုတစ်မျိုးလန်းဆန်းစေခဲ့တယ်။ အ၀ါရောင် ဆိုတာ အဆုံးမရှိသောခရီးကိုညွှန်းဆိုတယ်လို့ကြားဖူးထားတယ်။ ဒီခရီးပြီးပါ့မလား…။ အတွေးမျိုးစုံနဲ့ ကြုံနေရပေမယ့် သေချာတာက အနီရောင်မြှားကြီးက (၇၅)နှစ်ရှိနေပြီတဲ့။ သူခေါ်ဆောင်ရာ အနုပညာ ဉယျာဉ်ဆိုတဲ့ ဘူတာကိုရောက်ရှိလာခဲ့တယ်။ ဘူတာအတက်အဆင်း၊ဓာတ်လှေကားကွေ့ကောက်များ၊ ဟိုမှဒီပြန်လူးလာပန်းခတ်များပြားစွာသောလူအုပ်ကြီး စသည်တို့နှင့်အတူ အီလက်ထရောနစ်ဈေး အဆောက်အအုံရှိရာကို ရောက်ရှိခဲ့တယ်။ ဘတ်စ်ဂိတ်မှာစောင့်နေကြတဲ့လူတန်းအုပ်ကြီးကိုဖြတ်ပြီး အထဲကိုဝင်ခဲ့တယ်။ ရောက်တဲ့အထပ်က ဒုတိယထပ်။တစ်ပတ်ပြည့်သွားတယ်။ လိုချင်တဲ့နာရီပုံစံကို မတွေ့၊၀ယ်နိုင်မည့်ဈေးနှုန်းကလည်းမညီ။လှလိုက်တဲ့ မော်နီတာအပြားကြီးတွေ။ရွှန်းလဲ့စိုနေတဲ့ သူတို့ ပုံရိပ်တွေ၊ ဘေးနားမှာ ရေလာကူးသလားထင်ရတဲ့ ဖန်သားပြင်ပေါ်ကရွှေငါးလေး။ ကာတွန်းကားထဲက အရုပ်လေးကိုယ့်ဘေးနားမှာပါလာသလားလို့လှည့်ကြည့်မိတယ်။ကောင်းလိုက်တဲ့ အသံစနစ်။ မသိ သလိုနဲ့ကျော်ဖြတ်လာခဲ့တယ်။မီးပူတိုက်ပြတာလား၊မီးပူ ရောင်းတာလားမသိ၊အ၀တ်လျှော်စက်တွေက ပါလာသမျှစိတ်ညစ်ကြေးတွေ တခါတည်းထည့်ဖွပ်လိုက်ရရင်ဖြင့်…၊ ဒါနဲ့လူတကာငေးတဲ့အမ်ပီသရီးဆို တာလည်း ပြေးကြည့်ခဲ့တယ်။ အမ်ပီဖိုးနဲ့တွဲပြတာက လှအောင်ရိုက်မယ့် ကင်မရာများ(သူ့ရဲ့စွမ်းသတ္တိ များစွာရေးခြစ်ထားတဲ့ ဘုဒ်ပြားလေးထောင်ပြထားတယ်)။ အသာရှောင်ပြေး မနှေးရအောင် အပေါ်ကျန်တစ်ထပ်ကို အမြန်တက်လှမ်းခဲ့တယ်။စက်လှေကားလေးပါပဲ။အဖြူရောင်လေး။ အပေါ်မရောက်တရောက် အကြည့်အရင်ထောက်တော့ သူတကာငေးတဲ့ အလှပဂေးတွေက သူ့နေရာနဲ့သူ ထိုင်လို့ ။ ရှေ့မှာက သပ်ရပ်စွာခင်းကျင်းပြသထားတဲ့အိမ်ထောင်ခန်းဝင်ပရိဘောဂမျိုးစုံ။ အိမ်ကိုအလှဆင်မလို့ထင်ပါရဲ့။ ရောင်းသူပြတာကိုငေးနေတဲ့ ၀ယ်သူ၀၀ ကိုလူလှကြီးတစ်ယောက်။ အပေါ်ထပ်အကုန်စုံ နာရီကတစ်လုံးမှမတွေ့။ မှားသေးတယ် အပေါ်ထပ် အသွား အမိုးပေါ်ရောက်ခဲ့သေးသား။(ဟီး)။ ( ၃ ) ထပ်ရှိတယ်။ အောက်ဆုံးထပ်ကိုပြန်ဆင်းခဲ့တယ်။ နာရီဆိုင် အတော်များများထပ်တွေ့ခဲ့ရပြန်တယ်။ ကြည့်ပြီး ပြန်ခဲ့တယ်လေ။ ဈေးက၀ယ်မှမ၀ယ်နိုင်တာကိုး။ နောက်တစ်ဆိုင်သွားကြည့်တော့ ပြင်သစ်နိုင်ငံလုပ်နာရီ အတော်များများတွေ့ခဲ့ရတယ်။ ဆိုင်နံပါတ် မှတ်လာခဲ့တယ်။ လိုချင်ရင်ဈေးတော့မဆစ်တော့ဘူး။ နောက်ဈေးချိုတဲ့ဆိုင်၊ံကြိုက်ဒီဇိုင်းပုံစံမတွေ့မှ ၀ယ်မယ်ဆိုပြီးထွက်လာခဲ့တယ်။ အစွန်ဆုံးဆိုင်လေးထင်တယ်။ မှန်ကောင်တာကအသေးလေးနှစ်ခု။ လူကအလယ်မှာထိုင်နေပြီး တစ်ဘက်ကပစ္စည်းပြပေးတယ်။ ကိုယ်မှန်းထားတဲ့ဈေးနှုန်းနဲ့ကိုက်ညီတဲ့ နာရီ (၄)လုံးလောက်တွေ့ခဲ့ရတယ်။ ကြည့်နေတုန်း သူငယ်ချင်းကအကြိုက်နာရီရွေးပြီးဈေးဆစ်နေပြီ။ ဈေးသည်ကလည်း ပြောဆိုရောင်းချပုံက ၀ယ်သူအလိုကျဖြစ်စေတယ်။တော်၏။လှ၏။လိုက်၏။မသင့် ဖြူညို မိန်းမ၊ယောင်္ကျားဒီဇိုင်း ဘယ်ပုံခိုင်းကပိုပြီးအံဝင်သလဲပေါ့။ ဆိုခဲစေမြဲစေပြောနေလေရဲ့။ နာရီ ဒီဇိုင်းကို ၀တ်မယ့်အဒေါ်နဲ့လိုက်မလိုက်စဉ်းစားနေတာ မျက်လုံးတောင်ပြာလာတယ်။စားထားတဲ့ နေလည်စာ ပြန်ဆာချင်သလိုလိုဖြစ်လာတယ်။ အဝေးကကြည့်လိုက်၊အနီးကကြည့်လိုက်။ ဈေးပြောနေတာ နားထောင်လိုက်။ ကူပြီးစဉ်းစားပေးပါဦးလို့ သူငယ်ချင်းကို အကူအညီတောင်းလိုက်။ ဒီတစ်ဆိုင် တစ်ရွာတည်ဆိုသလိုဖြစ်နေပြီ။ ခရီးဝေးနောက်တစ်ခေါက်လာနိုင်မလာနိုင် စဉ်းစားတယ်။ ၀ယ်မလားမ၀ယ်ဘူးလား။ သူငယ်ချင်းဝယ်ပြီးတော့ ရွေးမယ်။ဒီနာရီရွှေရောင်နာရီပဲစဉ်းစားထားတော့ ရွှေရောင်လေး၊အ၀ိုင်းလေး။ ဖဲပြားပုံစံအဆစ်လေးတွေအဖြူပွင်လေးတွေစီရီထားတာလေးပြခိုင်းတယ်။ ရောင်းသူက အသံတူလိုထင်ရဲ့။ နောက်တစ်လုံးထပ်ပြတော့ ဘယ်ပုံစံက ဘယ်လို လိုက်မယ်။ လက်မှာတောင်ပတ်ပြပေးတယ်။ အဒေါ်လက်နဲ့ ရောင်းသူလက်ကဆင်တယ်ပေါ့။ နည်းနည်းအဆစ်လေး တွေပိုရင်ဖြုတ်ရမယ်။ ဘယ်နာရီဖြစ်ဖြစ် ဖြုတ်လို့တပ်လို့လွယ်ကူကြောင်း၊ အရစ်အကြောင်းနဲ့ရွှေရောင်နာရီက ဒီအ၀ိုင်းလေးနဲ့ ခေတ်အဆင်အရကွာတယ်လို့ ပြောပြပြန်တယ်။ လိုချင်လို့ရွေး ( ငိုချင်လျှက်လက်တို့ ) ၀ယ်မယ်ဆုံးဖြတ်ပြီး ဆာဗစ်နှစ်ဘောင်ချာလက်ခံလေး တခါတည်းရေး၊ ချက်ချင်းပိုက်ဆံထုတ်ပေးပြီး ၀ယ်ခဲ့တော့တယ်။ အဆောက်အအုံအပြင်အရောက် လက်တွေခြေတွေဆန့်ထုတ် ခဏအညောင်းဆန့် အဒေါ်အတွက်နာရီတစ်လုံးဝယ်ပြီးပြီလို့ ကြွေးကြော်။ ဘူတာကိုလေးကန်နှေးဖင့်တဲ့ခြေလှမ်းတို့နဲ့ပြန်ခဲ့တယ်။
လေးသင်း(လို့ခေါ်တဲ့အဒေါ်)ရေ… နာရီဝယ်ခဲ့ပြီခင်ဗျာလို့ တီးတိုးတကိုယ်ရေရွတ်မိပါတော့တယ်…..။
No comments:
Post a Comment