Friday, May 11, 2007

Preparing

ကျောင်းအပြန် အိမ်ထဲဝင်တော့

ကဒေါင်းတစ်ကောင် ကသွားသည်။

ဆီဗုံးမှာ ဇော်ဂျီမပေါ်လို့

ယူပါမည်လင့် ပေးစေလို့

ဧည့်သည်က အိမ်သားစိတ်

ခေါ်သည် အစ်ကိုဆိုပဲ

ဘယ်မျှကသည် လိုက်ကာကြည့်မိ

တွန်သံသာ ကိုရင်ကဒေါင်း

စင်ကာပူတောင်စွန်းမှာ ကွန်းခိုလို့ညောင်း။

Thursday, May 10, 2007 ( 2:26pm )

အိမ်ကိုဘော်ဒီထုနေခြင်းပင်ဖြစ်သည်။လုပ်ဆောင်ပုံအရှင်းပင်ဖြစ်သည်။ သို့သော် ကုန်ဆုံးချိန်ကို ပြန်လည်ရရှိမည်မဟုတ်မှန်း သိသော်လည်း လိုချင်လှ၏။ အရောင်ရွေးချယ်သုတ်လိမ်းရန် စောသေးသည်ဟု ထင်မိသဖြင့် တန်ဆာဆင်ခြင်းတစ်မျိုးသာရွေးချယ်ခဲ့သည်။ အရုပ်သည် အရုပ်သာဖြစ်သည်။ သို့သော် လှုပ်ရှားမှုရှိသော အမ်အိုအမ် အရုပ်လေးကိုသဘောကျမိသည်။ အိမ်သို့လာသူများ ဆော့ကစားရန်ထားပေးသည်။ ဆွဲလားလုလားရန်ဖြစ်ဦးတော့ မလှုပ်သာအောင် ဘေးဘောင်၌ကပ်၏၊ သို့သော် မြင်သာအောင်အပေါ်အောက်ကိုရွေ့စေခဲ့သည်။ အရုပ်ဆိုသဖြင့် မိမိတို့ငယ်စဉ်က အိုးပုတ်၊ ချိုးရုပ်၊ပလုတ်တုတ် ထမင်းဟင်းအိုးချက်ပြုတ်တမ်း ကစားခဲ့သည်ကိုလည်း မှတ်မိချိန်တွင် လိုချင် ခဲ့ပြန်၏။ အရုပ်လေးများ မြေပေါ်တွင်ထောင်၍ ကစားခဲ့ကြသည်။ အနီးအနားဝန်းကျင်တွင် အိမ်သစ် ဆောက်လုပ်ခြင်းများပြုလုပ်သောအခါ ကစားနည်းတစ်မျိုးထပ်တိုး၏။ ၎င်းကစားနည်းမှာ သဲမြေများ၊ သစ်တိုသစ်စများဖြင့် အိမ်ဆောက်ကစားနည်းဖြစ်သည်။ *ဆောက်သူရှိသလို ဖျက်သူလည်းရှိ၏။* သဲပုံကိုဖြိုခဲ့ကြသည်။မြန်မာသိုင်းများ၊ဂျပန်နင်ဂျားများကိုင်ပေါက်နည်းများစွာဖြင့် လုံးထွေး သတ်ပုတ် နိုင်သည်။ ကျလည်းသဲပေါ်မှာဖြစ်သည်။ အကျမနာပေ။ ဆောက်ဆဲသဲအိမ်မှာပြိုခဲ့ရသည်။ အိမ်အတွက်လိုသောသဲကိုကားပေါ်မှ အပုံလိုက်၊အစုလိုက်သာချသည်။ အုတ်ခဲတို့လည်းထိုနည်းပင်…

စီစဉ်တကျ။ မဆောက်လုပ်ခင်ကလည်း တွက်ချက်မှုများစွာ။ ဆောက်လုပ်ဆဲမှာ အကောင်းအဆိုး…၊

အိမ်ဟုအရာ မတည်ခင် ပျက်စီးလေလွင့်မှုမျိုးစုံတွေရှိခဲ့ကြသည်။ ဘယ်ရွေ့ဘယ်မျှပျက်မည်မသိ။ အိမ် ဆောက်လုပ်ခြင်းပြီးချိန်မှာပင် အိမ်တက်မင်္ဂလာအစရှိသော လိုအပ်ချက်များစွာကို တဖြည်းဖြည်း ဖြည့်စွက်နေထိုင်ခြင်းဖြင့် အိမ်တစ်လုံး တည်နေတော့သည်။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်