တွန်သံချိုလား ကောင်ရှည်လား
မျက်ပေါက်မှေးကြား ၀ိုးတ၀ါး
သူယောင်မယ်မှား တိမ်ခိုးလား
ငိုက်ပေါ့တဖန် တောက်ဖျောက်သံ
ကြားရနားမှား ပိုးကောင်လား
ပွတ်သပ်ကြည့်သား အမြင်မှား
တိမ်ညိုမှိုင်းလို ညောင်ကိုင်းလို
ရှဲသံစိပ်စိပ် တောက်ဖျောက်မပြတ်
လျင်မြန်ပြေးသွား တိမ်စိုင်များ
မိုးထက်မြည်ချိန်း ဒိန်းဒလိန်း
ထိုစဉ်ခါမှ သတိရ
တိမ်စိုင်ပျိုမည်း မချိန်းဘဲ
ခစား မိုးကျရွှေကိုယ်။
တည်ဆဲရာသီ မိုးဉဆီ
ညောင်ညိုပင်အိုမရှိဘဲ..ပုံခိုင်းစိတ်မလုံ ။
အုံအွမ်လွမ်းဆဲ ဖားရိုက်မြဲ
ရွာမှ အိမ်တန်းစို ။
ကာကွယ်မပါ ပြေးလှမ်းဆဲ
လွမ်းပို ငယ်ဘ၀ကို ။
တူတူနှစ်ကိုယ် မိုးရေထဲ
နင်းခဲ့ စက်ဘီးအို ။
ထိုစဉ်ချိန်လည်း မွေးပျံ့မြဲ
ကျောင်းမှ ခရေညို ။
မြေခကြွေလည်း ကောက်ယူဆဲ
တည်ဆဲ သစ္စာဆို ။
မိုးရာသီသား ရေနည်းငါး
အမြဲလန်းဆန်းစို…။
လွမ်းတိုင်တည်ဆဲ ရွှေမိုးလည်း
တိတ်ခဲ့ နေရောင်စုံ ။
ချိန်းလားချိန်းခဲ့ မရွာဘဲ
တမ်းဆင့် အမေ့ကို ။
အမေကြားသား သူလှည့်စား
ပြန်ကြား တောက်ဖျောက်တို ။
အာရုံမပေါ်လည်း ဦးခိုက်မြဲ
မွေးကျွေးမိဘကို
အထူးတလှယ် ဖွဲ့ကာဟဲ
မမြဲတရားကိုယ်
ဖြစ်ပြီးပျက်မြဲ
နောက်ဆုံးလည်း ပျောက်ရခန္ဓာကိုယ် ။
တရားလိုလို သမားလိုလို
လွမ်းလို့ငေးပေါ့ ဟိုးအဝေးကို…။
ပို့မြဲမေတ္တာ နိုင်သလောက်ပဲ
ထားပေါ့ အိမ်စိတ်ငို ။
No comments:
Post a Comment