Monday, May 21, 2007

Drop and following


လွှတ်ချခြင်း နှင့် သံယောင်လိုက်ခြင်း

အဟောင်းကို ဖယ်ခွာမလား

အသစ်ကို တွယ်တာမလား

အသံတော့ ကြားလိုက်သား ။

အဟောင်းကို ဖယ်ခွာမလား

အသစ်ကို တွယ်တာမလား

(အ)ကြား နေခြင်းလား… ( ယောနိသော မှာထား ) အကျိုအကျား။

အသံတော့ ကြားလိုက်သား…။

သံတူ ကြောင်းကွဲ

အဓိပ္ပာယ်တော့ နည်းနည်းစွဲမယ်

တူ ရင် ယူ

မတူလျှင် ကွဲ

ရဲရဲသာ ဆွဲ …..။ ( လွှဲ…..။ ဘာလွှဲမှန်းထပ်စဉ်းစားနေမယ်)

ဟိုက်ကူ…။

ဂျပန်စိုက်…

ဘယ်လိုပင် ဖိုက်ဖိုက်

နောက်ဆုံးတော့ ဖက်ဆစ်ခိုက် ။

လိုက်ယူ…။

လူမိုက်…

ဘယ်ပုံ စိုက်စိုက်

အဆုံးပေါ့ ဘုရားမှာခိုက်….။

ဘယ်ချိုးကို သုံးသုံး

နောင်းဟာ ၁၀၀ ရာခိုင်နှုန်း

ပြီးလျှင် အနတ္တဆုံး။

( နောင်း = now ) အသံထွက်ပုံမှားယွင်းနိုင်ပါသည်။

ဂျပန်စာစပ်နည်း ဂျာနယ်ကျော်မမလေး၏ သွေးစာအုပ် မြန်မာပြည်သားဒေါ့နက်မှ ပီဒီအက်ဖ် ဖိုင် စာမျက်နှာ ၂၉၄ ။

ထို့နောက်

Matsuo Basho^ : Frog Haiko ပါ-

Furu ike ya >>>>> Old Pond!
Kawazu tobikono >>>>> Frogs Jumps in
Mizu no oto >>>>> water’s sound

Translated by Alan Watts-

The old pond,
A frog jumps in:
Plop!

Translated by Dorothy Britton-

Listen! A frog
Jumping into the stillness
Of an ancient pond!

တာရာမင်းဝေ ဘာသာပြန်-

အိုင်အိုကြီးပါလား-
ရွှေဖားခုန်ဆင်းသွား-
ပလုံရေသံကြား-

http://teslanetblog.blogspot.com/2007/05/step-thoughts-about-blogs.html

Tesla ၏ ခံစားချက်-

မိုက်လိုက်တဲ့ဖား-
အိုင်အိုထဲကိုမှ ဆင်းသွား-
ရေသံမှတပါး မကြား-

thyda said...

*ကိုရွှေဖား???ကိုရွှေဖား၊
အိုင်အိုထဲကိုဆင်းတယ်လား
ပလုံစွက်သံမြည်လိုသွား

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်